Other Premier League Transfer News

လမ်းပတ်အထုတ်ခံရတာ မိမိရဲ့စနက်ကင်းတယ်လို့ ကာကွယ်လိုက်တဲ့ တူဟယ်လ်

ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က သူ့အနေနဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်အထုတ်ခံခဲ့ရခြင်းမှာ ဘာတခုမှ ဝင်မပတ်သက်ခဲ့သလို သူ့ကို မထုတ်သင့်သေးကြောင်း ဘုတ်အဖွဲ့ဆီ တင်ပြပြီး ဝင်ရောက်ထောက်ခံမှုပါ ပြုလုပ်ခဲ့သေးတယ်လို့ Sky Sports ကို ပြောကြားသွားခဲ့ပါတယ်။

၂၀၂၁ ဇန်နဝါရီလမှာ စတမ်းဖို့ဒ်မြေဆီ ရောက်ရှိလာပြီး လမ်းပတ်ရဲ့နေရာကို ဆက်ခံခဲ့တဲ့ ဂျာမန်သားကြီးဟာ အဲဒီအချိန်က ပရီးမီးယားလိဂ် အဆင့် ၈ နေရာအထိ ထိုးဆင်းနေပြီး အခြေအနေဆိုးရွားနေတဲ့အသင်းကို ရာသီကုန်မှာ အဆင့် ၄ အထိ ဆွဲတင်နိုင်ခဲ့သလို ချန်ပီယံလိဂ်ချန်ပီယံအဖြစ်လည်း ဗိုလ်ဝင်ခံသွားနိုင်ခဲ့တာက ရာသီဝက်သာ ကိုင်တွယ်ထားရတဲ့ နည်းပြတယောက်အတွက် ကြီးကျယ်ခမ်းနားမှုတခုလည်း ဖြစ်ခဲ့ပါတယ်။

” ချယ်လ်ဆီးဘုတ်အဖွဲ့နဲ့ ပထမဆုံးဖုန်းကောလ်မှာပဲ ဖရန့် လမ်းပတ်ကို ထုတ်ဖို့ တကယ်သေချာပြီလားလို့ ကျွန်တော်မေးခဲ့ပါတယ်။ ပရိသတ်တွေက သူတို့ကို ကျေနပ်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါကြောင့်ပါ။ သူ့ကို အခုထက်ပိုပြီး အချိန်ပေးသင့်တယ်လို့ ယူဆခဲ့ပါတယ်”

” ချယ်လ်ဆီးအကြောင်း စဥ်းစားတာနဲ့ ကျွန်တော် တန်းခနဲ ပြေးမြင်ယောင်မိတာက ဖရန့် လမ်းပတ်၊ ဂျွန်တယ်ရီ၊ ပီတာချက်၊ ဒီဒီယာ ဒရော့ဘာတို့အုပ်စုပါ။ လမ်းပတ်က လက်ရှိချယ််လ်ဆီးအသင်းရဲ့ ကစားကွက်မှာ အရာရာအသက်သွင်းပေးပြီး အုတ်မြစ်ချပေးခဲ့တဲ့ ခေါင်းကိုင်ဖခင်လို့ ဆိုရမှာပါ”

” ပြီးတော့ သူက အလုပ်တအားကြိုးစားတယ်။ ပေါက်ကွဲအားပြင်းတဲ့ ကစားသမားကောင်းဖြစ်သလို တကယ့်ခေါင်းဆောင်စစ်စစ်လည်းဖြစ်ပြီး ကွင်းထဲရောက်သွားရင် အသင်းလိုက်စုစည်းညီညွတ်မှုကို ဦးစားပေးတတ်သူပါ။ တကယ့်ဂန္ထဝင်စစ်စစ်ကြီးတဦးလို့ ဆိုနိုင်ပါတယ်။” လို့ တူဟယ်လ်က နှိမ့်နှိမ့်ချချပြောဆိုခဲ့သလို သူ့အတွက်တော့ လမ်းပတ်ရဲ့ကျေးဇူးမကင်းကြောင်း ဝန်ခံသွားခဲ့တာပါ။

