Premier League Transfer News

တော်ရဲရား၊ဝီလီယန်တို့ကို ရှင်းဖို့နီးနေပြီး တိုက်စစ်မှာ အဝင်အထွက်တွေ မြင်ရမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါဝင်တဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ လူးကပ်စ် တော်ရဲရားနဲ့ ဝီလီယန်တို့ကို လစာငွေလျှော့ချ ရှင်းထုတ်သွားနိုင်ဖို့ နီးစပ်နေသလို တိုက်စစ်ပိုင်းမှာလည်း အဓိက ကစားသမားတွေအတွက် ကမ်းလှမ်းမှုတွေကို လက်ခံပြီး အပြောင်းအလဲလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုကတော့ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ အသင်းဟောင်း ကိုရင်သီယန်အသင်းနဲ့ အသက် ၃၃ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူတို့ သဘောတူညီမှုရဖို့ နီးစပ်နေသလို အလွတ်ပြောင်း‌ရွှေ့ခွင့် ရရှိထားတဲ့ ဝီလီယန်အနေနဲ့ မရနိုင်မှန်းသိထားတဲ့ ကစားခွင့်အတွက် ဒီတစ်ကြိမ်မှာ ခေါင်းမမာတော့ဘဲ မွေးရပ်မြေကို ပြန်ဖို့ ဖြစ်နိုင်ခြေက တော်တော်လေး ကြီးမားနေတယ်လို့ ဖော်ပြလိုက်ပါတယ်။

ဥရုဂွေးကွင်းလယ်လူ တော်ရဲရားကတော့ ဖီအိုရင်တီးနားအသင်းကို တစ်ရာသီအငှားနဲ့ သွားရောက်ဖို့ နီးစပ်နေပြီး အမ်းမရိတ်မှာ ၂၀၂၃ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းရှိနေတဲ့ ၂၅ နှစ်သားအတွက် ရာသီကုန်မှာ ပေါင် ၁၂.၈ သန်း(ယူရို ၁၅ သန်း)နဲ့ ဝယ်ယူနိုင်ခွင့်ကို ထည့်သွင်းထားသလို လက်ရှိပေါက်ဈေးအရတော့ ယူရိုသန်း ၂၀ တန်သေးတာကို ဈေးလျှော့ပေးလိုက်တာလည်းဖြစ်ပါတယ်။

တော်ရဲရားအတွက် အာဆင်နယ်တို့အနေနဲ့ အငှားကြေး ယူရိုတစ်သန်းခွဲ (ပေါင် ၁.၂၈ သန်း)ကို ဖလော့ရင့်သားတွေဆီကနေ ရရှိမှာဖြစ်ပြီး ဆမ်ဒိုးရီးယားကနေ ယူရို ၂၈.၆၅ သန်းနဲ့ ၂၀၁၈ နွေက ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူအနေနဲ့ အီတလီမှာ ဆေးစစ်ခံဖို့ ရောက်ရှိနေပြီလို့လည်း ဆိုနေကြပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာတော့ တစ်ချိန်က Bromance လို့ ပရိသတ်တွေ ချီးကျူးခဲ့ကြဖူးပေမယ့် လက်ရှိမှာ ကျဆင်းသွားခဲ့တဲ့ တိုက်စစ်အတွဲတစ်တွဲလုံးကို ရှင်းထုတ်သွားဖို့ ရှိနေပြီး အချိန်မီ ကစားသမားသစ်တွေနဲ့ အစားထိုးနိုင်မလား စောင့်ကြည့်ရမှာဖြစ်သလို ဒါကို တချို့တွေကတော့ လက်ရှိနည်းပြ မီခယ်လ် အာတီတာကို သူတို့နဲ့အတူ ထုတ်ပယ်ပြီး ဘယ်သူပြန်ဖြည့်မလဲဆိုတာ နည်းပြသစ်ဖြစ်လာမယ့် အန်တိုနီယို ကွန်တီကို ပေးမယ့် အခွင့်အရေးလို့တောင် ခန့်မှန်းနေကြတာပါ။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ ခြေစွမ်းအများကြီး ကျန်သေးတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ခေါ်ယူဖို့ ချဉ်းကပ် စုံစမ်းနေပြီး ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့တောင် သတင်းထွက်နေသလို အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းကိုလည်း စိတ်ဝင်စားမှု ပြသထားတယ်လို့ ဆိုနေပါတယ်။

