Analysis Ligue1

ပီအက်စ်ဂျီမှာ မက်ဆီ နာမည်ကောင်းရဖို့ ကူညီနိုင်မယ့် အသင်းဖော် ၅ ဦး

လီယွန်နယ် မက်ဆီဆိုတာ ဘာစီလိုနာမှာ အသင်းဖော်တွေကို ဦးဆောင်ပြီး တစ်ကိုယ်တော်ရုန်းခဲ့တဲ့ ထိပ်တန်း ကစားသမားဖြစ်ပေမယ့် အသက် ၃၄ နှစ်အရွယ်၊ နယ်မြေသစ်၊ အသင်းသစ်မှာတော့ အောင်မြင်နိုင်ဖို့ အထောက်အပံ့တွေ လိုမှာဖြစ်ပြီး ဝေဖန်နေကြတဲ့သူတွေကို အသံတိတ်သွားစေဖို့က သူတစ်ယောက်တည်းထက် အင်အားစုစည်းရမှာဖြစ်ပြီး ပီအက်စ်ဂျီရဲ့ ဆုဖလားတွေနဲ့ သူ့ရဲ့ နာမည်ကောင်းက ထပ်တူကျနေစေဖို့ ကူညီပေးနိုင်မယ့်သူ ၅ ဦးကို ဖော်ပြလိုက်ပါတယ်။

၅။ ဂျန်လွီဂီ ဒွန်နာရမ်မာ (ဂိုး)
အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ဆုဖလားကြီးကို ချန်ပီယံအဖြစ် သိမ်းပိုက်ရာမှာ သူ့ရဲ့ လက်စွမ်းတွေက ပွဲချိန်တွင်း ဂိုးတွေကို တားဆီးခဲ့တဲ့အပြင် စပိန်၊ အင်္ဂလန်တို့နဲ့ ပင်နယ်တီကန်သွင်းမှုတွေမှာ လက်စွမ်းပြခဲ့ပြီး ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့ချိန်မှာတော့ ဆက်လက်တောက်ပနိုင်ဖို့ ရှိနေသလို ရှေ့က မက်ဆီတို့ တိုက်စစ်အုပ်စု သွင်းယူသမျှက အသင်းအတွက် အသာစီးဖြစ်အောင် ကာကွယ်ပေးနိုင်မယ်လို့ ယူဆနေကြပါတယ်။

၄။ မားကင်ညို့စ် (နောက်တန်း/အသင်းခေါင်းဆောင်)
ပီအက်စ်ဂျီကို သီယာဂို ဆေးလ်ဗားလက်ထဲကနေ လွှဲပြောင်းခေါင်းဆောင်ခဲ့တဲ့ ဘရာဇီးလ်သားကတော့ လီဂူးဝမ်းနဲ့ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး အသင်းရဲ့ ခံစစ်ကို ထိန်းချုပ်မောင်းနှင်နိုင်သလို လိုအပ်ချိန်တွေမှာလည်း တည်ကန်ဘောတွေကို ဂိုးအဖြစ် ရှေ့တက် ပြောင်းလဲနိုင်သူပါ။ သူ့ရဲ့ သွင်းဂိုးတွေက ပြိုင်ပွဲကြီးတွေမှာ ပိုမိုရရှိတတ်သလို မက်ဆီရဲ့ ဖရီးကစ်တွေ၊ ထောင့်ကန်ဘောတွေကို အသုံးချပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

၃။ မာကို ဗာရက်တီ (ကွင်းလယ်)
ကွင်းလယ်မှာ ကိုယ်လုံးကိုယ်ထည်သေးငယ်လို့တော့ အထင်သေးလို့ မရသူတွေထဲမှာ ဗာရက်တီကလည်း တစ်ဦးအပါအဝင်ပါ။ အဖျက်အပို့ စွယ်စုံရတဲ့ အီတလီသားဟာ ပါရီမြေမှာ ၂၀၁၂ ခုနှစ်ကတည်းက စတင်ကစားခဲ့သူဖြစ်ပြီး မက်ဆီအတွက်တော့ ကွင်းလယ်မှာ သူ့ကို အလိုက်တသိ ပံ့ပိုးပေးမယ့် နောက်ထပ် ဇာဗီတစ်ယောက်ဖြစ်လာမလားလို့ မျှော်လင့်နိုင်သလို ၂၈ နှစ်သားအနေနဲ့ အီတလီမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးနဲ့ ချန်ပီယံလိဂ် အောင်မြင်မှုကို ယူပေးနိုင်မလား ရင်ခုန်ချင်စရာဖြစ်ပါတယ်။

