Premier League

ယနေ့နောက်ဆုံးရ ရော်နယ်လ်ဒို၊ ကိန်း၊ အမ်ဘာပေ၊ အူဘာ ၄ ပွင့်ဆိုင် အပြောင်းအရွေ့သတင်းများ

ဒီနွေမှာ အပြောင်းအရွှေ့ရာသီတံခါးဖွင့်ကတည်းက မန်စီးတီးအသင်းနဲ့ အကြီးအကျယ်ချိတ်ဆက်လာခဲ့တဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ဝှိုက်လတ်လိန်းမှာပဲ တရာသီဆက်နေဦးမယ်လို့ တရားဝင်အတည်ပြုသွားခဲ့လို့ စပါးစ်ပရိသတ်တွေအတွက်တော့ နားဝင်ချိုစရာသတင်းတခုဖြစ်ခဲ့​ပြီး အသင်းမှာ လေ့ကျင့်ရေးမဆင်းဘဲ ဆန္ဒပြခဲ့တဲ့အတွက်လည်း အင်္ဂလန်သား​က ပရိသတ်တွေကို ပြန်လည်တောင်းပန်သွားခဲ့ပါ​သေးတယ်။

” ကျွန်တော် ဒီနွေရာသီမှာ တော့တင်ဟမ်မှာ ဆက်ရှိနေမှာပါ။ ၁၀၀ ရာခိုင်နှုန်းအပြည့် အာရုံစူးစိုက်ကစားပြီး အသင်းကို အောင်မြင်မှုတွေ (ဆုဖလားတွေ) ရရှိအောင် ကူညီပေးသွားပါမယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပါးစ်ပရိသတ်တွေက ပြန်လည်ပြီး သောင်းသောင်းဖျဖျကြိုဆိုသွားတာက တကယ်ကိုပြောမပြတတ်အောင်ပါပဲ။ ပြီးတော့ ဒီရက်သတ္တပတ်တွေအတွင်းမှာ ပရိသတ်တွေဆီက ထောက်ခံအားပေးနေကြတဲ့ မေတ္တာစာတွေကိုလည်း ရရှိခဲ့ပါတယ်။ ” လို့ ကိန်းက တရားဝင်ကြေငြာသွားခဲ့တာပါ။

အပြောင်းအရွှေ့ဇာတ်လမ်းရှည်တပုဒ်ဖြစ်တဲ့ PSG၊ ရီးရဲလ်မက်ဒရစ်၊ ခိုင်လျန် အမ်ဘာပေတို့ရဲ့ ၃ ပွင့်ဆိုင်အနေအထားကတော့ အပြန်အလှန် တင်းမာမှုတွေနဲ့ အဆုံးသတ်သွားခဲ့ပြီး ” ခိုင်လျန် အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ပြောင်းချင်နေတာ မှန်ပါတယ်။ ကျွန်တော်တို့ သူ့ကို အာခံတွင်းထဲ အတင်းထည့်ပြီး ငုံမထားပါဘူး။ မက်ဒရစ်ဆီက ပထမဆုံးကမ်းလှမ်းမှုကို ကျွန်တော်တို့ ပယ်ချခဲ့ပါတယ်။” လို့ PSG အားကစားဒါရိုက်တာ လီယိုနာဒိုက လူသိရှင်ကြား ရှင်းတမ်းထုတ်သွားခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ဒါပေမယ့် PSG က လိုချင်တဲ့စျေးကိုရရင်တော့ စဥ်းစားသွားမှာပါ။ ရီးရဲလ်မက်ဒရစ်ရဲ့ အခုလုပ်ပုံက နည်းလမ်းမကျ၊ တရားမဝင်သလို အသင်းကိုမလေးမစားဆန်လွန်းပြီး လက်ခံနိုင်စရာကို မရှိပါဘူး။ ကျွန်တော်တို့ ယူရိုသန်း ၁၆၀ ကို လက်သင့်မခံနိုင်ပါဘူး။ အမ်ဘာပေက သွားချင်လွန်းလှပါတယ်ဆိုရင်တော့ ကျွန်တော်တို့နောက်ဆုံးတောင်းတဲ့စျေးကို ပေးရပါလိမ့်မယ်။ ဒါပေမယ့် ရီးရဲလ်လို မချေမငံအသင်းမျိုးနဲ့ ကျွန်တော်တို့ စကားထပ်ပြောဆိုဖို့ အစီအစဥ်မရှိပါဘူး။ သူတို့စျေးတိုးပေးမလားဆိုတာကိုတော့ မသိရှိထားပါဘူး။ သူတို့အသင်းအချိုးမပြေတဲ့အကြောင်းကို ကျွန်တော်အခုပြောနေတာပါ။”

