Premier League

ဝင်ဘလေနိုင်ပွဲအပြီး အသင်းပိုင်ရှင်စီစဉ်ပေးတဲ့ အောင်ပွဲခံပါတီမှာ ထပ်ကံကောင်းသွားတဲ့ ဂျေမီ ဗာဒီ

အခုလအစောပိုင်းက မန်စီးတီးအသင်းကို ဝင်ဘလေကွင်းမှာ အနိုင်ယူပြီး ကွန်မြူနတီဒိုင်းချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာစီးတီးအသင်းဟာ အသင်းဥက္ကဌ Aiyawatt Srivadhanaprabha ရဲ့ ဦးဆောင်ပေးမှုနဲ့ ပွဲအပြီးမှာပဲ ကာစီနိုဝိုင်းကို ပုတ်ပြတ်ငှားကာ လောင်းကစားပွဲလေးပြုလုပ်ပြီးလည်း အောင်ပွဲခံသွားခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအောင်ပွဲခံမှုမှာတော့ မြေခွေးကြီးတွေရဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူး ဂျေမီ ဗာဒီက ကာစီနိုဝိုင်းမှာ အသင်းဖော်တွေဆီကနေ ပေါင် ၃၀၀၀၀ အနိုင်ရပြီး ကံထူးရှင်ဖြစ်ခဲ့တယ်လို့ သိရသလို ထိုင်းလူမျိုး အသင်းပိုင်ရှင်ကြီးဟာ လန်ဒန်မြို့က ပါ့ခ်လိန်း ကာစီနိုဝိုင်းကို ပုတ်ပြတ်ငှားပြီး အသင်းသားတွေကို စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်စေခဲ့ခြင်းလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ လကလည်း လက်စတာအသင်းဟာ ချယ်လ်ဆီးအသင်းကို FA ဖလားဗိုလ်လုပွဲမှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပေမယ့် ကိုဗစ်ရောဂါပိုးကြောင့် အသွားအလာကန့်သတ်မှုမှာ သီးသန်အားဖြင့် အောင်ပွဲခံခွင့် မရခဲ့သလို အောင့်အီးထားခဲ့ရပြီး ဝင်ဘလေကွင်းက ကွန်မြူနတီအောင်ပွဲအပြီးမှာတော့ အတိုးချပြီး ပွဲခံသွားခဲ့ကြတာပါ။

” အိုင်ယာဝက်က ကာစီနိုဝိုင်းတခုလုံး ပုတ်ပြတ်ငှားထားလိုက်တာပါ။ လက်စတာတသင်းလုံး ကွန်မြူနတီဖလားဆွတ်ခူးအပြီးမှာ လောင်းကစားဝိုင်းကို အပြေးအလွှားပဲ ချက်ချင်းသွားရောက်ပြီး အောင်ပွဲခံသွားခဲ့ကြပါတယ်။ သူတို့က FA ဖလားချန်ပီယံဖြစ်တုန်းကလည်း ကိုဗစ် ကန့်သတ်မှုကြောင့် ဇိမ်မခံခဲ့ကြရဘူးလေ”

” အခုတော့ အတိုးချပြီး ဖလား ၂ လုံးစာ ၂ ဆ ပျော်ရွှင်ကြတယ်ဆိုတဲ့သဘောပေါ့။ အသင်းသားတွေအကုန်လုံး လုံးဝတက်ကြွမြူးထူးနေပြီး အကုန်လုံးရဲ့စိတ်တွေကလည်း မြောက်ကြွနေသလို အသောက်အစားလေးတွေနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။ ကာစီိနိုဝိုင်းမှာလည်း အလျော်အစားဝင်ထိုးခဲ့ကြပါသေးတယ် ”

” အသင်းရဲ့ထိပ်ပိုင်းက အိုင်ယာဝတ်က ပေါင် ၁၀၀၀ တန် ချစ်ပ်ပြားလေးတွေ ဝေပေးလိုက်တဲ့နောက်မှာ ဂျေမီ ဗာဒီကတော့ ပေါင် ၃ သောင်းအနိုင်ရပြီး အိတ်ဖောင်းသွားခဲ့ပါတယ်။ သူ့အတွက်တော့ သိပ်ကောင်းတဲ့ဆုငွေဖြစ်သလို ကံအရမ်းကောင်းခဲ့တာပါ” လို့ မျက်မြင်တွေ့သူတဦးက The Sun သတင်းကို ပြောသွားခဲ့တာပါ။

အသင်းပိုင်ရှင်ကြီးဟာ ဒီအောင်ပွဲခံမှုကို ပေါင် ၂ သိန်း အကုန်အကျခံပြီး တခမ်းတနား ရက်ရက်ရောရောစီစဥ်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပြီး ၂၀၁၈ ခုနှစ်က ကင်းပါဝါကွင်းကြီးရဲ့အပြင်မှာ လေယာဥ်ပျက်ကျပြီး ဆုံးပါးသွားခဲ့တဲဲ့ ဖခင် ဗီချိုင်းရဲ့အမွေနဲ့ ရာထူးကို ဆက်ခံခဲ့တာလည်းဖြစ်သလို ဖခင်ရဲ့ ​ခြေရာကို တထပ်တည်းနင်းပြီး အသင်းသားတွေအပေါ် တရင်းတနှီးနဲ့ စောင့်ရှောက်ကြည့်ရှုပေးနေသူလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အခုလအေစာပိုင္းက မန္စီးတီးအသင္းကို ဝင္ဘေလကြင္းမွာ အႏိုင္ယူၿပီး ကြန္ျမဴနတီဒိုင္းခ်န္ပီယံျဖစ္ခဲ့တဲ့ လက္စတာစီးတီးအသင္းဟာ အသင္းဥကၠဌ Aiyawatt Srivadhanaprabha ရဲ႕ ဦးေဆာင္ေပးမႈနဲ႔ ပြဲအၿပီးမွာပဲ ကာစီႏိုဝိုင္းကို ပုတ္ျပတ္ငွားကာ ေလာင္းကစားပြဲေလးျပဳလုပ္ျပီးလည္း ေအာင္ပြဲခံသြားခဲ့ၾကတယ္လို႔ သိရပါတယ္။

