Premier League

၆.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္၊ ဗုဒၶဟူးေန႔။

၆.၅.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လျပည့္ေန႔၊ ဗုဒၶဟူးေန႔၊ ျပႆဒါး။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၀:၄၄ အထိ တိထီ ၁၄ လုံး။ ေက်ာ္လွ်င္ ၁၅ လုံး။ အထူးယုဂ္ေကာင္း (သို႔) ယုဂ္ဆိုးမရွိ။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ညေန ၁၄:၅၀ အထိ စိၾတနကၡတ္။ ေက်ာ္လွ်င္ သြာတိနကၡတ္။ ည ၂၁:၃၇ အထိ သိဒၶိယုဂ္၊ ေအာင္ျမင္မွဳရျခင္း၊ အကာအကြယ္ရျခင္း၊ ကၽြမ္းက်င္မွဳျဖင့္ ၿပီးျပည့္စုံေစျခင္းျဖစ္၍ မိမိ ကၽြမ္းက်င္ပိုင္ႏုိင္ေသာအလုပ္အား ေရြးခ်ယ္လုပ္ေဆာင္ပါ။ ေက်ာ္လွ်င္ ဗ်ာတိပါတယုဂ္၊ ႐ုတ္တရက္ ထိခိုက္မိျခင္း၊ ကံဆုိးတတ္ျခင္း၊ ထိန္ခ်န္သိုဝွက္ အ႐ူးလုပ္ခံရျခင္း၊ သတိႀကီးႀကီးထား၍ ဂ႐ုတစိုက္ သြားလာေနထုိင္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၃၂ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၄၄ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ေက်ာ္လွ်င္ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏိုင္ယူႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ည ၂၀:၄၄ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၆.၅.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့၊ ပြဿဒါး။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၀:၄၄ အထိ တိထီ ၁၄ လုံး။ ကျော်လျှင် ၁၅ လုံး။ အထူးယုဂ်ကောင်း (သို့) ယုဂ်ဆိုးမရှိ။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ညနေ ၁၄:၅၀ အထိ စိတြနက္ခတ်။ ကျော်လျှင် သွာတိနက္ခတ်။ ည ၂၁:၃၇ အထိ သိဒ္ဓိယုဂ်၊ အောင်မြင်မှုရခြင်း၊ အကာအကွယ်ရခြင်း၊ ကျွမ်းကျင်မှုဖြင့် ပြီးပြည့်စုံစေခြင်းဖြစ်၍ မိမိ ကျွမ်းကျင်ပိုင်နိုင်သောအလုပ်အား ရွေးချယ်လုပ်ဆောင်ပါ။ ကျော်လျှင် ဗျာတိပါတယုဂ်၊ ရုတ်တရက် ထိခိုက်မိခြင်း၊ ကံဆိုးတတ်ခြင်း၊ ထိန်ချန်သိုဝှက် အရူးလုပ်ခံရခြင်း၊ သတိကြီးကြီးထား၍ ဂရုတစိုက် သွားလာနေထိုင်ပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၃၂ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၄၄ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ည ၂၀:၄၄ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)