Premier League

ပရီးမီးယားလိဂ်အသင်းအားလုံး ပါဝင်လာတဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်များ

ကာရာဘောင်းဖလား ဒုတိယအဆင့်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်မှာ ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ကစားခွင့်ရခဲ့တဲ့ အဆင့် ၁ ကနေ ၇ အထိ အသင်းတွေ ပါဝင်ခြင်းမရှိဘဲ ကျန်တဲ့ အဆင့် ၈ ကနေ ၁၇ နဲ့ တန်းတက်သုံးသင်းတို့သာ ပါဝင်ကစားခဲ့ကြအပြီးမှာတော့ နောက်တစ်ဆင့် တက်ရောက်ခဲ့တဲ့ အသင်းတွေကို တာဝန်ရှိသူတွေက တတိယအဆင့် မဲခွဲမှုကို ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ ချဲလ်ဆီး၊ လက်စတာ၊ ဝက်စ်ဟမ်းနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ ပါဝင်လာမယ့် တတိယအဆင့် ပွဲစဉ်တွေကိုတော့ ဗုဒ္ဓဟူးနေ့ည ပွဲစဉ်တွေ ကစားအပြီးမှာ ရေးဆွဲခဲ့ရာမှာတော့ ၃၂ သင်းအဆင့်မှာ ပရီးမီးယားလိဂ်အသင်းချင်း ၄ တွဲ ဆုံတွေ့နေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကို ရင်ဆိုင်ကစားရဖို့ ရှိနေသလို ချဲလ်ဆီးအသင်းကလည်း အိမ်ကွင်းမှာပဲ အက်စတန်ဗီလာနဲ့ ဆုံတွေ့နေပြီး လီဗာပူးလ်အသင်းကတော့ အဝေးကွင်းမှာ သူတို့အတွက် အခက်အခဲ မရှိတဲ့ ပရီးမီးယားလိဂ် အဆင့် ၂၀ က ပြိုင်ဘက် နော့ဝစ်ချ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်တွဲကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် တွေ့ဆုံခဲ့တဲ့ ဝုလ်ဗာဟမ့်ပ်တန်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ ပွဲစဉ်ဖြစ်ပြီး အဲ့ဒီနေ့ကအတိုင်းပဲ ဝံပုလွေတွေရဲ့ မိုလီနူးကွင်းကို သွားရောက်ကစားရမှာပါ။ ကျန်တဲ့ အသင်းကြီးတွေထဲကတော့ ကာရာဘောင်းဘုရင် မန်ချက်စတာစီးတီး၊ လက်စတာနဲ့ အာဆင်နယ်တို့ကတော့ ပွဲချောင်ခဲ့ပါတယ်။

မန်စီးတီးတို့အနေနဲ့ တတိယအဆင့်ကို အိမ်ကွင်း အစ်တီဟတ်မှာ ပထမတန်းက ဝစ်ကွမ်းဘ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လက်စတာစီးတီးကတော့ အဝေးကွင်းမှာ လိဂ်ချန်ပီယံရှစ်က လန်ဒန်ကလပ် မီးလ်ဝေါလ်နဲ့ သွားရောက်ကစားရမှာဖြစ်သလို အာဆင်နယ်အသင်းကတော့ တောင်လန်ဒန်အခြေစိုက် AFC ဝင်ဘယ်လ်ဒန်နဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ကစားရတော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာရာေဘာင္းဖလား ဒုတိယအဆင့္ကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ္မွာ ဥေရာပၿပိဳင္ပြဲေတြ ဝင္ေရာက္ကစားခြင့္ရခဲ့တဲ့ အဆင့္ ၁ ကေန ၇ အထိ အသင္းေတြ ပါဝင္ျခင္းမရွိဘဲ က်န္တဲ့ အဆင့္ ၈ ကေန ၁၇ နဲ႔ တန္းတက္သုံးသင္းတို႔သာ ပါဝင္ကစားခဲ့ၾကအၿပီးမွာေတာ့ ေနာက္တစ္ဆင့္ တက္ေရာက္ခဲ့တဲ့ အသင္းေတြကို တာဝန္ရွိသူေတြက တတိယအဆင့္ မဲခြဲမႈကို ျပဳလုပ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီး၊ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္၊ ခ်ဲလ္ဆီး၊ လက္စတာ၊ ဝက္စ္ဟမ္းနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ ပါဝင္လာမယ့္ တတိယအဆင့္ ပြဲစဥ္ေတြကိုေတာ့ ဗုဒၶဟူးေန႔ည ပြဲစဥ္ေတြ ကစားအၿပီးမွာ ေရးဆြဲခဲ့ရာမွာေတာ့ ၃၂ သင္းအဆင့္မွာ ပရီးမီးယားလိဂ္အသင္းခ်င္း ၄ တြဲ ဆုံေတြ႕ေနခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ဝက္စ္ဟမ္းအသင္းကို ရင္ဆိုင္ကစားရဖို႔ ရွိေနသလို ခ်ဲလ္ဆီးအသင္းကလည္း အိမ္ကြင္းမွာပဲ အက္စတန္ဗီလာနဲ႔ ဆုံေတြ႕ေနၿပီး လီဗာပူးလ္အသင္းကေတာ့ အေဝးကြင္းမွာ သူတို႔အတြက္ အခက္အခဲ မရွိတဲ့ ပရီးမီးယားလိဂ္ အဆင့္ ၂၀ က ၿပိဳင္ဘက္ ေနာ့ဝစ္ခ်္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

ေနာက္ဆုံးတစ္တြဲကေတာ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကမွ ပရီးမီးယားလိဂ္ ပြဲစဥ္(၂)အျဖစ္ ေတြ႕ဆုံခဲ့တဲ့ ဝုလ္ဗာဟမ့္ပ္တန္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ ပြဲစဥ္ျဖစ္ၿပီး အဲ့ဒီေန႔ကအတိုင္းပဲ ဝံပုေလြေတြရဲ႕ မိုလီႏူးကြင္းကို သြားေရာက္ကစားရမွာပါ။ က်န္တဲ့ အသင္းႀကီးေတြထဲကေတာ့ ကာရာေဘာင္းဘုရင္ မန္ခ်က္စတာစီးတီး၊ လက္စတာနဲ႔ အာဆင္နယ္တို႔ကေတာ့ ပြဲေခ်ာင္ခဲ့ပါတယ္။

မန္စီးတီးတို႔အေနနဲ႔ တတိယအဆင့္ကို အိမ္ကြင္း အစ္တီဟတ္မွာ ပထမတန္းက ဝစ္ကြမ္းဘ္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး လက္စတာစီးတီးကေတာ့ အေဝးကြင္းမွာ လိဂ္ခ်န္ပီယံရွစ္က လန္ဒန္ကလပ္ မီးလ္ေဝါလ္နဲ႔ သြားေရာက္ကစားရမွာျဖစ္သလို အာဆင္နယ္အသင္းကေတာ့ ေတာင္လန္ဒန္အေျခစိုက္ AFC ဝင္ဘယ္လ္ဒန္နဲ႔ အိမ္ကြင္း အမ္းမရိတ္မွာ ကစားရေတာ့မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.