Other Premier League

ဆူပါမန်းဝတ်ရုံ မပါတဲ့ပုံပေါက်နေတယ်လို့ အရွှမ်းဖောက်ခံနေရတဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ကိုတော့ အခု ပရီးမီးယားလိဂ်ရဲ့ 2021-22 ရာသီသစ်မှာ ဒီဇိုင်းအသစ်နဲ့ မြင်တွေ့နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ သူ့ရဲ့ Trademark ဖြစ်တဲ့ မျက်မှန်ထူထူကြီးကို မတပ်ဆင်တော့တဲ့ အကြောင်းအရင်းကို ရှင်းပြသွားခဲ့သလို ဒါက ပရိသတ်တွေကို လူမှုကွန်ရက်မှာ လူပြောလည်းများစေခဲ့ပါတယ်။

ဒေါ့မန်အသင်းနဲ့အတူ နာမည်ကျော်နည်းပြကြီး စဖြစ်လာခဲ့ချိန်ကလည်းက ကလော့ပ်လို့ဆိုလိုက်ရင် ဦးထုပ်နဲ့မျက်မှန်ဆိုတာ မပါမဖြစ်အဆင်တန်ဆာဖြစ်သလို သူ့ရဲ့ကိုယ်ပိုင်စတိုင်လ်အဖြစ် ရှူမြင်ခံထားရတဲ့နောက်မှာ ဂျာမန်ကြီးကတော့ အမြင်အာရုံ ကောင်းကောင်းမကြည်လင်တော့လို့ အသေးစားမျက်စိခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသွားခဲ့တာပါ။

” ဒါကတော့ ကျွန်တော့်ပုဂ္ဂိုလ်ရေးဆိုပေမယ့် ခင်ဗျားတို့ကို တကြိမ်လောက်တော့ ရှင်းပြချင်ပါတယ်။ ကျွန်တော်က ၁၀ နှစ်သားကတည်းက မျက်မှန်တပ်လာခဲ့တာ အခုဆို ၄၄ နှစ်လုံးလုံး မျက်မှန်မချွတ်တမ်းဝတ်လာခဲ့ရတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းမှာတော့ မျက်မှန်တပ်ထားလည်း ကျွန်တော့်မျက်လုံးက ကောင်းကောင်းမမြင်ရတော့ပါဘူး။ ”

” ဒါကြောင့် အသေးစားခွဲစိတ်မှုလေးတခုလုပ်ခဲ့တာပါ။ မျက်မှန်ပါဝါကို လေဆာနဲ့ဖျောက်ပစ်လိုက်တာဘာညာမဟုတ်ပါဘူး။ ခွဲစိတ်မှုလုပ်လိုက်တော့ အခုဆို မျက်မှန်မပါလည်း ကြည်ကြည်လင်လင်မြင်နေရပါတယ်။ ကျွန်တော်ထင်တာတော့ ကျွန်တော့်မျက်နှာကြီးက မျက်မှန်မပါဘဲနဲ့ ရုပ်ဆိုးနေသလားလို့ပါ။

” တော်တော်ထူးဆန်းနေပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော့်အတွက် မျက်မှန်တပ်စရာမလိုတော့ဘူးလို့ ထင်တယ်။ လိုလာရင်တော့ မျက်မှန်တလက်တော့ပြန်တပ်ဖြစ်မှာပါ” လို့ ကလော့ပ်က BILD သတင်းဌာနကို ပြောကြားသွားခဲ့တာဖြစ်ပြီး သူနဲ့အတူ လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ မျက်မှန်နဲ့ဦးထုပ်တွဲဖက်ဝတ်ဆင်မှုဖက်ရှင်မျိုးကိုတော့ စွန့်လွှတ်လိုက်ပြီလို့ ဆိုနိုင်ပါတယ်။

လီဗာပူးလ်ပရိသတ်တဦးကတော့ ” မျက်မှန်မပါတဲ့ ကလော့ပ်ကို မြင်ရတာဟာ ဝတ်ရုံမပါတဲ့ ဆူပါမန်းကို မြင်နေရသလို အတော်လေး ကိုးလို့ကန့်လန်နိုင်တယ် ” လို့ တွစ်တာမှာ အရွှန်းဖောက်သွားခဲ့သလို နောက်ထပ်ပရိသတ်တဦးကလည်း ” ကလော့ပ်ကို မျက်မှန်မပါဘဲ တွေ့ရတာ အဆင်မပြေဘူး။ အသားကျအောင် အချိန်တခုကြာအောင် စောင့်ရဦးမယ် ” လို့ ရေးသားသွားခဲ့တာပါ။

ကလော့ပ်ကို လီဗာပူးလ်အသင်းရဲ့ ခြေစမ်းပွဲနဲ့ ရာသီကြိုအစီအစဉ်တွေမှာကတည်းက မျက်မှန်မပါဘဲ စတင်မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး ဒါက ပရိသတ်တွေအနေနဲ့ မျက်စိပြူးစရာတခုအနေနဲ့ အထူးအဆန်းလည်းဖြစ်ခဲ့ရတာပါ။ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက်နိုင်ထားတဲ့ အန်ဖီးလ်တပ်သားတွေကတော့ လာမယ့်စနေနေ့မှာ ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ကိုေတာ့ အခု ပရီးမီးယားလိဂ္ရဲ႕ 2021-22 ရာသီသစ္မွာ ဒီဇိုင္းအသစ္နဲ႔ ျမင္ေတြ႕ေနရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဘန္ေလနဲ႔ပြဲမွာ သူ႔ရဲ႕ Trademark ျဖစ္တဲ့ မ်က္မွန္ထူထူႀကီးကို မတပ္ဆင္ေတာ့တဲ့ အေၾကာင္းအရင္းကို ရွင္းျပသြားခဲ့သလို ဒါက ပရိသတ္ေတြကို လူမႈကြန္ရက္မွာ လူေျပာလည္းမ်ားေစခဲ့ပါတယ္။

