Ligue1 Premier League Serie A Transfer News UCL&UEL

မန်စီးတီးနဲ့ PSG မှာ ကစားချင်နေတဲ့ ရော်နယ်လ်ဒိုရဲ့ အိပ်မက်တွေ ဖြစ်လာနိုင်မလား

ဂျူဗင်တပ်အသင်းနဲ့ သုံးရာသီ ဖြတ်သန်းအပြီးမှာ စီးရီးအေ ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပေမယ့် ဥရောပအဆင့် အောင်မြင်မှုမျိုးနဲ့ ခပ်ဝေးဝေးမှာပဲ ရှိခဲ့တာကြောင့် အီတလီမြေဟာ ဘူမိနက်သန် မမှန်ဘူးလို့ ယူဆနေတဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် အပြောင်းအရွှေ့ပိတ်ဖို့ တစ်ပတ်အလိုမှာ သူနဲ့ ကိုက်ညီနိုင်တဲ့ အသင်းတွေကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အူဒီးနီးစီးနဲ့ပွဲမှာ ပါဝင်မကစားဖို့ မက်ဆီမီလီယာနို အယ်လီဂရီကို တောင်းဆိုထားခဲ့ပြီး သူက သူ့ကိုယ်သူ အပြောင်းအရွှေ့အတွက် အဆင်သင့်ဖြစ်ချင်နေပုံရတယ်လို့ ဂျူဗင်တပ်စ်နည်းပြရဲ့ မှတ်ချက်ပေးခြင်းခံထားရတဲ့ ပေါ်တူဂီသားကြီးဟာ နည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားဖို့ ဆန္ဒရှိနေလို့လည်း အီတလီမီဒီယာတွေက ဆိုပါတယ်။

တူရင်ကလပ်ဘက်ကတော့ ရော်နယ်လ်ဒိုသာ မန်ချက်စတာစီးတီးကို ရွေးချယ်ရင် ဝမ်းမြောက်ဝမ်းသာ သဘောတူပေးဖို့ ရှိနေသလို ယူရို ၂၅ သန်းတန် ဈေးဝယ်ခွင့် ကူပွန်အဖြစ် အစ်တီဟတ် ရှော့ပင်းစင်တာမှာ သူတို့လိုချင်တဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားနဲ့ ခံစစ်မှူး အေးမရစ် လာပေါ့တ်တို့အတွက် အသုံးချသွားဖို့လည်း ပြင်ဆင်နေတာပါ။

ကြားခဲ့ရတဲ့ သတင်းတွေအရတော့ ရော်နယ်လ်ဒိုနဲ့ ဂျူဗင်တပ်စ်၊ စီးရီးအေဘက်က ကစားသမားဟောင်းတွေ ဂန္ထဝင်တွေရဲ့ ဆက်ဆံရေးက မကောင်းလှဘဲ သူတို့အသင်းရဲ့ ကျရှုံးခဲ့မှုတွေမှာ နည်းပြနဲ့ ကျန်ကစားသမားတွေကို အပြစ်တင်ဖို့အစား လစာငွေ တစ်နှစ်ကို ယူရို ၃၁ သန်း အသားတင် ရရှိနေတဲ့ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးကိုပဲ ထိုးချဖို့ ကြံစည်နေတာကြောင့် နွေရာသီလမ်းခွဲက နီးစပ်လာခဲ့ဖြစ်ပါတယ်။

သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော်ဂျီ မန်ဒက်စ်ကို နေရာသစ် ရှာဖွေဖို့ စေခိုင်းထားတဲ့ ပေါ်တူဂီ GOAT အနေနဲ့ အသင်းသစ်မှာ လစာလျှော့ယူရဖို့လည်း ရှိနေပြီး ဟာရီကိန်းနဲ့ ရစ်ချာလစ်ဆန်တို့ကို အသီးသီး လိုချင်နေကြလို့ အင်တင်တင်လုပ်နေကြတဲ့ မန်စီးတီးနဲ့ ပီအက်စ်ဂျီတွေမှာ ကစားနိုင်ဖို့ သူ့ဘက်က လိုက်လျောမှုတွေ လုပ်ရဖွယ်ရှိနိုင်သလို ဒါမှလည်း တစ်ဖက်အသင်းတွေက သူ့ကို တစ်နှစ်၊ နှစ်နှစ်စာ ရေတိုအစီအစဉ်အဖြစ် ခေါ်ယူသွားနိုင်မှာပါ။

