Other Premier League Transfer News

ဂရီးလစ်ရှ်ဟာ စတာလင်ဆီက အတုမြင် အတတ်သင်ရလိမ့်မယ်လို့ မှတ်ချက်ပေးသွားတဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ်ပွဲစဥ် ၂ မှာ နော်ဝစ်ချ်အသင်းကို အီတီဟတ်အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းဟာ ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယားမှာ အဆင့်ပြန်တက်လာခဲ့ပြီဖြစ်သလို အဲဒီပွဲမှာ ပေါင်သန်း ၁၀၀ တန် ကွင်းလယ်တိုက်စစ်မှူး ဂျက်ဂရီးလစ်ရှ်ရဲ့ခြေစွမ်းကို နည်းပြ ပပ်ဂွာဒီယိုလာတယောက် အားပါးတရရှိနေတယ်လို့ သိရပါတယ်။

အီတီဟတ်အိမ်ကွင်းပွဲဦးထွက်ကစားခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ရာဟင်းမ် စတာလင်လိုပဲ မန်စီးတီးမသင်းရဲ့ ဂိုးသွင်းစက်တလုံးဖြစ်လာမယ်လို့ ဂွာဒီယိုလာက ကြိုတင်ဟောကိန်းထုတ်သွားခဲ့ပြီး သူ့အနေနဲ့ ဂိုးများများသွင်းနိုင်ဖို့ဆိုရင် ဗဟိုတိုက်စစ်မှူး နံပါတ် ၉ မှာ အသားကျအောင် ပြောင်းလဲသွားနိုင်ခဲ့တဲ့ စတာလင်ဆီက အတုမြင် အတတ်သင်ရလိမ့်မယ်လို့ ပွဲအပြီးမှာပဲ ပြောသွားခဲ့တာပါ။

” မကြာခင်မှာပဲ ဂျက်ဂရီးလစ်ရှ်ရဲ့ သွင်းဂိုးတွေကို ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ ဂိုးဖန်တီးဖို့သာမကဘဲ ဂိုးသွင်းဖို့ပါ သူပေါက်ကွဲပြပါလိမ့်မယ်။ ဒါပေမယ့် သူရောက်လာ ၂ ပတ်ပဲ ရှိပါသေးတယ်။ ဒီအသင်းမှာ ၆ နှစ်အထိ စာချုပ်ရှိနေတာပါ။ သူ့ကို အချိန်ပေးပါရလိမ့်မယ်”

” လွန်ခဲ့တဲ့ ၅ နှစ် မန်စီးတီးကို ကျွန်တော်ရောက်လာတော့ ရာဟင်းမ် စတာလင်ဆိုတာ ဂိုးသွင်းဖို့ ခေါင်းထဲ မရှိသေးတဲ့ ကစားသမားပါ။ အခုတော့ ဒါကပြောင်းလဲသွားခဲ့ပြီမဟုတ်လား။ ဒီနေ့ပွဲမှာ သူတဂိုးသွင်းတယ်။ ဘာကြောင့်လဲ? နံပါတ် ၉ အထောင်တိုက်စစ်မှူးနေရာကို သူရောက်ရှိနေလို့ပါ”

” ရာဟင်းမ်က သူ့စိတ်ကိုသူပြောင်းလဲနိုင်ခဲ့တယ်။ ကျွန်တော့်အသင်းမှာ ဂိုးသွင်းစက်တလုံးဖြစ်လာတယ်။ တဂိုးပြီးတဂိုးသွင်းဖို့ သူစိတ်ပိုင်းဖြတ်နိုင်လာခဲ့တယ်။ ဂျက်သည်လည်း သူ့လို စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားနိုင်ရင် ဂိုးတွေတဒိုင်းဒိုင်းသွင်းလာနိုင်ပါလိိမ့်မယ်။ ဒီနေ့ပွဲက တကယ့်ထူးရှယ်ပါ” လို့ စပိန်သားနည်းပြကြီးက ထုတ်ဖော်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့အဖွင့်ဂိုး ၂ ဂိုးကိုတော့ နော်ဝစ်ချ်ဂိုးသမားရဲ့ ကိုယ့်ကိုယ့်ကိုယ်သွင်းခဲ့တဲ့ OG နဲ့ ဂျက်ဂရီးလစ်ရှ်ရဲ့ အားထုတ်မှုတွေက ရရှိခဲ့သလို စတာလင်၊ ရီးယက် မာရက်ဇ်နဲ့ အေးမရစ် လာပေါ့တ်တို့က ဆက်လက်သွင်းယူပြီး မန်စီးတီးရဲ့ တိုက်စစ်အင်အားစုကို ပြသခဲ့သလို ခြေစွမ်းက အတော်လေး အားရစရာလည်း ကောင်းခဲ့ပါတယ်။

