Analysis Premier League

အူဘာမီယန်း ပေါက်ကွဲမှုနဲ့ ဝက်စ်ဘရွန်း 0-6 အာဆင်နယ်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

ပေါက်ကွဲမှုနဲ့ ပြန်လာတဲ့ အူဘာမီယန်း
အာဆင်နယ်အသင်းနဲ့ ရာသီကြိုမှာပါ ခြေပျောက်နေခဲ့တဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကတော့ ဝက်စ်ဘရွန်း အသင်းကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ သူနဲ့တွဲပြီး မမှတ်မိတာကြာနေတဲ့ ဟက်ထရစ်နဲ့အတူ ပြန်လာနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကတော့ လာမယ့် စနေနေ့ ညနေမှာ ရင်ဆိုင်ရမယ့် မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်အတွက် ကြိုတင်သတိပေးလိုက်တာလား၊ အစ်တီဟတ်ဘက်က သူ့ကို ခေါ်ရင် ဂိုးတွေနဲ့ လာခဲ့ဖို့ အဆင်သင့်ပဲလို့ ဆိုလိုက်တာလားတော့ တွေးစရာဖြစ်နေပြီး မရေရာတဲ့ ဂန်းနားတွေရဲ့ အပြောင်းအရွှေ့ ပေါ်လစီက ပရိသတ်တွေကို စိတ်ချလက်ချ မပျော်ရဲဘဲ အတွေးပွားစရာဖြစ်စေခဲ့ပါတယ်။

ယုံကြည်မှုတည်ဆောက်ရင်း တောက်ပတဲ့ ဆာကာ
လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကတော့ အင်္ဂလန်နဲ့ ပင်နယ်တီ လွဲချော်အပြီးမှာ ဒီနေ့မှာတော့ သူ့ရဲ့ လန်းဆန်းတက်ကြွတဲ့ ပုံစံအမှန်ကို ပြန်လည်ပြသခဲ့ပါတယ်။ ဝက်စ်ဘရွန်းဘက်ကို တိုက်စစ်ဆင်မှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ ယုံကြည်မှုက အပေါင်းဘက် လက္ခဏာဆောင်ခဲ့သလို အူဘာမီယန်းရဲ့ အဖွင့်ဂိုးမှာ ပါဝင်ပတ်သက်ခဲ့သလို အာဆင်နယ်တို့အတွက် စတုတ္ထမြောက်ဂိုးကိုလည်း သူသိပ်မသန်တဲ့ ညာခြေနဲ့ တည်တည်ငြိမ်ငြိမ် အဆုံးသတ်ကန်သွင်းသွားခဲ့တာပါ။

အလွယ်တကူ အထိုင်ကျတဲ့ အော်ဒီဂွါဒ်
ရီးရဲလ်မက်ဒရစ်ကနေ အပြီးသတ် ပြောင်းရွှေ့လာခဲ့တဲ့ နော်ဝေသားကတော့ အာဆင်နယ်ကွင်းလယ်မှာ ပြီးခဲ့တဲ့ အငှားတစ်ခေါက်တုန်းကလိုပဲ သက်တောင့်သက်သာနဲ့ အထိုင်ကျခဲ့ပါတယ်။ ကွင်းလယ်က ဘောလုံးဖြန့်ဝေမှု အမြောက်အမြား ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့ စတုတ္ထမြောက်ဂိုးကိုလည်း ဆာကာအတွက် နောက်ပေါက်နဲ့ ဖန်တီးပေးနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှုကတော့ အနည်းငယ်လိုအပ်နေတဲ့ ပုံစံတချို့ကိုတော့ မြင်ခဲ့ရပါတယ်။ ဒါကလည်း လာမယ့်ပွဲနဲ့ ထရိန်နင် အစီအစဉ်တွေမှာ အချိန်က ကုစားသွားမှာဖြစ်ပြီး အော်ဒီဂွါဒ်အတွက် ဂဏန်းငြိမ်ပြီမို့ ဝီလီယန်ကို ရှင်းထုတ်နိုင်ရင် အပူတစ်ခု ထပ်လျော့ကျဦးမှာပါ။

