Bundesliga Premier League

တီမို ဗာနာအတြက္ အခ်ိန္ထပ္ေပးဖို႔ ေတာင္းဆုိလုိက္တဲ့ လီဗာပူးလ္

ဒီဧၿပီလကုန္မွာ တီမို ဗာနာနဲ႔ RB လုိက္ပ္ဇစ္အသင္းတုိ႔ သေဘာတူညီထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၅၂ သန္းနဲ႔ ထြက္ခြာခြင့္ရွိတဲ့ အခ်က္ ကုန္ဆုံးပ်က္ျပယ္သြားခဲ့တာကို လီဗာပူးလ္အသင္းက ကိုဗစ္-၁၉ အေျခအေနေတြကို ေထာက္ခ်င့္ၿပီး သက္တမ္းတုိးခြင့္ျပဳေပးဖို႔ ေတာင္းဆုိလုိက္ပါတယ္။

နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အမွန္တကယ္ အလိုရွိေနတဲ့ ကစားသမားျဖစ္ၿပီး ကာယကံရွင္ဘက္ကလည္း လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕ လိုေနေပမယ့္ ကိုဗစ္-၁၉ ေၾကာင့္ ေဆြးေႏြးမွဳေတြနဲ႔ လုပ္ငန္းစဥ္အတုိင္း စစ္ေဆးလုပ္ေဆာင္မွဳေတြ မျပဳလုပ္ႏုိင္ခ်ိန္မွာ တစ္လတာ ရရွိတဲ့ ေပါင္ ၅၂ သန္း Window ကုိ မာေဆးဆုိက္အသင္းဘက္က ထပ္ၿပီး အခြင့္အေရးေပးေစခ်င္ေနတာပါ။

အသက္ ၂၄ ႏွစ္အရြယ္ ဂ်ာမန္တုိက္စစ္မွဴးကို ေခၚယူလိုၿပီး စိတ္ဝင္စားတဲ့အသင္း မ်ားျပားေနေပမယ့္ ကိုဗစ္-၁၉ သက္ေရာက္မွဳေၾကာင့္ ေတာ္႐ုံအသင္းေတြအေနနဲ႔ ေပါင္သန္း ၅၀ ေက်ာ္ကို တစ္လုံးတစ္ခဲတည္း သုံးစြဲႏိုင္ျခင္းမရွိခ်ိန္မွာ ကစားသမားရဲ႕ အနာဂတ္ေျခလွမ္းအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး အေစာပုိင္းမွာ လီဗာပူးလ္က မေခၚယူႏုိင္ေတာ့ဘူးလို႔ေတာင္ ဝန္ခံခဲ့ပါေသးတယ္။

လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ အနာဂတ္မွာ ပဲ့ထြက္သြားဖြယ္ရွိတဲ့ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနးနဲ႔ ေရာဘတ္တို ဖာမီႏိုတို႔ရဲ႕ MSF တုိက္စစ္အတြက္ ႀကဳိတင္အစားထုိးဖို႔ အသားက်ေအာင္ ဒီရာသီမွာကတည္းက ဗာနာကို ေခၚယူထားခ်င္ေနတာျဖစ္ၿပီး ဖာမီႏိုကိုေတာ့ ဦးစားေပးေရာင္းခ်သြားဖြယ္ရွိေနပါတယ္။