ပွဲအပြီးမှာပဲ ဂရီးလစ်ရှ်​က ” နိုင်ပွဲတပွဲ၊ သွင်းဂိုး တဂိုး၊ အိမ်ကွင်းပွဲဦးထွက်…. သိပ်ကိုလှပတဲ့နေ့ပါ ” လို့ သူ့ရဲ့တွစ်တာအကောင့်ကနေ ရေးသားပြီး အောင်ပွဲခံသွားခဲ့သလို အင်္ဂလန်သားဟာ အက်စတန် ဗီလာအသင်းမှာ ၂၀၁၉-၂၀ ရာသီက ၁၀ ဂိုးသွင်းယူပြီး သူ့ကစားသမားဘဝတလျှောက် တရာသီအတွင်း ဂိုးအများဆုံးသွင်းယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရှိရပါတယ်။

စတာလင်ရဲ့သွင်းဂိုးမှတ်တမ်းကတော့ တရာသီအတွင်း အများဆုံးသွင်းဂိုးက ၁၁ ဂိုးသာရှိခဲ့ရာကနေ နောက်ရာသီတွေမှာ ၂၃ ဂိုး၊ ၂၅ ဂိုး၊ ၃၁ ဂိုး ၃ ရာသီဆက်တိုက် အသီးသီးသွင်းယူနိုင်ပြီး ဂိုးသွင်းအားထိုးတက်လာခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဂွာဒီယိုလာအနေနဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူနိုင်ဦးမှာလားဆိုတဲ့ မေးခွန်းကိုတော့ ဂျက်ဂရီးလစ်ရှ်နဲ့ လက်ရှိအသင်းသားတွေရဲ့ ပူး​ပေါင်းမှုသာ ပျော်ရွှင်နေပြီဖြစ်ကြောင်း တုံ့ပြန်သွားခဲ့သလို ကိန်းမပါလည်း လက်ရှိလူစာရင်းကို ရာသီသစ်အတွက် ကျေနပ်အားရနေပြီဖြစ်ကြောင်း ဆိုသွားခဲ့ပြီး ဒါဟာကိန်းအပြောင်းအရွှေ့ကိစ္စ တခန်းရပ်ပြီလားဆိုတဲ့ သုံးသပ်မှုတွေလည်းရှိလာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ပရီးမီးယားလိဂ္ပြဲစဥ္ ၂ မွာ ေနာ္ဝစ္ခ်္အသင္းကို အီတီဟတ္အိမ္ကြင္းမွာ ၅ ဂိုးျပတ္နဲ႔ အႏိုင္ကစားခဲ့တဲ့ မန္စီးတီးအသင္းဟာ ရမွတ္ ၃ မွတ္နဲ႔ အမွတ္ေပးဇယားမွာ အဆင့္ျပန္တက္လာခဲ့ၿပီျဖစ္သလို အဲဒီပြဲမွာ ေပါင္သန္း ၁၀၀ တန္ ကြင္းလယ္တိုက္စစ္မႉး ဂ်က္ဂရီးလစ္ရွ္ရဲ႕ေျခစြမ္းကို နည္းျပ ပပ္ဂြာဒီယိုလာတေယာက္ အားပါးတရရွိေနတယ္လို႔ သိရပါတယ္။

အီတီဟတ္အိမ္ကြင္းပြဲဦးထြက္ကစားခဲ့တဲ့ ဂရီးလစ္ရွ္ဟာ ရာဟင္းမ္ စတာလင္လိုပဲ မန္စီးတီးမသင္းရဲ႕ ဂိုးသြင္းစက္တလုံးျဖစ္လာမယ္လို႔ ဂြာဒီယိုလာက ႀကိဳတင္ေဟာကိန္းထုတ္သြားခဲ့ၿပီး သူ႔အေနနဲ႔ ဂိုးမ်ားမ်ားသြင္းႏိုင္ဖို႔ဆိုရင္ ဗဟိုတိုက္စစ္မႉး နံပါတ္ ၉ မွာ အသားက်ေအာင္ ေျပာင္းလဲသြားႏိုင္ခဲ့တဲ့ စတာလင္ဆီက အတုျမင္ အတတ္သင္ရလိမ့္မယ္လို႔ ပြဲအၿပီးမွာပဲ ေျပာသြားခဲ့တာပါ။

” မၾကာခင္မွာပဲ ဂ်က္ဂရီးလစ္ရွ္ရဲ႕ သြင္းဂိုးေတြကို ခင္ဗ်ားတို႔ ျမင္ရပါလိမ့္မယ္။ ဂိုးဖန္တီးဖို႔သာမကဘဲ ဂိုးသြင္းဖို႔ပါ သူေပါက္ကြဲျပပါလိမ့္မယ္။ ဒါေပမယ့္ သူေရာက္လာ ၂ ပတ္ပဲ ရွိပါေသးတယ္။ ဒီအသင္းမွာ ၆ ႏွစ္အထိ စာခ်ဳပ္ရွိေနတာပါ။ သူ႔ကို အခ်ိန္ေပးပါရလိမ့္မယ္”