” သူတို့ အမ်ဘာပေကို ခေါ်ဖို့လုပ်နေတာ ၂ နှစ်ရှိပါပြီ။ မိသားစုဆီကိုလည်း ဆက်သွယ်ခဲ့ကြတယ်။ ကျွန်တော်တို့အသင်းဘက်ကတော့ သူထွက်သွားဖို့ ဘယ်တုန်းကမှ တံခါးဖွင့်မထားပါဘူး။ ကျွန်တော်က သူ့ကို ရောင်းထုတ်ချင်နေတယ်လို့ လူတွေကသာ ထင်နေကြပေမယ့် ကျွန်တော်ရော ဥက္ကဋ္ဌနက်ဆာရော သဘောထားချင်းတူပါတယ်။ ”

“ရီးရဲလ်ကိုကြည့်ရတာတော့ တနှစ်စောင့်ပြီး နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နှိုက်ချင်လို့ ကလိမ်ကျသွားတဲ့ပုံစံပါ။ အမ်ဘာပေက အလွတ်နဲ့ မထွက်ဘူးလို့ ကျွန်တော်တို့ ကတိပေးပြီးပါပြီ။” လို့ ဆိုခဲ့တဲ့နောက်မှာတော့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကလည်း PSG အသင်းရဲ့ပုံစံမှာ အလွန်ရိုင်းစိုင်းတဲ့အသင်းဖြစ်​ကြောင်း တုံ့ပြန်သွားခဲ့သလို ဒီအပြောင်းအရွှေ့အောင်မြင်ဖို့ ပေါင်သန်း ၁၉၀ ထက်မနည်း အသုံးပြုရဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

အမ်ဘာပေဟာ ဘာနေဗျူးကို အိပ်မက်မက်နေပေမယ့် လီဗာပူးလ်အသင်းနဲ့လည်း မကင်းရှင်းတဲ့ ဆက်သွယ်မှုတချို့ရှိနေပြီး သူလေးစားရတဲ့ နည်းပြ ယာဂင် ကလော့ပ်က ပြင်သစ်သားရဲ့ဖခင်ဖြစ်သူကို ဖုန်းဆက်ပြီး စကားကြောင်းလမ်းခဲ့သလို ဒီလုပ်ရပ်ကြောင့် အသက် ၂၂ နှစ်သားတယောက် စိတ်လှုပ်ရှားမိကြောင်း ဖော်ပြခံထားရတဲ့နောက်မှာ ထပ်တက်လာတဲ့သတင်းတွေအရ အန်ဖီးလ်ဘက်ကတော့ တရားဝင်ကမ်းလှမ်းမှုမျိုးတော့ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။

တူရင်မြေမှာ မပျော်ရွှင်ဘူးလို့ သတင်းတွေလှိုင်နေတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ကိန်းကို ခေါ်လို့မရတော့တဲ့ မန်စီးတီးအသင်းကို ပြောင်းရွေ့တော့မယ်ဆိုတဲ့ ချိတ်ဆက်မှုတွေရှိလာနေပြီး ဒါဟာ တဖက်က မြို့ခံပြိုင်ဘက် အနီရောင်မန်ချက်စတာသားတွေရဲ့ အမုန်းကို ခံယူရမှာဖြစ်လို့ ပေါ်တူဂီသားတယောက် မက်ဆီကို လိုက်မီဖို့တော့ စွန့်စားသွားတော့မလားဆိုတာတော့ မန်ချက်စတာတမြို့လုံးရဲ့ မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရပါပြီ။

” ပိုက်ဆံက ကျွန်တော့်စိတ်ကို ပြောင်းလဲနိုင်မယ်လို့များ ထင်နေလား။ ငွေထုပ်ပိုက်ချင်မှတော့ ကာတာမှာ သွားကန်တော့မှာပေါ့ဗျာ။ သူတို့က မန်စီးတီးအသင်းထက်တောင် အပုံကြီးချမ်းသာပါသေးတယ်။ ကျွန်တော်ကတော့ မန်စီးတီးမှာ ဘယ်တော့မှ သွားမကစားပါဘူး” ခပ်ပြတ်ပြတ်ငြင်းပယ်ထားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုရဲ့ အတိတ်ကစကားတွေက တူရင်မြေမှာ လုံးဝမပျော်တဲ့အတွက် အရောင်ပြောင်းလဲသွားတော့မှာလား၊ အပြာရောင်သားတို့ဆီ ခိုဝင်တော့မလားဆိုတာကတော့ လာမယ့် ရက်သတ္တပတ်အတွင်း လယ်ပြင်ဆင်သွားသလို ထင်းထင်းကြီး အဖြေထွက်လာဖို့ ရှိနေပါတယ်။

