Premier League

ဗန်ဒဘိခ်ကို ဆိုးလ်ရှားဆက်ဆံနေပုံက မော်ရင်ညိုနဲ့ လုခ်ရှောထက် ဆိုးရွားနေပြီလား

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ရာသီကတည်းက ပေါင်သန်း ၄၀ နဲ့ အိုင်းယတ်စ်အသင်းကနေ ခေါ်ယူထားပြီး ချောင်ထိုးထားခဲ့တဲ့ ဒွန်နီ ဗန်ဒဘိခ်ကို ဒီရာသီရဲ့ အနာဂတ်အစီအစဉ်မှာ ထည့်သွင်းထားပြီး အရေးပါတဲ့တနေရာပေးသွားမယ်လို့ လူသိရှင်ကြား ကြေငြာထားခဲ့တာပါ။

ဒါပေမယ့် အသက် ၂၄ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက်လူစာရင်းထဲ ၅ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သလို ဒီရာသီအဖွင့်မှာလည်း လိဒ်စ်ယူနိုက်တက်ကို ၅-၁ နိုင်ပွဲ၊ ဆောက်သမ်တန်အသင်းကို ၁-၁ သရေပွဲတွေမှာ အရန်ခုံမှာသာ အချိန်ဖြုန်းနေခဲ့ရပြီး လူစားဝင်အဖြစ်တောင် တမိနစ်မှ ဝင်ကစားခွင့် မရခဲ့ပါဘူး။

ဒတ်ချ်ကွင်းလယ်လူအနေနဲ့ သူ့ရဲ့မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ မက်တော်မီနေး၊ ဖရက်ဒ်၊ နီမန်ညာ မာတစ်ချ်တို့ ကွင်းလယ်မှာ တလှည့်စီပွဲထွက်ခွင့်ရရှိနေခြင်း၊ ပေါလ် ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ကွင်းလယ်တိုက်စစ်မှာ ပုံမှန်ပွဲထွက်ခွင့်တနေရာ အပိုင်စားရရှိနေခြင်း၊ ပုံမှန်ခြေစွမ်းထက်နိမ့်ကျသွားပြီး အကောင်းဆုံးခြေစွမ်းမမီတော့တဲ့ အန်သို မာစီယယ်လ်ကိုတော့ နေရာပြန်ပေး ပွဲထွက်ကစားရခြင်းတို့ကို လက်မှိုင်ချလို့သာ ထိုင်ကြည့်နေရပြီး သူ့အတွက်တော့ သက်သေပြခွင့်တောင်မရတဲ့ အနေအထားမျိုးမှာ နာကျည်းစရာလည်းဖြစ်နေပါတယ်။

ဒီလိုအခြေအနေမှာ ဆိုးလ်ရှားအနေနဲ့ စိန့်နဲ့သရေပွဲအကြောင်း ရှင်းပြသွားခဲ့ရာမှာတော့ “ခင်ဗျားတို့အနေနဲ့ ပွဲတပွဲမနိုင်ဘူးဆိုရင် အဲဒီပွဲကိုပဲ ပိုပြီးအာရုံစိုက်ပြီး ကြည့်ကြလေ့ရှိပါတယ်။ ကျွန်တော်ကတော့ မနိုင်တဲ့ပွဲဆိုတာ နိုင်ပွဲတပွဲလိုပဲ စိတ်ထဲမှာ အလေးအနက်နဲ့ အတူတူပဲလို့ သဘောထားပြီး ရှူမြင်ပါတယ်။ ကျွန်တော်တို့ စိန့်နဲ့သရေပွဲမှာ မတူခြားနားအောင် လူစာရင်းက ဘာများပိုလုပ်နိုင်စွမ်းရှိတော့လို့လဲ”

” ကျွန်တော့်အမြင်မှာတော့ နီမန်ညာရဲ့ခြေစွမ်းက အတော်ကောင်းခဲ့ပါတယ်။ အန်သိုရဲ့ခြေစွမ်းဟာ အတော်လေးဟုတ်နေပြီယူဆလို့ ပွဲထွက်သုံးခဲ့တာပါ။ သူလည်း ဂိုးတဂိုးရဖို့ နီးစပ်ခဲ့တယ်မဟုတ်လား။ ဒါပေမယ့် ဂျေဒန်နဲ့ ဒွန်နီတို့ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့မှုမှာ ရှေ့နောက်မညီတဲ့စကားအဖြစ် သရဲနီပရိသတ်တွေရဲ့ ဝေဖန်ခံနေရပြီဖြစ်ပါတယ်။

