Premier League

ဒီဘ႐ိုင္းနားကို သက္တမ္းတုိးဖုိ႔ ႀကဳိးစားေနတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ အဓိကကြင္းလယ္ကစားသမား ကီဗင္ ဒီဘ႐ုိင္းနားကုိ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆုိသြားႏုိင္ဖို႔ စီစဥ္ေနၿပီး ယူအီးအက္ဖ္ေအရဲ႕ ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္ခ်ိန္မွာ အသင္းသားေတြထဲက အေရးပါတဲ့သူေတြကို မဆုံးရွဳံးရေအာင္ ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ ရည္ရြယ္ေနပါတယ္။

၂၀၁၅ ေႏြရာသီက မန္ခ်က္စတာစီးတီးအသင္းကို အဲ့ဒီတုန္းက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူဟာ လာမယ့္လထဲမွာ အသက္ ၂၉ ႏွစ္ျပည့္ေတာ့မယ့္ ဝါရင့္စာရင္းထဲကို ဝင္ေရာက္လာသူလည္းျဖစ္ၿပီး သူ႕ကို အနာဂတ္ရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ပါ တာဝန္ေပးသြားဖို႔ စီစဥ္ေနတာပါ။

အသင္းကေန ေဒးဗစ္ ေဆးလ္ဗားထြက္ခြာခ်ိန္မွာ လက္ရွိဒုတိယအသင္းေခါင္းေဆာင္ ဖာနန္ဒင္ညဳိက လက္ပတ္ကို လႊဲေျပာင္းရယူဖို႔ ရွိေနၿပီး သူ႕ရဲ႕လက္ေထာက္အျဖစ္ကိုေတာ့ ဒီဘ႐ိုင္းနားကို ခန္႔အပ္သြားဖို႔ ရွိေနသလို အသင္းအတြက္လည္း အဖိုးမျဖတ္ႏုိင္တဲ့ ေျခစြမ္းေတြကို ျပသေနတဲ့ ဆုလဒ္အျဖစ္လည္း စာခ်ဳပ္သစ္ကို လစာတုိးျမႇင့္ေပးသြားဖို႔ ရွိေနတာပါ။

တစ္ပတ္လုပ္ခ ေပါင္ ၂၈၀၀၀၀ ရရွိေနတဲ့ ဒီဘ႐ိုင္းနားအေနနဲ႔ စာခ်ဳပ္သစ္မွာ ဒီထက္တုိးျမႇင့္ရရွိဖြယ္ရွိေနၿပီး ပရီးမီးယားလိဂ္ရဲ႕ လစာအမ်ားဆုံး ရရွိသူတစ္ဦးလည္းျဖစ္လာႏုိင္ေျခရွိသလို အသင္းရဲ႕ ဂႏၴဝင္ကစားသမားတစ္ဦးျဖစ္ဖို႔ လမ္းေၾကာင္းေပၚကိုလည္း ေရာက္ရွိေနခဲ့ၿပီလို႔ ဆုိႏုိင္ပါတယ္။

ေနာက္တစ္ႏွစ္ေႏြရာသီမွာ အသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာရဲ႕ စာခ်ဳပ္ကုန္ဆုံးမွာျဖစ္တဲ့အတြက္ စပိန္သားနည္းျပကို ထိန္းသိမ္းႏုိင္မွဳအေပၚမွာ သူ႕ရဲ႕ စာခ်ဳပ္သက္တမ္းတုိးဖို႔ ဆုံးျဖတ္ခ်က္က မွီတည္ေနမလားဆုိတဲ့ ေမးခြန္းကိုေတာ့ ဒီဘ႐ိုင္းနားက သူ႕ရဲ႕စာခ်ဳပ္အတြက္ သူကိုယ္တုိင္ပဲ ဆုံးျဖတ္မွာျဖစ္ၿပီး ကိုယ့္ေရြးခ်ယ္မွဳနဲ႔ ကိုယ္သာျဖစ္ေၾကာင္း ေျပာၾကားထားခဲ့တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ အဓိကကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းနားကို နှစ်ရှည်စာချုပ် ချုပ်ဆိုသွားနိုင်ဖို့ စီစဉ်နေပြီး ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ချမှတ်ခံရနိုင်ချိန်မှာ အသင်းသားတွေထဲက အရေးပါတဲ့သူတွေကို မဆုံးရှုံးရအောင် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်နေပါတယ်။

၂၀၁၅ နွေရာသီက မန်ချက်စတာစီးတီးအသင်းကို အဲ့ဒီတုန်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်လူဟာ လာမယ့်လထဲမှာ အသက် ၂၉ နှစ်ပြည့်တော့မယ့် ဝါရင့်စာရင်းထဲကို ဝင်ရောက်လာသူလည်းဖြစ်ပြီး သူ့ကို အနာဂတ်ရဲ့ အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ပေးသွားဖို့ စီစဉ်နေတာပါ။

အသင်းကနေ ဒေးဗစ် ဆေးလ်ဗားထွက်ခွာချိန်မှာ လက်ရှိဒုတိယအသင်းခေါင်းဆောင် ဖာနန်ဒင်ညိုက လက်ပတ်ကို လွှဲပြောင်းရယူဖို့ ရှိနေပြီး သူ့ရဲ့လက်ထောက်အဖြစ်ကိုတော့ ဒီဘရိုင်းနားကို ခန့်အပ်သွားဖို့ ရှိနေသလို အသင်းအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ခြေစွမ်းတွေကို ပြသနေတဲ့ ဆုလဒ်အဖြစ်လည်း စာချုပ်သစ်ကို လစာတိုးမြှင့်ပေးသွားဖို့ ရှိနေတာပါ။

တစ်ပတ်လုပ်ခ ပေါင် ၂၈၀၀၀၀ ရရှိနေတဲ့ ဒီဘရိုင်းနားအနေနဲ့ စာချုပ်သစ်မှာ ဒီထက်တိုးမြှင့်ရရှိဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ရရှိသူတစ်ဦးလည်းဖြစ်လာနိုင်ခြေရှိသလို အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ဖို့ လမ်းကြောင်းပေါ်ကိုလည်း ရောက်ရှိနေခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

နောက်တစ်နှစ်နွေရာသီမှာ အသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာရဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့အတွက် စပိန်သားနည်းပြကို ထိန်းသိမ်းနိုင်မှုအပေါ်မှာ သူ့ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်က မှီတည်နေမလားဆိုတဲ့ မေးခွန်းကိုတော့ ဒီဘရိုင်းနားက သူ့ရဲ့စာချုပ်အတွက် သူကိုယ်တိုင်ပဲ ဆုံးဖြတ်မှာဖြစ်ပြီး ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်သာဖြစ်ကြောင်း ပြောကြားထားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.