Premier League Transfer News

ခ်ဲလ္ဆီးပစ္မွတ္အတြက္ လူငယ္ၾကယ္ပြင့္ကို ျပန္လည္ေတာင္းဆုိခဲ့တဲ့ ဝက္စ္ဟမ္းနည္းျပ

ခ်ဲလ္ဆီးအသင္းက စိတ္ဝင္စားေနၿပီး ေခၚယူဖို႔ နီးစပ္ေနခဲ့တဲ့ အဂၤလန္ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို လုိခ်င္ရင္ မိမိတုိ႔အေနနဲ႔ ေရာင္းခ်ေပးမွာျဖစ္ေပမယ့္ သူတုိ႔အတြက္ စတမ္းဖို႔ဘရစ္ခ်္မွာ ေနာက္ဆုံးထြန္းေတာက္လာခဲ့တဲ့ လူငယ္ကစားသမားကို အလိုက္ေပးမွသာ ျဖစ္ႏုိင္မယ္လို႔ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြဳိက္ဇ္က ေျပာၾကားလုိက္ပါတယ္။

အဲဗာတန္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းေတြကို ကိုင္တြယ္ခဲ့ဖူးတဲ့ ေဒးဗစ္ မြဳိက္ဇ္က ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ကြင္းလယ္လူ ဘီလီ ဂီးလ္မုိးကို ႐ိုက္စ္အတြက္ ထည့္သြင္းကမ္းလွမ္းဖို႔၊ ဒါမွမဟုတ္ ျပန္လည္ေရာင္းခ်ေပးဖို႔ အလိုရွိေနတာျဖစ္ၿပီး ဖရန္႔ လမ္းပတ္အတြက္ေတာ့ ေရြးခ်ယ္ရ ခက္မယ့္အေနအထားလည္းျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အဂၤလန္လက္ေရြးစင္ကစားသမားဟာ ဝက္စ္ဟမ္းအသင္းကို ခ်ဲလ္ဆီးအကယ္ဒမီကေန ထြက္ခြာသြားခဲ့သူ ျဖစ္ၿပီး လက္ရွိကြင္းလယ္ကစားသမား ေမဆန္ေမာင့္နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသလို အတူတြဲကစားခ်င္ေၾကာင္းလည္း ေျပာၾကားထားခဲ့ဖူးပါတယ္။

ေနာက္ဆုံးေဈးကြက္ေပါက္ေဈးအရေတာ့ ႐ိုက္စ္အတြက္ ဝက္စ္ဟမ္းဘက္က ေပါင္သန္း ၇၀ အလိုရွိေနတယ္လို႔ဆုိၿပီး လက္ရွိ ကိုဗစ္-၁၉ ေၾကာင့္ ဘဏၰာေရးက်ပ္တည္းမွဳအရေတာ့ ေပါင္သန္း ဆယ္ဂဏန္းအနည္းငယ္ ေလ်ာ့က်ႏုိင္ဖြယ္ရွိၿပီး ေဒးဗစ္ မြဳိက္ဇ္ အလိုရွိေနတဲ့ စေကာ့တလန္လူငယ္ကြင္းလယ္လူကလည္း ဒါကို ေလ်ာ့ခ်ႏုိင္တဲ့ အေၾကာင္းတစ္ရပ္ျဖစ္လာႏုိင္မွာပါ။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ ေလာေလာဆယ္ကြင္းလယ္မွာ ဝါရင့္ကစားသမားေတြ မ်ားျပားေနေသးလို႔ ဂီးလ္မိုးကို လက္လႊတ္မယ္ဆုိရင္ အငွား၊ ဒါမွမဟုတ္ ျပန္လည္ေခၚယူခြင့္ ထည့္သြင္းေရာင္းခ်တာမ်ဳိး လုပ္ေဆာင္ႏုိင္ၿပီး လက္ရွိမွာ ကစားပုံ က်ဆင္းလာတဲ့ အန္ဂိုလို ကန္ေတကို ေရာင္းထုတ္ႏိုင္ဖို႔ ဦးစားေပးအစီအစဥ္ေတြထဲက တစ္ခုအျဖစ္ ေခၚယူဖို႔ ဆက္လက္လုပ္ေဆာင္သြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ နီးစပ်နေခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို လိုချင်ရင် မိမိတို့အနေနဲ့ ရောင်းချပေးမှာဖြစ်ပေမယ့် သူတို့အတွက် စတမ်းဖို့ဘရစ်ချ်မှာ နောက်ဆုံးထွန်းတောက်လာခဲ့တဲ့ လူငယ်ကစားသမားကို အလိုက်ပေးမှသာ ဖြစ်နိုင်မယ်လို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်ဇ်က ပြောကြားလိုက်ပါတယ်။

အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဒေးဗစ် မွိုက်ဇ်က ချဲလ်ဆီးအသင်းရဲ့ လူငယ်ကွင်းလယ်လူ ဘီလီ ဂီးလ်မိုးကို ရိုက်စ်အတွက် ထည့်သွင်းကမ်းလှမ်းဖို့၊ ဒါမှမဟုတ် ပြန်လည်ရောင်းချပေးဖို့ အလိုရှိနေတာဖြစ်ပြီး ဖရန့် လမ်းပတ်အတွက်တော့ ရွေးချယ်ရ ခက်မယ့်အနေအထားလည်းဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဝက်စ်ဟမ်းအသင်းကို ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ခွာသွားခဲ့သူ ဖြစ်ပြီး လက်ရှိကွင်းလယ်ကစားသမား မေဆန်မောင့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို အတူတွဲကစားချင်ကြောင်းလည်း ပြောကြားထားခဲ့ဖူးပါတယ်။

နောက်ဆုံးဈေးကွက်ပေါက်ဈေးအရတော့ ရိုက်စ်အတွက် ဝက်စ်ဟမ်းဘက်က ပေါင်သန်း ၇၀ အလိုရှိနေတယ်လို့ဆိုပြီး လက်ရှိ ကိုဗစ်-၁၉ ကြောင့် ဘဏ္ဏာရေးကျပ်တည်းမှုအရတော့ ပေါင်သန်း ဆယ်ဂဏန်းအနည်းငယ် လျော့ကျနိုင်ဖွယ်ရှိပြီး ဒေးဗစ် မွိုက်ဇ် အလိုရှိနေတဲ့ စကော့တလန်လူငယ်ကွင်းလယ်လူကလည်း ဒါကို လျော့ချနိုင်တဲ့ အကြောင်းတစ်ရပ်ဖြစ်လာနိုင်မှာပါ။

ချဲလ်ဆီးအသင်းအနေနဲ့တော့ လောလောဆယ်ကွင်းလယ်မှာ ဝါရင့်ကစားသမားတွေ များပြားနေသေးလို့ ဂီးလ်မိုးကို လက်လွှတ်မယ်ဆိုရင် အငှား၊ ဒါမှမဟုတ် ပြန်လည်ခေါ်ယူခွင့် ထည့်သွင်းရောင်းချတာမျိုး လုပ်ဆောင်နိုင်ပြီး လက်ရှိမှာ ကစားပုံ ကျဆင်းလာတဲ့ အန်ဂိုလို ကန်တေကို ရောင်းထုတ်နိုင်ဖို့ ဦးစားပေးအစီအစဉ်တွေထဲက တစ်ခုအဖြစ် ခေါ်ယူဖို့ ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: BBC
PHOTOS CREDIT TO OWNERS
SPORTS A2Z.