La Liga Premier League Transfer News

EPL ချန်ပီယံဆုအတွက် ပြင်ဆင်ဖို့ လာလီဂါကစားသမားနှစ်ဦးနဲ့ နီးစပ်နေတဲ့ ချဲလ်ဆီး

ရိုမီလူ လူကာကူးက အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ်နဲ့ ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ အလားအလာကောင်းလာခဲ့တဲ့ အချိန်မှာ ဘယ်အသင်းနဲ့မဆို အင်အားချင်း ယှဉ်နိုင်ဖို့အတွက် အလိုအပ်ဆုံးနေရာတွေကို ဖြည့်တင်းသွားဖို့ ချဲလ်ဆီးတို့အနေနဲ့ လာလီဂါကစားသမားနှစ်ဦးကို ခေါ်ယူသွားဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။

နည်းပြ သောမတ်စ် တူဟယ်လ်အတွက် သုံးယောက်တန်းခံစစ်မှာ အသက်အရွယ်ထောက်လာတဲ့ သီယာဂို ဆေးလ်ဗားရဲ့ အခြေအနေက ဘာမှန်းမသိရသေးချိန်မှာ အတွေ့အကြုံနုသေးတဲ့ ချာလိုဘာ၊ ဘောလုံး ဦးနှောက် အနည်းငယ်လိုအပ်နေတဲ့ ကတ်ဇူးမားနဲ့ ညာနောက်ခံလူအင်အားစာရင်းမှာပဲ ထည့်တွက်ရဖို့ ရှိနေတဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာတို့ကို ဖယ်လိုက်မယ်ဆိုရင် ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့သာ ဒေါင်ဒေါင်မြည် ကျန်ရှိနေပြီး ကြမ်းတမ်းတဲ့ ခရီးရှည်ကို ဖြတ်သန်းဖို့တော့ စဉ်းစားစရာတွေ ရှိနေဆဲပါ။

ဒါကြောင့် ဝက်စ်ဟမ်းတို့နဲ့ ဈေးတည့်သွားခဲ့တဲ့ ဇူးမားကို ရောင်းထုတ်ပြီး ဆီဗီလာရဲ့ ဂျူးလ် ကွန်ဒီကို ခေါ်ယူဖို့ ဒီနေ့မှာ တရားဝင် ထပ်မံကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပြီး အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာတစ်ယောက် အသင်းကို ဥရောပထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်အောင် တည်ဆောက်သွားနိုင်မလား စောင့်ကြည့်ရဖို့ ရှိလာခဲ့ပါတယ်။

အသင်းရဲ့ နောက်တန်းမှာ ကွန်ဒီ၊ ဆေးလ်ဗား၊ ခရစ္စတင်ဆန်နဲ့ ရူဒီဂါတို့ ဒေါင်ဒေါင်မြည်ဖြစ်သွားခဲ့ရင် ဒီလေးယောက်ထဲက ဘယ်သုံးယောက်ကိုပဲသုံးသုံး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားနိုင်မှာဖြစ်ပြီး ဒါက တူဟယ်လ်လိုချင်တဲ့ စိတ်တိုင်းကျ အနေအထားလည်းဖြစ်လို ကွင်းလယ်ရဲ့ အန်ဂိုလို ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ တစ်ယောက်ယောက် မပါရင် အနည်းငယ် အင်အားပျော့သွားတတ်တာကိုလည်း ဖြည့်ဆည်းသွားဖို့ ရှိနေတာပါ။