ရေတိုအသုံးပြုနိုင်ဖို့အတွက်ကတော့ ကြံ့ခိုင်မှုနဲ့ ထက်မြက်မှု လျော့ကျသွားခြင်းမရှိသေးတဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီးကို လက်မခံနိုင်စရာ သိပ်ပြီး ရှိမနေဘဲ ဂျူဗင်တပ်စ်နဲ့ အီတလီမြေမှာ ပြိုင်ပွဲစုံ ၁၃၄ ပွဲမှာ ၁၀၁ ဂိုး ရရှိထားတဲ့ ခြေစွမ်းကို အဆင်သင့် အသုံးချနိုင်ကြသလို တော့တင်ဟမ်ဟော့စပါးစ်အသင်းကလည်း ဟာရီကိန်းနေရာမှာ အစားထိုးချင်တယ်လို့ သတင်းထွက်နေပေမယ့် အသင်းရဲ့ အစဉ်အလာနဲ့ လက်ရှိအဆင့်အတန်းအရတော့ ရရှိနိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်နေကြပါတယ်။

လက်ရှိအချိန်အထိတော့ ဂျူဗင်တပ်စ်အသင်းဘက်က သူ့အတွက် ဘာမှ တိတိပပ ထုတ်ပြန်ထားခြင်းမရှိသလို ဆက်နေမယ်လို့တောင် ယူဆနေပေမယ့် တခြားဥရောပမြေတွေကို နင်းဖို့ စီစဉ်နေတဲ့ ရော်နယ်လ်ဒိုအနေနဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ ရန်သူအဖြစ် ပြန်လာမလား၊ တခြားပြိုင်ဘက် GOAT တစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ပဲ ပူးပေါင်းသွားမလားကတော့ စိတ်ဝင်စားစရာကောင်းနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဴဗင္တပ္အသင္းနဲ႔ သုံးရာသီ ျဖတ္သန္းအၿပီးမွာ စီးရီးေအ ေ႐ႊဖိနပ္ဆုကိုလည္း ရရွိခဲ့ေပမယ့္ ဥေရာပအဆင့္ ေအာင္ျမင္မႈမ်ိဳးနဲ႔ ခပ္ေဝးေဝးမွာပဲ ရွိခဲ့တာေၾကာင့္ အီတလီေျမဟာ ဘူမိနက္သန္ မမွန္ဘူးလို႔ ယူဆေနတဲ့ တိုက္စစ္မႉးႀကီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတစ္ေယာက္ အေျပာင္းအေ႐ႊ႕ပိတ္ဖို႔ တစ္ပတ္အလိုမွာ သူနဲ႔ ကိုက္ညီႏိုင္တဲ့ အသင္းေတြကို ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးပမ္းလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အူဒီးနီးစီးနဲ႔ပြဲမွာ ပါဝင္မကစားဖို႔ မက္ဆီမီလီယာႏို အယ္လီဂရီကို ေတာင္းဆိုထားခဲ့ၿပီး သူက သူ႔ကိုယ္သူ အေျပာင္းအေ႐ႊ႕အတြက္ အဆင္သင့္ျဖစ္ခ်င္ေနပုံရတယ္လို႔ ဂ်ဴဗင္တပ္စ္နည္းျပရဲ႕ မွတ္ခ်က္ေပးျခင္းခံထားရတဲ့ ေပၚတူဂီသားႀကီးဟာ နည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ လက္ေအာက္မွာ ကစားဖို႔ ဆႏၵရွိေနလို႔လည္း အီတလီမီဒီယာေတြက ဆိုပါတယ္။

တူရင္ကလပ္ဘက္ကေတာ့ ေရာ္နယ္လ္ဒိုသာ မန္ခ်က္စတာစီးတီးကို ေ႐ြးခ်ယ္ရင္ ဝမ္းေျမာက္ဝမ္းသာ သေဘာတူေပးဖို႔ ရွိေနသလို ယူ႐ို ၂၅ သန္းတန္ ေဈးဝယ္ခြင့္ ကူပြန္အျဖစ္ အစ္တီဟတ္ ေရွာ့ပင္းစင္တာမွာ သူတို႔လိုခ်င္တဲ့ ကုန္ပစၥည္းေတြျဖစ္တဲ့ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားနဲ႔ ခံစစ္မႉး ေအးမရစ္ လာေပါ့တ္တို႔အတြက္ အသုံးခ်သြားဖို႔လည္း ျပင္ဆင္ေနတာပါ။