နောက်ဆုံးရရှိတဲ့သတင်းတွေအရ ရော်နယ်လ်ဒိုရဲ့ အေးဂျင့် မန်ဒက်စ်ဟာ တူရင်မြို့ကို ရောက်ရှိနေပြီး ပေါ်တူဂီတိုက်စစ်မှူးရဲ့အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးခဲ့ရာမှာ အီတလီကလပ်အသင်းအနေနဲ့ ပေါင် ၂၅ သန်း ရရှိရင် အသင်းပြောင်းခွင့်ပေးမယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှု မပြုလုပ်ရသေးသော်လည်း တပတ်လုပ်ခလစာ ပေါင် ၂၃၀,၀၀၀နဲ့ ၂ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူချင်တယ်လို့သိရပြီး လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ ဟာရီကိန်း စိတ်ပြောင်းခဲ့ရင် ခေါ်ယူဖို့အတွက် ငွေကြေးကို အလျော့မခံချင်လို့ ဂျူဗင်တပ်သတ်မှတ်တဲ့ ပြောင်းရွှေ့ကြေးကိုတော့ မပေးချေလိုဘူးလို့ဆိုတဲ့အတွက် ဘလွန်းဒေါလ် ၅ ဆုရ ပေါ်တူဂီ GOAT ကြီးတစ်ယောက် အင်္ဂလန်မြေကို တကျော့ပြန် ရောက်ရှိလာမလာကို Deadline Day အထိ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကလည်း မန်စီးတီးအသင်းကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ESPN သတင်းက ဖော်ပြလာခဲ့ပြီး ဂန်းနားတို့ကတော့ ဂါဘွန်သားအတွက် အီတီဟတ်မြေဆီ လမ်းဖွင့်ပေးထားတယ်လို့ သိရသလို ဒီနွေမှာ အမ်းမရိတ်စ်မှာ လူသစ်ထပ်ဖြည့်ဖို့ အသင်းခေါင်ဆောင်ကြီးကို အမြန်ဆုံးထုတ်ရောင်းချင်နေတာပါ။

မန်စီးတီးအသင်းအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးမိနစ်မှာမှ အသက် ၃၂ နှစ်သားကို တရားဝင်ကမ်းလှမ်းမှုပြုလုပ်မယ်လို့ သတင်းပြေးလာခဲ့သလို ကိန်းရဲ့ Plan B ပစ်မှတ်ထားခဲ့ရာကနေ Plan A ဖြစ်သွားခဲ့လို့ ဝေဖန်မှုတချို့ရှိနေပေမယ့်လည်း အထောင်တိုက်စစ်မှူးစစ်စစ်တဦးကိုတော့ ဒီနွေမှာ မဖြစ်မနေဝယ်ယူသွားမှာဖြစ်လို့ ရော်နယ်လ်ဒိုနဲ့သာ အပြောင်းအရွှေ့မအောင်မြင်ခဲ့သည်ရှိသော် ရေတိုဖြည့်တင်းမှုတခုအဖြစ်လည်း စီတီဇန်တို့ကို ချွေးသိပ်သွားဖွယ်ရှိနေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီေႏြမွာ အေျပာင္းအေ႐ႊ႕ရာသီတံခါးဖြင့္ကတည္းက မန္စီးတီးအသင္းနဲ႔ အႀကီးအက်ယ္ခ်ိတ္ဆက္လာခဲ့တဲ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းဟာ ဝႈိက္လတ္လိန္းမွာပဲ တရာသီဆက္ေနဦးမယ္လို႔ တရားဝင္အတည္ျပဳသြားခဲ့လို႔ စပါးစ္ပရိသတ္ေတြအတြက္ေတာ့ နားဝင္ခ်ိဳစရာသတင္းတခုျဖစ္ခဲ့​ၿပီး အသင္းမွာ ေလ့က်င့္ေရးမဆင္းဘဲ ဆႏၵျပခဲ့တဲ့အတြက္လည္း အဂၤလန္သား​က ပရိသတ္ေတြကို ျပန္လည္ေတာင္းပန္သြားခဲ့ပါ​ေသးတယ္။

