Analysis Premier League

အာဆင်နယ်ကို အနိုင်ယူရုံမဟုတ်ဘဲ သူတို့ဂန္ထဝင်ကိုပါ အသာစီးယူပြခဲ့တဲ့ လူကာကူး

ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နောက်ဆုံးကစားခဲ့ပြီး အင်္ဂလန်မြေကို အသင်းဟောင်း ချဲလ်ဆီးနဲ့ တစ်ကျော့ပြန်နင်းတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးဟာ ဒီနေ့ပွဲမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ပြီး အသင်းဖော်သစ်တွေနဲ့ အလျင်အမြန် အထိုင်ကျခဲ့သလို အာဆင်နယ်အသင်းကိုလည်း ကောင်းကောင်းဒုက္ခပေးသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ အဖွင့်ဂိုးတစ်ဂိုး သွင်းယူခဲ့သလို ဂိုးရနိုင်ခွင့်တွေသာ သေချာခဲ့ရင် ဟက်ထရစ်လောက် ရနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ အာဆင်နယ်ခံစစ်တွေကို အနားမသီနိုင်အောင် နှိပ်ကွပ်ခဲ့ပြီး Marvel ကောမစ်တွေထဲက ထူးထူးခြားခြား သန်စွမ်းသူ Superhero တွေဖြစ်ကြတဲ့ Hulk နဲ့ Juggernaut တို့လိုမျိုး တားဆီးသူတွေကို ပြိုလဲစေခဲ့တာလည်းဖြစ်ပါတယ်။

ဒီသွင်းဂိုးကတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်စေဖို့ အစပျိုးခဲ့တဲ့ သက်ရောက်မှုကြီးတစ်ခုဖြစ်ခဲ့သလို မြောက်လန်ဒန်သားတွေအတွက် နောက်ထပ် မခံချိ မခံသာဖြစ်စရာတစ်ခုကတော့ လူကာကူးဟာ ဒီသွင်းဂိုးနဲ့အတူ ဂန်းနားဂန္ထဝင် တိုက်စစ်မှူးကြီး အီယန်ရိုက်ကို အသာစီးယူသွားနိုင်တာလည်းဖြစ်ပါတယ်။

ဝက်စ်ဘရွန်း၊ အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ ကစားပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၁၃ ဂိုးရယူခဲ့တဲ့ လူကာကူးဟာ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ ၁၁၃ ဂိုးရယူထားခဲ့တဲ့ အီယန်ရိုက်နဲ့ ဂိုးသွင်းအများဆုံး နံပါတ် ၂၀ မှာ ဒီပွဲမတိုင်ခင် ပူးတွဲရပ်တည်နေခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးက ချဲလ်ဆီးနဲ့ ၁၁ ပွဲမြောက်မှာ ၁ ဂိုးစတင်ရရှိခဲ့သလို ၁၁၄ ဂိုးအထိ စုဆောင်းမိခဲ့တာပါ။

ဒီဂိုးရရှိအပြီးမှာ အဆင့် ၂၀ မှာ ဆက်လက်ရပ်တည်နေပြီး အာဆင်နယ်ဂန္ထဝင်ကို အဆင့် ၂၁ ဆီ တွန်းချလိုက်တဲ့ လူကာကူးကတော့ နောက်ထပ် နီးစပ်တဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ သွားနေဆဲ အဆင့် ၁၉ က ဂျေမီ ဗာဒီ(၁၁၉ ဂိုး)နဲ့ ရပ်နေတဲ့ အဆင့် ၁၈ က စတီဗင် ဂျရတ်(၁၂၀ ဂိုး)တို့ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းရမှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ လက်ရှိကစားနေဆဲ ကစားသမားတွေထဲမှာ ဂိုးအများဆုံး သွင်းထားနိုင်သူကတော့ တော့တင်ဟမ် ဟော့စပါးစ်အသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ရေပန်းစားနေတဲ့ တိုက်စစ်မှူး ဟာရီကိန်း(၁၆၆ ဂိုး)ပဲဖြစ်ပြီး သူ့ကိုတော့ လူကာကူးအနေနဲ့ လိုက်မီနိုင်ဖို့က ဒီပြိုင်ပွဲကနေ ထွက်မသွားမချင်းတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆနိုင်တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ရပ်နေသူတွေကိုတော့ ကျော်ဖြတ်ဖို့ ကြိုးစားနိုင်မှာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံစိန်ခေါ်မှုပြေးလမ်းမှာ တကယ်လို့ အဲဗာတန်ကလို အမြင့်ဆုံး စံချိန် ၂၅ ဂိုးရခဲ့ရင် အသင်းတိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟတ်ဆယ်လ်ဘိန့်ခ်ကို ကျော်ဖြတ်ပြီး အဆင့် ၁၄ အထိ တက်လှမ်းနိုင်မှာဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ မြင့်မားတဲ့ ဂိုးသွင်းနှုန်းမျိုးဖြစ်တဲ့ နောက်ထပ် ဂိုး ၃၀ သာ ရရှိခဲ့မယ်ဆိုရင်တော့ နောက်ထပ် အာဆင်နယ်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ရော်ဘင် ဗန်ပါစီရဲ့ ၁၄၄ ဂိုးစံချိန်ကို လိုက်မီနိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ေနာက္ဆုံးကစားခဲ့ၿပီး အဂၤလန္ေျမကို အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ တစ္ေက်ာ့ျပန္နင္းတဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးဟာ ဒီေန႔ပြဲမွာ အေကာင္းဆုံးေျခစြမ္းေတြကို ျပသခဲ့ၿပီး အသင္းေဖာ္သစ္ေတြနဲ႔ အလ်င္အျမန္ အထိုင္က်ခဲ့သလို အာဆင္နယ္အသင္းကိုလည္း ေကာင္းေကာင္းဒုကၡေပးသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ အဖြင့္ဂိုးတစ္ဂိုး သြင္းယူခဲ့သလို ဂိုးရႏိုင္ခြင့္ေတြသာ ေသခ်ာခဲ့ရင္ ဟက္ထရစ္ေလာက္ ရႏိုင္ခဲ့တဲ့ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ အာဆင္နယ္ခံစစ္ေတြကို အနားမသီႏိုင္ေအာင္ ႏွိပ္ကြပ္ခဲ့ၿပီး Marvel ေကာမစ္ေတြထဲက ထူးထူးျခားျခား သန္စြမ္းသူ Superhero ေတြျဖစ္ၾကတဲ့ Hulk နဲ႔ Juggernaut တို႔လိုမ်ိဳး တားဆီးသူေတြကို ၿပိဳလဲေစခဲ့တာလည္းျဖစ္ပါတယ္။

