La Liga Premier League

အာဆင္နယ္ကို ေျပာင္းခ်င္တယ္လို႔ သူငယ္ခ်င္းေတြဆီ ေျပာလိုက္တဲ့ ေသာမတ္စ္ ပါေတး

အာဆင္နယ္အသင္းက စိတ္ဝင္စားေနတဲ့ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ လာမယ့္ အေျပာင္းေရႊ႕ ေဈးကြက္ဖြင့္ခ်ိန္မွာ ေျမာက္လန္ဒန္အသင္းဆီကို ေျပာင္းေရႊ႕ခ်င္တဲ့အေၾကာင္း သူငယ္ခ်င္းေတြဆီကို ဝန္ခံထားခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

နည္းျပ မီခယ္လ္ အာတီတာရဲ႕ နံပါတ္တစ္ဦးစားေပး ပစ္မွတ္ျဖစ္ ဒီေႏြရာသီမွာ ေခၚယူေပးဖို႔ အသင္းဘုတ္အဖြဲ႕ဆီ ေတာင္းခံထားတဲ့ ဂါနာ ကြင္းလယ္အဖ်က္ကစားသမားဟာ အာဆင္နယ္အသင္းရဲ႕ စိတ္ဝင္စားမွဳကို အသိအမွတ္ျပဳခဲ့ပုံေပၚၿပီး သူငယ္ခ်င္းေတြနဲ႔ ေျပာဆုိမွဳေတြလည္း ရွိေနခဲ့တာပါ။

အသက္ ၂၆ ႏွစ္အရြယ္ ကစားသမားအတြက္ အက္သလက္တီကိုဘက္က စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၄၅ သန္း သတ္မွတ္ထားခဲ့ၿပီး လက္ရွိ ေျခစြမ္းအရေတာ့ ဒါဟာ ေဈးကြက္ေပါက္ေဈးလည္းျဖစ္ေနတာမို႔ ဆက္လက္ထိန္းသိမ္းထားႏုိင္ဖို႔ ခက္ခဲႏုိင္သလို ကိုဗစ္-၁၉ ေၾကာင့္သာ အေျပာင္းအေရႊ႕ကိစၥေတြ လ်င္လ်င္ျမန္ျမန္ အေကာင္အထည္မေပၚတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လအတြင္းက သူ႕ရဲ႕ဖခင္ ဂ်က္ေကာ့ ပါေတးရဲ႕ အာဆင္နယ္သတင္းကို အတည္ျပဳခဲ့မွဳအၿပီး လက္ရွိမွာေတာ့ ကိုယ္တုိင္က သူငယ္ခ်င္းေတြကို အသင္းေျပာင္းခ်င္ေၾကာင္းဆုိခဲ့တာလုိ႔ သိရၿပီး ေျမာက္လန္ဒန္အသင္းဘက္ကေတာ့ တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကို တူညီတဲ့ ေဈးႏွဳန္းနဲ႔ တုိက္႐ိုက္လဲလွယ္ဖို႔ ႀကဳိးစားလာႏုိင္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ ပြဲေပါင္း ၁၇၄ ပြဲ ကစားထားခဲ့တဲ့ ပါေတးဟာ အသင္းအတြက္ ၁၅ ဂိုးသြင္း ၁၂ ဂိုး ဖန္တီးေပးထားၿပီး ဒါဟာ ကြင္းလယ္အဖ်က္ကစားသမားတစ္ေယာက္အေနနဲ႔ လိုအပ္ခ်ိန္မွာ အသင္းအတြက္ အက်ဳိးျပဳႏိုင္တယ္ဆုိတာကို ျပသထားတာျဖစ္သလို အာဆင္နယ္ပရိသတ္ေတြကလည္း သူ႕ကို ႏွစ္သက္သေဘာက်ေနၾကတယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ လာမယ့် အပြောင်းရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ မြောက်လန်ဒန်အသင်းဆီကို ပြောင်းရွှေ့ချင်တဲ့အကြောင်း သူငယ်ချင်းတွေဆီကို ဝန်ခံထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

နည်းပြ မီခယ်လ် အာတီတာရဲ့ နံပါတ်တစ်ဦးစားပေး ပစ်မှတ်ဖြစ် ဒီနွေရာသီမှာ ခေါ်ယူပေးဖို့ အသင်းဘုတ်အဖွဲ့ဆီ တောင်းခံထားတဲ့ ဂါနာ ကွင်းလယ်အဖျက်ကစားသမားဟာ အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုကို အသိအမှတ်ပြုခဲ့ပုံပေါ်ပြီး သူငယ်ချင်းတွေနဲ့ ပြောဆိုမှုတွေလည်း ရှိနေခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် ကစားသမားအတွက် အက်သလက်တီကိုဘက်က စာချုပ်လျော်ကြေး ပေါင် ၄၅ သန်း သတ်မှတ်ထားခဲ့ပြီး လက်ရှိ ခြေစွမ်းအရတော့ ဒါဟာ ဈေးကွက်ပေါက်ဈေးလည်းဖြစ်နေတာမို့ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲနိုင်သလို ကိုဗစ်-၁၉ ကြောင့်သာ အပြောင်းအရွှေ့ကိစ္စတွေ လျင်လျင်မြန်မြန် အကောင်အထည်မပေါ်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက သူ့ရဲ့ဖခင် ဂျက်ကော့ ပါတေးရဲ့ အာဆင်နယ်သတင်းကို အတည်ပြုခဲ့မှုအပြီး လက်ရှိမှာတော့ ကိုယ်တိုင်က သူငယ်ချင်းတွေကို အသင်းပြောင်းချင်ကြောင်းဆိုခဲ့တာလို့ သိရပြီး မြောက်လန်ဒန်အသင်းဘက်ကတော့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို တူညီတဲ့ ဈေးနှုန်းနဲ့ တိုက်ရိုက်လဲလှယ်ဖို့ ကြိုးစားလာနိုင်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၁၇၄ ပွဲ ကစားထားခဲ့တဲ့ ပါတေးဟာ အသင်းအတွက် ၁၅ ဂိုးသွင်း ၁၂ ဂိုး ဖန်တီးပေးထားပြီး ဒါဟာ ကွင်းလယ်အဖျက်ကစားသမားတစ်ယောက်အနေနဲ့ လိုအပ်ချိန်မှာ အသင်းအတွက် အကျိုးပြုနိုင်တယ်ဆိုတာကို ပြသထားတာဖြစ်သလို အာဆင်နယ်ပရိသတ်တွေကလည်း သူ့ကို နှစ်သက်သဘောကျနေကြတယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.