Premier League

ကျွန်မအဖေ ဘာလုပ်ပြခဲ့သလဲ ကြည့်ပါဆိုပြီး ပြောလို့ အဟားခံနေရတဲ့ အီဒူးသမီး

အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ သမီးဖြစ်သူ မာရီယာ ဂက်စ်ပါက သူ့ရဲ့ အင်စတာဂရမ်မှာ ဝေဖန်တိုက်ခိုက်နေကြသူတွေကို ကျွန်မအဖေ ဘာလုပ်ပြထားခဲ့သလဲ ကြည့်ပြီးမှ ပြောပါလို့ တင်ခဲ့တာကြောင့် ပရိသတ်တွေ အဟားခံခဲ့ရပြီး နောက်ဆုံးမှာ ပို့စ်ဖျက်ပြေးခဲ့ရကြောင်း သိရပါတယ်။

အင်စတာဂရမ်မှာ ဖော်လိုဝါ ၆၆၉၀၀၀ ကျော်ရှိတဲ့ ဘရာဇီးလ် ဆယ်လီဟာ သူ့ရဲ့ ဘိုင်အိုဂရပ်ဖီကိုတော့ အားကစားသမားလို့ တင်ထားခဲ့သလို ချဲလ်ဆီးနဲ့ ရှုံးပွဲအပြီးမှာ ဒေါသထွက်နေတဲ့ အာဆင်နယ်လူအုပ်ကြီးကို ဖြေဆေးကျွေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ လစ်ပြေးခဲ့ရတာလည်း ဖြစ်ပါတယ်။

“နေ့တိုင်းမှာ မက်ဆေ့တွေ ဝင်လာလို့ ဖြေပေးဖို့ ကြည့်လိုက်ရင် လာပြီး ကျိန်ဆဲနေတာတွေကိုပဲ တွေ့နေရတယ်။ ကျွန်မ ဘယ်လိုမှ စိတ်မရှည်နိုင်တော့ပါဘူး။ တကယ်လို့သာ ဒါတွေကို ပြန်ပြောမိရင် စိတ်က ဘယ်လိုလွတ်ပြီး ဘာတွေဖြစ်ကုန်မလဲတောင် မပြောတတ်တော့ဘူး။ ကျွန်မအဖေရဲ့ ဘဝမှာ ချီးကျူးခံရတာရော ဝေဖန်ခံရတာတွေကို ကြုံခဲ့ရဖူးပေမယ့် ဒီတစ်ခါလောက် မဆိုးသလို ဒီဘောလုံးဆိုတဲ့ အလုပ်အကိုင်ဟာ ကျွန်မအတွက်တော့ နာကျင်စရာတွေပဲ ဖြစ်နေပါတယ်”

“ကျွန်မကို ဒါတွေ ပို့နေကြတာတွေ ရပ်ကြပါတော့။ ဘာဖြစ်လို့ လူတွေက ကျွန်မနဲ့ ကျွန်မအဖေကို ကျိန်ဆဲနေကြတာလဲ။ ကျွန်မအဖေရဲ့ ဘဝမှာ ဘာတွေ အောင်မြင်မှု ရယူနိုင်ခဲ့သလဲဆိုတာတွေကို ကြည့်ပြီးမှ ပြန်ပြောကြပါ။ ဒီမှာ ဒါတွေ မပြောချင်ပေမယ့် ကျွန်မအဖေ ဘာတွေ လုပ်ပြနိုင်သလဲဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ချီးကျူးတာရော ဝေဖန်တာကိုပါ နေတတ်သလို နေနိုင်အောင် ကြိုးစားမှာပါ”လို့ အီဒူးသမီး မာရီယာ ဂက်စ်ပါက အင်စတာဂရမ်မှာ အရှည်ကြီး ရေးတင်ခဲ့တာပါ။

