Analysis Premier League Transfer News

ချဲလ်ဆီးကို လူကာကူးလိုပဲ တစ်နေ့မှာ ပြန်ရောက်လာနိုင်တဲ့သူ ၅ ဦး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနွေရာသီမှာ တိုက်စစ်မှူးဟောင်း ရိုမီလူ လူကာကူးကို ကလပ်စံချိန်တင်ကြေးနဲ့ ပြန်လည်ခေါ်ယူခဲ့သလို အာဆင်နယ်နဲ့ ပွဲမှာ ခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အသင်းအနေနဲ့ လာမယ့်ရာသီတွေမှာလည်း ရောင်းချထားတဲ့ ကစားသမားဟောင်းတွေထဲက ခြေစွမ်းပြခဲ့ရင် ထပ်မံ ခေါ်ယူလာနိုင်တယ်လို့ ပရိသတ်တွေက တွက်ဆနေကြပါတယ်။

မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ အသင်းရဲ့ ကစားသမားတချို့ကို ဒီနွေရာသီမှာ ဘဏ္ဏာရေးထိန်းညှိဖို့အတွက် ရောင်းချခဲ့ပြီး တချို့တွေကို ဒီအတိုင်း အပြီးသတ် လက်လွှတ်လိုက်ပေမယ့် တချို့တွေကိုတော့ ပြန်လည်ခေါ်ယူခွင့် Buy Back Clause နဲ့ ထည့်သွင်းညှိနှိုင်းထားခဲ့သလို စီးရီးအေကို ရောက်ရောက်ချင်းမှာပဲ နှစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြတဲ့ တမ်မီ အေဘရာဟမ်အပါအဝင် ပြောင်းရွှေ့ကြေးစုစုပေါင်း ပေါင် ၉၃ သန်း ရှာဖွေနိုင်ခဲ့တာပါ။ ဒီထဲကနေ အသင်းကို ပြန်လည်ရောက်ရှိလာနိုင်သူ ၅ ဦးကတော့…

၅။ ဖီကာယို တိုမိုရီ (အေစီမီလန်)
ကျောနံပါတ် ၂၉ ကို ခိုင်ဟာဗတ်ဇ်ဆီ လွှဲပြောင်းပေးခဲ့တဲ့ ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီဝက်မှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ စီးရီးအေ ကလပ် အေစီမီလန်အသင်းမှာ ခြေစွမ်းပြခဲ့လို့ စာချုပ်ရဲ့ အပြီးသတ်ခေါ်ယူခွင့် ပေါင် ၂၅ သန်းနဲ့ ဆန်စီရိုကို ရောက်သွားခဲ့တာပါ။ အင်္ဂလန်၊ နိုင်ဂျီးရီးယားနဲ့ ကနေဒါနိုင်ငံတွေကို ကိုယ်စားပြုခွင့်ရှိနေတဲ့ တိုမိုရီအနေနဲ့ ဆန်စီရိုဂန္ထဝင် ပေါ်လို မာလ်ဒီနီရဲ့ ချီးကျူးမှုကိုလည်း ရရှိထားပြီး စီးရီးအေမှာ ပွဲထွက်ခွင့် ပုံမှန် ရရှိနေတဲ့ ကစားသမားကို ချဲလ်ဆီးတို့ ပြန်ခေါ်နိုင်ခြေက အနာဂတ်မှာ ရှိလာနိုင်သေးတာဖြစ်ပါတယ်။

