Other Premier League

ဒိုင်ဘက်လိုက်တာကြောင့် မန်ယူနိုက်တက်ဂိုးပေးခဲ့ရတယ်လို့ ဆိုးရှားလ်နဲ့ သရဲနီတွေ ပေါက်ကွဲလောင်မြိုက်နေ

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဥ် တဖက်တဂိုးစီသရေနဲ့ တမှတ်စီခွဲယူခဲ့ရပြီး အင်္ဂလန်က သရဲနီပရိသတ်တွေကတော့ ယူနိုက်တက်တို့ ရမှတ် ၂ မှတ်နစ်နာခဲ့ရတာဟာ ဒိုင်ရဲ့ဘက်လိုက်မှုကြောင့်လို့ စွပ်စွဲအပြစ်တင်သွားခဲ့ကြပါတယ်။

ဒီပွဲမှာ စိန့်တို့က အဖွင့်ဦးဆောင်ဂိုးကို ရရှိခဲ့တာဖြစ် ရှေအက်ဒမ်စ်ရဲ့ ပိုင်ပိုင်နိုင်နိုင်နဲ့ ကန်သွင်းယူခဲ့သလို မန်ချက်စတာယူနိုက်တက်တို့က နောက်ကလိုက်ကစားပြီး တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က ပေါလ် ပေါ့ဘာရဲ့ ဖန်တီးမှုကနေတဆင့် ၆ ကိုက်စည်းထဲကန ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ယူနိုက်တက်တို့ တိုက်စစ်ထပ်မတင်နိုင်ဘဲ ပွဲပြီးခဲ့ရပါတယ်။

စိန့်ရဲ့အဖွင့်ဂိုးမှာတော့ ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ဂျက် စတီဖင်စ်က ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုကို ပြုလုပ်ခဲ့ရာကတဆင့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောမသတ်မှတ်ပေးခဲ့လို့ ဘောလုံးရယူသွားခဲ့ရာကတဆင့် ခွင့်ပြုခဲ့ရတာက ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲစေခဲ့တာလည်း ဖြစ်ပါတယ်။

” သိပ်ကို ညစ်ပတ်လွန်းတယ်။ ဘရူနို လူချခံခဲ့ရတာပါ” လို့ သရဲနီတဦးက လူမှုကွန်ရက်မှာ ရေးသားခဲ့သလို နောက်တဦးရဲ့အမြင်မှာတော့ ဘရူနိုကိုယ်တိုင်က ပျော့ပြီး တွန်းတွန်းတိုက်တိုက်မကစားနိုင်လို့ ခံလိုက်ရတာလို့ ညည်းတွားခဲ့ပြီး တခြားတဦးရဲ့ရေးသားမှုမှာတော့ ပေါ်တူဂီသားရဲ့ပေါ့ဆမှုသာဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

တဖက်မှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပရိသတ်တချို့ရဲ့အမြင်နဲ့ ထပ်တူကျခဲ့ပြီး ကွင်းလယ်ဒိုင်ဟာ ပြိုင်ဘက်အသင်းကို သက်ညှာပေးလွန်းခဲ့ကြောင်း ဝေဖန်သွားခဲ့သလို ဒါဟာ ဘောလုံးကစားနေတာဖြစ်ပြီး ရက်ဂ်ဘီပြိုင်ပွဲမဟုတ်ကြောင်း ခိုင်းနှိုင်းလိုက်သလို ပြစ်ဒဏ်ဘောသာဖြစ်သင့်ကြောင်း ပွဲအပြီးမှာ ပေါက်ကွဲသွားခဲ့ပါသေးတယ်။

” ပြောရမယ်ဆိုရင်တော့ ဒီဖြစ်ရပ်က ပြစ်ဒဏ်ဘောဖြစ်သင့်တာပါ။ စိန့်ကစားသမားက ဘရူနိုကို တည့်တည့်ကြီးပြေးဝင်တိုက်ပြီး လက်မောင်းနဲ့ချုပ်ပြီး ခပ်ကြမ်းကြမ်းဖျက်ထုတ်လိုက်တာပါ။ ဒါကို ပြန်စဥ်းစားသုံးသပ်ရပါမယ်။ ကျွန်တော်တို့ကစားနေတာ ရက်ဂ်ဘီပြိုင်ပွဲမဟုတ်ပါဘူး”

” ဒါ့အပြင် ကျွန်တော်တို့အသင်းဘက်ကလည်း အခုထက်ပိုပြီး ကောင်းမွန်ခဲ့သင့်ပါတယ်။ ဘောလုံးပျက်သွားတယ်ဆိုရင်လည်း ဂိုးမပေးရအောင်တော့ သူတို့ကန်ခွင့်မသာအောင် ကောင်းကောင်းပိတ်ဆို့ကာကွယ်ရမှာပါ။ ဒါကို မလုပ်နိုင်တဲ့ အားနည်းချက်ဖြစ်ပြီး ဂိုး​ပေးလိုက်ရပါတယ်။” လို့ ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဒိုင်တွေသက်ညှာလာတာကို ကြိုဆိုတယ်ဆိုပေမယ့် ဒီနေ့ပွဲမှာ မိမိတို့ပြစ်ဒဏ်ဘောရသင့်တယ်လို့ ဆိုခဲ့တဲ့ သူ့ရဲ့စကားကတော့ ရှေ့နောက်မညီတဲ့စကားအဖြစ် ကိုယ့်ဘက်ကိုယ်ယက်တာလားလို့ ဝေဖန်သံတွေ ထွက်လာစေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ၿပီးခဲ့တဲ့ညက ကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္ တဖက္တဂိုးစီသေရနဲ႔ တမွတ္စီခြဲယူခဲ့ရၿပီး အဂၤလန္က သရဲနီပရိသတ္ေတြကေတာ့ ယူႏိုက္တက္တို႔ ရမွတ္ ၂ မွတ္နစ္နာခဲ့ရတာဟာ ဒိုင္ရဲ႕ဘက္လိုက္မႈေၾကာင့္လို႔ စြပ္စြဲအျပစ္တင္သြားခဲ့ၾကပါတယ္။