အက်သလက်တီကို မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေပြီး တားမရတော့တဲ့ စပိန်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကတော့ ဒီနေရာကို ဖြည့်ဆည်းနိုင်ဖို့ အလိုက်ဖက်ဆုံး ကစားသမားလည်းဖြစ်နေပြီး ချဲလ်ဆီးအတွက် မြန်သထက်မြန် မာသထက်မာစေမယ့် ဒီယေဂို ဆီမီယွန်နီရဲ့ DNA ကိုပါ ယူဆောင်လာမယ့်အပြင် ကွင်းလယ်မှာ ကွန်တေ၊ ဂျော်ဂျင်ညိုတို့နဲ့ အတွဲညီနိုင်သလို ကိုဗာချစ်နဲ့လည်း နောက်ထပ် ကွင်းလယ်အတွဲအဖက်သစ်တစ်ခု ဖန်တီးသွားနိုင်မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ ငွေသုံးများမှာကိုတော့ ရှောင်ရှားလိုနေတဲ့အတွက် အသက် ၂၆ အရွယ် စပိန်ကွင်းလယ်လူကို ကနဦးအငှားနဲ့ ခေါ်ယူပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူခွင့်(မဖြစ်မနေလည်းဖြစ်နိုင်)နဲ့ ကမ်းလှမ်းထားသလို ပရီးမီးယားလိဂ်နဲ့ နီးစပ်တဲ့ အေးဂျင့်ကုမ္ပဏီ ICM Stellar Sports ကြောင့် သဘောတူညီမှုရဖို့လည်း နီးစပ်နေပြီဖြစ်ပါတယ်။

ဒါကြောင့် လက်ကျန်အပြောင်းအရွှေ့ကာလမှာ လာလီဂါကစားသမားနှစ်ဦးနဲ့ ပူးပေါင်းနိုင်ဖို့ စောင့်ကြည့်ရတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဘက် မန်ချက်စတာနှစ်သင်းကို လျှော့တွက်မထားဘဲ ကိုယ့်ဘက်က ကောင်းသထက်ကောင်းအောင် ပြင်ဆင်မှုအဖြစ် ရည်ရွယ်သလို ပိုမိုမြင့်မားတဲ့ အဆင့်တစ်ဆင့်မှာ ရှုမြင်ရမယ့် အသင်းရဲ့ Dimension သစ်အတွက် ချဲလ်ဆီးပရိသတ်တွေ ရင်ခုန်နိုင်စရာဖြစ်နေခဲ့ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုမီလူ လူကာကူးက အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္အျဖစ္နဲ႔ ေျခစြမ္းျပခဲ့ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚဖို႔ အလားအလာေကာင္းလာခဲ့တဲ့ အခ်ိန္မွာ ဘယ္အသင္းနဲ႔မဆို အင္အားခ်င္း ယွဥ္ႏိုင္ဖို႔အတြက္ အလိုအပ္ဆုံးေနရာေတြကို ျဖည့္တင္းသြားဖို႔ ခ်ဲလ္ဆီးတို႔အေနနဲ႔ လာလီဂါကစားသမားႏွစ္ဦးကို ေခၚယူသြားဖို႔ အေျခအေနေကာင္းလာခဲ့ပါတယ္။

နည္းျပ ေသာမတ္စ္ တူဟယ္လ္အတြက္ သုံးေယာက္တန္းခံစစ္မွာ အသက္အ႐ြယ္ေထာက္လာတဲ့ သီယာဂို ေဆးလ္ဗားရဲ႕ အေျခအေနက ဘာမွန္းမသိရေသးခ်ိန္မွာ အေတြ႕အႀကဳံႏုေသးတဲ့ ခ်ာလိုဘာ၊ ေဘာလုံး ဦးေႏွာက္ အနည္းငယ္လိုအပ္ေနတဲ့ ကတ္ဇူးမားနဲ႔ ညာေနာက္ခံလူအင္အားစာရင္းမွာပဲ ထည့္တြက္ရဖို႔ ရွိေနတဲ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာတို႔ကို ဖယ္လိုက္မယ္ဆိုရင္ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔သာ ေဒါင္ေဒါင္ျမည္ က်န္ရွိေနၿပီး ၾကမ္းတမ္းတဲ့ ခရီးရွည္ကို ျဖတ္သန္းဖို႔ေတာ့ စဥ္းစားစရာေတြ ရွိေနဆဲပါ။

ဒါေၾကာင့္ ဝက္စ္ဟမ္းတို႔နဲ႔ ေဈးတည့္သြားခဲ့တဲ့ ဇူးမားကို ေရာင္းထုတ္ၿပီး ဆီဗီလာရဲ႕ ဂ်ဴးလ္ ကြန္ဒီကို ေခၚယူဖို႔ ဒီေန႔မွာ တရားဝင္ ထပ္မံကမ္းလွမ္းသြားဖို႔ ရွိေနတယ္လို႔ သိရၿပီး အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာတစ္ေယာက္ အသင္းကို ဥေရာပထိပ္တန္းအဆင့္မွာ ရပ္တည္ႏိုင္ေအာင္ တည္ေဆာက္သြားႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ရွိလာခဲ့ပါတယ္။

