Premier League Serie A Transfer News

ဟာရီကိန်းအတွက် နောက်ဆုံးကြိုးစားလိုက်တဲ့ မန်စီးတီးတို့ အရန်အစီအစဉ် ဘာရှိနေသလဲ

တော့တင်ဟမ်ဟော့စပါးစ်တိုက်စစ်မှူး ဟာရီကိန်းအတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုအဖြစ် ယူရိုသန်း ၁၅၀ နဲ့ ကမ်းလှမ်းလိုက်တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကြိုးစားမှုကသာ ငွေမက်လွန်းတဲ့ မြောက်လန်ဒန်အသင်းဥက္ကဋ္ဌ ဒန်နီယယ်လ် လီဗိုင်းရဲ့ ပယ်ချမှုနဲ့ပဲ အဆုံးသတ်ခဲ့ရရင် ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာကို စဉ်းစားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ မိုလီနူးကွင်းက တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လှောင်ပြောင်ခံခဲ့ရတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်း အနေနဲ့ ဝှိုက်ဟတ်လိန်းကွင်းသစ်ကနေ ထွက်ခွာချင်နေတာ မှန်ပေမယ့် အသင်းက ခွင့်မပြုရင် ဘောလုံးလောကရဲ့ သဘောသဘာဝအရ ကွင်းထဲမှာ စိတ်မပါတဲ့ ပုံစံမျိုးနဲ့ လျှော့ကန်တာမျိုးကလွဲပြီး ဘာမှ လုပ်လို့မရဘဲ ဆက်နေသွားရမှာလည်းဖြစ်နေပါတယ်။

ဒီအချိန်မှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ အာဆင်နယ်အသင်းက ရောင်းထုတ်ချင်နေတဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းကို ခေါ်ယူဖို့ ကြိုးစားတော့မယ်လို့ သတင်းတွေ ထွက်လာခဲ့သလို တန်းဆင်းဇုန်ကို ရောက်နေတဲ့ မြောက်လန်ဒန်နောက်တစ်သင်းအနေနဲ့ သူတို့ရဲ့ အသက် ၃၁ နှစ်အရွယ် ဂါဘွန်တိုက်စစ်မှူးကို ပေါင် ၄၅ သန်းရရင် ရောင်းချသွားဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

နောက်ထပ် ရွေးချယ်စရာတစ်ခုအနေနဲ့တော့ အစ်တီဟတ်တာဝန်ရှိသူတွေအနေနဲ့ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ်မရှိတော့ဘဲ ပြီးခဲ့တဲ့ အူဒီးနီးစီးနဲ့ပွဲမှာ အရန်ခုံကို ရောက်ရှိနေခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုလည်း ခေါ်ယူသွားဖို့ စောင့်ကြည့်နေခဲ့ပါတယ်။

အူဘာမီယန်းထက် ၄ နှစ်ပိုကြီးပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ပိုသက်သာမယ့် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ပေါ်တူဂီသားကြီးအနေနဲ့ တူရင်ကနေ ထွက်ခွာမယ်ဆိုရင် မန်စီးတီးနဲ့ ပီအက်စ်ဂျီနှစ်သင်းပဲဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး ပက်ပ် ဂွါဒီယိုလာအနေနဲ့ ဟာရီကိန်းအတွက် တစ်နှစ်ထပ်စောင့်ချင်တယ်ဆိုရင် ရေတိုခေါ်ယူဖို့ အသုံးအဝင်ဆုံး ကစားသမားလည်းဖြစ်နိုင်ပါတယ်။

ဂွါဒီယိုလာကတော့ သူ့ရဲ့ အသင်းမှာ ဆာဂျီယို အဂွေရို ထွက်ခွာသွားပြီး ဟာရီကိန်း ရောက်မလာခဲ့ရင်တောင် အရန်သင့် သုံးစွဲနိုင်မယ့် တိုက်စစ်မှူးသုံးဦးရှိတယ်လို့ ရက်ပိုင်းအတွင်းက ပြောထားခဲ့ပြီး ဖယ်ရန် တောရက်စ်၊ ရာဟင်းမ် စတာလင်နဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ဟာ အသင်းရဲ့ ရှေ့တန်းသုံးယောက်နေရာတွေမှာ ဘယ်နေရာမဆို အံဝင်နိုင်တယ်လို့ ဆိုခဲ့သလို ဂရီးလစ်ရှ်ကို တောင်ပံမှာ သုံးသွားဖို့လည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ နော့ဝစ်ချ်နဲ့ပွဲမှာ ညာတောင်ပံမှာ ခြေစွမ်းပြခဲ့ပြီး အရင်ကလည်း တောင်ပံမှာ ကစားလိုတယ်လို့ ဆိုထားဖူးတဲ့ ဂျေဆူးစ်ကြောင့် နောက်ထပ် တိုက်စစ်မှူးသစ် ရောက်လာမယ်ဆိုရင်လည်း နေရာလုဖို့ စိတ်ပူစရာမရှိတာကြောင့် ဘယ်လိုပုံစံပဲဖြစ်လာဖြစ်လာ မန်စီးတီးတို့အတွက် အဆင်ပြေနိုင်ပြီး လူထပ်မခေါ်ဘူးဆိုရင်တော့ ပရိသတ်တွေရဲ့ စိတ်ပျက်မှု တစ်ခုကိုသာ ဖြေရှင်းရဖွယ်ရှိနေကြောင်းလည်း သုံးသပ်ထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္တိုက္စစ္မႉး ဟာရီကိန္းအတြက္ ေနာက္ဆုံးအႀကိမ္ ကမ္းလွမ္းမႈအျဖစ္ ယူ႐ိုသန္း ၁၅၀ နဲ႔ ကမ္းလွမ္းလိုက္တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ႀကိဳးစားမႈကသာ ေငြမက္လြန္းတဲ့ ေျမာက္လန္ဒန္အသင္းဥကၠ႒ ဒန္နီယယ္လ္ လီဗိုင္းရဲ႕ ပယ္ခ်မႈနဲ႔ပဲ အဆုံးသတ္ခဲ့ရရင္ ဘယ္လို ေရွ႕ဆက္သြားမလဲဆိုတာကို စဥ္းစားလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ မိုလီႏူးကြင္းက တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ေလွာင္ေျပာင္ခံခဲ့ရတဲ့ အဂၤလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ဟာရီကိန္း အေနနဲ႔ ဝႈိက္ဟတ္လိန္းကြင္းသစ္ကေန ထြက္ခြာခ်င္ေနတာ မွန္ေပမယ့္ အသင္းက ခြင့္မျပဳရင္ ေဘာလုံးေလာကရဲ႕ သေဘာသဘာဝအရ ကြင္းထဲမွာ စိတ္မပါတဲ့ ပုံစံမ်ိဳးနဲ႔ ေလွ်ာ့ကန္တာမ်ိဳးကလြဲၿပီး ဘာမွ လုပ္လို႔မရဘဲ ဆက္ေနသြားရမွာလည္းျဖစ္ေနပါတယ္။