ဒါပေမယ့် သူ့ရဲ့ စကားက ဘယ်တုန်းကမှ အသင်းတစ်သင်းရဲ့ အဓိက ကစားသမားမဖြစ်ခဲ့တဲ့ အီဒူးအတွက်တော့ ဟားတိုက်ရယ်မောစရာ ဖြစ်ခဲ့ရပြီး အာဆင်နယ်ရဲ့ ရှုံးပွဲမရှိအသင်းက ဂန္ထဝင်ဆိုပေမယ့် ဗီယာရာနဲ့ ဂီလ်ဘာတို ဆေးလ်ဗားတို့ရဲ့ အရန်ပဲဖြစ်ခဲ့တဲ့ အချိန်မှာ Passenger လို့ ခေါ်တဲ့ ဘာအစွမ်းမှ မပြနိုင်ဘဲ ​မျှောလိုက်သူလို့ အဆိုခံခဲ့ရသလို အသင်းနဲ့ စာချုပ်သစ် သက်တမ်းမတိုးခဲ့ဘဲ ဗလင်စီယာကို ပြောင်းသွားခဲ့သလို ကိုရင်သီယန်ကနေ ပေါ်တူဂီ ပတ်စ်ပို့အတု သုံးခဲ့တာတွေကပါ အတိတ်က တူးဆွစရာတွေ ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း ဗလင်စီယာနဲ့ အောင်မြင်မှု မရသလို အာဆင်နယ်ကို နည်းစနစ်ဒါရိုက်တာဘဝနဲ့ ပြန်ရောက်လာပြီး ကိုယ်တိုင် လောက်လောက်လားလား အစွမ်းပြ ခေါ်ယူမှုမျိုးတွေ မလုပ်နိုင်သလို အေးဂျင့်တွေ ပြောသမျှ ယုံနေတဲ့ လူပျင်းလို့ အသင်းကစားသမားဟောင်းတွေဆီကပါ ပြစ်တင်ခံခဲ့ရချိန်မှာ သူခေါ်ယူပေးထားခဲ့တဲ့ ဂျင်းကစားသမားတွေက အသင်းအတွက် ထိခိုက်နစ်နာစေခဲ့ပြီး ပရိသတ်တွေကတော့ ဘယ်လိုမှ လက်မခံနိုင်ခဲ့တာပါ။

“ကဲ… အပေါင်းအသင်းတို့ရေ ဒီအတိုင်းဆိုရင်တော့ ငါ့အနေနဲ့ ဓာတ်ပုံတွေက ကွန်မန့်ရေးခွင့်တွေကို ပိတ်ပြီး လစ်မှ ရတော့မယ်ထင်တယ်။ လက်ရှိမှာ ဖောလိုးလုပ်ထားတဲ့လူတွေ ဝိုင်းပြီး စော်ကားနေကြတာတွေကို ခံနိုင်ရည် မရှိတော့ပါဘူး”လို့ ရေးအပြီးနောက်မှာတော့ ပို့စ်ပါ ဖျက်သွားခဲ့သလို Photo တွေကို Comment ပိတ်သွားခဲ့ပြီး မာရီယာ ဂက်စ်ပါတစ်ယောက် အင်စတာဂရမ်မှာပါ အသံတိတ်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ သမီးျဖစ္သူ မာရီယာ ဂက္စ္ပါက သူ႔ရဲ႕ အင္စတာဂရမ္မွာ ေဝဖန္တိုက္ခိုက္ေနၾကသူေတြကို ကြၽန္မအေဖ ဘာလုပ္ျပထားခဲ့သလဲ ၾကည့္ၿပီးမွ ေျပာပါလို႔ တင္ခဲ့တာေၾကာင့္ ပရိသတ္ေတြ အဟားခံခဲ့ရၿပီး ေနာက္ဆုံးမွာ ပို႔စ္ဖ်က္ေျပးခဲ့ရေၾကာင္း သိရပါတယ္။

အင္စတာဂရမ္မွာ ေဖာ္လိုဝါ ၆၆၉၀၀၀ ေက်ာ္ရွိတဲ့ ဘရာဇီးလ္ ဆယ္လီဟာ သူ႔ရဲ႕ ဘိုင္အိုဂရပ္ဖီကိုေတာ့ အားကစားသမားလို႔ တင္ထားခဲ့သလို ခ်ဲလ္ဆီးနဲ႔ ရႈံးပြဲအၿပီးမွာ ေဒါသထြက္ေနတဲ့ အာဆင္နယ္လူအုပ္ႀကီးကို ေျဖေဆးေကြၽးဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ လစ္ေျပးခဲ့ရတာလည္း ျဖစ္ပါတယ္။

“ေန႔တိုင္းမွာ မက္ေဆ့ေတြ ဝင္လာလို႔ ေျဖေပးဖို႔ ၾကည့္လိုက္ရင္ လာၿပီး က်ိန္ဆဲေနတာေတြကိုပဲ ေတြ႕ေနရတယ္။ ကြၽန္မ ဘယ္လိုမွ စိတ္မရွည္ႏိုင္ေတာ့ပါဘူး။ တကယ္လို႔သာ ဒါေတြကို ျပန္ေျပာမိရင္ စိတ္က ဘယ္လိုလြတ္ၿပီး ဘာေတြျဖစ္ကုန္မလဲေတာင္ မေျပာတတ္ေတာ့ဘူး။ ကြၽန္မအေဖရဲ႕ ဘဝမွာ ခ်ီးက်ဴးခံရတာေရာ ေဝဖန္ခံရတာေတြကို ႀကဳံခဲ့ရဖူးေပမယ့္ ဒီတစ္ခါေလာက္ မဆိုးသလို ဒီေဘာလုံးဆိုတဲ့ အလုပ္အကိုင္ဟာ ကြၽန္မအတြက္ေတာ့ နာက်င္စရာေတြပဲ ျဖစ္ေနပါတယ္”