အသင္းရဲ႕ ေနာက္တန္းမွာ ကြန္ဒီ၊ ေဆးလ္ဗား၊ ခရစၥတင္ဆန္နဲ႔ ႐ူဒီဂါတို႔ ေဒါင္ေဒါင္ျမည္ျဖစ္သြားခဲ့ရင္ ဒီေလးေယာက္ထဲက ဘယ္သုံးေယာက္ကိုပဲသုံးသုံး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးခံစစ္ကို ပိုင္ဆိုင္ထားႏိုင္မွာျဖစ္ၿပီး ဒါက တူဟယ္လ္လိုခ်င္တဲ့ စိတ္တိုင္းက် အေနအထားလည္းျဖစ္လို ကြင္းလယ္ရဲ႕ အန္ဂိုလို ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ တစ္ေယာက္ေယာက္ မပါရင္ အနည္းငယ္ အင္အားေပ်ာ့သြားတတ္တာကိုလည္း ျဖည့္ဆည္းသြားဖို႔ ရွိေနတာပါ။

အက္သလက္တီကို မက္ဒရစ္အသင္းကေန ထြက္ခြာဖို႔ စိုင္းျပင္းေနၿပီး တားမရေတာ့တဲ့ စပိန္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကေတာ့ ဒီေနရာကို ျဖည့္ဆည္းႏိုင္ဖို႔ အလိုက္ဖက္ဆုံး ကစားသမားလည္းျဖစ္ေနၿပီး ခ်ဲလ္ဆီးအတြက္ ျမန္သထက္ျမန္ မာသထက္မာေစမယ့္ ဒီေယဂို ဆီမီယြန္နီရဲ႕ DNA ကိုပါ ယူေဆာင္လာမယ့္အျပင္ ကြင္းလယ္မွာ ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳတို႔နဲ႔ အတြဲညီႏိုင္သလို ကိုဗာခ်စ္နဲ႔လည္း ေနာက္ထပ္ ကြင္းလယ္အတြဲအဖက္သစ္တစ္ခု ဖန္တီးသြားႏိုင္မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီရာသီမွာ ေငြသုံးမ်ားမွာကိုေတာ့ ေရွာင္ရွားလိုေနတဲ့အတြက္ အသက္ ၂၆ အ႐ြယ္ စပိန္ကြင္းလယ္လူကို ကနဦးအငွားနဲ႔ ေခၚယူၿပီး ရာသီကုန္မွာ အၿပီးသတ္ေခၚယူခြင့္(မျဖစ္မေနလည္းျဖစ္ႏိုင္)နဲ႔ ကမ္းလွမ္းထားသလို ပရီးမီးယားလိဂ္နဲ႔ နီးစပ္တဲ့ ေအးဂ်င့္ကုမၸဏီ ICM Stellar Sports ေၾကာင့္ သေဘာတူညီမႈရဖို႔လည္း နီးစပ္ေနၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ လက္က်န္အေျပာင္းအေ႐ႊ႕ကာလမွာ လာလီဂါကစားသမားႏွစ္ဦးနဲ႔ ပူးေပါင္းႏိုင္ဖို႔ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ၿပိဳင္ဘက္ မန္ခ်က္စတာႏွစ္သင္းကို ေလွ်ာ့တြက္မထားဘဲ ကိုယ့္ဘက္က ေကာင္းသထက္ေကာင္းေအာင္ ျပင္ဆင္မႈအျဖစ္ ရည္႐ြယ္သလို ပိုမိုျမင့္မားတဲ့ အဆင့္တစ္ဆင့္မွာ ရႈျမင္ရမယ့္ အသင္းရဲ႕ Dimension သစ္အတြက္ ခ်ဲလ္ဆီးပရိသတ္ေတြ ရင္ခုန္ႏိုင္စရာျဖစ္ေနခဲ့ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.