” ကြၽန္ေတာ္ ဒီေႏြရာသီမွာ ေတာ့တင္ဟမ္မွာ ဆက္ရွိေနမွာပါ။ ၁၀၀ ရာခိုင္ႏႈန္းအျပည့္ အာ႐ုံစူးစိုက္ကစားၿပီး အသင္းကို ေအာင္ျမင္မႈေတြ (ဆုဖလားေတြ) ရရွိေအာင္ ကူညီေပးသြားပါမယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စပါးစ္ပရိသတ္ေတြက ျပန္လည္ၿပီး ေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုသြားတာက တကယ္ကိုေျပာမျပတတ္ေအာင္ပါပဲ။ ၿပီးေတာ့ ဒီရက္သတၱပတ္ေတြအတြင္းမွာ ပရိသတ္ေတြဆီက ေထာက္ခံအားေပးေနၾကတဲ့ ေမတၱာစာေတြကိုလည္း ရရွိခဲ့ပါတယ္။ ” လို႔ ကိန္းက တရားဝင္ေၾကျငာသြားခဲ့တာပါ။

အေျပာင္းအေ႐ႊ႕ဇာတ္လမ္းရွည္တပုဒ္ျဖစ္တဲ့ PSG၊ ရီးရဲလ္မက္ဒရစ္၊ ခိုင္လ်န္ အမ္ဘာေပတို႔ရဲ႕ ၃ ပြင့္ဆိုင္အေနအထားကေတာ့ အျပန္အလွန္ တင္းမာမႈေတြနဲ႔ အဆုံးသတ္သြားခဲ့ၿပီး ” ခိုင္လ်န္ အမ္ဘာေပက ရီးရဲလ္မက္ဒရစ္ကို ေျပာင္းခ်င္ေနတာ မွန္ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို အာခံတြင္းထဲ အတင္းထည့္ၿပီး ငုံမထားပါဘူး။ မက္ဒရစ္ဆီက ပထမဆုံးကမ္းလွမ္းမႈကို ကြၽန္ေတာ္တို႔ ပယ္ခ်ခဲ့ပါတယ္။” လို႔ PSG အားကစားဒါ႐ိုက္တာ လီယိုနာဒိုက လူသိရွင္ၾကား ရွင္းတမ္းထုတ္သြားခဲ့ပါတယ္။

သူက ဆက္လက္ၿပီး “ဒါေပမယ့္ PSG က လိုခ်င္တဲ့ေစ်းကိုရရင္ေတာ့ စဥ္းစားသြားမွာပါ။ ရီးရဲလ္မက္ဒရစ္ရဲ႕ အခုလုပ္ပုံက နည္းလမ္းမက်၊ တရားမဝင္သလို အသင္းကိုမေလးမစားဆန္လြန္းၿပီး လက္ခံႏိုင္စရာကို မရွိပါဘူး။ ကြၽန္ေတာ္တို႔ ယူ႐ိုသန္း ၁၆၀ ကို လက္သင့္မခံႏိုင္ပါဘူး။ အမ္ဘာေပက သြားခ်င္လြန္းလွပါတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ေနာက္ဆုံးေတာင္းတဲ့ေစ်းကို ေပးရပါလိမ့္မယ္။ ဒါေပမယ့္ ရီးရဲလ္လို မေခ်မငံအသင္းမ်ိဳးနဲ႔ ကြၽန္ေတာ္တို႔ စကားထပ္ေျပာဆိုဖို႔ အစီအစဥ္မရွိပါဘူး။ သူတို႔ေစ်းတိုးေပးမလားဆိုတာကိုေတာ့ မသိရွိထားပါဘူး။ သူတို႔အသင္းအခ်ိဳးမေျပတဲ့အေၾကာင္းကို ကြၽန္ေတာ္အခုေျပာေနတာပါ။”

” သူတို႔ အမ္ဘာေပကို ေခၚဖို႔လုပ္ေနတာ ၂ ႏွစ္ရွိပါၿပီ။ မိသားစုဆီကိုလည္း ဆက္သြယ္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔အသင္းဘက္ကေတာ့ သူထြက္သြားဖို႔ ဘယ္တုန္းကမွ တံခါးဖြင့္မထားပါဘူး။ ကြၽန္ေတာ္က သူ႔ကို ေရာင္းထုတ္ခ်င္ေနတယ္လို႔ လူေတြကသာ ထင္ေနၾကေပမယ့္ ကြၽန္ေတာ္ေရာ ဥကၠ႒နက္ဆာေရာ သေဘာထားခ်င္းတူပါတယ္။ ”