ၾကားခဲ့ရတဲ့ သတင္းေတြအရေတာ့ ေရာ္နယ္လ္ဒိုနဲ႔ ဂ်ဴဗင္တပ္စ္၊ စီးရီးေအဘက္က ကစားသမားေဟာင္းေတြ ဂႏၴဝင္ေတြရဲ႕ ဆက္ဆံေရးက မေကာင္းလွဘဲ သူတို႔အသင္းရဲ႕ က်ရႈံးခဲ့မႈေတြမွာ နည္းျပနဲ႔ က်န္ကစားသမားေတြကို အျပစ္တင္ဖို႔အစား လစာေငြ တစ္ႏွစ္ကို ယူ႐ို ၃၁ သန္း အသားတင္ ရရွိေနတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကိုပဲ ထိုးခ်ဖို႔ ႀကံစည္ေနတာေၾကာင့္ ေႏြရာသီလမ္းခြဲက နီးစပ္လာခဲ့ျဖစ္ပါတယ္။

သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ္ဂ်ီ မန္ဒက္စ္ကို ေနရာသစ္ ရွာေဖြဖို႔ ေစခိုင္းထားတဲ့ ေပၚတူဂီ GOAT အေနနဲ႔ အသင္းသစ္မွာ လစာေလွ်ာ့ယူရဖို႔လည္း ရွိေနၿပီး ဟာရီကိန္းနဲ႔ ရစ္ခ်ာလစ္ဆန္တို႔ကို အသီးသီး လိုခ်င္ေနၾကလို႔ အင္တင္တင္လုပ္ေနၾကတဲ့ မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီေတြမွာ ကစားႏိုင္ဖို႔ သူ႔ဘက္က လိုက္ေလ်ာမႈေတြ လုပ္ရဖြယ္ရွိႏိုင္သလို ဒါမွလည္း တစ္ဖက္အသင္းေတြက သူ႔ကို တစ္ႏွစ္၊ ႏွစ္ႏွစ္စာ ေရတိုအစီအစဥ္အျဖစ္ ေခၚယူသြားႏိုင္မွာပါ။

ေရတိုအသုံးျပဳႏိုင္ဖို႔အတြက္ကေတာ့ ႀကံ့ခိုင္မႈနဲ႔ ထက္ျမက္မႈ ေလ်ာ့က်သြားျခင္းမရွိေသးတဲ့ ေပၚတူဂီတိုက္စစ္မႉးႀကီးကို လက္မခံႏိုင္စရာ သိပ္ၿပီး ရွိမေနဘဲ ဂ်ဴဗင္တပ္စ္နဲ႔ အီတလီေျမမွာ ၿပိဳင္ပြဲစုံ ၁၃၄ ပြဲမွာ ၁၀၁ ဂိုး ရရွိထားတဲ့ ေျခစြမ္းကို အဆင္သင့္ အသုံးခ်ႏိုင္ၾကသလို ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကလည္း ဟာရီကိန္းေနရာမွာ အစားထိုးခ်င္တယ္လို႔ သတင္းထြက္ေနေပမယ့္ အသင္းရဲ႕ အစဥ္အလာနဲ႔ လက္ရွိအဆင့္အတန္းအရေတာ့ ရရွိႏိုင္ဖို႔ မလြယ္ဘူးလို႔ သုံးသပ္ေနၾကပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ဂ်ဴဗင္တပ္စ္အသင္းဘက္က သူ႔အတြက္ ဘာမွ တိတိပပ ထုတ္ျပန္ထားျခင္းမရွိသလို ဆက္ေနမယ္လို႔ေတာင္ ယူဆေနေပမယ့္ တျခားဥေရာပေျမေတြကို နင္းဖို႔ စီစဥ္ေနတဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရန္သူအျဖစ္ ျပန္လာမလား၊ တျခားၿပိဳင္ဘက္ GOAT တစ္ဦးျဖစ္တဲ့ မက္ဆီနဲ႔ပဲ ပူးေပါင္းသြားမလားကေတာ့ စိတ္ဝင္စားစရာေကာင္းေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.