လီနိုနေရာလုဖို့ အဆင်သင့်ဖြစ်နေတဲ့ ရမ်းစ်ဒေးလ်
အာဆင်နယ်အသင်းရဲ့ ပေါင် ၂၄ သန်း ပေးချေခဲ့ရတဲ့ ဂိုးသမားသစ် အာရွန် ရမ်းစ်ဒေးလ်ကတော့ ပွဲဦးထွက်မှာ လွယ်ကူတဲ့ ပြိုင်ဘက်နဲ့ Clean Sheet တစ်ပွဲရပြီး အဖွင့်လှခဲ့တယ်ဆိုပေမယ့် ထုံးစံအတိုင်း မတည်ငြိမ်တဲ့ နောက်တန်းကြောင့် အလုပ်များခဲ့ရသေးတာပါ။ သူ့ရဲ့ သွက်လက်မြန်ဆန်တဲ့ Reflex တွေကတော့ ဘုန်းမောက်နဲ့ ရှက်ဖီးလ်ဒ်တို့မှာ ပြသခဲ့တဲ့ လက်စွမ်းအတိုင်း ဂန်းနားပရိသတ်တွေ နှုတ်ဖျားမှာ ချီးကျူးစရာလည်းဖြစ်ခဲ့ပြီး တစ်ဖက် အသင်းရဲ့ တိုက်စစ်မှူးကို အခွင့်အရေး မပေးဘဲ ပယ်ချသွားခဲ့သလို ပထမဂိုးသမား ဘန်းဒ် လီနိုကို ယှဉ်ပြိုင်လာနိုင်ဖို့ ရှိနေပါတယ်။

ဝင်လာတာနဲ့ ထင်ရှားတဲ့ လာကာဇက်
အာဆင်နယ်ပရိသတ်တွေထဲမှာ အူဘာမီယန်းနဲ့ လာကာဇက်တစ်ယောက်ကို ချန်ပြီး တစ်ယောက်ကို မဖြစ်မနေရောင်းဆိုရင် ဆက်ထားဖို့ ရွေးမယ့်သူက လာကာဇက်ဖြစ်နေတဲ့အထိ နှစ်သက်ကြသူတွေလည်း ရှိပါတယ်။ သူ့ရဲ့ ချိတ်ဆက်ပုံတွေနဲ့ ဘောလုံးကိုင်ကစားမှု၊ ဂိုးရှေ့မှာ အချိန်ကိုက် နေရာယူနိုင်မှုတွေက အသင်းလိုက်ကစားပုံမှာ အဖိုးတန်ပြီး ဒီနေ့မှာလည်း ပေပေအတွက် လှပတဲ့ အခင်းအကျင်းတွေ ပြသခဲ့သလို လူစားဝင်ပြီး မကြာခင်မှာပဲ လှပတဲ့ မနားတမ်းကန်ချက်နဲ့ ကိုဗစ်ကို သူလွန်မြောက်ပြီး အဆင်သင့်ရှိကြောင်း ပြသသွားခဲ့တာပါ။

အဆင်သင့်မဖြစ်သေးတဲ့ မာတီနယ်လီ
အာဆင်နယ်ပရိသတ်တွေ ဂုဏ်ဆာခဲ့ဖူးတဲ့ ချဲလ်ဆီးဘက်ကို ၆၂ ကိုက်ကို ၆ စက္ကန့်နဲ့ ပြေးလွှားပြီး ဂိုးသွင်းခဲ့တဲ့ မာတီနယ်လီဆိုတာ အသင်းမှာ မရှိတော့တာ ကြာပြီလို့ အားနာနာနဲ့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသအပြီးမှာ နည်းပြ အာတီတာရဲ့ ရုန်းကန်နေရမှုတွေနဲ့ ကြုံခဲ့ရတာက သူ့အတွက် နေရာပေးနိုင်ဖို့ အခွင့်အရေး ပိုမိုရှားပါးသွားပြီး ဒီကြားထဲမှာ ဘာလိုဂွန်နဲ့ နေရာလုနေခဲ့ရသလို လက်ရှိမှာတော့ အသင်းဖော်တွေနဲ့ အချိတ်အဆက် အဆင်မပြေတဲ့အထိ နေရာယူမှုနဲ့ ယုံကြည်မှုပိုင်းမှာပါ ကျဆင်းသွားခဲ့ပြီး မူလအနေအထား ပြန်ရောက်အောင် တော်တော်လေး ကြိုးစားနိုင်မှကို ဖြစ်တော့မှာပါ။

