La Liga Ligue1 Transfer News UCL&UEL

အမ်ဘာပေကို ရီးရဲလ်မက်ဒရစ် ကမ်းလှမ်းပြီး ပီအက်စ်ဂျီ စဉ်းစားနေ

Parc des Princes ကွင်းကြီးမှာ ကစားရတာကို မပျော်မွေ့တော့သလို လီယွန်နယ် မက်ဆီ ရောက်လာချိန်မှာ အသင်းကနေ ထွက်ခွာပြီး စွန့်စားခန်းသစ်တွေနဲ့ နောက်တစ်ဆင့်မြင့်တဲ့ ကစားသမားဘဝကို ရှာဖွေလိုနေတဲ့ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေအတွက် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပေါင် ၁၃၇ သန်း (ယူရိုသန်း ၁၆၀)တန် ကမ်းလှမ်းမှုနဲ့ ဈေးဖွင့်လိုက်ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ အသက် ၂၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့် အောင်မြင်ဖို့ကတော့ တော်တော်လေး ဝေးနေချိန်မှာ လာမယ့်ရာသီကုန်ကျရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာဖြစ်တဲ့အတွက် ဒီရာသီမှာ ရောင်းချဖို့ကိစ္စကို လက်ခံစဉ်းစားသွားတော့မယ်လို့လည်း စကိုင်းစပို့စ်က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းက ရီးရဲလ်မက်ဒရစ်အသင်းက စတင်ကမ်းလှမ်းထားခဲ့တယ်လို့ သိရပြီး ကနဦး ကမ်းလှမ်းမှုကိုတော့ အသေးစိတ် မသိရှိရဘဲ ပီအက်စ်ဂျီဘက်က ဘာမှ တုံ့ပြန်မှု မရှိဘဲနေချိန်မှာ ဒီနေ့မှာတော့ သူ့အတွက် အပြောင်းအရွှေ့နဲ့ အခြေအနေမှန်ကို လက်ခံသွားဖို့ စဉ်းစားနေပြီလို့ဆိုသလို ဒါဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုလည်း ဖြစ်နိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားဖို့ဟာ သူ့အိပ်မက်ပဲလို့ ပြောထားခဲ့ဖူးတဲ့ အမ်ဘာပေဟာ အသင်းက ထွက်ခွာဖို့ကို ဥက္ကဋ္ဌ နက်ဆာ အယ်လ်ခယ်လိုင်ဖီနဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆွေးနွေးထားပြီး ပြင်သစ်မြေမှာ ဆုဖလားရယူဖို့ မကျန်တော့ချိန်မှာ ပါရီသားတွေကို မယုံကြည်ဘဲချန်ပီယံလိဂ်ဖလားကို ရနိုင်မယ့်အသင်းမျိုးဆီ သွားတော့မှာလားလို့လည်း မေးခွန်းထုတ်နေကြပါတယ်။

