Match Report Premier League

ချဲလ်ဆီးနဲ့ လီဗာပူးလ်ကို ကျော်တက်ပြီး အင်္ဂါနေ့မှာ ပရီးမီးယားလိဂ်ကို စိုးမိုးတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာလည်း လေးဂိုးသွင်းတဲ့ နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပြီး အိမ်ကွင်းမှာ သူတို့ထက် အလေးပေးမှုကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ လက်စတာစီးတီးအသင်းကို ချေမှုန်းခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁ ကို သွင်းဂိုးများမှုနဲ့အတူ ရှေ့က ချဲလ်ဆီးနဲ့ လီဗာပူးလ်အသင်းတွေကို အင်္ဂါနေ့နံနက်မှာ ကျော်ဖြတ်ရယူနိုင်ခဲ့ပါတယ်။

နှစ်သင်းစလုံး ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်ခဲ့ကြချိန်မှာ လူမစုံတဲ့ လက်စတာရဲ့ လူစာရင်းထက် အိမ်ရှင်ဝက်စ်ဟမ်းကတော့ ပိုမိုတောင့်တင်းခဲ့ပြီး ရှေ့တန်းမှာ ကွင်းလယ်လူတစ်ဖြစ်လဲ တိုက်စစ်မှူး အန်တိုနီယိုတစ်ဦးတည်း ပင်တိုင်ပွဲထွက်နေခဲ့ပေမယ့် အကောင်းဆုံးစုဖွဲ့မှုနဲ့ ဒေးဗစ် မွိုက်စ်ကို မျက်နှာပန်းလှစေခဲ့တာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းအတွက် ပွဲချိန် ၂၆ မိနစ်မှာ အဖွင့်ဂိုးကို ပရီးမီးယားလိဂ်နဲ့ အသားကျလာသလို ခြေစွမ်းတက်လာခဲ့တဲ့ ကွင်းလယ်လူ ပါဘလို ဖော်နယ်လ်စ်က သွင်းယူပေးခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ သူနဲ့ ဘယ်ခြမ်းနဲ့ အလယ်မှာ တစ်လှည့်စီ ကစားတဲ့ အသင်းဖော် ဘင်ရာမာနဲ့ ဝမ်းတူးရိုက်ပြီး လက်စတာဂိုးသမား ရှမိုက်ကယ်ကို အနီးကပ်ပိတ်သွင်းချက်နဲ့ ကျော်ဖြတ်သွားခဲ့တာပါ။

လက်စတာတို့ကတော့ ဒီနေ့ပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းရဲ့ ဖိအားအောက် လုံးဝကို ခံစစ်သဖွယ်ဖြစ်နေခဲ့ပြီး ပြန်လည်ခြိမ်းခြောက်နိုင်စွမ်း နည်းပါးခဲ့သလို ပွဲချိန် ၃၇ မိနစ်မှာတော့ ဖော်နယ်လ်စ်ရဲ့ ခြေကျင်းဝတ်ကို နောက်ကနေ တက်နင်းတဲ့ အယိုဇေ ပီရက်ဇ် အထုတ်ခံလိုက်ရချိန်မှာတော့ ပုံစံက တော်တော်လေး ပျက်သွားခဲ့ပြီး ပထမပိုင်းပိုင်းမှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တစ်ယောက်လျော့နဲ့ လက်စတာတို့ ဂိုးသမား ရှမိုက်ကယ် လက်စွမ်းပြနေခဲ့တဲ့ကြားက ပြိုလဲကျခဲ့ရပြီး ပွဲချိန် ၅၆ မိနစ်မှာ ဆိုယွန်ကျူး လူမကြည့်ဘဲ အပေးမှားရာကနေ အန်တိုနီယို ပြန်ရသွားခဲ့ပြီး ညာခြမ်းကနေ အတွင်းကို ချိုးပေးရာမှာ ဘယ်ခြမ်းကနေ ဂိုးဧရိယာထဲကို ပြေးဝင်လာတဲ့ ဘင်ရာမာက ကန်သွင်းပြီး သူ့အတွက် နှစ်ပွဲမှာ နှစ်ဂိုးမြောက်ကို ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ လက်စတာတို့ မျှော်လင့်ချက်ရှင်သန်စေမယ့် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဗာဒီနဲ့ မက်ဒီဆန်တို့ ထပ်ဆင့်ပေးပို့ခဲ့တဲ့ ဘောလုံးကို ကွင်းလယ်လူ တီးလီးမန်းစ်က ကန်သွင်းပြီး နောက်ခံလူ ခရက်စ်ဝဲလ်နဲ့ ထိထွက်လာတာကို နောက်တစ်ကြိမ် ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ အိမ်ရှင်တွေအတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို ရရှိခဲ့ပြီး ဘယ်ခြမ်းကနေ ဒက်ကလန် ရိုက်စ်က ချိုးပေးတာကို တိုက်စစ်မှူးစစ်စစ်ကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ အန်တိုနီယိုက သူ့ကို ကပ်ထားတဲ့ ဆိုယွန်ကျူကို တစ်ပတ်လှည့်ထွက်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှမိုက်ကယ် ကာကွယ်ဖို့ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရတာပါ။