၂။ ခီလီယန် အမ်ဘာပေ (တိုက်စစ်မှူး)
တိုက်စစ်ပိုင်းမှာ ဖန်တီးသူအဖြစ်ကလွဲလို့ နေရာစုံကစားနိုင်တဲ့ အမ်ဘာပေဟာ ပီအက်စ်ဂျီရဲ့ ပေါက်ကွဲအားတစ်ခုဖြစ်ပြီး သူ့ရဲ့ မြန်နှုန်းမြင့် ပြေးလွှားမှုတွေက ရှေ့တက်ဖျက်ထုတ်မယ့် ဂိုးသမားတွေအတွက်ပါ အိပ်မက်ဆိုးတစ်ခုလည်းဖြစ်နေခဲ့တာပါ။ ဂိုးသွင်းအဆုံးသတ်မှုပိုင်းမှာ သေသပ်မှု အနည်းငယ် လိုအပ်နေသေးပေမယ့် မက်ဆီနဲ့ ပေါင်းစပ်လိုက်ရင်တော့ နောက်ထပ် လူးဝစ် ဆွာရက်ဇ်တစ်ယောက်ကို မြင်ရဖွယ်ရှိပြီး တိုးတက်လာနိုင်တဲ့ ဂိုးသွင်းနှုန်းတွေကလည်း ပါရီသားတွေကို လှပတင့်တယ်စေနိုင်ပါလိမ့်မယ်။

၁။ နေမာ (ဘယ်တောင်ပံတိုက်စစ်)
ဘာစီလိုနာမှာ အတွဲအဖက်ညီခဲ့တဲ့ ၂၉ နှစ်သား ဘရာဇီးလ်တိုက်စစ်မှူးနဲ့တော့ မက်ဆီတို့ကြားမှာ ဘယ်လိုတွဲကစားမယ်ဆိုတာ တိုင်ပင်ဖို့ မလိုအပ်လောက်ဘူးလို့ ယူဆရပါတယ်။ နေမာ ဘာကြိုက်တယ်ဆိုတာ မက်ဆီက သိနေသလို ဘယ်တောင်ပံကနေ အပြန်အလှန်နေတဲ့ ဘယ်လိုပြန်ပြီး ကျေးဇူးတုံ့ပြန်ရမယ်ဆိုတာကိုလည်း သူက သိနေမှာပါ။ ဘာစီလိုနာမှာတုန်းက မက်ဆီကို ဦးစားပေးခံရမှုကို ဒီတစ်ကြိမ်မှာ သူ့အနေနဲ့ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်ကို ရပ်တန့်ဖို့က ခက်ခဲကြမှာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီကို သူ့ရဲ့ နိုင်ငံအသင်းဖော် ဒီမာရီယာကလည်း ကူညီမှု ပေးစွမ်းနိုင်ပြီး အသင်းမှာ ရှိတဲ့ အာဂျင်တီးနားသားတွေဖြစ်ကြတဲ့ ကွင်းလယ်လူ ပါရေးဒက်စ်နဲ့ နည်းပြ ပိုချက်တီနိုတို့ကလည်း ထောက်ပံ့ပေးကြမှာဖြစ်သလို သူနဲ့ တွဲကစားဖို့ နောက်ပိုင်းနှစ်တွေမှာ ပျောက်ဆုံးနေခဲ့တဲ့ ထိပ်တန်း ညာနောက်ခံလူအဖြစ်လည်း ဟာကီမီက ဒါနီ အဲလ်ဗက်စ်လိုမျိုး ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး တစ်ခါလောက်တော့ တွဲကစားချင်တယ်လို့ ထုတ်ဖော်ထားပြီး ဆန္ဒပြည့်ဝသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက်ဟောင်း ဆာဂျီယို ရာမို့စ်ရဲ့ အတွေ့အကြုံတွေကလည်း GOAT နဲ့ PSG တို့ အောင်မြင်ဖို့ လုံလောက်စေနိုင်တယ်လို့လည်း သုံးသပ်ထားကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီယြန္နယ္ မက္ဆီဆိုတာ ဘာစီလိုနာမွာ အသင္းေဖာ္ေတြကို ဦးေဆာင္ၿပီး တစ္ကိုယ္ေတာ္႐ုန္းခဲ့တဲ့ ထိပ္တန္း ကစားသမားျဖစ္ေပမယ့္ အသက္ ၃၄ ႏွစ္အ႐ြယ္၊ နယ္ေျမသစ္၊ အသင္းသစ္မွာေတာ့ ေအာင္ျမင္ႏိုင္ဖို႔ အေထာက္အပံ့ေတြ လိုမွာျဖစ္ၿပီး ေဝဖန္ေနၾကတဲ့သူေတြကို အသံတိတ္သြားေစဖို႔က သူတစ္ေယာက္တည္းထက္ အင္အားစုစည္းရမွာျဖစ္ၿပီး ပီအက္စ္ဂ်ီရဲ႕ ဆုဖလားေတြနဲ႔ သူ႔ရဲ႕ နာမည္ေကာင္းက ထပ္တူက်ေနေစဖို႔ ကူညီေပးႏိုင္မယ့္သူ ၅ ဦးကို ေဖာ္ျပလိုက္ပါတယ္။

