Other Leagues Premier League

အုိနာနာကို ေရာင္းခ်သြားမွာျဖစ္ေၾကာင္း နည္းျပဆုိခဲ့လုိ႔ ခ်ဲလ္ဆီးတုိ႔အတြက္ တပ္လွန္႔သံျဖစ္လာ

အုိင္းယက္စ္အသင္းနည္းျပ အဲရစ္ တန္းနားအေနနဲ႔ ၿပီးခဲ့တဲ့ေန႔က သူ႕ရဲ႕ ဂိုးသမား အန္ဒရီ အုိနာနာအတြက္ လာမယ့္ရာသီကုန္မွာ အသင္းကေန ထြက္ခြာခြင့္ျပဳဖို႔ ကစားသမားနဲ႔ အသင္းၾကားမွာ သေဘာတူညီမွဳ ရရွိထားတယ္လို႔ ဆုိခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ တပ္လွန္႔သတိေပးသံလည္းျဖစ္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ေတာ့ လက္ရွိဂိုးသမား ကီပါ အာရီဇာဘာလာဂါကုိ အျပည့္အဝ ယုံၾကည္မွဳ မေပးႏုိင္ေသးဘဲရွိေနသလို ဒီစပိန္သားအေနနဲ႔ နံပါတ္တစ္ေနရာကို ရရွိေအာင္လည္း သူကိုယ္တုိင္ ျပန္လည္တည္ေဆာက္ရဦးမယ့္အခ်ိန္မွာ အားကိုးႏိုင္မယ့္ တစ္စုံတစ္ေယာက္ကို အလိုရွိေနတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီထြက္ ကင္းမရြန္းဂိုးသမား အုိနာနာဟာ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အဆင့္အထိ ေရာက္ခဲ့တဲ့ အုိင္းယက္စ္အသင္းမွာ အဓိက ကစားသမားတစ္ဦးလည္းျဖစ္ခဲ့ၿပီး ဒီရာသီမွာေတာ့ သူ႕ကို ေခၚယူလိုတဲ့ အသင္းေဟာင္း ဘာစီလိုနာအျပင္ ပီအက္စ္ဂ်ီတို႔နဲ႔ေတာ့ ခ်ဲလ္ဆီးတို႔ ယွဥ္ၿပဳိင္သြားရႏုိင္ပါတယ္။

နည္းျပ အဲရစ္ တန္းနားကေတာ့ ဒီအသက္ ၂၄ ႏွစ္အရြယ္ ဂိုးသမားကို သူတုိ႔အေနနဲ႔ မဆုံးရွဳံးခ်င္ေပမယ့္လည္း သူ႕ရဲ႕ ကစားသမားဘဝအတြက္ ခြင့္ျပဳေပးဖို႔ ၿပီးခဲ့တဲ့ ရာသီကတည္းက သေဘာတူထားခဲ့ေၾကာင္းနဲ႔ သင့္ေတာ္မွန္ကန္တဲ့ ေဈးႏွဳန္းရရင္ ေရာင္းခ်သြားမွာ ျဖစ္ေၾကာင္းလည္း ဆုိခဲ့ပါတယ္။

အုိင္းယက္စ္အသင္းဘက္ကေတာ့ အုိနာနာအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္း အလိုရွိေနတယ္လို႔ သိရၿပီး ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဥေရာပအဆင့္မွာ အစမ္းသပ္ခံၿပီးတဲ့ ဂိုးသမားေကာင္းတစ္ေယာက္ျဖစ္သူကို သူ႕ေရွ႕က ေခၚယူထားခဲ့တဲ့ အသင္းေဖာ္ေဟာင္း ဟာကင္မ္ ဇီယက္ခ်္နဲ႔ ပူးေပါင္းေစဖို႔ ရည္ရြယ္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အိုင်းယက်စ်အသင်းနည်းပြ အဲရစ် တန်းနားအနေနဲ့ ပြီးခဲ့တဲ့နေ့က သူ့ရဲ့ ဂိုးသမား အန်ဒရီ အိုနာနာအတွက် လာမယ့်ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ကစားသမားနဲ့ အသင်းကြားမှာ သဘောတူညီမှု ရရှိထားတယ်လို့ ဆိုခဲ့တာကြောင့် ချဲလ်ဆီးအသင်းအတွက်တော့ တပ်လှန့်သတိပေးသံလည်းဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်အနေနဲ့တော့ လက်ရှိဂိုးသမား ကီပါ အာရီဇာဘာလာဂါကို အပြည့်အဝ ယုံကြည်မှု မပေးနိုင်သေးဘဲရှိနေသလို ဒီစပိန်သားအနေနဲ့ နံပါတ်တစ်နေရာကို ရရှိအောင်လည်း သူကိုယ်တိုင် ပြန်လည်တည်ဆောက်ရဦးမယ့်အချိန်မှာ အားကိုးနိုင်မယ့် တစ်စုံတစ်ယောက်ကို အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက် ကင်းမရွန်းဂိုးသမား အိုနာနာဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ခဲ့တဲ့ အိုင်းယက်စ်အသင်းမှာ အဓိက ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပြီး ဒီရာသီမှာတော့ သူ့ကို ခေါ်ယူလိုတဲ့ အသင်းဟောင်း ဘာစီလိုနာအပြင် ပီအက်စ်ဂျီတို့နဲ့တော့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်သွားရနိုင်ပါတယ်။

နည်းပြ အဲရစ် တန်းနားကတော့ ဒီအသက် ၂၄ နှစ်အရွယ် ဂိုးသမားကို သူတို့အနေနဲ့ မဆုံးရှုံးချင်ပေမယ့်လည်း သူ့ရဲ့ ကစားသမားဘဝအတွက် ခွင့်ပြုပေးဖို့ ပြီးခဲ့တဲ့ ရာသီကတည်းက သဘောတူထားခဲ့ကြောင်းနဲ့ သင့်တော်မှန်ကန်တဲ့ ဈေးနှုန်းရရင် ရောင်းချသွားမှာ ဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။

အိုင်းယက်စ်အသင်းဘက်ကတော့ အိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း အလိုရှိနေတယ်လို့ သိရပြီး ချဲလ်ဆီးအသင်းအနေနဲ့ ဥရောပအဆင့်မှာ အစမ်းသပ်ခံပြီးတဲ့ ဂိုးသမားကောင်းတစ်ယောက်ဖြစ်သူကို သူ့ရှေ့က ခေါ်ယူထားခဲ့တဲ့ အသင်းဖော်ဟောင်း ဟာကင်မ် ဇီယက်ချ်နဲ့ ပူးပေါင်းစေဖို့ ရည်ရွယ်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.