၄။ မာခ် ဂေဟီ (ခရစ္စတယ်လ် ပဲလေ့စ်)
ပရီးမီးယားလိဂ်မှာ ပဲလေ့စ်နဲ့ ကစားဖို့ဖြစ်လာခဲ့တဲ့ ဂေဟီဟာ ပြီးခဲ့တဲ့ ရာသီတွေမှာတော့ ဆွမ်းဆီးအသင်းနဲ့ လိဂ်ချန်ပီယံရှစ်မှာ တစ်ရာသီခွဲ ကစားခဲ့ဖူးပြီး ၂၀၂၀ ဆောင်းရာသီကနေ ၂၀၂၁ နွေရာသီအထိ ကစားခဲ့သူဖြစ်သလို ဝေးလ်စ်အခြေစိုက်အသင်းနဲ့ ပြိုင်ပွဲစုံ ၅၉ ပွဲ ကစားအပြီးမှာတော့ သူ့ကို လန်ဒန်လင်းယုန်တွေရဲ့ နည်းပြသစ် ပက်ထရစ် ဗီယာရာက ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ အသင်းမှာ အငှားကစားသမားဘဝနဲ့ ပွဲထွက်ခွင့်စောင့်ဆိုင်းဖို့ကို ငြင်းပယ်ခဲ့တဲ့ ၂၁ နှစ်အရွယ် နောက်ခံလူအနေနဲ့ အသင်းကို ပြန်ရောက်လာဖို့ဆိုရင်တော့ ဒီထက် ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပြီး မထင်မှတ်ဘဲ သူ့ရှေ့က နာသန် အာကေလိုလည်း လားရာပြောင်းလဲသွားနိုင်ပါသေးတယ်။

၃။ တမ်မီ အေဘရာဟမ် (ရိုးမား)
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ လူကာကူကို ကျောနံပါတ် ၉ နေရာလွတ်ပေးဖို့ ထွက်ခွာသွားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ ရောက်ရောက်ချင်းပဲ ရိုးမားအသင်းနဲ့ ခြေစွမ်းပြခဲ့ပြီး အသင်းဖော်တွေအတွက် နှစ်ဂိုးဖန်တီးခဲ့သလို သူ့အတွက် တစ်ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ ပွဲဦးထွက် သွင်းဂိုးနဲ့ လွဲချော်ခဲ့ရတာပါ။ အပြောင်းအရွှေ့အကြီးအကဲ မာရီနာအနေနဲ့ အေဘရာဟမ်ကို နှစ်နှစ်အတွင်းမှာ ပြန်လည်ခေါ်ယူနိုင်ခွင့် ယူရိုသန်း ၈၀ ကို ထည့်သွင်းသဘောတူညီခဲ့ပြီး အမျိုးသမီးကြီးကတော့ သူ့ရဲ့ တိုးတက်မှုအတွက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ အမြဲတမ်း စောင့်ကြည့်ပြီး တံခါးဖွင့်ထားတယ်လို့ ဆိုထားခဲ့တာဖြစ်ပါတယ်။

၂။ ဗလင်တီနို လီဗရာမန်တို (ဆောက်သမ်တန်)
၂၀၂၀-၂၁ ရာသီအတွက် ချဲလ်ဆီးအကယ်ဒမီရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ လီဗရာမန်တိုဟာ ဆောက်သမ်တန်အသင်းဆီ ပေါင် ၅ သန်းနဲ့ ၁၈ နှစ်သားအနေနဲ့ ရောက်ရောက်ချင်းမှာပဲ စိန့်တွေနဲ့ ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့သလို ပြီးခဲ့တဲ့ မန်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ဝါရင့်ကွင်းလယ်လူ ဖရက်ဒ်ကိုပါ အနိုင်ကျင့်ပြသွားခဲ့တာပါ။ ဘရိုက်တန်ကို ရောင်းချလိုက်တဲ့ တာရစ်ခ် လမ့်ပ်တေထက် ပိုမိုတောင့်တင်းတဲ့ ပေါ်တူဂီနွယ်ဖွား အင်္ဂလန်လူငယ်လက်ရွေးစင် ညာနောက်ခံလူကို ပေါင် ၂၅ သန်းနဲ့ ပြန်လည်ခေါ်ယူနိုင်ခွင့်ကိုလည်း ထည့်သွင်းထားခဲ့ပြီး ပြန်လည်ရောက်ရှိလာဖို့ တစ်ပေးနေကြတာလည်းဖြစ်ပါတယ်။