စပိန်အင်အားကြီးအသင်းဘက်က ကမ်းလှမ်းမှုကတော့ စက်တင်ဘာလ ၂ ရက်နေ့မှာမှ ပိတ်သိမ်းမယ့် နွေရာသီ အပြောင်းအရွှေ့ကာလအမီ သူတို့ကို တိုက်စစ်မှူးသစ် ပြန်လည်အစားထိုးနိုင်မယ့် အချိန်နဲ့ ငွေကြေးကို ပေးအပ်ထားခဲ့တာလည်းဖြစ်လို့ နှစ်သင်းကြား သဘောတူညီမှု ရရှိသွားဖို့ နီးစပ်နေသလို ယူရိုသန်း ၁၆၀ ပမာဏကိုသာ လက်ခံခဲ့ရင်တော့ သူ့ကို မိုနာကိုကနေ ခေါ်ယူထားတဲ့ ကြေးထက် ယူရို ၁၅ သန်း မြတ်ဦးမယ်လို့လည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: Parc des Princes ကြင္းႀကီးမွာ ကစားရတာကို မေပ်ာ္ေမြ႕ေတာ့သလို လီယြန္နယ္ မက္ဆီ ေရာက္လာခ်ိန္မွာ အသင္းကေန ထြက္ခြာၿပီး စြန႔္စားခန္းသစ္ေတြနဲ႔ ေနာက္တစ္ဆင့္ျမင့္တဲ့ ကစားသမားဘဝကို ရွာေဖြလိုေနတဲ့ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပအတြက္ ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ေပါင္ ၁၃၇ သန္း (ယူ႐ိုသန္း ၁၆၀)တန္ ကမ္းလွမ္းမႈနဲ႔ ေဈးဖြင့္လိုက္ၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အသက္ ၂၃ ႏွစ္အ႐ြယ္ ျပင္သစ္တိုက္စစ္မႉးကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ႀကိဳးစားေနေပမယ့္ ေအာင္ျမင္ဖို႔ကေတာ့ ေတာ္ေတာ္ေလး ေဝးေနခ်ိန္မွာ လာမယ့္ရာသီကုန္က်ရင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လႊတ္ရမွာျဖစ္တဲ့အတြက္ ဒီရာသီမွာ ေရာင္းခ်ဖို႔ကိစၥကို လက္ခံစဥ္းစားသြားေတာ့မယ္လို႔လည္း စကိုင္းစပို႔စ္က ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၄၈ နာရီအတြင္းက ရီးရဲလ္မက္ဒရစ္အသင္းက စတင္ကမ္းလွမ္းထားခဲ့တယ္လို႔ သိရၿပီး ကနဦး ကမ္းလွမ္းမႈကိုေတာ့ အေသးစိတ္ မသိရွိရဘဲ ပီအက္စ္ဂ်ီဘက္က ဘာမွ တုံ႔ျပန္မႈ မရွိဘဲေနခ်ိန္မွာ ဒီေန႔မွာေတာ့ သူ႔အတြက္ အေျပာင္းအေ႐ႊ႕နဲ႔ အေျခအေနမွန္ကို လက္ခံသြားဖို႔ စဥ္းစားေနၿပီလို႔ဆိုသလို ဒါဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဒုတိယအႀကိမ္ေျမာက္ ကမ္းလွမ္းမႈလည္း ျဖစ္ႏိုင္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ကစားဖို႔ဟာ သူ႔အိပ္မက္ပဲလို႔ ေျပာထားခဲ့ဖူးတဲ့ အမ္ဘာေပဟာ အသင္းက ထြက္ခြာဖို႔ကို ဥကၠ႒ နက္ဆာ အယ္လ္ခယ္လိုင္ဖီနဲ႔လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ေဆြးေႏြးထားၿပီး ျပင္သစ္ေျမမွာ ဆုဖလားရယူဖို႔ မက်န္ေတာ့ခ်ိန္မွာ ပါရီသားေတြကို မယုံၾကည္ဘဲခ်န္ပီယံလိဂ္ဖလားကို ရႏိုင္မယ့္အသင္းမ်ိဳးဆီ သြားေတာ့မွာလားလို႔လည္း ေမးခြန္းထုတ္ေနၾကပါတယ္။

စပိန္အင္အားႀကီးအသင္းဘက္က ကမ္းလွမ္းမႈကေတာ့ စက္တင္ဘာလ ၂ ရက္ေန႔မွာမွ ပိတ္သိမ္းမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလအမီ သူတို႔ကို တိုက္စစ္မႉးသစ္ ျပန္လည္အစားထိုးႏိုင္မယ့္ အခ်ိန္နဲ႔ ေငြေၾကးကို ေပးအပ္ထားခဲ့တာလည္းျဖစ္လို႔ ႏွစ္သင္းၾကား သေဘာတူညီမႈ ရရွိသြားဖို႔ နီးစပ္ေနသလို ယူ႐ိုသန္း ၁၆၀ ပမာဏကိုသာ လက္ခံခဲ့ရင္ေတာ့ သူ႔ကို မိုနာကိုကေန ေခၚယူထားတဲ့ ေၾကးထက္ ယူ႐ို ၁၅ သန္း ျမတ္ဦးမယ္လို႔လည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.