Match Report Other Premier League

ဝုဗ်စ် ဝ-၁ စပါးစ် ပွဲအတွင်း ဘယ်မြင်ကွင်းတွေက ဖမ်းစားသွားပြီး အဓိကပြောစရာဖြစ်လာခဲ့လဲ?

ပွဲပြန်ကစားတဲ့ ဟာရီကိန်း
စပါးစ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ ပြန်ပါလာခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းကို အားလုံးက မျက်စိဒေါက်ထောက်ကြည့်စရာဖြစ်နေခဲ့ပြီး မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ၊ ပါ့ကို့းဒီဖာရဲရားနဲ့ ယူရိုပါကွန်ဖရင့်စ်လိဂ် Play-off ပွဲတွေကို လွဲချော်ထားတဲ့ အင်္ဂလန်သားက အခုပွဲမှာတော့ အရန်ခုံမှာ နေရာပြန်ပေးခံခဲ့ရတယ်။

နည်းပြ နူနို အက်စပီရီတို ဆန်းတို့စ်ကို အကျပ်ရိုက်စေလို့ သူ့ကို ဝုဗ်စ်ပရိသတ်တချို့က လှောင်ပြောင်သွားခဲ့ပေမယ်လို့ မြောက်လန်ဒန်ပရိသတ်တွေက သူ့အမည်နာမကို ​အော်ဟစ်ပြီး ပြန်လည်သြဘာပေးကြိုဆိုခဲ့သလို မိနစ် ၇၀ မှာ လူစားဝင်ကစားခဲ့ပြီး ဂိုးတဂိုးရမယ့် အခွင့်အရေးကိုတော့ အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။

တံကောက်ကြောဒဏ်ရာကြောင့် ဆွန်ဟောင်မင်အတွက် စိုးရိမ်ရတော့မှာလား
မန်စီးတီနဲ့ပွဲမှာ ဝှိုက်လတ်လိန်းရဲ့ဘုရင်ဖြစ်တဲ့ တောင်ကိုရီးယားသားက ဒီနေ့ Molineux ကွင်းထဲမှာ ခြေစွမ်းပြနိုင်ဖို့ တော်တော်ရုန်းကန်နေခဲ့ရသလို ပွဲကြိုသွေးပူလေ့ကျင့်ရေးမှာကတည်းက ဒဏ်ရာရသွားခဲ့တယ်လို့ သိရသလို ဆေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ပွဲကိုတော့ ဝင်ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘယ်ဘက်တံကောက်ကြောမှာတော့ ဒဏ်ရာကို စည်းပတ်ထားရတဲ့ ဆွန်ကို ပွဲမပြီးခင် မိနစ် ၂၀ အလိုမှာ ကိန်းနဲ့ လူစားလဲခဲ့ရသလို နိုင်ပွဲအပြီးမှာတော့ ကွင်းထဲက ပြန်လည်ဝင်ရောက်လာပြီး အဝေးကွင်းကို လိုက်ပါလာတဲ့ စပါးစ်ပရိသတ်တွေကို လက်ခုပ်တီးဂုဏ်ပြုသွားခဲ့သလို စပါးစ်နည်းပြ နူနိုကတော့ သူ့ကို ဆေးစစ်မှုပြုလုပ်ရဦးမယ်လို့ ဆိုသွားခဲ့ပါတယ်။

လူသစ် စိတ်သစ်နဲ့ ဒယ်လီ အယ်လီ
ပြီးခဲ့တဲ့ရာသီက စပါးစ်အသင်းရဲ့အမေ့ခံဖြစ်ခဲ့ရတဲ့ ကွင်းလယ်လူ ဒယ်လီ အယ်လီကတော့ လူသစ်၊စိတ်သစ်၊ ဆံပင်ကေအသစ်နဲ့ မြင်တွေ့ရပြီး ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်ရတာနဲ့ ထိုက်တန်အောင် အတော်လေးကြိုးစားပြီး အားထုတ်ကစားသွားခဲ့တာကို တွေ့ရပါတယ်။