အာတီတာအတွက် အမှတ်ပေးမှုကို သက်ရောက်ခြင်း မရှိစေတဲ့ နိုင်ပွဲ
အာဆင်နယ်တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ နည်းပြ မီခယ်လ် အာတီတာအတွက် အနာဂတ်ကို အဆုံးအဖြတ်ပေးဖို့ စောင့်ကြည့် အကဲဖြတ်မှုတွေအတွက်တော့ ဒီနေ့ ဝက်စ်ဘရွန်းနဲ့ နိုင်ပွဲက ဘောင်မဝင်ခဲ့တာပါ။ ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်သွားခဲ့ပေမယ့် ဘက်ဂီတွေမှာ စီနီယာကစားသမားဆိုလို့ အရန်ကစားသမားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ စနော့ဂရက်စ်နဲ့ တိုက်စစ်မှူး ဇိုဟိုးတို့သာ ပါဝင်ခဲ့ပြီး ကျန်တဲ့ ကစားသမား ၉ ဦးက လူငယ်တွေသာ ဖြစ်ခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပါက္ကြဲမႈနဲ႔ ျပန္လာတဲ့ အူဘာမီယန္း
အာဆင္နယ္အသင္းနဲ႔ ရာသီႀကိဳမွာပါ ေျခေပ်ာက္ေနခဲ့တဲ့ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကေတာ့ ဝက္စ္ဘ႐ြန္း အသင္းကို အႏိုင္ယူခဲ့တဲ့ ပြဲစဥ္မွာ သူနဲ႔တြဲၿပီး မမွတ္မိတာၾကာေနတဲ့ ဟက္ထရစ္နဲ႔အတူ ျပန္လာႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ေျခစြမ္းကေတာ့ လာမယ့္ စေနေန႔ ညေနမွာ ရင္ဆိုင္ရမယ့္ မန္ခ်က္စတာစီးတီးနဲ႔ ပြဲစဥ္အတြက္ ႀကိဳတင္သတိေပးလိုက္တာလား၊ အစ္တီဟတ္ဘက္က သူ႔ကို ေခၚရင္ ဂိုးေတြနဲ႔ လာခဲ့ဖို႔ အဆင္သင့္ပဲလို႔ ဆိုလိုက္တာလားေတာ့ ေတြးစရာျဖစ္ေနၿပီး မေရရာတဲ့ ဂန္းနားေတြရဲ႕ အေျပာင္းအေ႐ႊ႕ ေပၚလစီက ပရိသတ္ေတြကို စိတ္ခ်လက္ခ် မေပ်ာ္ရဲဘဲ အေတြးပြားစရာျဖစ္ေစခဲ့ပါတယ္။

ယုံၾကည္မႈတည္ေဆာက္ရင္း ေတာက္ပတဲ့ ဆာကာ
လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကေတာ့ အဂၤလန္နဲ႔ ပင္နယ္တီ လြဲေခ်ာ္အၿပီးမွာ ဒီေန႔မွာေတာ့ သူ႔ရဲ႕ လန္းဆန္းတက္ႂကြတဲ့ ပုံစံအမွန္ကို ျပန္လည္ျပသခဲ့ပါတယ္။ ဝက္စ္ဘ႐ြန္းဘက္ကို တိုက္စစ္ဆင္မႈေတြ အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ေျခစြမ္းနဲ႔ ယုံၾကည္မႈက အေပါင္းဘက္ လကၡဏာေဆာင္ခဲ့သလို အူဘာမီယန္းရဲ႕ အဖြင့္ဂိုးမွာ ပါဝင္ပတ္သက္ခဲ့သလို အာဆင္နယ္တို႔အတြက္ စတုတၳေျမာက္ဂိုးကိုလည္း သူသိပ္မသန္တဲ့ ညာေျခနဲ႔ တည္တည္ၿငိမ္ၿငိမ္ အဆုံးသတ္ကန္သြင္းသြားခဲ့တာပါ။