၁။ ဒက်ကလန် ရိုက်စ် (ဝက်စ်ဟမ်း)
ဒက်ကလန် ရိုက်စ်ကိုတော့ ချဲလ်ဆီးအသင်းက ဒီနွေရာသီမှာပဲ ပြန်လည်ခေါ်ယူဖို့ သတင်းထွက်ခဲ့သလို အသင်းရဲ့ ချန်ပီယံရည်မှန်းချက်တွေအရ အပြောင်းအရွှေ့မပိတ်ခင်မှာ မခေါ်ယူနိုင်ဘူးလို့တောင် အပြတ်ပြောမရတဲ့ အခြေအနေမှာ ရှိနေခဲ့တာပါ။ ပေါင်သန်း ၁၀၀ ဈေးခေါ်ထားတဲ့ ကွင်းလယ်လူဟာ အန်ဂိုလို ကွန်တေနဲ့ ဂျော်ဂျင်ညိုတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျအောင် ကူညီပေးနိုင်မယ့်သူမျိုးလည်းဖြစ်ပြီး နည်းပြ တူဟယ်လ်ရဲ့ လူစာရင်းမှာ ရွှေဖြစ်လာနိုင်သူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဇူးမား၊ ဘာကလီ၊ ဇက်ပါကော်စတာ၊ ဘာကာယိုကို၊ ဒရင့်ခ်ဝါးတား၊ ရာမန်၊ မူဆွန်ဒါ၊ မာလန်းဆားရ် အစရှိတဲ့ ကစားသမားတွေကို အချိန်မီ ရောင်းချသွားနိုင်မလားဆိုတာ ရိုက်စ်အတွက် စောင့်ကြည့်ရမှာဖြစ်ပြီး အေဘရာမိုဗစ်ချ်တစ်ဦးတည်းရဲ့ ကြွယ်ဝမှုအရ မဝယ်နိုင်တာ မဟုတ်ပေမယ့် FFP နဲ့ လွတ်ဖို့ ကုလားဖန်ထိုးမှုတွေကြားမှာ သူ့ဘော်ဒါ မေဆန်မောင့်နဲ့ ပြန်တွဲနိုင်မလား ရင်ခုန်ရဦးမှာပါ။

ဒီကစားသမား ၅ ဦးအပြင် ချဲလ်ဆီးတို့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ပျော်ရွှင်ပုံမရတဲ့ အီဒင် ဟာဇတ်ကိုလည်း ဈေးနှုန်းသက်သာခဲ့ရင် ခေါ်ယူနိုင်သေးပြီး လူကာကူးနဲ့ ဘယ်လ်ဂျီယမ်ရဲ့ ဂိုးသွင်းအများဆုံး ၁ နဲ့ ၂ တိုက်စစ်အတွဲကို ပြန်မြင်ရနိုင်သလို အသင်းဟောင်းနဲ့ ပြန်လည်ဆုံစည်းပြီး ခြေစွမ်းပြနိုင်သူတွေ ထပ်မြင်ရဦးမလားဆိုတာကိုတော့ အချိန်ကပဲ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေႏြရာသီမွာ တိုက္စစ္မႉးေဟာင္း ႐ိုမီလူ လူကာကူးကို ကလပ္စံခ်ိန္တင္ေၾကးနဲ႔ ျပန္လည္ေခၚယူခဲ့သလို အာဆင္နယ္နဲ႔ ပြဲမွာ ေျခစြမ္းျပၿပီး ဂိုးသြင္းယူႏိုင္ခဲ့တာေၾကာင့္ အသင္းအေနနဲ႔ လာမယ့္ရာသီေတြမွာလည္း ေရာင္းခ်ထားတဲ့ ကစားသမားေဟာင္းေတြထဲက ေျခစြမ္းျပခဲ့ရင္ ထပ္မံ ေခၚယူလာႏိုင္တယ္လို႔ ပရိသတ္ေတြက တြက္ဆေနၾကပါတယ္။

မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ အသင္းရဲ႕ ကစားသမားတခ်ိဳ႕ကို ဒီေႏြရာသီမွာ ဘဏၰာေရးထိန္းညႇိဖို႔အတြက္ ေရာင္းခ်ခဲ့ၿပီး တခ်ိဳ႕ေတြကို ဒီအတိုင္း အၿပီးသတ္ လက္လႊတ္လိုက္ေပမယ့္ တခ်ိဳ႕ေတြကိုေတာ့ ျပန္လည္ေခၚယူခြင့္ Buy Back Clause နဲ႔ ထည့္သြင္းညႇိႏႈိင္းထားခဲ့သလို စီးရီးေအကို ေရာက္ေရာက္ခ်င္းမွာပဲ ႏွစ္ဂိုးဖန္တီးၿပီး ေျခစြမ္းျပတဲ့ တမ္မီ ေအဘရာဟမ္အပါအဝင္ ေျပာင္းေ႐ႊ႕ေၾကးစုစုေပါင္း ေပါင္ ၉၃ သန္း ရွာေဖြႏိုင္ခဲ့တာပါ။ ဒီထဲကေန အသင္းကို ျပန္လည္ေရာက္ရွိလာႏိုင္သူ ၅ ဦးကေတာ့…

၅။ ဖီကာယို တိုမိုရီ (ေအစီမီလန္)
ေက်ာနံပါတ္ ၂၉ ကို ခိုင္ဟာဗတ္ဇ္ဆီ လႊဲေျပာင္းေပးခဲ့တဲ့ ဗဟိုေနာက္ခံလူဟာ ၿပီးခဲ့တဲ့ ရာသီဝက္မွာ အငွားနဲ႔ သြားေရာက္ကစားခဲ့တဲ့ စီးရီးေအ ကလပ္ ေအစီမီလန္အသင္းမွာ ေျခစြမ္းျပခဲ့လို႔ စာခ်ဳပ္ရဲ႕ အၿပီးသတ္ေခၚယူခြင့္ ေပါင္ ၂၅ သန္းနဲ႔ ဆန္စီ႐ိုကို ေရာက္သြားခဲ့တာပါ။ အဂၤလန္၊ ႏိုင္ဂ်ီးရီးယားနဲ႔ ကေနဒါႏိုင္ငံေတြကို ကိုယ္စားျပဳခြင့္ရွိေနတဲ့ တိုမိုရီအေနနဲ႔ ဆန္စီ႐ိုဂႏၴဝင္ ေပၚလို မာလ္ဒီနီရဲ႕ ခ်ီးက်ဴးမႈကိုလည္း ရရွိထားၿပီး စီးရီးေအမွာ ပြဲထြက္ခြင့္ ပုံမွန္ ရရွိေနတဲ့ ကစားသမားကို ခ်ဲလ္ဆီးတို႔ ျပန္ေခၚႏိုင္ေျခက အနာဂတ္မွာ ရွိလာႏိုင္ေသးတာျဖစ္ပါတယ္။