၅။ ဂ်န္လြီဂီ ဒြန္နာရမ္မာ (ဂိုး)
အီတလီအသင္းနဲ႔ ယူ႐ို ၂၀၂၀ ဆုဖလားႀကီးကို ခ်န္ပီယံအျဖစ္ သိမ္းပိုက္ရာမွာ သူ႔ရဲ႕ လက္စြမ္းေတြက ပြဲခ်ိန္တြင္း ဂိုးေတြကို တားဆီးခဲ့တဲ့အျပင္ စပိန္၊ အဂၤလန္တို႔နဲ႔ ပင္နယ္တီကန္သြင္းမႈေတြမွာ လက္စြမ္းျပခဲ့ၿပီး ပီအက္စ္ဂ်ီကို ေရာက္ရွိလာခဲ့ခ်ိန္မွာေတာ့ ဆက္လက္ေတာက္ပႏိုင္ဖို႔ ရွိေနသလို ေရွ႕က မက္ဆီတို႔ တိုက္စစ္အုပ္စု သြင္းယူသမွ်က အသင္းအတြက္ အသာစီးျဖစ္ေအာင္ ကာကြယ္ေပးႏိုင္မယ္လို႔ ယူဆေနၾကပါတယ္။

၄။ မားကင္ညိဳ႕စ္ (ေနာက္တန္း/အသင္းေခါင္းေဆာင္)
ပီအက္စ္ဂ်ီကို သီယာဂို ေဆးလ္ဗားလက္ထဲကေန လႊဲေျပာင္းေခါင္းေဆာင္ခဲ့တဲ့ ဘရာဇီးလ္သားကေတာ့ လီဂူးဝမ္းနဲ႔ ကမာၻ႔အေကာင္းဆုံး ဗဟိုခံစစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး အသင္းရဲ႕ ခံစစ္ကို ထိန္းခ်ဳပ္ေမာင္းႏွင္ႏိုင္သလို လိုအပ္ခ်ိန္ေတြမွာလည္း တည္ကန္ေဘာေတြကို ဂိုးအျဖစ္ ေရွ႕တက္ ေျပာင္းလဲႏိုင္သူပါ။ သူ႔ရဲ႕ သြင္းဂိုးေတြက ၿပိဳင္ပြဲႀကီးေတြမွာ ပိုမိုရရွိတတ္သလို မက္ဆီရဲ႕ ဖရီးကစ္ေတြ၊ ေထာင့္ကန္ေဘာေတြကို အသုံးခ်ေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

၃။ မာကို ဗာရက္တီ (ကြင္းလယ္)
ကြင္းလယ္မွာ ကိုယ္လုံးကိုယ္ထည္ေသးငယ္လို႔ေတာ့ အထင္ေသးလို႔ မရသူေတြထဲမွာ ဗာရက္တီကလည္း တစ္ဦးအပါအဝင္ပါ။ အဖ်က္အပို႔ စြယ္စုံရတဲ့ အီတလီသားဟာ ပါရီေျမမွာ ၂၀၁၂ ခုႏွစ္ကတည္းက စတင္ကစားခဲ့သူျဖစ္ၿပီး မက္ဆီအတြက္ေတာ့ ကြင္းလယ္မွာ သူ႔ကို အလိုက္တသိ ပံ့ပိုးေပးမယ့္ ေနာက္ထပ္ ဇာဗီတစ္ေယာက္ျဖစ္လာမလားလို႔ ေမွ်ာ္လင့္ႏိုင္သလို ၂၈ ႏွစ္သားအေနနဲ႔ အီတလီမွာ ျပသခဲ့တဲ့ ေျခစြမ္းမ်ိဳးနဲ႔ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈကို ယူေပးႏိုင္မလား ရင္ခုန္ခ်င္စရာျဖစ္ပါတယ္။