အလြယ္တကူ အထိုင္က်တဲ့ ေအာ္ဒီဂြါဒ္
ရီးရဲလ္မက္ဒရစ္ကေန အၿပီးသတ္ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေနာ္ေဝသားကေတာ့ အာဆင္နယ္ကြင္းလယ္မွာ ၿပီးခဲ့တဲ့ အငွားတစ္ေခါက္တုန္းကလိုပဲ သက္ေတာင့္သက္သာနဲ႔ အထိုင္က်ခဲ့ပါတယ္။ ကြင္းလယ္က ေဘာလုံးျဖန႔္ေဝမႈ အေျမာက္အျမား ျပဳလုပ္ႏိုင္ခဲ့ၿပီး အသင္းရဲ႕ စတုတၳေျမာက္ဂိုးကိုလည္း ဆာကာအတြက္ ေနာက္ေပါက္နဲ႔ ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ ႀကံ့ခိုင္မႈကေတာ့ အနည္းငယ္လိုအပ္ေနတဲ့ ပုံစံတခ်ိဳ႕ကိုေတာ့ ျမင္ခဲ့ရပါတယ္။ ဒါကလည္း လာမယ့္ပြဲနဲ႔ ထရိန္နင္ အစီအစဥ္ေတြမွာ အခ်ိန္က ကုစားသြားမွာျဖစ္ၿပီး ေအာ္ဒီဂြါဒ္အတြက္ ဂဏန္းၿငိမ္ၿပီမို႔ ဝီလီယန္ကို ရွင္းထုတ္ႏိုင္ရင္ အပူတစ္ခု ထပ္ေလ်ာ့က်ဦးမွာပါ။

လီႏိုေနရာလုဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ရမ္းစ္ေဒးလ္
အာဆင္နယ္အသင္းရဲ႕ ေပါင္ ၂၄ သန္း ေပးေခ်ခဲ့ရတဲ့ ဂိုးသမားသစ္ အာ႐ြန္ ရမ္းစ္ေဒးလ္ကေတာ့ ပြဲဦးထြက္မွာ လြယ္ကူတဲ့ ၿပိဳင္ဘက္နဲ႔ Clean Sheet တစ္ပြဲရၿပီး အဖြင့္လွခဲ့တယ္ဆိုေပမယ့္ ထုံးစံအတိုင္း မတည္ၿငိမ္တဲ့ ေနာက္တန္းေၾကာင့္ အလုပ္မ်ားခဲ့ရေသးတာပါ။ သူ႔ရဲ႕ သြက္လက္ျမန္ဆန္တဲ့ Reflex ေတြကေတာ့ ဘုန္းေမာက္နဲ႔ ရွက္ဖီးလ္ဒ္တို႔မွာ ျပသခဲ့တဲ့ လက္စြမ္းအတိုင္း ဂန္းနားပရိသတ္ေတြ ႏႈတ္ဖ်ားမွာ ခ်ီးက်ဴးစရာလည္းျဖစ္ခဲ့ၿပီး တစ္ဖက္ အသင္းရဲ႕ တိုက္စစ္မႉးကို အခြင့္အေရး မေပးဘဲ ပယ္ခ်သြားခဲ့သလို ပထမဂိုးသမား ဘန္းဒ္ လီႏိုကို ယွဥ္ၿပိဳင္လာႏိုင္ဖို႔ ရွိေနပါတယ္။