ပွဲချိန် ၈၄ မိနစ်မှာလည်း အန်တိုနီယိုကပဲ နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်းညာနောက်ခံလူ ဆိုဖာလ်ရဲ့ ဖြတ်တင်ဘောက လက်စတာနောက်ခံလူနှစ်ဦးကြား ကျလာတာကို အင်္ဂလန်သားက ခြေနဲ့ ချိတ်ယူကျော်ဖြတ်ပြီး ဂိုးသမား ရှမိုက်ကယ်နဲ့ အနီးကပ် တွေ့ဆုံမှုမှာ ခြေဦးနဲ့ ထိုးပြီး သွင်းယူနိုင်ခဲ့လို့ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ သွင်းဂိုးစုစုပေါင်း ၄ ဂိုးနဲ့ နှစ်ပွဲဆက်တိုက် နှစ်ဂိုးရရှိမှုနဲ့အတူ ရွှေဖိနပ်ဆုမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းတို့ လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒေးဗစ် မွိုက်စ်ကတော့ ကောင်းမွန်တဲ့ စုဖွဲ့မှုနဲ့ လန်ဒန်မှာ တစ်ကျော့ပြန် တောက်ပြနိုင်ခဲ့သလို ဟမ်းမားတွေအနေနဲ့ နှစ်ပွဲမှာ ရဂိုး ၈ ဂိုး၊ ပေးဂိုး ၃ ဂိုးနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ သွင်းဂိုးအသာနဲ့ ချဲလ်ဆီး၊ လီဗာပူးလ်တို့လို အသင်းကြီးတွေကို ကျော်ဖြတ်ပြီး အဆင့် ၁ မှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာလည္း ေလးဂိုးသြင္းတဲ့ ႏိုင္ပြဲတစ္ပြဲကို ဖန္တီးႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ သူတို႔ထက္ အေလးေပးမႈေကာင္းေတြကို ပိုင္ဆိုင္ထားတဲ့ လက္စတာစီးတီးအသင္းကို ေခ်မႈန္းခဲ့သလို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁ ကို သြင္းဂိုးမ်ားမႈနဲ႔အတူ ေရွ႕က ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္အသင္းေတြကို အဂၤါေန႔နံနက္မွာ ေက်ာ္ျဖတ္ရယူႏိုင္ခဲ့ပါတယ္။

ႏွစ္သင္းစလုံး ၄-၂-၃-၁ ပုံစံနဲ႔ ပြဲထြက္ခဲ့ၾကခ်ိန္မွာ လူမစုံတဲ့ လက္စတာရဲ႕ လူစာရင္းထက္ အိမ္ရွင္ဝက္စ္ဟမ္းကေတာ့ ပိုမိုေတာင့္တင္းခဲ့ၿပီး ေရွ႕တန္းမွာ ကြင္းလယ္လူတစ္ျဖစ္လဲ တိုက္စစ္မႉး အန္တိုနီယိုတစ္ဦးတည္း ပင္တိုင္ပြဲထြက္ေနခဲ့ေပမယ့္ အေကာင္းဆုံးစုဖြဲ႕မႈနဲ႔ ေဒးဗစ္ မြိဳက္စ္ကို မ်က္ႏွာပန္းလွေစခဲ့တာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းအတြက္ ပြဲခ်ိန္ ၂၆ မိနစ္မွာ အဖြင့္ဂိုးကို ပရီးမီးယားလိဂ္နဲ႔ အသားက်လာသလို ေျခစြမ္းတက္လာခဲ့တဲ့ ကြင္းလယ္လူ ပါဘလို ေဖာ္နယ္လ္စ္က သြင္းယူေပးခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန သူနဲ႔ ဘယ္ျခမ္းနဲ႔ အလယ္မွာ တစ္လွည့္စီ ကစားတဲ့ အသင္းေဖာ္ ဘင္ရာမာနဲ႔ ဝမ္းတူး႐ိုက္ၿပီး လက္စတာဂိုးသမား ရွမိုက္ကယ္ကို အနီးကပ္ပိတ္သြင္းခ်က္နဲ႔ ေက်ာ္ျဖတ္သြားခဲ့တာပါ။

