Bundesliga Premier League Transfer News

ဆာေနးအတြက္ နည္းပါးတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ မန္ခ်က္စတာစီးတီးဆီ ကမ္းလွမ္းခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္

ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ အစ္တီဟတ္ကြင္းကေန ထြက္ခြာဖို႔ ႀကဳိးစားေနတဲ့ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကို ေခၚယူဖို႔ ငါးႏွစ္စာခ်ဳပ္နဲ႔ ပုဂၢဳိလ္ေရးသေဘာတူညီမွဳ ရရွိခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းကိုေတာ့ ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၃၅ သန္းေပးမယ္လုိ႔ တရားဝင္ ကမ္းလွမ္းလိုက္ပါတယ္။

ဒီေဈးႏွဳန္းကေတာ့ မန္ခ်က္စတာစီးတီးပရိသတ္ေတြအတြက္ ေဒါသထြက္စရာလည္းျဖစ္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္က သူ႕ကုိ ေခၚယူခဲ့တဲ့ ေျပာင္းေရႊ႕ေၾကးအရဆုိရင္ ကနဦးမွာ ေပါင္ ၃၇ သန္း က်သင့္ခဲ့တဲ့အျပင္ ဆုေၾကးခံစားခြင့္ေတြအရ ေပါင္ ၄၆.၅ သန္းအထိ ေပးေခ်ခဲ့ရတဲ့အတြက္ ဘိုင္ယန္ရဲ႕ ကမ္းလွမ္းမွဳက ေပါင္ ၁၁ သန္းေလာက္ေတာင္ ေလ်ာ့နည္းေနခဲ့တာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္သာ ရွိေသးၿပီး အေကာင္းဆုံးေျခစြမ္းေတြ ျပသေနတဲ့ ကစားသမားတစ္ေယာက္ကို ဒီေဈးႏွဳန္းနဲ႔ ကမ္းလွမ္းတာကေတာ့ ဘုိင္ယန္တုိ႔ လုပ္ေနက် အထာမထားတဲ့ ပုံစံလည္းျဖစ္ၿပီး ေရွ႕က ကစားသမားတခ်ဳိ႕ကိုလည္း ကာယကံရွင္နဲ႔ ပုိင္တာကို အေၾကာင္းျပဳၿပီး မိခင္ကလပ္ကို ခုလိုမ်ဳိး မေလးစားတဲ့ပုံစံ ျပသခဲ့တာပါ။

ဂ်ာမန္သားေတြရဲ႕ စိတ္ထဲက ပန္းတုိင္ျဖစ္တဲ့ ဘုိင္ယန္ျမဴးနစ္နဲ႔ ဆုဖလားေတြ ရယူလိုတဲ့ အခ်က္ကို အခြင့္ေကာင္းယူေလ့ရွိတဲ့ အသင္းရဲ႕ နည္းျပေဟာင္း ဂ်ဳ(ပ္) ဟိုင္းကက္စ္ကလည္း ဆာေနးရဲ႕ လက္ရွိအေနအထားက ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္မားမား မတန္ေတာ့ဘူးလို႔ ၁၂ လသာ က်န္ေတာ့တဲ့ စာခ်ဳပ္ကိုလည္း ေထာက္ျပေျပာၾကားသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက ယူ႐ိုသန္း ၁၀၀ ေက်ာ္ ေျပာင္းေရႊ႕ေၾကးသတ္မွတ္ထားခဲ့တဲ့ ေတာင္ပံကစားသမားအတြက္ေတာ့ မန္စီးတီးတုိ႔အေနနဲ႔ တစ္စုံတစ္ခု တုံ႔ျပန္သြားေကာင္း တုံ႔ျပန္ႏုိင္ၿပီး ရွိတ္မန္ေဆာ္နဲ႔အတူ ထက္ျမက္တဲ့ စပိန္အုပ္ခ်ဳပ္ေရးမွဳေတြ ဖြဲ႕စည္းထားတဲ့ အသင္းအေနနဲ႔ ယူအီးအက္ဖ္ေအရဲ႕ ျဖစ္ႏုိင္ဖြယ္ျပစ္ဒဏ္ကို အခြင့္ေကာင္းယူဖို႔ ႀကဳိးစားေနတဲ့ ဘုိင္ယန္ျမဴးနစ္ရဲ႕ လုပ္ရပ္ကေတာ့ ပရိသတ္ေတြအတြက္လည္း သည္းခံႏုိင္စရာမဟုတ္ဘဲျဖစ္ေနေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အစ်တီဟတ်ကွင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ ငါးနှစ်စာချုပ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကိုတော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၃၅ သန်းပေးမယ်လို့ တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။

ဒီဈေးနှုန်းကတော့ မန်ချက်စတာစီးတီးပရိသတ်တွေအတွက် ဒေါသထွက်စရာလည်းဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်က သူ့ကို ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးအရဆိုရင် ကနဦးမှာ ပေါင် ၃၇ သန်း ကျသင့်ခဲ့တဲ့အပြင် ဆုကြေးခံစားခွင့်တွေအရ ပေါင် ၄၆.၅ သန်းအထိ ပေးချေခဲ့ရတဲ့အတွက် ဘိုင်ယန်ရဲ့ ကမ်းလှမ်းမှုက ပေါင် ၁၁ သန်းလောက်တောင် လျော့နည်းနေခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်သာ ရှိသေးပြီး အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ ကစားသမားတစ်ယောက်ကို ဒီဈေးနှုန်းနဲ့ ကမ်းလှမ်းတာကတော့ ဘိုင်ယန်တို့ လုပ်နေကျ အထာမထားတဲ့ ပုံစံလည်းဖြစ်ပြီး ရှေ့က ကစားသမားတချို့ကိုလည်း ကာယကံရှင်နဲ့ ပိုင်တာကို အကြောင်းပြုပြီး မိခင်ကလပ်ကို ခုလိုမျိုး မလေးစားတဲ့ပုံစံ ပြသခဲ့တာပါ။

ဂျာမန်သားတွေရဲ့ စိတ်ထဲက ပန်းတိုင်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဆုဖလားတွေ ရယူလိုတဲ့ အချက်ကို အခွင့်ကောင်းယူလေ့ရှိတဲ့ အသင်းရဲ့ နည်းပြဟောင်း ဂျု(ပ်) ဟိုင်းကက်စ်ကလည်း ဆာနေးရဲ့ လက်ရှိအနေအထားက ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား မတန်တော့ဘူးလို့ ၁၂ လသာ ကျန်တော့တဲ့ စာချုပ်ကိုလည်း ထောက်ပြပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ယူရိုသန်း ၁၀၀ ကျော် ပြောင်းရွှေ့ကြေးသတ်မှတ်ထားခဲ့တဲ့ တောင်ပံကစားသမားအတွက်တော့ မန်စီးတီးတို့အနေနဲ့ တစ်စုံတစ်ခု တုံ့ပြန်သွားကောင်း တုံ့ပြန်နိုင်ပြီး ရှိတ်မန်ဆော်နဲ့အတူ ထက်မြက်တဲ့ စပိန်အုပ်ချုပ်ရေးမှုတွေ ဖွဲ့စည်းထားတဲ့ အသင်းအနေနဲ့ ယူအီးအက်ဖ်အေရဲ့ ဖြစ်နိုင်ဖွယ်ပြစ်ဒဏ်ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ လုပ်ရပ်ကတော့ ပရိသတ်တွေအတွက်လည်း သည်းခံနိုင်စရာမဟုတ်ဘဲဖြစ်နေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.