Premier League

မန္ခ်က္စတာယူႏုိက္တက္မွာ ကစားဖို႔ အျမဲအိပ္မက္မက္ခဲ့တဲ့ ဟန္ဒါဆန္

ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းမွာ လက္စြမ္းျပေနခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္က သူ႕အေနနဲ႔ မန္ခ်က္စတာယူႏုိက္အသင္းမွာ ကစားဖို႔အတြက္ အျမဲတမ္းအိပ္မက္မက္ခဲ့ရၿပီး ဒီအသင္းမွာ အဓိကစားသမားတစ္ဦးအျဖစ္ ျပန္လည္ကစားသြားဖို႔ ရည္ရြယ္တယ္လုိ႔ ဆုိလုိက္ပါတယ္။

ဟန္ဒါဆန္ရဲ႕ စကားကေတာ့ အသင္းရဲ႕ လက္စြမ္းက်ဆင္းစျပဳေနတဲ့ အသက္ ၂၉ ႏွစ္အရြယ္ စပိန္ဂိုးသမား ေဒးဗစ္ ဒေဟးယားကို သတိေပးလုိက္တာလည္းျဖစ္ၿပီး လာမယ့္ရာသီမွာ ရွက္ဖီးလ္ဒ္နဲ႔ စာခ်ဳပ္ကုန္ဆုံးခ်ိန္မွာ သူတုိ႔ႏွစ္ဦးရဲ႕ တုိက္ပြဲကို စတင္ျမင္ေတြ႕ရဖြယ္လည္း ရွိေနပါတယ္။

လီဗာပူးလ္ဂိုးသမား အယ္လီဆန္ ဘက္ကာ၊ ဘန္ေလဂိုးသမား နစ္ခ္ပုပ္တုိ႔နဲ႔အတူ ပရီးမီးယားလိဂ္ Clean Sheet အမ်ားဆုံးအျဖစ္ ၉ ပြဲအထိ ပူးတြဲရယူထားတဲ့ ဟန္ဒါဆန္ဟာ အဂၤလန္အသင္းရဲ႕ ဂိုးသမားေနရာကိုလည္း ၿခိမ္းေျခာက္ေနၿပီး လက္စြမ္းက်ဆင္းေနတဲ့ အဲဗာတန္ရဲ႕ အဂၤလန္နံပါတ္တစ္ ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖုိ႔ဒ္ကို ဖယ္ထုတ္ႏုိင္ဖို႔လည္း ရွိေနပါတယ္။

“ကၽြန္ေတာ့္ဘဝမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားဖို႔က အိပ္မက္တစ္ခုျဖစ္ၿပီး ခုခ်ိန္အထိေတာ့ အေကာင္အထည္ေပၚေအာင္ မလုပ္ႏိုင္ေသးပါဘူး။ ဒီအသင္းအတြက္ တစ္ပြဲေလာက္ကစားရ႐ုံနဲ႔ေတာ့ ကၽြန္ေတာ္ ေက်နပ္မွာမဟုတ္ဘဲ ပြဲ ၅၀၀ ဒါမွမဟုတ္ ပြဲ ၃၀၀ ေလာက္ ကစားၿပီးမွ ငါ့ဘဝမွာ ဒါမ်ဳိး ဂုဏ္ယူစရာလုပ္ႏုိင္ခဲ့ပါလားလို႔ ေက်နပ္မွာျဖစ္ပါတယ္”လို႔ ဟန္ဒါဆန္က ဆုိပါတယ္။

အသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္ထားတဲ့ ဟန္ဒါဆန္က မန္ခ်က္စတာယူႏုိက္တက္မွာ နံပါတ္တစ္ဂိုးသမားအျဖစ္ မကစားရမခ်င္း အသင္းကို ျပန္မွာ မဟုတ္ဘူးလုိ႔လည္း သတိေပးထားခဲ့ဖူးၿပီး လက္ရွိလက္စြမ္းအရေတာ့ သူ႕ကို ဆက္လက္ထိန္းသိမ္းဖို႔ဟာ တာဝန္ရွိသူေတြအတြက္ ဒီဂီယာကုိ မ်က္ႏွာလႊဲမွပဲ ျဖစ္ႏုိင္လိမ့္လို႔လည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းမှာ လက်စွမ်းပြနေခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်က သူ့အနေနဲ့ မန်ချက်စတာယူနိုက်အသင်းမှာ ကစားဖို့အတွက် အမြဲတမ်းအိပ်မက်မက်ခဲ့ရပြီး ဒီအသင်းမှာ အဓိကစားသမားတစ်ဦးအဖြစ် ပြန်လည်ကစားသွားဖို့ ရည်ရွယ်တယ်လို့ ဆိုလိုက်ပါတယ်။

ဟန်ဒါဆန်ရဲ့ စကားကတော့ အသင်းရဲ့ လက်စွမ်းကျဆင်းစပြုနေတဲ့ အသက် ၂၉ နှစ်အရွယ် စပိန်ဂိုးသမား ဒေးဗစ် ဒဟေးယားကို သတိပေးလိုက်တာလည်းဖြစ်ပြီး လာမယ့်ရာသီမှာ ရှက်ဖီးလ်ဒ်နဲ့ စာချုပ်ကုန်ဆုံးချိန်မှာ သူတို့နှစ်ဦးရဲ့ တိုက်ပွဲကို စတင်မြင်တွေ့ရဖွယ်လည်း ရှိနေပါတယ်။

လီဗာပူးလ်ဂိုးသမား အယ်လီဆန် ဘက်ကာ၊ ဘန်လေဂိုးသမား နစ်ခ်ပုပ်တို့နဲ့အတူ ပရီးမီးယားလိဂ် Clean Sheet အများဆုံးအဖြစ် ၉ ပွဲအထိ ပူးတွဲရယူထားတဲ့ ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းရဲ့ ဂိုးသမားနေရာကိုလည်း ခြိမ်းခြောက်နေပြီး လက်စွမ်းကျဆင်းနေတဲ့ အဲဗာတန်ရဲ့ အင်္ဂလန်နံပါတ်တစ် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ကို ဖယ်ထုတ်နိုင်ဖို့လည်း ရှိနေပါတယ်။

“ကျွန်တော့်ဘဝမှာ မန်ချက်စတာယူနိုက်တက်အတွက် ကစားဖို့က အိပ်မက်တစ်ခုဖြစ်ပြီး ခုချိန်အထိတော့ အကောင်အထည်ပေါ်အောင် မလုပ်နိုင်သေးပါဘူး။ ဒီအသင်းအတွက် တစ်ပွဲလောက်ကစားရရုံနဲ့တော့ ကျွန်တော် ကျေနပ်မှာမဟုတ်ဘဲ ပွဲ ၅၀၀ ဒါမှမဟုတ် ပွဲ ၃၀၀ လောက် ကစားပြီးမှ ငါ့ဘဝမှာ ဒါမျိုး ဂုဏ်ယူစရာလုပ်နိုင်ခဲ့ပါလားလို့ ကျေနပ်မှာဖြစ်ပါတယ်”လို့ ဟန်ဒါဆန်က ဆိုပါတယ်။

အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ထားတဲ့ ဟန်ဒါဆန်က မန်ချက်စတာယူနိုက်တက်မှာ နံပါတ်တစ်ဂိုးသမားအဖြစ် မကစားရမချင်း အသင်းကို ပြန်မှာ မဟုတ်ဘူးလို့လည်း သတိပေးထားခဲ့ဖူးပြီး လက်ရှိလက်စွမ်းအရတော့ သူ့ကို ဆက်လက်ထိန်းသိမ်းဖို့ဟာ တာဝန်ရှိသူတွေအတွက် ဒီဂီယာကို မျက်နှာလွှဲမှပဲ ဖြစ်နိုင်လိမ့်လို့လည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.