လက္စတာတို႔ကေတာ့ ဒီေန႔ပြဲမွာ အိမ္ရွင္ဝက္စ္ဟမ္းရဲ႕ ဖိအားေအာက္ လုံးဝကို ခံစစ္သဖြယ္ျဖစ္ေနခဲ့ၿပီး ျပန္လည္ၿခိမ္းေျခာက္ႏိုင္စြမ္း နည္းပါးခဲ့သလို ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ေဖာ္နယ္လ္စ္ရဲ႕ ေျခက်င္းဝတ္ကို ေနာက္ကေန တက္နင္းတဲ့ အယိုေဇ ပီရက္ဇ္ အထုတ္ခံလိုက္ရခ်ိန္မွာေတာ့ ပုံစံက ေတာ္ေတာ္ေလး ပ်က္သြားခဲ့ၿပီး ပထမပိုင္းပိုင္းမွာေတာ့ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ တစ္ေယာက္ေလ်ာ့နဲ႔ လက္စတာတို႔ ဂိုးသမား ရွမိုက္ကယ္ လက္စြမ္းျပေနခဲ့တဲ့ၾကားက ၿပိဳလဲက်ခဲ့ရၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာ ဆိုယြန္က်ဴး လူမၾကည့္ဘဲ အေပးမွားရာကေန အန္တိုနီယို ျပန္ရသြားခဲ့ၿပီး ညာျခမ္းကေန အတြင္းကို ခ်ိဳးေပးရာမွာ ဘယ္ျခမ္းကေန ဂိုးဧရိယာထဲကို ေျပးဝင္လာတဲ့ ဘင္ရာမာက ကန္သြင္းၿပီး သူ႔အတြက္ ႏွစ္ပြဲမွာ ႏွစ္ဂိုးေျမာက္ကို ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ လက္စတာတို႔ ေမွ်ာ္လင့္ခ်က္ရွင္သန္ေစမယ့္ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဗာဒီနဲ႔ မက္ဒီဆန္တို႔ ထပ္ဆင့္ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ကြင္းလယ္လူ တီးလီးမန္းစ္က ကန္သြင္းၿပီး ေနာက္ခံလူ ခရက္စ္ဝဲလ္နဲ႔ ထိထြက္လာတာကို ေနာက္တစ္ႀကိမ္ ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ အိမ္ရွင္ေတြအတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရရွိခဲ့ၿပီး ဘယ္ျခမ္းကေန ဒက္ကလန္ ႐ိုက္စ္က ခ်ိဳးေပးတာကို တိုက္စစ္မႉးစစ္စစ္ႀကီးတစ္ေယာက္ျဖစ္လာခဲ့တဲ့ အန္တိုနီယိုက သူ႔ကို ကပ္ထားတဲ့ ဆိုယြန္က်ဴကို တစ္ပတ္လွည့္ထြက္ၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရွမိုက္ကယ္ ကာကြယ္ဖို႔ မတတ္ႏိုင္ဘဲ ခြင့္ျပဳခဲ့ရတာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာလည္း အန္တိုနီယိုကပဲ ေနာက္ထပ္တစ္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဝက္စ္ဟမ္းညာေနာက္ခံလူ ဆိုဖာလ္ရဲ႕ ျဖတ္တင္ေဘာက လက္စတာေနာက္ခံလူႏွစ္ဦးၾကား က်လာတာကို အဂၤလန္သားက ေျခနဲ႔ ခ်ိတ္ယူေက်ာ္ျဖတ္ၿပီး ဂိုးသမား ရွမိုက္ကယ္နဲ႔ အနီးကပ္ ေတြ႕ဆုံမႈမွာ ေျခဦးနဲ႔ ထိုးၿပီး သြင္းယူႏိုင္ခဲ့လို႔ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ သြင္းဂိုးစုစုေပါင္း ၄ ဂိုးနဲ႔ ႏွစ္ပြဲဆက္တိုက္ ႏွစ္ဂိုးရရွိမႈနဲ႔အတူ ေ႐ႊဖိနပ္ဆုမွာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ေဒးဗစ္ မြိဳက္စ္ကေတာ့ ေကာင္းမြန္တဲ့ စုဖြဲ႕မႈနဲ႔ လန္ဒန္မွာ တစ္ေက်ာ့ျပန္ ေတာက္ျပႏိုင္ခဲ့သလို ဟမ္းမားေတြအေနနဲ႔ ႏွစ္ပြဲမွာ ရဂိုး ၈ ဂိုး၊ ေပးဂိုး ၃ ဂိုးနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ သြင္းဂိုးအသာနဲ႔ ခ်ဲလ္ဆီး၊ လီဗာပူးလ္တို႔လို အသင္းႀကီးေတြကို ေက်ာ္ျဖတ္ၿပီး အဆင့္ ၁ မွာ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.