ေဒါ့မန္အသင္းနဲ႔အတူ နာမည္ေက်ာ္နည္းျပႀကီး စျဖစ္လာခဲ့ခ်ိန္ကလည္းက ကေလာ့ပ္လို႔ဆိုလိုက္ရင္ ဦးထုပ္နဲ႔မ်က္မွန္ဆိုတာ မပါမျဖစ္အဆင္တန္ဆာျဖစ္သလို သူ႔ရဲ႕ကိုယ္ပိုင္စတိုင္လ္အျဖစ္ ရႉျမင္ခံထားရတဲ့ေနာက္မွာ ဂ်ာမန္ႀကီးကေတာ့ အျမင္အာ႐ုံ ေကာင္းေကာင္းမၾကည္လင္ေတာ့လို႔ အေသးစားမ်က္စိခြဲစိတ္မႈျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း အသိေပးသြားခဲ့တာပါ။

” ဒါကေတာ့ ကြၽန္ေတာ့္ပုဂၢိဳလ္ေရးဆိုေပမယ့္ ခင္ဗ်ားတို႔ကို တႀကိမ္ေလာက္ေတာ့ ရွင္းျပခ်င္ပါတယ္။ ကြၽန္ေတာ္က ၁၀ ႏွစ္သားကတည္းက မ်က္မွန္တပ္လာခဲ့တာ အခုဆို ၄၄ ႏွစ္လုံးလုံး မ်က္မွန္မခြၽတ္တမ္းဝတ္လာခဲ့ရတယ္။ ဒါေပမယ့္ ဒီႏွစ္ပိုင္းမွာေတာ့ မ်က္မွန္တပ္ထားလည္း ကြၽန္ေတာ့္မ်က္လုံးက ေကာင္းေကာင္းမျမင္ရေတာ့ပါဘူး။ ”

” ဒါေၾကာင့္ အေသးစားခြဲစိတ္မႈေလးတခုလုပ္ခဲ့တာပါ။ မ်က္မွန္ပါဝါကို ေလဆာနဲ႔ေဖ်ာက္ပစ္လိုက္တာဘာညာမဟုတ္ပါဘူး။ ခြဲစိတ္မႈလုပ္လိုက္ေတာ့ အခုဆို မ်က္မွန္မပါလည္း ၾကည္ၾကည္လင္လင္ျမင္ေနရပါတယ္။ ကြၽန္ေတာ္ထင္တာေတာ့ ကြၽန္ေတာ့္မ်က္ႏွာႀကီးက မ်က္မွန္မပါဘဲနဲ႔ ႐ုပ္ဆိုးေနသလားလို႔ပါ။

” ေတာ္ေတာ္ထူးဆန္းေနပါတယ္။ ဒါေပမယ့္ အခုေတာ့ ကြၽန္ေတာ့္အတြက္ မ်က္မွန္တပ္စရာမလိုေတာ့ဘူးလို႔ ထင္တယ္။ လိုလာရင္ေတာ့ မ်က္မွန္တလက္ေတာ့ျပန္တပ္ျဖစ္မွာပါ” လို႔ ကေလာ့ပ္က BILD သတင္းဌာနကို ေျပာၾကားသြားခဲ့တာျဖစ္ၿပီး သူနဲ႔အတူ လွ်မ္းလွ်မ္းေတာက္နာမည္ႀကီးခဲ့တဲ့ မ်က္မွန္နဲ႔ဦးထုပ္တြဲဖက္ဝတ္ဆင္မႈဖက္ရွင္မ်ိဳးကိုေတာ့ စြန႔္လႊတ္လိုက္ၿပီလို႔ ဆိုႏိုင္ပါတယ္။

လီဗာပူးလ္ပရိသတ္တဦးကေတာ့ ” မ်က္မွန္မပါတဲ့ ကေလာ့ပ္ကို ျမင္ရတာဟာ ဝတ္႐ုံမပါတဲ့ ဆူပါမန္းကို ျမင္ေနရသလို အေတာ္ေလး ကိုးလို႔ကန႔္လန္ႏိုင္တယ္ ” လို႔ တြစ္တာမွာ အ႐ႊန္းေဖာက္သြားခဲ့သလို ေနာက္ထပ္ပရိသတ္တဦးကလည္း ” ကေလာ့ပ္ကို မ်က္မွန္မပါဘဲ ေတြ႕ရတာ အဆင္မေျပဘူး။ အသားက်ေအာင္ အခ်ိန္တခုၾကာေအာင္ ေစာင့္ရဦးမယ္ ” လို႔ ေရးသားသြားခဲ့တာပါ။

ကေလာ့ပ္ကို လီဗာပူးလ္အသင္းရဲ႕ ေျခစမ္းပြဲနဲ႔ ရာသီႀကိဳအစီအစဥ္ေတြမွာကတည္းက မ်က္မွန္မပါဘဲ စတင္ျမင္ေတြ႕ခဲ့ရျခင္းျဖစ္ၿပီး ဒါက ပရိသတ္ေတြအေနနဲ႔ မ်က္စိျပဴးစရာတခုအေနနဲ႔ အထူးအဆန္းလည္းျဖစ္ခဲ့ရတာပါ။ ပရီးမီးယားလိဂ္ အဖြင့္ ၂ ပြဲဆက္ႏိုင္ထားတဲ့ အန္ဖီးလ္တပ္သားေတြကေတာ့ လာမယ့္စေနေန႔မွာ ခ်ယ္လ္ဆီးအသင္းကို အိမ္ကြင္းမွာ လက္ခံကစားသြားရမွာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.