အဲဒီေအာင္ပြဲခံမႈမွာေတာ့ ေျမေခြးႀကီးေတြရဲ႕ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ေဂ်မီ ဗာဒီက ကာစီႏိုဝိုင္းမွာ အသင္းေဖာ္ေတြဆီကေန ေပါင္ ၃၀၀၀၀ အႏိုင္ရၿပီး ကံထူးရွင္ျဖစ္ခဲ့တယ္လို႔ သိရသလို ထိုင္းလူမ်ိဳး အသင္းပိုင္ရွင္ႀကီးဟာ လန္ဒန္ၿမိဳ႕က ပါ့ခ္လိန္ းကာစီႏိုဝိုင္းကို ပုတ္ျပတ္ငွားၿပီး အသင္းသားေတြကို စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္႐ႊင္ေစခဲ့ျခင္းလည္းျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၃ လကလည္း လက္စတာအသင္းဟာ ခ်ယ္လ္ဆီးအသင္းကို FA ဖလားဗိုလ္လုပြဲမွာ အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ကိုဗစ္ေရာဂါပိုးေၾကာင့္ အသြားအလာကန္႔သတ္မႈမွာ သီးသန္အားျဖင့္ ေအာင္ပြဲခံခြင့္ မရခဲ့သလို ေအာင့္အီးထားခဲ့ရၿပီး ဝင္ဘေလကြင္းက ကြန္ျမဴနတီေအာင္ပြဲအၿပီးမွာေတာ့ အတိုးခ်ၿပီး ပြဲခံသြားခဲ့ၾကတာပါ။

” အိုင္ယာဝက္က ကာစီႏိုဝိုင္းတခုလုံး ပုတ္ျပတ္ငွားထားလိုက္တာပါ။ လက္စတာတသင္းလုံး ကြန္ျမဴနတီဖလားဆြတ္ခူးအၿပီးမွာ ေလာင္းကစားဝိုင္းကို အေျပးအလႊားပဲ ခ်က္ခ်င္းသြားေရာက္ၿပီး ေအာင္ပြဲခံသြားခဲ့ၾကပါတယ္။ သူတို႔က FA ဖလားခ်န္ပီယံျဖစ္တုန္းကလည္း ကိုဗစ္ ကန္႔သတ္မႈေၾကာင့္ ဇိမ္မခံခဲ့ၾကရဘူးေလ”

” အခုေတာ့ အတိုးခ်ၿပီး ဖလား ၂ လုံးစာ ၂ ဆ ေပ်ာ္႐ႊင္ၾကတယ္ဆိုတဲ့သေဘာေပါ့။ အသင္းသားေတြအကုန္လုံး လုံးဝတက္ႂကြျမဴးထူးေနၿပီး အကုန္လုံးရဲ႕စိတ္ေတြကလည္း ေျမာက္ႂကြေနသလို အေသာက္အစားေလးေတြနဲ႔ ေအာင္ပြဲခံခဲ့ၾကပါတယ္။ ကာစီိႏိုဝိုင္းမွာလည္း အေလ်ာ္အစားဝင္ထိုးခဲ့ၾကပါေသးတယ္ ”

” အသင္းရဲ႕ထိပ္ပိုင္းက အိုင္ယာဝတ္က ေပါင္ ၁၀၀၀ တန္ ခ်စ္ပ္ျပားေလးေတြ ေဝေပးလိုက္တဲ့ေနာက္မွာ ေဂ်မီ ဗာဒီကေတာ့ ေပါင္ ၃ ေသာင္းအႏိုင္ရၿပီး အိတ္ေဖာင္းသြားခဲ့ပါတယ္။ သူ႔အတြက္ေတာ့ သိပ္ေကာင္းတဲ့ဆုေငြျဖစ္သလို ကံအရမ္းေကာင္းခဲ့တာပါ” လို႔ မ်က္ျမင္ေတြ႕သူတဦးက The Sun သတင္းကို ေျပာသြားခဲ့တာပါ။

အသင္းပိုင္ရွင္ႀကီးဟာ ဒီေအာင္ပြဲခံမႈကို ေပါင္ ၂ သိန္း အကုန္အက်ခံၿပီး တခမ္းတနား ရက္ရက္ေရာေရာစီစဥ္ေပးခဲ့ျခင္းျဖစ္တယ္လို႔ သိရၿပီး ၂၀၁၈ ခုႏွစ္က ကင္းပါဝါကြင္းႀကီးရဲ႕အျပင္မွာ ေလယာဥ္ပ်က္က်ၿပီး ဆုံးပါးသြားခဲ့တဲဲ့ ဖခင္ ဗီခ်ိဳင္းရဲ႕အေမြနဲ႔ ရာထူးကို ဆက္ခံခဲ့တာလည္းျဖစ္သလို ဖခင္ရဲ႕ ​ေျခရာကို တထပ္တည္းနင္းၿပီး အသင္းသားေတြအေပၚ တရင္းတႏွီးနဲ႔ ေစာင့္ေရွာက္ၾကည့္ရႈေပးေနသူလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.