ဒီသြင္းဂိုးကေတာ့ အာဆင္နယ္အသင္းကို ရႈံးနိမ့္ေစဖို႔ အစပ်ိဳးခဲ့တဲ့ သက္ေရာက္မႈႀကီးတစ္ခုျဖစ္ခဲ့သလို ေျမာက္လန္ဒန္သားေတြအတြက္ ေနာက္ထပ္ မခံခ်ိ မခံသာျဖစ္စရာတစ္ခုကေတာ့ လူကာကူးဟာ ဒီသြင္းဂိုးနဲ႔အတူ ဂန္းနားဂႏၴဝင္ တိုက္စစ္မႉးႀကီး အီယန္႐ိုက္ကို အသာစီးယူသြားႏိုင္တာလည္းျဖစ္ပါတယ္။

ဝက္စ္ဘ႐ြန္း၊ အဲဗာတန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြမွာ ကစားၿပီး ပရီးမီးယားလိဂ္သြင္းဂိုး ၁၁၃ ဂိုးရယူခဲ့တဲ့ လူကာကူးဟာ အာဆင္နယ္နဲ႔ ဝက္စ္ဟမ္းအသင္းေတြမွာ ၁၁၃ ဂိုးရယူထားခဲ့တဲ့ အီယန္႐ိုက္နဲ႔ ဂိုးသြင္းအမ်ားဆုံး နံပါတ္ ၂၀ မွာ ဒီပြဲမတိုင္ခင္ ပူးတြဲရပ္တည္ေနခဲ့တာျဖစ္ၿပီး ဒီေန႔မွာေတာ့ အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ခ်ဲလ္ဆီးနဲ႔ ၁၁ ပြဲေျမာက္မွာ ၁ ဂိုးစတင္ရရွိခဲ့သလို ၁၁၄ ဂိုးအထိ စုေဆာင္းမိခဲ့တာပါ။

ဒီဂိုးရရွိအၿပီးမွာ အဆင့္ ၂၀ မွာ ဆက္လက္ရပ္တည္ေနၿပီး အာဆင္နယ္ဂႏၴဝင္ကို အဆင့္ ၂၁ ဆီ တြန္းခ်လိုက္တဲ့ လူကာကူးကေတာ့ ေနာက္ထပ္ နီးစပ္တဲ့ ၿပိဳင္ဘက္ေတြျဖစ္တဲ့ သြားေနဆဲ အဆင့္ ၁၉ က ေဂ်မီ ဗာဒီ(၁၁၉ ဂိုး)နဲ႔ ရပ္ေနတဲ့ အဆင့္ ၁၈ က စတီဗင္ ဂ်ရတ္(၁၂၀ ဂိုး)တို႔ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ႀကိဳးပမ္းရမွာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ လက္ရွိကစားေနဆဲ ကစားသမားေတြထဲမွာ ဂိုးအမ်ားဆုံး သြင္းထားႏိုင္သူကေတာ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကေန မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေရပန္းစားေနတဲ့ တိုက္စစ္မႉး ဟာရီကိန္း(၁၆၆ ဂိုး)ပဲျဖစ္ၿပီး သူ႔ကိုေတာ့ လူကာကူးအေနနဲ႔ လိုက္မီႏိုင္ဖို႔က ဒီၿပိဳင္ပြဲကေန ထြက္မသြားမခ်င္းေတာ့ ျဖစ္ႏိုင္မွာ မဟုတ္ဘူးလို႔ ယူဆႏိုင္တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ရပ္ေနသူေတြကိုေတာ့ ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားႏိုင္မွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ခ်န္ပီယံစိန္ေခၚမႈေျပးလမ္းမွာ တကယ္လို႔ အဲဗာတန္ကလို အျမင့္ဆုံး စံခ်ိန္ ၂၅ ဂိုးရခဲ့ရင္ အသင္းတိုက္စစ္မႉးေဟာင္း ဂ်င္မီ ဖလြိဳက္ ဟတ္ဆယ္လ္ဘိန႔္ခ္ကို ေက်ာ္ျဖတ္ၿပီး အဆင့္ ၁၄ အထိ တက္လွမ္းႏိုင္မွာျဖစ္သလို ပရီးမီးယားလိဂ္ရဲ႕ ျမင့္မားတဲ့ ဂိုးသြင္းႏႈန္းမ်ိဳးျဖစ္တဲ့ ေနာက္ထပ္ ဂိုး ၃၀ သာ ရရွိခဲ့မယ္ဆိုရင္ေတာ့ ေနာက္ထပ္ အာဆင္နယ္တိုက္စစ္မႉးေဟာင္းတစ္ဦးျဖစ္တဲ့ ေရာ္ဘင္ ဗန္ပါစီရဲ႕ ၁၄၄ ဂိုးစံခ်ိန္ကို လိုက္မီႏိုင္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.