ပိုချက်တီနိုနဲ့ မော်ရင်ညိုတို့ရဲ့ 4-2-3-1 ကစားကွက်အောက်မှာ နောက်ချန်တိုက်စစ်မှူးသဖွယ် နေရာယူနိုင်ခဲ့ပေမယ့် နည်းပြ နူနိုကတော့ အင်္ဂလန်သားကို 4-3-3 ကစားကွက်ရဲ့ ဘယ်ခြမ်းကွင်းလယ်မှာ နေရာအသစ်၊ တာဝန်အသစ်ပေးသွားခဲ့ပြီး ဟွိုက်ဘာ့ခ်၊ အိုလီဗာ စကစ်ပ်တို့နဲ့ ကွင်းလယ်မှာ တွဲဖက်လာခဲ့သလို သူ့ကြောင့်ရတဲ့ပင်နယ်တီကို ကိုယ်တိုင်ပဲပိတ်သွင်းယူသွားခဲ့တာပါ။

တန်ဂန်ဂါကြုံရတဲ့ စိန်ခေါ်မှုအသစ်
မန်စီးတီးနဲ့ပွဲမှာ စတာလင်၊ ဂျက်ဂရီးလစ်ရှ်တို့ကို အိတ်ကပ်ထဲထည့်ထားနိုင်ပြီး အကောင်းဆုံးပုံစံကို ရရှိခဲ့တယ်လို့ ချီးကျူးခံထားရတဲ့ ဂျာဖတ် တန်ဂန်ဂါကတော့ ဒီနေ့မှာတော့ ဝုဗ်လ်စ်တောင်ပံတိုက်စစ်မှူး အက်ဒမာ ထရာအိုရွေးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး စိန်ခေါ်မှုအသစ်တခုကို သင်ယူခဲ့ရပါတယ်။

အပြေးသန်တဲ့ လူထွားကြီးကို မနည်းထိန်းယူခဲ့ရတာကို မြင်တွေ့ခဲ့ရသလို သူ့ရဲ့မွေနှောက်တတ်တဲ့ ကစားအားမှာ ဝုဗ်စ်အသင်းရဲ့ ဂိုးအခွင့်အရေးကောင်းတွေကိုလည်း ခွင့်ပြုပေးခဲ့ရသလို ဂိုးသမား ဟူဂို လော်ရစ်ရဲ့ကိုတော့ မခြိမ်းခြောက်နိုင်ခဲ့လို့ သက်သာရာရခဲ့ပြီး ပထမပိုင်းမှာ ရထားတဲ့ အဝါကတ်ကြောင့်လည်း တန်ဂန်ဂါအနေနဲ့ ထရာအိုရေးကို အတော်လေးသတိထားကစားသွားခဲ့ရတာပါ။

ဖေဘီယို ပါရာတီချီ ဘာကြောင့် ပေါက်ကွဲသွားခဲ့လဲ
စပါးစ်အသင်းရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ ဖေဘီယို ပါရာတီချီကတော့ မန်စီးတီးနဲ့ပွဲမှာ အကြီးအကျယ်အောင်ပွဲခံပြခဲ့သလို ဒီနေ့ပွဲမှာလည်း နည်းပြအဖွဲ့ဝင်တွေနဲ့ အတူတူထိုင်ပြီး အသင်းရဲ့ကစားပွဲကို ဝင်ရောက်အားပေးခဲ့ပြန်တာဖြစ်ပြီး ကွင်းလယ်ဒိုင် စတူးဝပ် အက်တ်ဝဲလ်ရဲ့ ဆုံးဖြတ်ချက်တခုကိုတော့ အ​တော်လေးပေါက်သွားခဲ့ပါတယ်။

ဒီမြင်ကွင်းမှာတော့ စပါးစ်ကွင်းလယ်လူ စကစ်ပ်က ထရာအိုရေးဆီက ဘောလုံးကို ဥပဒေဘောင်အတွင်းက ချိန်သားကိုက်ဖျက်ထုတ်နိုင်ခဲ့သော်ငြား ဒိုင်က အဝါကတ်ပြသတိပေးသွားခဲ့လို့ သူ့မျက်စိရှေ့တည့်တည်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်အတွက် ကျေနပ်ခြင်းမရှိတဲ့ ပါရာတီချီတယောက် ထိုင်ခုံကနေ ထလာပြီး ဒိုင်ရဲ့အမြင်ကို စောဒကတက်သွားခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပြဲျပန္ကစားတဲ့ ဟာရီကိန္း
စပါးစ္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ ျပန္ပါလာခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းကို အားလုံးက မ်က္စိေဒါက္ေထာက္ၾကည့္စရာျဖစ္ေနခဲ့ၿပီး မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲ၊ ပါ့ကို႔းဒီဖာရဲရားနဲ႔ ယူ႐ိုပါကြန္ဖရင့္စ္လိဂ္ Play-off ပြဲေတြကို လြဲေခ်ာ္ထားတဲ့ အဂၤလန္သားက အခုပြဲမွာေတာ့ အရန္ခုံမွာ ေနရာျပန္ေပးခံခဲ့ရတယ္။