” လြန္ခဲ့တဲ့ ၅ ႏွစ္ မန္စီးတီးကို ကြၽန္ေတာ္ေရာက္လာေတာ့ ရာဟင္းမ္ စတာလင္ဆိုတာ ဂိုးသြင္းဖို႔ ေခါင္းထဲ မရွိေသးတဲ့ ကစားသမားပါ။ အခုေတာ့ ဒါကေျပာင္းလဲသြားခဲ့ၿပီမဟုတ္လား။ ဒီေန႔ပြဲမွာ သူတဂိုးသြင္းတယ္။ ဘာေၾကာင့္လဲ? နံပါတ္ ၉ အေထာင္တိုက္စစ္မႉးေနရာကို သူေရာက္ရွိေနလို႔ပါ”

” ရာဟင္းမ္က သူ႔စိတ္ကိုသူေျပာင္းလဲႏိုင္ခဲ့တယ္။ ကြၽန္ေတာ့္အသင္းမွာ ဂိုးသြင္းစက္တလုံးျဖစ္လာတယ္။ တဂိုးၿပီးတဂိုးသြင္းဖို႔ သူစိတ္ပိုင္းျဖတ္ႏိုင္လာခဲ့တယ္။ ဂ်က္သည္လည္း သူ႔လို စိတ္ပိုင္းဆိုင္ရာေျပာင္းလဲသြားႏိုင္ရင္ ဂိုးေတြတဒိုင္းဒိုင္းသြင္းလာႏိုင္ပါလိိမ့္မယ္။ ဒီေန႔ပြဲက တကယ့္ထူးရွယ္ပါ” လို႔ စပိန္သားနည္းျပႀကီးက ထုတ္ေဖာ္သြားခဲ့ပါတယ္။

မန္စီးတီးအသင္းရဲ႕အဖြင့္ဂိုး ၂ ဂိုးကိုေတာ့ ေနာ္ဝစ္ခ်္ဂိုးသမားရဲ႕ ကိုယ့္ကိုယ့္ကိုယ္သြင္းခဲ့တဲ့ OG နဲ႔ ဂ်က္ဂရီးလစ္ရွ္ရဲ႕ အားထုတ္မႈေတြက ရရွိခဲ့သလို စတာလင္၊ ရီးယက္ မာရက္ဇ္နဲ႔ ေအးမရစ္ လာေပါ့တ္တို႔က ဆက္လက္သြင္းယူၿပီး မန္စီးတီးရဲ႕ တိုက္စစ္အင္အားစုကို ျပသခဲ့သလို ေျခစြမ္းက အေတာ္ေလး အားရစရာလည္း ေကာင္းခဲ့ပါတယ္။

ပြဲအၿပီးမွာပဲ ဂရီးလစ္ရွ္​က ” ႏိုင္ပြဲတပြဲ၊ သြင္းဂိုး တဂိုး၊ အိမ္ကြင္းပြဲဦးထြက္…. သိပ္ကိုလွပတဲ့ေန႔ပါ ” လို႔ သူ႔ရဲ႕တြစ္တာအေကာင့္ကေန ေရးသားၿပီး ေအာင္ပြဲခံသြားခဲ့သလို အဂၤလန္သားဟာ အက္စတန္ ဗီလာအသင္းမွာ ၂၀၁၉-၂၀ ရာသီက ၁၀ ဂိုးသြင္းယူၿပီး သူ႔ကစားသမားဘဝတေလွ်ာက္ တရာသီအတြင္း ဂိုးအမ်ားဆုံးသြင္းယူႏိုင္ခဲ့ျခင္းျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

စတာလင္ရဲ႕သြင္းဂိုးမွတ္တမ္းကေတာ့ တရာသီအတြင္း အမ်ားဆုံးသြင္းဂိုးက ၁၁ ဂိုးသာရွိခဲ့ရာကေန ေနာက္ရာသီေတြမွာ ၂၃ ဂိုး၊ ၂၅ ဂိုး၊ ၃၁ ဂိုး ၃ ရာသီဆက္တိုက္ အသီးသီးသြင္းယူႏိုင္ၿပီး ဂိုးသြင္းအားထိုးတက္လာခဲ့တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ဂြာဒီယိုလာအေနနဲ႔ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းကို ေခၚယူႏိုင္ဦးမွာလားဆိုတဲ့ ေမးခြန္းကိုေတာ့ ဂ်က္ဂရီးလစ္ရွ္နဲ႔ လက္ရွိအသင္းသားေတြရဲ႕ ပူး​ေပါင္းမႈသာ ေပ်ာ္႐ႊင္ေနၿပီျဖစ္ေၾကာင္း တုံ႔ျပန္သြားခဲ့သလို ကိန္းမပါလည္း လက္ရွိလူစာရင္းကို ရာသီသစ္အတြက္ ေက်နပ္အားရေနၿပီျဖစ္ေၾကာင္း ဆိုသြားခဲ့ၿပီး ဒါဟာကိန္းအေျပာင္းအေ႐ႊ႕ကိစၥ တခန္းရပ္ၿပီလားဆိုတဲ့ သုံးသပ္မႈေတြလည္းရွိလာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.