အမ်းမရိတ်မှာ အန္တိမ ရည်မှန်းချက်ဖြစ်တဲ့ တစ်ပတ် ပေါင်သုံးသိန်းခွဲတန် စာချုပ်ကို ဘော်ချက်နိုင်ခဲ့ကတည်းက အသင်းမှာ မျှောလိုက်နေခဲ့တဲ့ ဂါဘွန်သားကို ပရိသတ်တွေကလည်း စိတ်ကုန်နေကြပြီဖြစ်ပြီး အရင်လို ခြေစွမ်းမျိုး ပြန်မြင်ရဖို့ သိပ်ပြီး မမျှော်လင့်ကြတော့သလို စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို လက်လျှော့ရဖို့ များနေတဲ့ မန်ချက်စတာစီးတီးဘက်က ခေါ်ယူမယ်ဆိုရင်တော့ အပြောင်းအရွှေ့ဖြစ်နိုင်ဖွယ်လည်း ရှိနေပါတယ်။

အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ မလိုချင်တဲ့ ကစားသမားတွေကိုသာ ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် ဆိုစီဒက်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်၊ လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါနဲ့ အက်သလက်တီကို မက်ဒရစ် နောက်ခံလူ ကီရန် ထရစ်ပီယာတို့ကို ခေါ်ယူလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး ဒါကတော့ နည်းပြအပြောင်းအလဲနဲ့ အချိန်မီ စီမံခန့်ခွဲနိုင်မှုတွေပေါ်မှာလည်း မူတည်နေပါတယ်။

အမ်းမရိတ်ဘက်ကတော့ ဝီလီယန်နဲ့ တော်ရဲရားတို့အပြင် ဟက်တာ ဘယ်လာရင်၊ အိန်းစလီ မိတ်လန်းနိုင်းစ်၊ အက်ဒီ နကီးတီးယား၊ ရီးစ် နယ်လ်ဆန်နဲ့ ဆိဒ် ကိုလာစီနက်ချ်တို့ကို ရောင်းထုတ်သွားနိုင်ဖို့လည်း ကြိုးပမ်းနေပြီး သူတို့လိုချင်သလို ဆန္ဒပြည့်ဝနိုင်မလားဆိုတာကို လက်ကျန် အပြောင်းအရွှေ့ကာလကိုပဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း စုစည်းတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အနာဂတ္အစီအစဥ္ေတြမွာ မပါဝင္တဲ့ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ လူးကပ္စ္ ေတာ္ရဲရားနဲ႔ ဝီလီယန္တို႔ကို လစာေငြေလွ်ာ့ခ် ရွင္းထုတ္သြားႏိုင္ဖို႔ နီးစပ္ေနသလို တိုက္စစ္ပိုင္းမွာလည္း အဓိက ကစားသမားေတြအတြက္ ကမ္းလွမ္းမႈေတြကို လက္ခံၿပီး အေျပာင္းအလဲလုပ္သြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုကေတာ့ အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ အသင္းေဟာင္း ကိုရင္သီယန္အသင္းနဲ႔ အသက္ ၃၃ ႏွစ္အ႐ြယ္ ဘရာဇီးလ္ကြင္းလယ္လူတို႔ သေဘာတူညီမႈရဖို႔ နီးစပ္ေနသလို အလြတ္ေျပာင္း‌ေ႐ႊ႕ခြင့္ ရရွိထားတဲ့ ဝီလီယန္အေနနဲ႔ မရႏိုင္မွန္းသိထားတဲ့ ကစားခြင့္အတြက္ ဒီတစ္ႀကိမ္မွာ ေခါင္းမမာေတာ့ဘဲ ေမြးရပ္ေျမကို ျပန္ဖို႔ ျဖစ္ႏိုင္ေျခက ေတာ္ေတာ္ေလး ႀကီးမားေနတယ္လို႔ ေဖာ္ျပလိုက္ပါတယ္။

ဥ႐ုေဂြးကြင္းလယ္လူ ေတာ္ရဲရားကေတာ့ ဖီအိုရင္တီးနားအသင္းကို တစ္ရာသီအငွားနဲ႔ သြားေရာက္ဖို႔ နီးစပ္ေနၿပီး အမ္းမရိတ္မွာ ၂၀၂၃ ခုႏွစ္ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းရွိေနတဲ့ ၂၅ ႏွစ္သားအတြက္ ရာသီကုန္မွာ ေပါင္ ၁၂.၈ သန္း(ယူ႐ို ၁၅ သန္း)နဲ႔ ဝယ္ယူႏိုင္ခြင့္ကို ထည့္သြင္းထားသလို လက္ရွိေပါက္ေဈးအရေတာ့ ယူ႐ိုသန္း ၂၀ တန္ေသးတာကို ေဈးေလွ်ာ့ေပးလိုက္တာလည္းျဖစ္ပါတယ္။

ေတာ္ရဲရားအတြက္ အာဆင္နယ္တို႔အေနနဲ႔ အငွားေၾကး ယူ႐ိုတစ္သန္းခြဲ (ေပါင္ ၁.၂၈ သန္း)ကို ဖေလာ့ရင့္သားေတြဆီကေန ရရွိမွာျဖစ္ၿပီး ဆမ္ဒိုးရီးယားကေန ယူ႐ို ၂၈.၆၅ သန္းနဲ႔ ၂၀၁၈ ေႏြက ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္လူအေနနဲ႔ အီတလီမွာ ေဆးစစ္ခံဖို႔ ေရာက္ရွိေနၿပီလို႔လည္း ဆိုေနၾကပါတယ္။

အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ပိုင္းမွာေတာ့ တစ္ခ်ိန္က Bromance လို႔ ပရိသတ္ေတြ ခ်ီးက်ဴးခဲ့ၾကဖူးေပမယ့္ လက္ရွိမွာ က်ဆင္းသြားခဲ့တဲ့ တိုက္စစ္အတြဲတစ္တြဲလုံးကို ရွင္းထုတ္သြားဖို႔ ရွိေနၿပီး အခ်ိန္မီ ကစားသမားသစ္ေတြနဲ႔ အစားထိုးႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္သလို ဒါကို တခ်ိဳ႕ေတြကေတာ့ လက္ရွိနည္းျပ မီခယ္လ္ အာတီတာကို သူတို႔နဲ႔အတူ ထုတ္ပယ္ၿပီး ဘယ္သူျပန္ျဖည့္မလဲဆိုတာ နည္းျပသစ္ျဖစ္လာမယ့္ အန္တိုနီယို ကြန္တီကို ေပးမယ့္ အခြင့္အေရးလို႔ေတာင္ ခန႔္မွန္းေနၾကတာပါ။

လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းအေနနဲ႔ ေျခစြမ္းအမ်ားႀကီး က်န္ေသးတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေခၚယူဖို႔ ခ်ဥ္းကပ္ စုံစမ္းေနၿပီး ကမ္းလွမ္းမႈ ျပဳလုပ္ထားတယ္လို႔ေတာင္ သတင္းထြက္ေနသလို အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကိုလည္း စိတ္ဝင္စားမႈ ျပသထားတယ္လို႔ ဆိုေနပါတယ္။

အမ္းမရိတ္မွာ အႏၲိမ ရည္မွန္းခ်က္ျဖစ္တဲ့ တစ္ပတ္ ေပါင္သုံးသိန္းခြဲတန္ စာခ်ဳပ္ကို ေဘာ္ခ်က္ႏိုင္ခဲ့ကတည္းက အသင္းမွာ ေမွ်ာလိုက္ေနခဲ့တဲ့ ဂါဘြန္သားကို ပရိသတ္ေတြကလည္း စိတ္ကုန္ေနၾကၿပီျဖစ္ၿပီး အရင္လို ေျခစြမ္းမ်ိဳး ျပန္ျမင္ရဖို႔ သိပ္ၿပီး မေမွ်ာ္လင့္ၾကေတာ့သလို စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို လက္ေလွ်ာ့ရဖို႔ မ်ားေနတဲ့ မန္ခ်က္စတာစီးတီးဘက္က ေခၚယူမယ္ဆိုရင္ေတာ့ အေျပာင္းအေ႐ႊ႕ျဖစ္ႏိုင္ဖြယ္လည္း ရွိေနပါတယ္။

အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ မလိုခ်င္တဲ့ ကစားသမားေတြကိုသာ ေရာင္းထုတ္ႏိုင္ခဲ့မယ္ဆိုရင္ ဆိုစီဒက္တိုက္စစ္မႉး အလက္ဇန္းဒါး အီဆက္၊ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါနဲ႔ အက္သလက္တီကို မက္ဒရစ္ ေနာက္ခံလူ ကီရန္ ထရစ္ပီယာတို႔ကို ေခၚယူလိမ့္မယ္လို႔ ခန႔္မွန္းေနၾကၿပီး ဒါကေတာ့ နည္းျပအေျပာင္းအလဲနဲ႔ အခ်ိန္မီ စီမံခန႔္ခြဲႏိုင္မႈေတြေပၚမွာလည္း မူတည္ေနပါတယ္။

အမ္းမရိတ္ဘက္ကေတာ့ ဝီလီယန္နဲ႔ ေတာ္ရဲရားတို႔အျပင္ ဟက္တာ ဘယ္လာရင္၊ အိန္းစလီ မိတ္လန္းႏိုင္းစ္၊ အက္ဒီ နကီးတီးယား၊ ရီးစ္ နယ္လ္ဆန္နဲ႔ ဆိဒ္ ကိုလာစီနက္ခ်္တို႔ကို ေရာင္းထုတ္သြားႏိုင္ဖို႔လည္း ႀကိဳးပမ္းေနၿပီး သူတို႔လိုခ်င္သလို ဆႏၵျပည့္ဝႏိုင္မလားဆိုတာကို လက္က်န္ အေျပာင္းအေ႐ႊ႕ကာလကိုပဲ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း စုစည္းတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.