ဒါ့အပြင် ဗန်ဒဘိခ်အနေနဲ့ ပြီးခဲ့တဲ့ရာသီက သံသရာဆိုးအတိုင်း ကွင်းလယ်မှာ နံပါတ် ၆ အဆင့်ဦးစားပေးအဖြစ် သတ်မှတ်မခံရဖို့ သူ့ခြေစွမ်းအစစ်အမှန်ကို ထုတ်ပြခွင့်ရမယ့် ယုံကြည်မှုကို နည်းပြဆီက မျှော်လင့်နေသလို ပြောရမယ်ဆိုရင် သူဟာ အိုင်းယတ်စ်မှာ အတောက်ပဆုံးလူငယ်ဖြစ်ခဲ့သလောက် အိုးထရက်ဖို့ဒ်ကို ရောက်ချိန်မှာတော့ ယူရို ၂၀၂၀ ဒတ်ချ်လက်ရွေးစင်လူစာရင်းမှာပါ ချန်လှပ်ခံထားခဲ့ရပါတယ်။

ဒီအနေအထားမှာ နော်ဝေသားကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ အမြီးအမြောက်ရောတည့်ရဲ့လားလို့ ပြင်းပြင်းထန်ထန် ပြောစရာရှိလာခဲ့ပြီး ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုက လုခ်ရှောကို ဆက်ခံခဲ့တာထက် ဆိုးလ်ရှားတယောက် ဗန်ဒဘိခ်ကိုဆက်ဆံပုံက ပိုပြီးဆိုးရွားနေပြီလားလို့ မှတ်ချက်ပေးခံထားရပြီဖြစ်ပါတယ်။

VDB ဟာ ယူရိုပြိုင်ပွဲကြီးမှာ ဝင်မကစားခဲ့ရလို့ အသင်းမှာ အလန်းဆန်းဆုံးကွင်းလယ်လူအဖြစ် ရပ်တည်နေသလို ရာသီကြိုအစီအစဉ်မှာလည်း ဘယ်ကစားသမားထက်မဆို အပြည့်အဝပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ပထမလူစာရင်းထဲကနေ မျက်ကွယ်ပြုခြင်းခံခဲ့ရတာတော့ အခဲမကျေစရာရှိလာခြင်းဟာ ယုတ္တိကျနေလို့ အခိုင်အမာ အဆိုပြုနိုင်ပါတယ်။

ဆိုးလ်ရှားရဲ့ အပြောနဲ့အလုပ်မညီတဲ့ ဝေဝါးမှုမှာတော့ စတေးခံကစားသမားဖြစ်မလာဖို့ အသင်းပြောင်းကစားဖို့ တိုက်တွန်းမှုတွေရှိလာချိန်မှာ နည်းပြကြီးကတော့ ဒီပြဿနာကို အခုထိ အဖြေထုတ်ပေးနိုင်စွမ်းမရှိသေးဘူးလို့ ဆိုနိုင်သလို သူ့ကစားကွက်မှာ VDB ဘာလဲ၊ ဘယ်လဲဆိုတဲ့ လက်ဆုပ်လက်ကိုင်ပြမယ့် အဖြေတခုကို ပရိသတ်တွေအားလုံးက တောင့်တနေကြတာလည်းဖြစ်ပြီး ဝေဖန်သံတွေကတော့ အတော်လေးဆူပွက်လာခဲ့လို့ လာမယ့် ဝုဗ်စ်နဲ့ပွဲမှာ တနေရာပေးသွားမလားလို့လည်း စောင့်ကြည့်ခံနေရပြီဖြစ်ကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ေပါင္သန္း ၄၀ နဲ႔ အိုင္းယတ္စ္အသင္းကေန ေခၚယူထားၿပီး ေခ်ာင္ထိုးထားခဲ့တဲ့ ဒြန္နီ ဗန္ဒဘိခ္ကို ဒီရာသီရဲ႕ အနာဂတ္အစီအစဥ္မွာ ထည့္သြင္းထားၿပီး အေရးပါတဲ့တေနရာေပးသြားမယ္လို႔ လူသိရွင္ၾကား ေၾကျငာထားခဲ့တာပါ။