“ရီးရဲလ္ကိုၾကည့္ရတာေတာ့ တႏွစ္ေစာင့္ၿပီး ေနာက္ရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ႏႈိက္ခ်င္လို႔ ကလိမ္က်သြားတဲ့ပုံစံပါ။ အမ္ဘာေပက အလြတ္နဲ႔ မထြက္ဘူးလို႔ ကြၽန္ေတာ္တို႔ ကတိေပးၿပီးပါၿပီ။” လို႔ ဆိုခဲ့တဲ့ေနာက္မွာေတာ့ ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရင္တီႏို ပီရက္ဇ္ကလည္း PSG အသင္းရဲ႕ပုံစံမွာ အလြန္႐ိုင္းစိုင္းတဲ့အသင္းျဖစ္​ေၾကာင္း တုံ႔ျပန္သြားခဲ့သလို ဒီအေျပာင္းအေ႐ႊ႕ေအာင္ျမင္ဖို႔ ေပါင္သန္း ၁၉၀ ထက္မနည္း အသုံးျပဳရဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။

အမ္ဘာေပဟာ ဘာေနဗ်ဴးကို အိပ္မက္မက္ေနေပမယ့္ လီဗာပူးလ္အသင္းနဲ႔လည္း မကင္းရွင္းတဲ့ ဆက္သြယ္မႈတခ်ိဳ႕ရွိေနၿပီး သူေလးစားရတဲ့ နည္းျပ ယာဂင္ ကေလာ့ပ္က ျပင္သစ္သားရဲ႕ဖခင္ျဖစ္သူကို ဖုန္းဆက္ၿပီး စကားေၾကာင္းလမ္းခဲ့သလို ဒီလုပ္ရပ္ေၾကာင့္ အသက္ ၂၂ ႏွစ္သားတေယာက္ စိတ္လႈပ္ရွားမိေၾကာင္း ေဖာ္ျပခံထားရတဲ့ေနာက္မွာ ထပ္တက္လာတဲ့သတင္းေတြအရ အန္ဖီးလ္ဘက္ကေတာ့ တရားဝင္ကမ္းလွမ္းမႈမ်ိဳးေတာ့ ျပဳလုပ္ထားျခင္း မရွိေသးပါဘူး။

တူရင္ေျမမွာ မေပ်ာ္႐ႊင္ဘူးလို႔ သတင္းေတြလႈိင္ေနတဲ့ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း ကိန္းကို ေခၚလို႔မရေတာ့တဲ့ မန္စီးတီးအသင္းကို ေျပာင္းေ႐ြ႕ေတာ့မယ္ဆိုတဲ့ ခ်ိတ္ဆက္မႈေတြရွိလာေနၿပီး ဒါဟာ တဖက္က ၿမိဳ႕ခံၿပိဳင္ဘက္ အနီေရာင္မန္ခ်က္စတာသားေတြရဲ႕ အမုန္းကို ခံယူရမွာျဖစ္လို႔ ေပၚတူဂီသားတေယာက္ မက္ဆီကို လိုက္မီဖို႔ေတာ့ စြန္႔စားသြားေတာ့မလားဆိုတာေတာ့ မန္ခ်က္စတာတၿမိဳ႕လုံးရဲ႕ မ်က္စိေဒါက္ေထာက္ ေစာင့္ၾကည့္ခံေနရပါၿပီ။

” ပိုက္ဆံက ကြၽန္ေတာ့္စိတ္ကို ေျပာင္းလဲႏိုင္မယ္လို႔မ်ား ထင္ေနလား။ ေငြထုပ္ပိုက္ခ်င္မွေတာ့ ကာတာမွာ သြားကန္ေတာ့မွာေပါ့ဗ်ာ။ သူတို႔က မန္စီးတီးအသင္းထက္ေတာင္ အပုံႀကီးခ်မ္းသာပါေသးတယ္။ ကြၽန္ေတာ္ကေတာ့ မန္စီးတီးမွာ ဘယ္ေတာ့မွ သြားမကစားပါဘူး” ခပ္ျပတ္ျပတ္ျငင္းပယ္ထားခဲ့ဖူးတဲ့ ေရာ္နယ္လ္ဒိုရဲ႕ အတိတ္ကစကားေတြက တူရင္ေျမမွာ လုံးဝမေပ်ာ္တဲ့အတြက္ အေရာင္ေျပာင္းလဲသြားေတာ့မွာလား၊ အျပာေရာင္သားတို႔ဆီ ခိုဝင္ေတာ့မလားဆိုတာကေတာ့ လာမယ့္ ရက္သတၱပတ္အတြင္း လယ္ျပင္ဆင္သြားသလို ထင္းထင္းႀကီး အေျဖထြက္လာဖို႔ ရွိေနပါတယ္။