ဝင္လာတာနဲ႔ ထင္ရွားတဲ့ လာကာဇက္
အာဆင္နယ္ပရိသတ္ေတြထဲမွာ အူဘာမီယန္းနဲ႔ လာကာဇက္တစ္ေယာက္ကို ခ်န္ၿပီး တစ္ေယာက္ကို မျဖစ္မေနေရာင္းဆိုရင္ ဆက္ထားဖို႔ ေ႐ြးမယ့္သူက လာကာဇက္ျဖစ္ေနတဲ့အထိ ႏွစ္သက္ၾကသူေတြလည္း ရွိပါတယ္။ သူ႔ရဲ႕ ခ်ိတ္ဆက္ပုံေတြနဲ႔ ေဘာလုံးကိုင္ကစားမႈ၊ ဂိုးေရွ႕မွာ အခ်ိန္ကိုက္ ေနရာယူႏိုင္မႈေတြက အသင္းလိုက္ကစားပုံမွာ အဖိုးတန္ၿပီး ဒီေန႔မွာလည္း ေပေပအတြက္ လွပတဲ့ အခင္းအက်င္းေတြ ျပသခဲ့သလို လူစားဝင္ၿပီး မၾကာခင္မွာပဲ လွပတဲ့ မနားတမ္းကန္ခ်က္နဲ႔ ကိုဗစ္ကို သူလြန္ေျမာက္ၿပီး အဆင္သင့္ရွိေၾကာင္း ျပသသြားခဲ့တာပါ။

အဆင္သင့္မျဖစ္ေသးတဲ့ မာတီနယ္လီ
အာဆင္နယ္ပရိသတ္ေတြ ဂုဏ္ဆာခဲ့ဖူးတဲ့ ခ်ဲလ္ဆီးဘက္ကို ၆၂ ကိုက္ကို ၆ စကၠန႔္နဲ႔ ေျပးလႊားၿပီး ဂိုးသြင္းခဲ့တဲ့ မာတီနယ္လီဆိုတာ အသင္းမွာ မရွိေတာ့တာ ၾကာၿပီလို႔ အားနာနာနဲ႔ ဆိုရမွာပဲျဖစ္ပါတယ္။ ဒူးအ႐ြတ္ဒဏ္ရာကို ခြဲစိတ္ကုသအၿပီးမွာ နည္းျပ အာတီတာရဲ႕ ႐ုန္းကန္ေနရမႈေတြနဲ႔ ႀကဳံခဲ့ရတာက သူ႔အတြက္ ေနရာေပးႏိုင္ဖို႔ အခြင့္အေရး ပိုမိုရွားပါးသြားၿပီး ဒီၾကားထဲမွာ ဘာလိုဂြန္နဲ႔ ေနရာလုေနခဲ့ရသလို လက္ရွိမွာေတာ့ အသင္းေဖာ္ေတြနဲ႔ အခ်ိတ္အဆက္ အဆင္မေျပတဲ့အထိ ေနရာယူမႈနဲ႔ ယုံၾကည္မႈပိုင္းမွာပါ က်ဆင္းသြားခဲ့ၿပီး မူလအေနအထား ျပန္ေရာက္ေအာင္ ေတာ္ေတာ္ေလး ႀကိဳးစားႏိုင္မွကို ျဖစ္ေတာ့မွာပါ။

အာတီတာအတြက္ အမွတ္ေပးမႈကို သက္ေရာက္ျခင္း မရွိေစတဲ့ ႏိုင္ပြဲ
အာဆင္နယ္တာဝန္ရွိသူေတြနဲ႔ ပရိသတ္ေတြရဲ႕ နည္းျပ မီခယ္လ္ အာတီတာအတြက္ အနာဂတ္ကို အဆုံးအျဖတ္ေပးဖို႔ ေစာင့္ၾကည့္ အကဲျဖတ္မႈေတြအတြက္ေတာ့ ဒီေန႔ ဝက္စ္ဘ႐ြန္းနဲ႔ ႏိုင္ပြဲက ေဘာင္မဝင္ခဲ့တာပါ။ ေျခာက္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူၿပီး ေနာက္တစ္ဆင့္ တက္သြားခဲ့ေပမယ့္ ဘက္ဂီေတြမွာ စီနီယာကစားသမားဆိုလို႔ အရန္ကစားသမားေတြျဖစ္ၾကတဲ့ ကြင္းလယ္လူ စေနာ့ဂရက္စ္နဲ႔ တိုက္စစ္မႉး ဇိုဟိုးတို႔သာ ပါဝင္ခဲ့ၿပီး က်န္တဲ့ ကစားသမား ၉ ဦးက လူငယ္ေတြသာ ျဖစ္ခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.