၂။ ခီလီယန္ အမ္ဘာေပ (တိုက္စစ္မႉး)
တိုက္စစ္ပိုင္းမွာ ဖန္တီးသူအျဖစ္ကလြဲလို႔ ေနရာစုံကစားႏိုင္တဲ့ အမ္ဘာေပဟာ ပီအက္စ္ဂ်ီရဲ႕ ေပါက္ကြဲအားတစ္ခုျဖစ္ၿပီး သူ႔ရဲ႕ ျမန္ႏႈန္းျမင့္ ေျပးလႊားမႈေတြက ေရွ႕တက္ဖ်က္ထုတ္မယ့္ ဂိုးသမားေတြအတြက္ပါ အိပ္မက္ဆိုးတစ္ခုလည္းျဖစ္ေနခဲ့တာပါ။ ဂိုးသြင္းအဆုံးသတ္မႈပိုင္းမွာ ေသသပ္မႈ အနည္းငယ္ လိုအပ္ေနေသးေပမယ့္ မက္ဆီနဲ႔ ေပါင္းစပ္လိုက္ရင္ေတာ့ ေနာက္ထပ္ လူးဝစ္ ဆြာရက္ဇ္တစ္ေယာက္ကို ျမင္ရဖြယ္ရွိၿပီး တိုးတက္လာႏိုင္တဲ့ ဂိုးသြင္းႏႈန္းေတြကလည္း ပါရီသားေတြကို လွပတင့္တယ္ေစႏိုင္ပါလိမ့္မယ္။

၁။ ေနမာ (ဘယ္ေတာင္ပံတိုက္စစ္)
ဘာစီလိုနာမွာ အတြဲအဖက္ညီခဲ့တဲ့ ၂၉ ႏွစ္သား ဘရာဇီးလ္တိုက္စစ္မႉးနဲ႔ေတာ့ မက္ဆီတို႔ၾကားမွာ ဘယ္လိုတြဲကစားမယ္ဆိုတာ တိုင္ပင္ဖို႔ မလိုအပ္ေလာက္ဘူးလို႔ ယူဆရပါတယ္။ ေနမာ ဘာႀကိဳက္တယ္ဆိုတာ မက္ဆီက သိေနသလို ဘယ္ေတာင္ပံကေန အျပန္အလွန္ေနတဲ့ ဘယ္လိုျပန္ၿပီး ေက်းဇူးတုံ႔ျပန္ရမယ္ဆိုတာကိုလည္း သူက သိေနမွာပါ။ ဘာစီလိုနာမွာတုန္းက မက္ဆီကို ဦးစားေပးခံရမႈကို ဒီတစ္ႀကိမ္မွာ သူ႔အေနနဲ႔ ျပန္လည္ရရွိႏိုင္မွာ ျဖစ္ၿပီး ပီအက္စ္ဂ်ီတိုက္စစ္ကို ရပ္တန႔္ဖို႔က ခက္ခဲၾကမွာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ မက္ဆီကို သူ႔ရဲ႕ ႏိုင္ငံအသင္းေဖာ္ ဒီမာရီယာကလည္း ကူညီမႈ ေပးစြမ္းႏိုင္ၿပီး အသင္းမွာ ရွိတဲ့ အာဂ်င္တီးနားသားေတြျဖစ္ၾကတဲ့ ကြင္းလယ္လူ ပါေရးဒက္စ္နဲ႔ နည္းျပ ပိုခ်က္တီႏိုတို႔ကလည္း ေထာက္ပံ့ေပးၾကမွာျဖစ္သလို သူနဲ႔ တြဲကစားဖို႔ ေနာက္ပိုင္းႏွစ္ေတြမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ထိပ္တန္း ညာေနာက္ခံလူအျဖစ္လည္း ဟာကီမီက ဒါနီ အဲလ္ဗက္စ္လိုမ်ိဳး ပံ့ပိုးေပးႏိုင္မွာျဖစ္ၿပီး တစ္ခါေလာက္ေတာ့ တြဲကစားခ်င္တယ္လို႔ ထုတ္ေဖာ္ထားၿပီး ဆႏၵျပည့္ဝသြားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္က ၿပိဳင္ဘက္ေဟာင္း ဆာဂ်ီယို ရာမို႔စ္ရဲ႕ အေတြ႕အႀကဳံေတြကလည္း GOAT နဲ႔ PSG တို႔ ေအာင္ျမင္ဖို႔ လုံေလာက္ေစႏိုင္တယ္လို႔လည္း သုံးသပ္ထားၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.