နည္းျပ ႏူႏို အက္စပီရီတို ဆန္းတို႔စ္ကို အက်ပ္႐ိုက္ေစလို႔ သူ႔ကို ဝုဗ္စ္ပရိသတ္တခ်ိဳ႕က ေလွာင္ေျပာင္သြားခဲ့ေပမယ္လို႔ ေျမာက္လန္ဒန္ပရိသတ္ေတြက သူ႔အမည္နာမကို ​ေအာ္ဟစ္ၿပီး ျပန္လည္ၾသဘာေပးႀကိဳဆိုခဲ့သလို မိနစ္ ၇၀ မွာ လူစားဝင္ကစားခဲ့ၿပီး ဂိုးတဂိုးရမယ့္ အခြင့္အေရးကိုေတာ့ အသုံးခ်ႏိုင္ခဲ့ျခင္း မရွိပါဘူး။

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ဆြန္ေဟာင္မင္အတြက္ စိုးရိမ္ရေတာ့မွာလား
မန္စီးတီနဲ႔ပြဲမွာ ဝႈိက္လတ္လိန္းရဲ႕ဘုရင္ျဖစ္တဲ့ ေတာင္ကိုရီးယားသားက ဒီေန႔ Molineux ကြင္းထဲမွာ ေျခစြမ္းျပႏိုင္ဖို႔ ေတာ္ေတာ္႐ုန္းကန္ေနခဲ့ရသလို ပြဲႀကိဳေသြးပူေလ့က်င့္ေရးမွာကတည္းက ဒဏ္ရာရသြားခဲ့တယ္လို႔ သိရသလို ေဆးဝန္ထမ္းေတြရဲ႕ အကူအညီနဲ႔ ပြဲကိုေတာ့ ဝင္ကစားႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ဘယ္ဘက္တံေကာက္ေၾကာမွာေတာ့ ဒဏ္ရာကို စည္းပတ္ထားရတဲ့ ဆြန္ကို ပြဲမၿပီးခင္ မိနစ္ ၂၀ အလိုမွာ ကိန္းနဲ႔ လူစားလဲခဲ့ရသလို ႏိုင္ပြဲအၿပီးမွာေတာ့ ကြင္းထဲက ျပန္လည္ဝင္ေရာက္လာၿပီး အေဝးကြင္းကို လိုက္ပါလာတဲ့ စပါးစ္ပရိသတ္ေတြကို လက္ခုပ္တီးဂုဏ္ျပဳသြားခဲ့သလို စပါးစ္နည္းျပ ႏူႏိုကေတာ့ သူ႔ကို ေဆးစစ္မႈျပဳလုပ္ရဦးမယ္လို႔ ဆိုသြားခဲ့ပါတယ္။

လူသစ္ စိတ္သစ္နဲ႔ ဒယ္လီ အယ္လီ
ၿပီးခဲ့တဲ့ရာသီက စပါးစ္အသင္းရဲ႕အေမ့ခံျဖစ္ခဲ့ရတဲ့ ကြင္းလယ္လူ ဒယ္လီ အယ္လီကေတာ့ လူသစ္၊စိတ္သစ္၊ ဆံပင္ေကအသစ္နဲ႔ ျမင္ေတြ႕ရၿပီး ပြဲထြက္လူစာရင္းမွာ ပါဝင္ကစားခြင့္ရတာနဲ႔ ထိုက္တန္ေအာင္ အေတာ္ေလးႀကိဳးစားၿပီး အားထုတ္ကစားသြားခဲ့တာကို ေတြ႕ရပါတယ္။

ပိုခ်က္တီႏိုနဲ႔ ေမာ္ရင္ညိဳတို႔ရဲ႕ 4-2-3-1 ကစားကြက္ေအာက္မွာ ေနာက္ခ်န္တိုက္စစ္မႉးသဖြယ္ ေနရာယူႏိုင္ခဲ့ေပမယ့္ နည္းျပ ႏူႏိုကေတာ့ အဂၤလန္သားကို 4-3-3 ကစားကြက္ရဲ႕ ဘယ္ျခမ္းကြင္းလယ္မွာ ေနရာအသစ္၊ တာဝန္အသစ္ေပးသြားခဲ့ၿပီး ဟြိဳက္ဘာ့ခ္၊ အိုလီဗာ စကစ္ပ္တို႔နဲ႔ ကြင္းလယ္မွာ တြဲဖက္လာခဲ့သလို သူ႔ေၾကာင့္ရတဲ့ပင္နယ္တီကို ကိုယ္တိုင္ပဲပိတ္သြင္းယူသြားခဲ့တာပါ။