၄။ မာခ္ ေဂဟီ (ခရစၥတယ္လ္ ပဲေလ့စ္)
ပရီးမီးယားလိဂ္မွာ ပဲေလ့စ္နဲ႔ ကစားဖို႔ျဖစ္လာခဲ့တဲ့ ေဂဟီဟာ ၿပီးခဲ့တဲ့ ရာသီေတြမွာေတာ့ ဆြမ္းဆီးအသင္းနဲ႔ လိဂ္ခ်န္ပီယံရွစ္မွာ တစ္ရာသီခြဲ ကစားခဲ့ဖူးၿပီး ၂၀၂၀ ေဆာင္းရာသီကေန ၂၀၂၁ ေႏြရာသီအထိ ကစားခဲ့သူျဖစ္သလို ေဝးလ္စ္အေျခစိုက္အသင္းနဲ႔ ၿပိဳင္ပြဲစုံ ၅၉ ပြဲ ကစားအၿပီးမွာေတာ့ သူ႔ကို လန္ဒန္လင္းယုန္ေတြရဲ႕ နည္းျပသစ္ ပက္ထရစ္ ဗီယာရာက ေခၚယူသြားခဲ့တာျဖစ္ပါတယ္။ အသင္းမွာ အငွားကစားသမားဘဝနဲ႔ ပြဲထြက္ခြင့္ေစာင့္ဆိုင္းဖို႔ကို ျငင္းပယ္ခဲ့တဲ့ ၂၁ ႏွစ္အ႐ြယ္ ေနာက္ခံလူအေနနဲ႔ အသင္းကို ျပန္ေရာက္လာဖို႔ဆိုရင္ေတာ့ ဒီထက္ ေျခစြမ္းျပႏိုင္ဖို႔ လိုအပ္ေနၿပီး မထင္မွတ္ဘဲ သူ႔ေရွ႕က နာသန္ အာေကလိုလည္း လားရာေျပာင္းလဲသြားႏိုင္ပါေသးတယ္။

၃။ တမ္မီ ေအဘရာဟမ္ (႐ိုးမား)
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကမွ လူကာကူကို ေက်ာနံပါတ္ ၉ ေနရာလြတ္ေပးဖို႔ ထြက္ခြာသြားခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးဟာ ေရာက္ေရာက္ခ်င္းပဲ ႐ိုးမားအသင္းနဲ႔ ေျခစြမ္းျပခဲ့ၿပီး အသင္းေဖာ္ေတြအတြက္ ႏွစ္ဂိုးဖန္တီးခဲ့သလို သူ႔အတြက္ တစ္ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့လို႔ ပြဲဦးထြက္ သြင္းဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာအေနနဲ႔ ေအဘရာဟမ္ကို ႏွစ္ႏွစ္အတြင္းမွာ ျပန္လည္ေခၚယူႏိုင္ခြင့္ ယူ႐ိုသန္း ၈၀ ကို ထည့္သြင္းသေဘာတူညီခဲ့ၿပီး အမ်ိဳးသမီးႀကီးကေတာ့ သူ႔ရဲ႕ တိုးတက္မႈအတြက္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အၿမဲတမ္း ေစာင့္ၾကည့္ၿပီး တံခါးဖြင့္ထားတယ္လို႔ ဆိုထားခဲ့တာျဖစ္ပါတယ္။

၂။ ဗလင္တီႏို လီဗရာမန္တို (ေဆာက္သမ္တန္)
၂၀၂၀-၂၁ ရာသီအတြက္ ခ်ဲလ္ဆီးအကယ္ဒမီရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရတဲ့ လီဗရာမန္တိုဟာ ေဆာက္သမ္တန္အသင္းဆီ ေပါင္ ၅ သန္းနဲ႔ ၁၈ ႏွစ္သားအေနနဲ႔ ေရာက္ေရာက္ခ်င္းမွာပဲ စိန႔္ေတြနဲ႔ ပရီးမီးယားလိဂ္ႏွစ္ပြဲဆက္တိုက္ ပြဲထြက္ခြင့္ရခဲ့သလို ၿပီးခဲ့တဲ့ မန္ယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ ၿပိဳင္ဘက္ ဝါရင့္ကြင္းလယ္လူ ဖရက္ဒ္ကိုပါ အႏိုင္က်င့္ျပသြားခဲ့တာပါ။ ဘ႐ိုက္တန္ကို ေရာင္းခ်လိုက္တဲ့ တာရစ္ခ္ လမ့္ပ္ေတထက္ ပိုမိုေတာင့္တင္းတဲ့ ေပၚတူဂီႏြယ္ဖြား အဂၤလန္လူငယ္လက္ေ႐ြးစင္ ညာေနာက္ခံလူကို ေပါင္ ၂၅ သန္းနဲ႔ ျပန္လည္ေခၚယူႏိုင္ခြင့္ကိုလည္း ထည့္သြင္းထားခဲ့ၿပီး ျပန္လည္ေရာက္ရွိလာဖို႔ တစ္ေပးေနၾကတာလည္းျဖစ္ပါတယ္။

