Premier League

ႏိုင္ငံျခားကစားသမားေတြကို တစ္ပတ္အတြင္း အသင္းနဲ႔ပူးေပါင္းဖို႔ မန္ခ်က္စတာယူႏုိက္တက္ညႊန္ၾကား

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ သူတုိ႔ရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကို ျပန္လည္စတင္ေတာ့မွာျဖစ္ၿပီး ကိုဗစ္-၁၉ ေၾကာင့္ မိခင္ေျမကို ျပန္လည္ခြဲျခားေနခဲ့တဲ့ ႏုိင္ငံျခားကစားသမားေတြကို တစ္ပတ္အတြင္း အသင္းနဲ႔အတူ ျပန္လည္ပူးေပါင္းဖို႔ ညႊန္ၾကားထားတယ္လို႔ သိရပါတယ္။

ဘယ္ေန႔မွာ ျပန္စမယ္ဆုိတာကို ရက္အတိအက်သတ္မွတ္ရျခင္းမရွိေသးေပမယ့္ ကစားသမားေတြကို ျပန္လည္ပူးေပါင္းဖို႔ ညႊန္ၾကားခဲ့တာ ျဖစ္ၿပီး အသင္းစိတ္ဓာတ္ကို ျပန္လည္ေဖာ္ေဆာင္ဖို႔နဲ႔ အဂၤလန္ႏုိင္ငံရဲ႕ ရာသီဥတုနဲ႔ ျပန္လည္အသားက်ဖို႔ ႀကဳိတင္စီစဥ္ခဲ့တာလည္းျဖစ္ႏုိင္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကစားသမားသုံးဦးျဖစ္တဲ့ ဆာဂ်ီယို ႐ိုမဲ႐ိုး၊ ဗစ္တာ နီလ္ဆန္ လင္ဒီေလာ့ဖ္၊ ဖရက္ဒ္နဲ႔ ဘ႐ူႏုိ ဖာနန္ဒက္စ္တုိ႔ဟာ ၿပီးခဲ့တဲ့ မတ္လအတြင္းမွာကတည္းက မိခင္ေျမကို ျပန္သြားၾကသူေတြျဖစ္ၿပီး ပြဲေတြ နားေနတုန္း မိသားစုဆီျပန္ၿပီး ခြဲျခားေနထုိင္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

႐ိုမဲ႐ိုး၊ လင္ဒီေလာ့ဖ္နဲ႔ ဖရက္ဒ္တုိ႔က အာဂ်င္တီးနား၊ ဆြီဒင္နဲ႔ ဘရာဇီးလ္ႏိုင္ငံေတြမွာ အသီးသီးရွိေနၾကေသးေပမယ့္ ဖာနန္ဒက္စ္ကေတာ့ အဂၤလန္အေနာက္ေျမာက္ပုိင္းေဒသ မန္ခ်က္စတာကို ျပန္လည္ေရာက္ရွိေနၿပီလို႔ သိရၿပီး အသင္းဘက္ကေတာ့ ကစားသမားေတြ ျပန္လည္ေရာက္ရွိလာခဲ့ရင္ ကြာရန္တင္း မဝင္ရဘဲ တုိက္႐ိုက္ပူးေပါင္းႏုိင္ဖို႔ ေမွ်ာ္လင့္ထားတယ္လုိ႔လည္း ဆုိပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အသင္းေတြထဲက လက္တစ္ဆုပ္စာအသင္းေတြကေတာ့ ေလ့က်င့္ခန္းျပန္လည္လုပ္ေဆာင္ေနၾကၿပီျဖစ္ၿပီး ကာရင္တန္အေျခစိုက္ ေလ့က်င့္ေရးကြင္းရွင္ ယူႏုိက္တက္တုိ႔ကေတာ့ ထရိန္နင္ေန႔ကို အတိအက် မသတ္မွတ္ရေသးေပမယ့္ အစိုးရနဲ႔ တာဝန္ရွိသူေတြ သတ္မွတ္ထားတဲ့ ေမလ ၁၈ ရက္ေန႔ မတုိင္မီ ျပန္လည္စတင္သြားဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြန်လည်စတင်တော့မှာဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် မိခင်မြေကို ပြန်လည်ခွဲခြားနေခဲ့တဲ့ နိုင်ငံခြားကစားသမားတွေကို တစ်ပတ်အတွင်း အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဘယ်နေ့မှာ ပြန်စမယ်ဆိုတာကို ရက်အတိအကျသတ်မှတ်ရခြင်းမရှိသေးပေမယ့် ကစားသမားတွေကို ပြန်လည်ပူးပေါင်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပြီး အသင်းစိတ်ဓာတ်ကို ပြန်လည်ဖော်ဆောင်ဖို့နဲ့ အင်္ဂလန်နိုင်ငံရဲ့ ရာသီဥတုနဲ့ ပြန်လည်အသားကျဖို့ ကြိုတင်စီစဉ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားသုံးဦးဖြစ်တဲ့ ဆာဂျီယို ရိုမဲရိုး၊ ဗစ်တာ နီလ်ဆန် လင်ဒီလော့ဖ်၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာကတည်းက မိခင်မြေကို ပြန်သွားကြသူတွေဖြစ်ပြီး ပွဲတွေ နားနေတုန်း မိသားစုဆီပြန်ပြီး ခွဲခြားနေထိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရိုမဲရိုး၊ လင်ဒီလော့ဖ်နဲ့ ဖရက်ဒ်တို့က အာဂျင်တီးနား၊ ဆွီဒင်နဲ့ ဘရာဇီးလ်နိုင်ငံတွေမှာ အသီးသီးရှိနေကြသေးပေမယ့် ဖာနန်ဒက်စ်ကတော့ အင်္ဂလန်အနောက်မြောက်ပိုင်းဒေသ မန်ချက်စတာကို ပြန်လည်ရောက်ရှိနေပြီလို့ သိရပြီး အသင်းဘက်ကတော့ ကစားသမားတွေ ပြန်လည်ရောက်ရှိလာခဲ့ရင် ကွာရန်တင်း မဝင်ရဘဲ တိုက်ရိုက်ပူးပေါင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အသင်းတွေထဲက လက်တစ်ဆုပ်စာအသင်းတွေကတော့ လေ့ကျင့်ခန်းပြန်လည်လုပ်ဆောင်နေကြပြီဖြစ်ပြီး ကာရင်တန်အခြေစိုက် လေ့ကျင့်ရေးကွင်းရှင် ယူနိုက်တက်တို့ကတော့ ထရိန်နင်နေ့ကို အတိအကျ မသတ်မှတ်ရသေးပေမယ့် အစိုးရနဲ့ တာဝန်ရှိသူတွေ သတ်မှတ်ထားတဲ့ မေလ ၁၈ ရက်နေ့ မတိုင်မီ ပြန်လည်စတင်သွားဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.