ဒါေပမယ့္ အသက္ ၂၄ ႏွစ္သားဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ပြဲထြက္လူစာရင္းထဲ ၅ ပြဲသာ ပါဝင္ကစားခြင့္ရခဲ့သလို ဒီရာသီအဖြင့္မွာလည္း လိဒ္စ္ယူႏိုက္တက္ကို ၅-၁ ႏိုင္ပြဲ၊ ေဆာက္သမ္တန္အသင္းကို ၁-၁ သေရပြဲေတြမွာ အရန္ခုံမွာသာ အခ်ိန္ျဖဳန္းေနခဲ့ရၿပီး လူစားဝင္အျဖစ္ေတာင္ တမိနစ္မွ ဝင္ကစားခြင့္ မရခဲ့ပါဘူး။

ဒတ္ခ်္ကြင္းလယ္လူအေနနဲ႔ သူ႔ရဲ႕မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေတြျဖစ္တဲ့ မက္ေတာ္မီေနး၊ ဖရက္ဒ္၊ နီမန္ညာ မာတစ္ခ်္တို႔ ကြင္းလယ္မွာ တလွည့္စီပြဲထြက္ခြင့္ရရွိေနျခင္း၊ ေပါလ္ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ ကြင္းလယ္တိုက္စစ္မွာ ပုံမွန္ပြဲထြက္ခြင့္တေနရာ အပိုင္စားရရွိေနျခင္း၊ ပုံမွန္ေျခစြမ္းထက္နိမ့္က်သြားၿပီး အေကာင္းဆုံးေျခစြမ္းမမီေတာ့တဲ့ အန္သို မာစီယယ္လ္ကိုေတာ့ ေနရာျပန္ေပး ပြဲထြက္ကစားရျခင္းတို႔ကို လက္မႈိင္ခ်လို႔သာ ထိုင္ၾကည့္ေနရၿပီး သူ႔အတြက္ေတာ့ သက္ေသျပခြင့္ေတာင္မရတဲ့ အေနအထားမ်ိဳးမွာ နာက်ည္းစရာလည္းျဖစ္ေနပါတယ္။

ဒီလိုအေျခအေနမွာ ဆိုးလ္ရွားအေနနဲ႔ စိန္႔နဲ႔သေရပြဲအေၾကာင္း ရွင္းျပသြားခဲ့ရာမွာေတာ့ “ခင္ဗ်ားတို႔အေနနဲ႔ ပြဲတပြဲမႏိုင္ဘူးဆိုရင္ အဲဒီပြဲကိုပဲ ပို​ၿပီးအာ႐ုံစိုက္ၿပီး ၾကည့္ၾကေလ့ရွိပါတယ္။ ကြၽန္ေတာ္ကေတာ့ မႏိုင္တဲ့ပြဲဆိုတာ ႏိုင္ပြဲတပြဲလိုပဲ စိတ္ထဲမွာ အေလးအနက္နဲ႔ အတူတူပဲလို႔ သေဘာထားၿပီး ရႉျမင္ပါတယ္။ ကြၽန္ေတာ္တို႔ စိန္႔နဲ႔သေရပြဲမွာ မတူျခားနားေအာင္ လူစာရင္းက ဘာမ်ားပိုလုပ္ႏိုင္စြမ္းရွိေတာ့လို႔လဲ”

” ကြၽန္ေတာ့္အျမင္မွာေတာ့ နီမန္ညာရဲ႕ေျခစြမ္းက အေတာ္ေကာင္းခဲ့ပါတယ္။ အန္သိုရဲ႕ေျခစြမ္းဟာ အေတာ္ေလးဟုတ္ေနၿပီယူဆလို႔ ပြဲထြက္သုံးခဲ့တာပါ။ သူလည္း ဂိုးတဂိုးရဖို႔ နီးစပ္ခဲ့တယ္မဟုတ္လား။ ဒါေပမယ့္ ေဂ်ဒန္နဲ႔ ဒြန္နီတို႔ဟာ ကြၽန္ေတာ္တို႔အတြက္ အရမ္းအေရးပါလိမ့္မယ္” လို႔ ေျပာဆိုသြားခဲ့မႈမွာ ေရွ႕ေနာက္မညီတဲ့စကားအျဖစ္ သရဲနီပရိသတ္ေတြရဲ႕ ေဝဖန္ခံေနရၿပီျဖစ္ပါတယ္။