၁။ ဒက္ကလန္ ႐ိုက္စ္ (ဝက္စ္ဟမ္း)
ဒက္ကလန္ ႐ိုက္စ္ကိုေတာ့ ခ်ဲလ္ဆီးအသင္းက ဒီေႏြရာသီမွာပဲ ျပန္လည္ေခၚယူဖို႔ သတင္းထြက္ခဲ့သလို အသင္းရဲ႕ ခ်န္ပီယံရည္မွန္းခ်က္ေတြအရ အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာ မေခၚယူႏိုင္ဘူးလို႔ေတာင္ အျပတ္ေျပာမရတဲ့ အေျခအေနမွာ ရွိေနခဲ့တာပါ။ ေပါင္သန္း ၁၀၀ ေဈးေခၚထားတဲ့ ကြင္းလယ္လူဟာ အန္ဂိုလို ကြန္ေတနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ရဲ႕ ဝန္ထုပ္ဝန္ပိုးေတြ ေလ်ာ့က်ေအာင္ ကူညီေပးႏိုင္မယ့္သူမ်ိဳးလည္းျဖစ္ၿပီး နည္းျပ တူဟယ္လ္ရဲ႕ လူစာရင္းမွာ ေ႐ႊျဖစ္လာႏိုင္သူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဇူးမား၊ ဘာကလီ၊ ဇက္ပါေကာ္စတာ၊ ဘာကာယိုကို၊ ဒရင့္ခ္ဝါးတား၊ ရာမန္၊ မူဆြန္ဒါ၊ မာလန္းဆားရ္ အစရွိတဲ့ ကစားသမားေတြကို အခ်ိန္မီ ေရာင္းခ်သြားႏိုင္မလားဆိုတာ ႐ိုက္စ္အတြက္ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေအဘရာမိုဗစ္ခ်္တစ္ဦးတည္းရဲ႕ ႂကြယ္ဝမႈအရ မဝယ္ႏိုင္တာ မဟုတ္ေပမယ့္ FFP နဲ႔ လြတ္ဖို႔ ကုလားဖန္ထိုးမႈေတြၾကားမွာ သူ႔ေဘာ္ဒါ ေမဆန္ေမာင့္နဲ႔ ျပန္တြဲႏိုင္မလား ရင္ခုန္ရဦးမွာပါ။

ဒီကစားသမား ၅ ဦးအျပင္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ရီးရဲလ္မက္ဒရစ္မွာ ေပ်ာ္႐ႊင္ပုံမရတဲ့ အီဒင္ ဟာဇတ္ကိုလည္း ေဈးႏႈန္းသက္သာခဲ့ရင္ ေခၚယူႏိုင္ေသးၿပီး လူကာကူးနဲ႔ ဘယ္လ္ဂ်ီယမ္ရဲ႕ ဂိုးသြင္းအမ်ားဆုံး ၁ နဲ႔ ၂ တိုက္စစ္အတြဲကို ျပန္ျမင္ရႏိုင္သလို အသင္းေဟာင္းနဲ႔ ျပန္လည္ဆုံစည္းၿပီး ေျခစြမ္းျပႏိုင္သူေတြ ထပ္ျမင္ရဦးမလားဆိုတာကိုေတာ့ အခ်ိန္ကပဲ အဆုံးအျဖတ္ေပးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.