ဒီပြဲမွာ စိန္႔တို႔က အဖြင့္ဦးေဆာင္ဂိုးကို ရရွိခဲ့တာျဖစ္ ေရွအက္ဒမ္စ္ရဲ႕ ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ ကန္သြင္းယူခဲ့သလို မန္ခ်က္စတာယူႏိုက္တက္တို႔က ေနာက္ကလိုက္ကစားၿပီး တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္က ေပါလ္ ေပါ့ဘာရဲ႕ ဖန္တီးမႈကေနတဆင့္ ၆ ကိုက္စည္းထဲကန ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္တို႔ တိုက္စစ္ထပ္မတင္ႏိုင္ဘဲ ပြဲၿပီးခဲ့ရပါတယ္။

စိန္႔ရဲ႕အဖြင့္ဂိုးမွာေတာ့ ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကို ဂ်က္ စတီဖင္စ္က ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မႈကို ျပဳလုပ္ခဲ့ရာကတဆင့္ ကြင္းလယ္ဒိုင္က ျပစ္ဒဏ္ေဘာမသတ္မွတ္ေပးခဲ့လို႔ ေဘာလုံးရယူသြားခဲ့ရာကတဆင့္ ခြင့္ျပဳခဲ့ရတာက ယူႏိုက္တက္ပရိသတ္ေတြ အႀကီးအက်ယ္ေပါက္ကြဲေစခဲ့တာလည္း ျဖစ္ပါတယ္။

” သိပ္ကို ညစ္ပတ္လြန္းတယ္။ ဘ႐ူႏို လူခ်ခံခဲ့ရတာပါ” လို႔ သရဲနီတဦးက လူမႈကြန္ရက္မွာ ေရးသားခဲ့သလို ေနာက္တဦးရဲ႕အျမင္မွာေတာ့ ဘ႐ူႏိုကိုယ္တိုင္က ေပ်ာ့ၿပီး တြန္းတြန္းတိုက္တိုက္မကစားႏိုင္လို႔ ခံလိုက္ရတာလို႔ ညည္းတြားခဲ့ၿပီး တျခားတဦးရဲ႕ေရးသားမႈမွာေတာ့ ေပၚတူဂီသားရဲ႕ေပါ့ဆမႈသာျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။

တဖက္မွာေတာ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ပရိသတ္တခ်ိဳ႕ရဲ႕အျမင္နဲ႔ ထပ္တူက်ခဲ့ၿပီး ကြင္းလယ္ဒိုင္ဟာ ၿပိဳင္ဘက္အသင္းကို သက္ညႇာေပးလြန္းခဲ့ေၾကာင္း ေဝဖန္သြားခဲ့သလို ဒါဟာ ေဘာလုံးကစားေနတာျဖစ္ၿပီး ရက္ဂ္ဘီၿပိဳင္ပြဲမဟုတ္ေၾကာင္း ခိုင္းႏႈိင္းလိုက္သလို ျပစ္ဒဏ္ေဘာသာျဖစ္သင့္ေၾကာင္း ပြဲအၿပီးမွာ ေပါက္ကြဲသြားခဲ့ပါေသးတယ္။

” ေျပာရမယ္ဆိုရင္ေတာ့ ဒီျဖစ္ရပ္က ျပစ္ဒဏ္ေဘာျဖစ္သင့္တာပါ။ စိန္႔ကစားသမားက ဘ႐ူႏိုကို တည့္တည့္ႀကီးေျပးဝင္တိုက္ၿပီး လက္ေမာင္းနဲ႔ခ်ဳပ္ၿပီး ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္လိုက္တာပါ။ ဒါကို ျပန္စဥ္းစားသုံးသပ္ရပါမယ္။ ကြၽန္ေတာ္တို႔ကစားေနတာ ရက္ဂ္ဘီၿပိဳင္ပြဲမဟုတ္ပါဘူး”

” ဒါ့အျပင္ ကြၽန္ေတာ္တို႔အသင္းဘက္ကလည္း အခုထက္ပိုၿပီး ေကာင္းမြန္ခဲ့သင့္ပါတယ္။ ေဘာလုံးပ်က္သြားတယ္ဆိုရင္လည္း ဂိုးမေပးရေအာင္ေတာ့ သူတို႔ကန္ခြင့္မသာေအာင္ ေကာင္းေကာင္းပိတ္ဆို႔ကာကြယ္ရမွာပါ။ ဒါကို မလုပ္ႏိုင္တဲ့ အားနည္းခ်က္ျဖစ္ၿပီး ဂိုး​ေပးလိုက္ရပါတယ္။” လို႔ ဆိုးလ္ရွားက ပြဲအၿပီးမွာ ေျပာသြားခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ဒိုင္ေတြသက္ညႇာလာတာကို ႀကိဳဆိုတယ္ဆိုေပမယ့္ ဒီေန႔ပြဲမွာ မိမိတို႔ျပစ္ဒဏ္ေဘာရသင့္တယ္လို႔ ဆိုခဲ့တဲ့ သူ႔ရဲ႕စကားကေတာ့ ေရွ႕ေနာက္မညီတဲ့စကားအျဖစ္ ကိုယ့္ဘက္ကိုယ္ယက္တာလားလို႔ ေဝဖန္သံေတြ ထြက္လာေစခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.