စတုဂတ္အသင္းကေန ေျပာင္းေရႊ႕လာခဲ့ၿပီးကတည္းက ေတာက္ေလွ်ာက္ေျခစြမ္းတက္လာခဲ့တဲ့ ဗာနာဟာ RB လိုက္ပ္ဇစ္အသင္းနဲ႔အတူ ၁၁၈ ပြဲမွာ ၇၂ ဂိုး သြင္းယူထားၿပီး ဂ်ာမနီလက္ေရြးစင္အသင္းမွာလည္း ေနရာတစ္ေနရာ အခိုင္အမာရေနသူျဖစ္လို႔ ၿပဳိင္ဘက္အသင္းေတြ ဘဏၰာေရးအေျခအေန ျပန္ေကာင္းမလာခင္ လီဗာပူးလ္တုိ႔က လက္ဦးမွဳရယူၿပီး ေခၚယူႏုိင္ဖို႔ အခ်ိန္ထပ္မံ ေတာင္းခံခဲ့တာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီဧပြီလကုန်မှာ တီမို ဗာနာနဲ့ RB လိုက်ပ်ဇစ်အသင်းတို့ သဘောတူညီထားတဲ့ စာချုပ်လျော်ကြေး ပေါင် ၅၂ သန်းနဲ့ ထွက်ခွာခွင့်ရှိတဲ့ အချက် ကုန်ဆုံးပျက်ပြယ်သွားခဲ့တာကို လီဗာပူးလ်အသင်းက ကိုဗစ်-၁၉ အခြေအနေတွေကို ထောက်ချင့်ပြီး သက်တမ်းတိုးခွင့်ပြုပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နည်းပြ ယာဂန် ကလော့ပ်ရဲ့ အမှန်တကယ် အလိုရှိနေတဲ့ ကစားသမားဖြစ်ပြီး ကာယကံရှင်ဘက်ကလည်း လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ လိုနေပေမယ့် ကိုဗစ်-၁၉ ကြောင့် ဆွေးနွေးမှုတွေနဲ့ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးလုပ်ဆောင်မှုတွေ မပြုလုပ်နိုင်ချိန်မှာ တစ်လတာ ရရှိတဲ့ ပေါင် ၅၂ သန်း Window ကို မာဆေးဆိုက်အသင်းဘက်က ထပ်ပြီး အခွင့်အရေးပေးစေချင်နေတာပါ။

အသက် ၂၄ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးကို ခေါ်ယူလိုပြီး စိတ်ဝင်စားတဲ့အသင်း များပြားနေပေမယ့် ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် တော်ရုံအသင်းတွေအနေနဲ့ ပေါင်သန်း ၅၀ ကျော်ကို တစ်လုံးတစ်ခဲတည်း သုံးစွဲနိုင်ခြင်းမရှိချိန်မှာ ကစားသမားရဲ့ အနာဂတ်ခြေလှမ်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး အစောပိုင်းမှာ လီဗာပူးလ်က မခေါ်ယူနိုင်တော့ဘူးလို့တောင် ဝန်ခံခဲ့ပါသေးတယ်။

လက်ရှိမှာတော့ လီဗာပူးလ်အသင်းအနေနဲ့ အနာဂတ်မှာ ပဲ့ထွက်သွားဖွယ်ရှိတဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေးနဲ့ ရောဘတ်တို ဖာမီနိုတို့ရဲ့ MSF တိုက်စစ်အတွက် ကြိုတင်အစားထိုးဖို့ အသားကျအောင် ဒီရာသီမှာကတည်းက ဗာနာကို ခေါ်ယူထားချင်နေတာဖြစ်ပြီး ဖာမီနိုကိုတော့ ဦးစားပေးရောင်းချသွားဖွယ်ရှိနေပါတယ်။

စတုဂတ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက တောက်လျှောက်ခြေစွမ်းတက်လာခဲ့တဲ့ ဗာနာဟာ RB လိုက်ပ်ဇစ်အသင်းနဲ့အတူ ၁၁၈ ပွဲမှာ ၇၂ ဂိုး သွင်းယူထားပြီး ဂျာမနီလက်ရွေးစင်အသင်းမှာလည်း နေရာတစ်နေရာ အခိုင်အမာရနေသူဖြစ်လို့ ပြိုင်ဘက်အသင်းတွေ ဘဏ္ဏာရေးအခြေအနေ ပြန်ကောင်းမလာခင် လီဗာပူးလ်တို့က လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ အချိန်ထပ်မံ တောင်းခံခဲ့တာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.