တန္ဂန္ဂါႀကဳံရတဲ့ စိန္ေခၚမႈအသစ္
မန္စီးတီးနဲ႔ပြဲမွာ စတာလင္၊ ဂ်က္ဂရီးလစ္ရွ္တို႔ကို အိတ္ကပ္ထဲထည့္ထားႏိုင္ၿပီး အေကာင္းဆုံးပုံစံကို ရရွိခဲ့တယ္လို႔ ခ်ီးက်ဴးခံထားရတဲ့ ဂ်ာဖတ္ တန္ဂန္ဂါကေတာ့ ဒီေန႔မွာေတာ့ ဝုဗ္လ္စ္ေတာင္ပံတိုက္စစ္မႉး အက္ဒမာ ထရာအိုေ႐ြးနဲ႔ ထိပ္တိုက္ရင္ဆိုင္ခဲ့ရၿပီး စိန္ေခၚမႈအသစ္တခုကို သင္ယူခဲ့ရပါတယ္။

အေျပးသန္တဲ့ လူထြားႀကီးကို မနည္းထိန္းယူခဲ့ရတာကို ျမင္ေတြ႕ခဲ့ရသလို သူ႔ရဲ႕ေမြေႏွာက္တတ္တဲ့ ကစားအားမွာ ဝုဗ္စ္အသင္းရဲ႕ ဂိုးအခြင့္အေရးေကာင္းေတြကိုလည္း ခြင့္ျပဳေပးခဲ့ရသလို ဂိုးသမား ဟူဂို ေလာ္ရစ္ရဲ႕ကိုေတာ့ မၿခိမ္းေျခာက္ႏိုင္ခဲ့လို႔ သက္သာရာရခဲ့ၿပီး ပထမပိုင္းမွာ ရထားတဲ့ အဝါကတ္ေၾကာင့္လည္း တန္ဂန္ဂါအေနနဲ႔ ထရာအိုေရးကို အေတာ္ေလးသတိထားကစားသြားခဲ့ရတာပါ။

ေဖဘီယို ပါရာတီခ်ီ ဘာေၾကာင့္ ေပါက္ကြဲသြားခဲ့လဲ
စပါးစ္အသင္းရဲ႕ စီမံခန္႔ခြဲမႈဒါ႐ိုက္တာ ေဖဘီယို ပါရာတီခ်ီကေတာ့ မန္စီးတီးနဲ႔ပြဲမွာ အႀကီးအက်ယ္ေအာင္ပြဲခံျပခဲ့သလို ဒီေန႔ပြဲမွာလည္း နည္းျပအဖြဲ႕ဝင္ေတြနဲ႔ အတူတူထိုင္ၿပီး အသင္းရဲ႕ကစားပြဲကို ဝင္ေရာက္အားေပးခဲ့ျပန္တာျဖစ္ၿပီး ကြင္းလယ္ဒိုင္ စတူးဝပ္ အက္တ္ဝဲလ္ရဲ႕ ဆုံးျဖတ္ခ်က္တခုကိုေတာ့ အ​ေတာ္ေလးေပါက္သြားခဲ့ပါတယ္။

ဒီျမင္ကြင္းမွာေတာ့ စပါးစ္ကြင္းလယ္လူ စကစ္ပ္က ထရာအိုေရးဆီက ေဘာလုံးကို ဥပေဒေဘာင္အတြင္းက ခ်ိန္သားကိုက္ဖ်က္ထုတ္ႏိုင္ခဲ့ေသာ္ျငား ဒိုင္က အဝါကတ္ျပသတိေပးသြားခဲ့လို႔ သူ႔မ်က္စိေရွ႕တည့္တည္မွာ ျဖစ္ပြားခဲ့တဲ့ ဒီျဖစ္ရပ္အတြက္ ေက်နပ္ျခင္းမရွိတဲ့ ပါရာတီခ်ီတေယာက္ ထိုင္ခုံကေန ထလာၿပီး ဒိုင္ရဲ႕အျမင္ကို ေစာဒကတက္သြားခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.