ဒီအခ်ိန္မွာ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အာဆင္နယ္အသင္းက ေရာင္းထုတ္ခ်င္ေနတဲ့ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ေခၚယူဖို႔ ႀကိဳးစားေတာ့မယ္လို႔ သတင္းေတြ ထြက္လာခဲ့သလို တန္းဆင္းဇုန္ကို ေရာက္ေနတဲ့ ေျမာက္လန္ဒန္ေနာက္တစ္သင္းအေနနဲ႔ သူတို႔ရဲ႕ အသက္ ၃၁ ႏွစ္အ႐ြယ္ ဂါဘြန္တိုက္စစ္မႉးကို ေပါင္ ၄၅ သန္းရရင္ ေရာင္းခ်သြားဖို႔ စီစဥ္ေနတယ္လို႔လည္း ဆိုပါတယ္။

ေနာက္ထပ္ ေ႐ြးခ်ယ္စရာတစ္ခုအေနနဲ႔ေတာ့ အစ္တီဟတ္တာဝန္ရွိသူေတြအေနနဲ႔ စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းဘက္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အစီအစဥ္မရွိေတာ့ဘဲ ၿပီးခဲ့တဲ့ အူဒီးနီးစီးနဲ႔ပြဲမွာ အရန္ခုံကို ေရာက္ရွိေနခဲ့တဲ့ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကိုလည္း ေခၚယူသြားဖို႔ ေစာင့္ၾကည့္ေနခဲ့ပါတယ္။

အူဘာမီယန္းထက္ ၄ ႏွစ္ပိုႀကီးၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀ ပိုသက္သာမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ေပၚတူဂီသားႀကီးအေနနဲ႔ တူရင္ကေန ထြက္ခြာမယ္ဆိုရင္ မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီႏွစ္သင္းပဲျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းေနၾကၿပီး ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ဟာရီကိန္းအတြက္ တစ္ႏွစ္ထပ္ေစာင့္ခ်င္တယ္ဆိုရင္ ေရတိုေခၚယူဖို႔ အသုံးအဝင္ဆုံး ကစားသမားလည္းျဖစ္ႏိုင္ပါတယ္။

ဂြါဒီယိုလာကေတာ့ သူ႔ရဲ႕ အသင္းမွာ ဆာဂ်ီယို အေဂြ႐ို ထြက္ခြာသြားၿပီး ဟာရီကိန္း ေရာက္မလာခဲ့ရင္ေတာင္ အရန္သင့္ သုံးစြဲႏိုင္မယ့္ တိုက္စစ္မႉးသုံးဦးရွိတယ္လို႔ ရက္ပိုင္းအတြင္းက ေျပာထားခဲ့ၿပီး ဖယ္ရန္ ေတာရက္စ္၊ ရာဟင္းမ္ စတာလင္နဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တို႔ဟာ အသင္းရဲ႕ ေရွ႕တန္းသုံးေယာက္ေနရာေတြမွာ ဘယ္ေနရာမဆို အံဝင္ႏိုင္တယ္လို႔ ဆိုခဲ့သလို ဂရီးလစ္ရွ္ကို ေတာင္ပံမွာ သုံးသြားဖို႔လည္း ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ ညာေတာင္ပံမွာ ေျခစြမ္းျပခဲ့ၿပီး အရင္ကလည္း ေတာင္ပံမွာ ကစားလိုတယ္လို႔ ဆိုထားဖူးတဲ့ ေဂ်ဆူးစ္ေၾကာင့္ ေနာက္ထပ္ တိုက္စစ္မႉးသစ္ ေရာက္လာမယ္ဆိုရင္လည္း ေနရာလုဖို႔ စိတ္ပူစရာမရွိတာေၾကာင့္ ဘယ္လိုပုံစံပဲျဖစ္လာျဖစ္လာ မန္စီးတီးတို႔အတြက္ အဆင္ေျပႏိုင္ၿပီး လူထပ္မေခၚဘူးဆိုရင္ေတာ့ ပရိသတ္ေတြရဲ႕ စိတ္ပ်က္မႈ တစ္ခုကိုသာ ေျဖရွင္းရဖြယ္ရွိေနေၾကာင္းလည္း သုံးသပ္ထားၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.