ေနာက္ဆုံးရရွိတဲ့သတင္းေတြအရ ေရာ္နယ္လ္ဒိုရဲ႕ ေအးဂ်င့္ မန္ဒက္စ္ဟာ တူရင္ၿမိဳ႕ကို ေရာက္ရွိေနၿပီး ေပၚတူဂီတိုက္စစ္မႉးရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ဂ်ဴဗင္တပ္အသင္းနဲ႔ ေဆြးေႏြးခဲ့ရာမွာ အီတလီကလပ္အသင္းအေနနဲ႔ ေပါင္ ၂၅ သန္း ရရွိရင္ အသင္းေျပာင္းခြင့္ေပးမယ္လို႔ သိရပါတယ္။

မန္စီးတီးအသင္းအေနနဲ႔ ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ တရားဝင္ကမ္းလွမ္းမႈ မျပဳလုပ္ရေသးေသာ္လည္း တပတ္လုပ္ခလစာ ေပါင္ ၂၃၀,၀၀၀နဲ႔ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆို ေခၚယူခ်င္တယ္လို႔သိရၿပီး လာမယ့္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ ဟာရီကိန္း စိတ္ေျပာင္းခဲ့ရင္ ေခၚယူဖို႔အတြက္ ေငြေၾကးကို အေလ်ာ့မခံခ်င္လို႔ ဂ်ဴဗင္တပ္သတ္မွတ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကိုေတာ့ မေပးေခ်လိုဘူးလို႔ဆိုတဲ့အတြက္ ဘလြန္းေဒါလ္ ၅ ဆုရ ေပၚတူဂီ GOAT ႀကီးတစ္ေယာက္ အဂၤလန္ေျမကို တေက်ာ့ျပန္ ေရာက္ရွိလာမလာကို Deadline Day အထိ ေစာင့္ၾကည့္ရေတာ့မွာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ အာဆင္နယ္တိုက္စစ္မႉး အူဘာမီယန္းကလည္း မန္စီးတီးအသင္းကို ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီလို႔ ESPN သတင္းက ေဖာ္ျပလာခဲ့ၿပီး ဂန္းနားတို႔ကေတာ့ ဂါဘြန္သားအတြက္ အီတီဟတ္ေျမဆီ လမ္းဖြင့္ေပးထားတယ္လို႔ သိရသလို ဒီေႏြမွာ အမ္းမရိတ္စ္မွာ လူသစ္ထပ္ျဖည့္ဖို႔ အသင္းေခါင္ေဆာင္ႀကီးကို အျမန္ဆုံးထုတ္ေရာင္းခ်င္ေနတာပါ။

မန္စီးတီးအသင္းအေနနဲ႔ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးမိနစ္မွာမွ အသက္ ၃၂ ႏွစ္သားကို တရားဝင္ကမ္းလွမ္းမႈျပဳလုပ္မယ္လို႔ သတင္းေျပးလာခဲ့သလို ကိန္းရဲ႕ Plan B ပစ္မွတ္ထားခဲ့ရာကေန Plan A ျဖစ္သြားခဲ့လို႔ ေဝဖန္မႈတခ်ိဳ႕ရွိေနေပမယ့္လည္း အေထာင္တိုက္စစ္မႉးစစ္စစ္တဦးကိုေတာ့ ဒီေႏြမွာ မျဖစ္မေနဝယ္ယူသြားမွာျဖစ္လို႔ ေရာ္နယ္လ္ဒိုနဲ႔သာ အေျပာင္းအေ႐ႊ႕မေအာင္ျမင္ခဲ့သည္ရွိေသာ္ ေရတိုျဖည့္တင္းမႈတခုအျဖစ္လည္း စီတီဇန္တို႔ကို ေခြၽးသိပ္သြားဖြယ္ရွိေနေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.