Analysis Other Premier League

ခိုင်ဟာဗက်ဇ်ဟာ အီဒင် ဟာဇက်ထက်သာလိမ့်မယ်လို့ ဂယ်ရီ နဗီးလ်ဘာကြောင့်ဟောကိန်းထုတ်လိုက်လဲ?

မန်ယူနိုက်တက်ဂန္ထဝင်နောက်ခံလူကြီးဖြစ်တဲ့ ဂယ်ရီ နဗီးလ်ရဲ့ ချယ်လ်ဆီးကွင်းလယ်ဖန်တီးရှင် ခိုင်ဟာဗတ်ဇ်ရဲ့အနာဂတ်ကို တင်ကြိုဟောကိန်းထုတ်သွားခဲ့ပြီး ဂျာမန်သားရဲ့​ကြိုးစားအားထုတ်မှုကြောင့် စတမ်းဖို့ဒ်မြေရဲ့ သူရဲကောင်းဖြစ်ခဲ့ဖူးတဲ့ အီဒင် ဟာဇက်ရဲ့အဆင့်ကို ကျော်လွန်သွားလိမ့်မယ်လို့ အခိုင်အမာယုံကြည်နေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်လေဗာကူဆင်အသင်းကနေ အဲဒီအချိန်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၇၂ သန်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတဲ့ အသက် ၂၁ နှစ်သားဟာ ပရီးမီးယားလိဂ်တာထွက်ရာသီမှာတော့ နည်းပြဟောင်း ဖရန့် လမ်းပတ်ရဲ့လက်အောက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ပထမဆုံး EPL ၂၂ ပွဲမှာ တဂိုးသာရခဲ့တဲ့အထိ အ​ခြေအနေဆိုးကို ရင်ဆိုင်ခဲ့ရပါတယ်။

နည်းပြသစ် တူဟယ်လ်ရောက်ရှိလာချိန်မှာတော့ သူ့ရဲချယ်လ်ဆီးကစားသမားဘဝဟာ ကြီးမားတဲ့ အချိုးအကွေ့တခုဖြစ်သွားခဲ့တယ်လို့ ဆိုနိုင်သလို ပွဲထွက်ခွင့်အခိုင်အမာနဲ့ ခြေစွမ်းကို တဆင့်မြှင့်တက်နိုင်ခဲ့သလို နောက်ဆုံး မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ရဲ့ တလုံးတည်းသောအနိုင်ဂိုးရှင်အဖြစ်လည်း ဥရောပဖလားကို သရဖူဆောင်းနိုင်ခဲ့တဲ့အထိ အောင်မြင်သွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

” ကျွန်တော့်အမြင်မှာတော့ ခိုင်ဟာဗတ်ဇ်ဟာ နောက်တဆင့်တက်သွားပြီလို့ အမှန်တကယ်ယူဆထားပါတယ်။ အခုချိန်မှာ သူဟာ ဂီယာ နံပါတ် ၃ အဆင့်ရောက်ရှိနေပါပြီ။ ပြီးရင် ဂီယာ နံပါတ် ၄ ကို အရှိန်မြှင့်မယ်။ ဒီထက်ပိုပြီး ဂီယာအဆင့် ၅ အမြင့်ဆုံးအထိ တက်သွားပါလိမ့်မယ်။ သူဟာ တကယ့်ကိုပြီးပြည့်စုံတဲ့ ကစားသမားကောင်းကြီးတယောက်ဖြစ်လာတော့မှာပါ”

” သူ့ခန္ဓာကိုယ်ကို အခုထက်ပိုထွားကျိုင်းလာအောင် လုပ်နိုင်ပြီဆိုရင် အခုထက်ပိုသန်မာလာပြီး ကြီးမားလာတာနဲ့အမျှ ပိုပြီယုံကြည်မှုအားကောင်းလာမယ်လို့ မြင်ပါတယ်။ သူက ဘောလုံးနဲ့အတူ ဆွဲပြေးတဲ့နေရာမှာ ဆရာတဆူဖြစ်ထားပြီးသားပါ။ ခံယူချက်ပိုမြင့်မားလာတော့မယ်လို့ တွက်ဆမိပါတယ်”

” ခင်ဗျားကြည့်လိုက်ဗျာ။ လာမယ့် ၂ နှစ်အတွင်းမှာ သူက စတမ်းဖို့ဒ်ဘရစ်ချ်က သူရဲကောင်းတဦးထက် ပိုသာလွန်သွားမယ်လို့ ပြောချင်ပါတယ်။ အီဒင် ဟာဇက်ကို ချယ်လ်ဆီးတို့မွေးထုတ်နိုင်ခဲ့သလိုမျိုး ဟာဗက်ဇ်ဟာလည်း အကြီးအကျယ်ဖြစ်ထွန်းလာပါလိမ့်မယ်” လို့ နဗီးလ်က သူ့ရဲ့အမြင်ကို ထုတ်ဖော်ရှင်းပြခဲ့တာပါ။

ခိုင်ဟာဗတ်ဇ်ကတော့ ဒီရာသီသစ်မှာ သူ့ရဲ့ရည်မှန်းချက်နဲ့ ပတ်သက်ပြီး “လက်ရှိအချိန်မှာ အရာအားလုံးက အပေါင်းလက္ခဏာဆောင်နေပါတယ်။ အခုရာသီအဖွင့်မှာ ကျွန်တော်တို့အသင်းရဲ့ရလဒ်တွေက လှပခဲ့ပါတယ်။ ဒီလိုသာရှေ့ဆက်သွားနိုင်ဖို့သာလိုအပ်ပါတယ်။ ဥရောပစူပါဖလားကို ရယူအပြီးမှာ ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလည်း ကျွန်တော်တို့ အနိုင်ကစားထားနိုင်ခဲ့ပါတယ်”

” ဒါဟာ နိဒါန်းပဲရှိသေးသလို အရှေ့မှာ မာကျောတဲ့ စိန်ခေါ်မှုတွေက စောင့်ကြိုနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းဟာ ရှေ့ဆက်ရပါမယ်။ အမဲလိုက်သူတွေလိုပေါ့ဗျာ။ ပွဲတွေကို ဆက်တိုင်နိုင်ချင်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားယူနိုင်ခဲ့တဲ့ အရသာက သိပ်ကောင်းတာပါ။

“ဒါကြောင့် နောက်ထပ်ဆုဖလားတွေကို ထပ်သိမ်းပိုက်ဖို့ ပိုပြီးလောဘကြီးတတ်လာသလို အခုထက်ပိုပြီး ဆာလောင်တတ်လာပါပြီ။ ဒါဟာ ကျွန်တော်တို့ကို စောင့်ကြိုနေတဲ့ အခုရာသီသစ်မှာ အသင်းရဲ့အဓိကပန်းတိုင်ဖြစ်ပါတယ်။” လို့ ချယ်လ်ဆီးအသင်းပရိသတ်တွေကို ကတိပေးသွားခဲ့သလို အာဆင်နယ်အသင်းကို အမ်းမရိတ်စ်နိုင်ပွဲရယူခဲ့အပြီးမှာတော့ သူဆာလောင်မွတ်သိပ်နေတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ အရယူသွားနိုင်ဖို့လည်း နံပါတ် ၁ အသင်းအဖြစ် ရေပန်းစားလာခဲ့တာကလည်း ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.