“ကြၽန္မကို ဒါေတြ ပို႔ေနၾကတာေတြ ရပ္ၾကပါေတာ့။ ဘာျဖစ္လို႔ လူေတြက ကြၽန္မနဲ႔ ကြၽန္မအေဖကို က်ိန္ဆဲေနၾကတာလဲ။ ကြၽန္မအေဖရဲ႕ ဘဝမွာ ဘာေတြ ေအာင္ျမင္မႈ ရယူႏိုင္ခဲ့သလဲဆိုတာေတြကို ၾကည့္ၿပီးမွ ျပန္ေျပာၾကပါ။ ဒီမွာ ဒါေတြ မေျပာခ်င္ေပမယ့္ ကြၽန္မအေဖ ဘာေတြ လုပ္ျပႏိုင္သလဲဆိုတာ ကြၽန္မ ေကာင္းေကာင္းသိတယ္။ ခ်ီးက်ဴးတာေရာ ေဝဖန္တာကိုပါ ေနတတ္သလို ေနႏိုင္ေအာင္ ႀကိဳးစားမွာပါ”လို႔ အီဒူးသမီး မာရီယာ ဂက္စ္ပါက အင္စတာဂရမ္မွာ အရွည္ႀကီး ေရးတင္ခဲ့တာပါ။

ဒါေပမယ့္ သူ႔ရဲ႕ စကားက ဘယ္တုန္းကမွ အသင္းတစ္သင္းရဲ႕ အဓိက ကစားသမားမျဖစ္ခဲ့တဲ့ အီဒူးအတြက္ေတာ့ ဟားတိုက္ရယ္ေမာစရာ ျဖစ္ခဲ့ရၿပီး အာဆင္နယ္ရဲ႕ ရႈံးပြဲမရွိအသင္းက ဂႏၴဝင္ဆိုေပမယ့္ ဗီယာရာနဲ႔ ဂီလ္ဘာတို ေဆးလ္ဗားတို႔ရဲ႕ အရန္ပဲျဖစ္ခဲ့တဲ့ အခ်ိန္မွာ Passenger လို႔ ေခၚတဲ့ ဘာအစြမ္းမွ မျပႏိုင္ဘဲ ​ေမွ်ာလိုက္သူလို႔ အဆိုခံခဲ့ရသလို အသင္းနဲ႔ စာခ်ဳပ္သစ္ သက္တမ္းမတိုးခဲ့ဘဲ ဗလင္စီယာကို ေျပာင္းသြားခဲ့သလို ကိုရင္သီယန္ကေန ေပၚတူဂီ ပတ္စ္ပို႔အတု သုံးခဲ့တာေတြကပါ အတိတ္က တူးဆြစရာေတြ ျဖစ္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာလည္း ဗလင္စီယာနဲ႔ ေအာင္ျမင္မႈ မရသလို အာဆင္နယ္ကို နည္းစနစ္ဒါ႐ိုက္တာဘဝနဲ႔ ျပန္ေရာက္လာၿပီး ကိုယ္တိုင္ ေလာက္ေလာက္လားလား အစြမ္းျပ ေခၚယူမႈမ်ိဳးေတြ မလုပ္ႏိုင္သလို ေအးဂ်င့္ေတြ ေျပာသမွ် ယုံေနတဲ့ လူပ်င္းလို႔ အသင္းကစားသမားေဟာင္းေတြဆီကပါ ျပစ္တင္ခံခဲ့ရခ်ိန္မွာ သူေခၚယူေပးထားခဲ့တဲ့ ဂ်င္းကစားသမားေတြက အသင္းအတြက္ ထိခိုက္နစ္နာေစခဲ့ၿပီး ပရိသတ္ေတြကေတာ့ ဘယ္လိုမွ လက္မခံႏိုင္ခဲ့တာပါ။

“ကဲ… အေပါင္းအသင္းတို႔ေရ ဒီအတိုင္းဆိုရင္ေတာ့ ငါ့အေနနဲ႔ ဓာတ္ပုံေတြက ကြန္မန႔္ေရးခြင့္ေတြကို ပိတ္ၿပီး လစ္မွ ရေတာ့မယ္ထင္တယ္။ လက္ရွိမွာ ေဖာလိုးလုပ္ထားတဲ့လူေတြ ဝိုင္းၿပီး ေစာ္ကားေနၾကတာေတြကို ခံႏိုင္ရည္ မရွိေတာ့ပါဘူး”လို႔ ေရးအၿပီးေနာက္မွာေတာ့ ပို႔စ္ပါ ဖ်က္သြားခဲ့သလို Photo ေတြကို Comment ပိတ္သြားခဲ့ၿပီး မာရီယာ ဂက္စ္ပါတစ္ေယာက္ အင္စတာဂရမ္မွာပါ အသံတိတ္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.