ဒါ့အျပင္ ဗန္ဒဘိခ္အေနနဲ႔ ၿပီးခဲ့တဲ့ရာသီက သံသရာဆိုးအတိုင္း ကြင္းလယ္မွာ နံပါတ္ ၆ အဆင့္ဦးစားေပးအျဖစ္ သတ္မွတ္မခံရဖို႔ သူ႔ေျခစြမ္းအစစ္အမွန္ကို ထုတ္ျပခြင့္ရမယ့္ ယုံၾကည္မႈကို နည္းျပဆီက ေမွ်ာ္လင့္ေနသလို ေျပာရမယ္ဆိုရင္ သူဟာ အိုင္းယတ္စ္မွာ အေတာက္ပဆုံးလူငယ္ျဖစ္ခဲ့သေလာက္ အိုးထရက္ဖို႔ဒ္ကို ေရာက္ခ်ိန္မွာေတာ့ ယူ႐ို ၂၀၂၀ ဒတ္ခ်္လက္ေ႐ြးစင္လူစာရင္းမွာပါ ခ်န္လွပ္ခံထားခဲ့ရပါတယ္။

ဒီအေနအထားမွာ ေနာ္ေဝသားႀကီးရဲ႕ ဆုံးျဖတ္ခ်က္ေတြဟာ အၿမီးအေျမာက္ေရာတည့္ရဲ႕လားလို႔ ျပင္းျပင္းထန္ထန္ ေျပာစရာရွိလာခဲ့ၿပီး ယူႏိုက္တက္နည္းျပေဟာင္း ေမာ္ရင္ညိဳက လုခ္ေရွာကို ဆက္ခံခဲ့တာထက္ ဆိုးလ္ရွားတေယာက္ ဗန္ဒဘိခ္ကိုဆက္ဆံပုံက ပိုၿပီးဆိုး႐ြားေနၿပီလားလို႔ မွတ္ခ်က္ေပးခံထားရၿပီျဖစ္ပါတယ္။

VDB ဟာ ယူ႐ိုၿပိဳင္ပြဲႀကီးမွာ ဝင္မကစားခဲ့ရလို႔ အသင္းမွာ အလန္းဆန္းဆုံးကြင္းလယ္လူအျဖစ္ ရပ္တည္ေနသလို ရာသီႀကိဳအစီအစဥ္မွာလည္း ဘယ္ကစားသမားထက္မဆို အျပည့္အဝပူးေပါင္းေဆာင္႐ြက္ႏိုင္ခဲ့ျခင္းမွာ ပထမလူစာရင္းထဲကေန မ်က္ကြယ္ျပဳျခင္းခံခဲ့ရတာေတာ့ အခဲမေက်စရာရွိလာျခင္းဟာ ယုတၱိက်ေနလို႔ အခိုင္အမာ အဆိုျပဳႏိုင္ပါတယ္။

ဆိုးလ္ရွားရဲ႕ အေျပာနဲ႔အလုပ္မညီတဲ့ ေဝဝါးမႈမွာေတာ့ စေတးခံကစားသမားျဖစ္မလာဖို႔ အသင္းေျပာင္းကစားဖို႔ တိုက္တြန္းမႈေတြရွိလာခ်ိန္မွာ နည္းျပႀကီးကေတာ့ ဒီျပႆနာကို အခုထိ အ​ေျဖထုတ္ေပးႏိုင္စြမ္းမရွိေသးဘူးလို႔ ဆိုႏိုင္သလို သူ႔ကစားကြက္မွာ VDB ဘာလဲ၊ ဘယ္လဲဆိုတဲ့ လက္ဆုပ္လက္ကိုင္ျပမယ့္ အေျဖတခုကို ပရိသတ္ေတြအားလုံးက ေတာင့္တေနၾကတာလည္းျဖစ္ၿပီး ေဝဖန္သံေတြကေတာ့ အေတာ္ေလးဆူပြက္လာခဲ့လို႔ လာမယ့္ ဝုဗ္စ္နဲ႔ပြဲမွာ တေနရာေပးသြားမလားလို႔လည္း ေစာင့္ၾကည့္ခံေနရၿပီျဖစ္ေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.