La Liga Premier League Transfer News

အာဆင္နယ္ကို ေျပာင္းေရႊ႕ခ်င္တယ္လို႔ အသင္းကို အေၾကာင္းၾကားခဲ့တဲ့ ေသာမတ္စ္ ပါေတး

အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ခ်င္တယ္လို႔ အသင္းဆီကို တရားဝင္အေၾကာင္းၾကားထားခဲ့ေၾကာင္း တြစ္တာမွာ သတင္းထြက္ေပၚလာခဲ့ၿပီး ေဒးလီး တယ္လီဂရပ္ဖ္ရဲ႕ သတင္းေထာက္ မိုက္ခ္ မက္ဂရက္သ္ရဲ႕ သတင္းရင္းျမစ္လို႔ သိရပါတယ္။

ဒီသတင္းကို တြစ္တာအသုံးျပဳသူ အာဆင္နယ္ပရိသတ္အေကာင့္ေတြက ျပန္လည္မွ်ေဝခဲ့ၿပီး အသက္ ၂၆ ႏွစ္အရြယ္ ဂါနာကြင္းလယ္လူအေနနဲ႔ စိန္ေခၚမွဳသစ္ေတြအတြက္ စပိန္ေျမ၊ မက္ဒရစ္ၿမဳိ႕ကေန ထြက္ခြာၿပီး ေျမာက္လန္ဒန္ကလပ္ကို ေျပာင္းေရႊ႕ဖို႔ ရည္ရြယ္ေနတယ္လုိ႔လည္း ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဦးစားေပးပစ္မွတ္အျဖစ္ ေႏြရာသီမွာ ေခၚယူေပးဖို႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ တရားဝင္ေတာင္းဆိုျခင္းခံထားရတဲ့ ကြင္းလယ္အဖ်က္ကစားသမားဟာ အသင္းအတြက္ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္လာမွာျဖစ္ၿပီး အမ္းမရိတ္ေခတ္ဦးကတည္းက ျပတ္ေတာက္ေနခဲ့တဲ့ မ်ဳိးဆက္ကို ျပန္လည္ရရွိေစမွာလည္းျဖစ္ပါတယ္။

ၿဗိတိန္ႏုိင္ငံရဲ႕ ယုံၾကည္ရတဲ့ သတင္းဌာနတစ္ခုလို႔ ဆုိႏုိင္တဲ့ တယ္လီဂရပ္ဖ္ရဲ႕ မက္ဂရက္သ္ဆီက ေပၚထြက္လာခဲ့တယ္လို႔ဆိုတဲ့ ဒီသတင္းကို ပရိသတ္ေတြကလည္း ရင္ခုန္ေနၾကၿပီး အသံထြက္ခ်င္းနီးစပ္တဲ့ ပါေတးအတြက္ ပါတီလုပ္ရမယ့္ အခ်ိန္ပဲလို႔ ဆုိခဲ့ၾကၿပီး အသင္းရဲ႕ အင္အားျဖည့္တင္းမွဳ ျဖစ္လာႏုိင္တဲ့ ကစားသမားအတြက္ ႀကဳိဆုိခဲ့ၾကပါတယ္။

မက္ဂရက္သ္က ဒီေႏြရာသီ ကစားသမားအေျပာင္းအေရႊ႕ေတြၾကားထဲမွာ အလဲအထပ္သေဘာတူညီမွဳေတြကို အေတာ္မ်ားမ်ား ေတြ႕ျမင္ရမယ္လုိ႔လည္း ဆုိခဲ့ၿပီး မန္စီးတီးနဲ႔ ဘာစီလိုနာတုိ႔ရဲ႕ ေနာက္ခံလူအလဲအလွယ္အတြက္လည္း ထင္ျမင္ခ်က္ေပးသြားခဲ့သလို အာဆင္နယ္ရဲ႕ လာကာဇက္နဲ႔ ပါေတးတုိ႔ရဲ႕ အလဲအထပ္လည္းျဖစ္လာႏုိင္ဖြယ္ရွိတယ္လုိ႔ ဝိုင္းဝန္းခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: TWITTER & TRANSFER TAVERN
PHOTOS CREDIT TO OWNERS
SPROTS A2Z.

UNICODE: အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ အသင်းဆီကို တရားဝင်အကြောင်းကြားထားခဲ့ကြောင်း တွစ်တာမှာ သတင်းထွက်ပေါ်လာခဲ့ပြီး ဒေးလီး တယ်လီဂရပ်ဖ်ရဲ့ သတင်းထောက် မိုက်ခ် မက်ဂရက်သ်ရဲ့ သတင်းရင်းမြစ်လို့ သိရပါတယ်။

ဒီသတင်းကို တွစ်တာအသုံးပြုသူ အာဆင်နယ်ပရိသတ်အကောင့်တွေက ပြန်လည်မျှဝေခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ဂါနာကွင်းလယ်လူအနေနဲ့ စိန်ခေါ်မှုသစ်တွေအတွက် စပိန်မြေ၊ မက်ဒရစ်မြို့ကနေ ထွက်ခွာပြီး မြောက်လန်ဒန်ကလပ်ကို ပြောင်းရွှေ့ဖို့ ရည်ရွယ်နေတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဦးစားပေးပစ်မှတ်အဖြစ် နွေရာသီမှာ ခေါ်ယူပေးဖို့ နည်းပြ မီခယ်လ် အာတီတာရဲ့ တရားဝင်တောင်းဆိုခြင်းခံထားရတဲ့ ကွင်းလယ်အဖျက်ကစားသမားဟာ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမှာဖြစ်ပြီး အမ်းမရိတ်ခေတ်ဦးကတည်းက ပြတ်တောက်နေခဲ့တဲ့ မျိုးဆက်ကို ပြန်လည်ရရှိစေမှာလည်းဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ယုံကြည်ရတဲ့ သတင်းဌာနတစ်ခုလို့ ဆိုနိုင်တဲ့ တယ်လီဂရပ်ဖ်ရဲ့ မက်ဂရက်သ်ဆီက ပေါ်ထွက်လာခဲ့တယ်လို့ဆိုတဲ့ ဒီသတင်းကို ပရိသတ်တွေကလည်း ရင်ခုန်နေကြပြီး အသံထွက်ချင်းနီးစပ်တဲ့ ပါတေးအတွက် ပါတီလုပ်ရမယ့် အချိန်ပဲလို့ ဆိုခဲ့ကြပြီး အသင်းရဲ့ အင်အားဖြည့်တင်းမှု ဖြစ်လာနိုင်တဲ့ ကစားသမားအတွက် ကြိုဆိုခဲ့ကြပါတယ်။

မက်ဂရက်သ်က ဒီနွေရာသီ ကစားသမားအပြောင်းအရွှေ့တွေကြားထဲမှာ အလဲအထပ်သဘောတူညီမှုတွေကို အတော်များများ တွေ့မြင်ရမယ်လို့လည်း ဆိုခဲ့ပြီး မန်စီးတီးနဲ့ ဘာစီလိုနာတို့ရဲ့ နောက်ခံလူအလဲအလှယ်အတွက်လည်း ထင်မြင်ချက်ပေးသွားခဲ့သလို အာဆင်နယ်ရဲ့ လာကာဇက်နဲ့ ပါတေးတို့ရဲ့ အလဲအထပ်လည်းဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ဝိုင်းဝန်းခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: TWITTER & TRANSFER TAVERN
PHOTOS CREDIT TO OWNERS
SPROTS A2Z.