ဒါ့အပြင် အပြာရောင်လန်ဒန်ဂန္ထဝင်ကြီးမရှိတော့ချိန်မှာ အသင်းသားတွေကို ဘယ်လိုစည်းရုံးယူခဲ့ရလဲ၊ ယုံကြည်မှုဘယ်လိုတည်ဆောက်ယူခဲ့ရလဲဆိုတာနဲ့ ပတ်သက်လို့ အရှုပ်အရှင်းမရှိ ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ပြီး ချယ်လ်ဆီးကို ရောက်ရောက်ချင်း အစောပိုင်းကတည်းက ကစားသမားတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်ဖို့ ​ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသွားခဲ့ပါတယ်။

” ကျွန်တော့်အတွက် ရွေးစရာသိပ်မရှိခဲ့ပါဘူး။ ချယ်လ်ဆီးနည်းပြအလုပ်ကို လက်ခံမလား၊ ငြင်းမလားပေါ့။ ဒါကြောင့် ကျွန်တော်အသင်းကို ရောက်လာတဲ့ အသင်းသားတယောက်ချင်းစီကို စည်းရုံးမှုပြုလုပ်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းသား ၂၂ ဦးစလုံးကတော့ ကျွန်တော့်ကို ကြိုဆိုချင်စိတ်ရှိချင်မှ ရှိမှာပါ။”

” အထုတ်ခံရတဲ့နည်းပြအတွက် သူတို့ဝမ်းနည်းနေမှာပါ။ သူက အသင်းကို ချန်ပီယံလိဂ်အုပ်စုကျွတ်အောင် စွမ်းဆောင်ပေးခဲ့တယ်။ အချက်အလက်အရ လမ်းပတ်ရဲ့စွမ်းဆောင်ရည်က သိပ်ကောင်းမွန်ခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ ကံဖယ်သွားတယ်လို့ပဲ ဆိုရမှာပါ။”

” အသင်းကို ရောက်ရောက်ချင်းမှာ ကျွန်တော်​က ကောင်လေးတို့ရေ..နားထောင်ကြ… သူ အသင်းကထွက်ရအောင် ငါလုပ်ခဲ့တာမဟုတ်ဘူးနော်။ အခု ငါဒီမှာရှိနေတာ ငါ့အလုပ်ကို အောင်မြင်အောင်လုပ်သွားဖို့ ရောက်လာခဲ့တာပါ… ငါတို့ တလှေတည်းစီး တခရီးတည်းသွားရမှာမို့ အောင်မြင်မှုကို အတူတူရှာဖွေကြရအောင်…လို့ သူတို့ကို ပြောဆိုသိမ်းသွင်းခဲ့ရပါတယ်” လို့ တူဟယ်လ်က ဆက်လက်ရှင်းပြခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က သူ႔အေနနဲ႔ နည္းျပေဟာင္း ဖရန္႔ လမ္းပတ္အထုတ္ခံခဲ့ရျခင္းမွာ ဘာတခုမွ ဝင္မပတ္သက္ခဲ့သလို သူ႔ကို မထုတ္သင့္ေသးေၾကာင္း ဘုတ္အဖြဲ႕ဆီ တင္ျပၿပီး ဝင္ေရာက္ေထာက္ခံမႈပါ ျပဳလုပ္ခဲ့ေသးတယ္လို႔ Sky Sports ကို ေျပာၾကားသြားခဲ့ပါတယ္။

၂၀၂၁ ဇန္နဝါရီလမွာ စတမ္းဖို႔ဒ္ေျမဆီ ေရာက္ရွိလာၿပီး လမ္းပတ္ရဲ႕ေနရာကို ဆက္ခံခဲ့တဲ့ ဂ်ာမန္သားႀကီးဟာ အဲဒီအခ်ိန္က ပရီးမီးယားလိဂ္ အဆင့္ ၈ ေနရာအထိ ထိုးဆင္းေနၿပီး အေျခအေနဆိုး႐ြားေနတဲ့အသင္းကို ရာသီကုန္မွာ အဆင့္ ၄ အထိ ဆြဲတင္ႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္လည္း ဗိုလ္ဝင္ခံသြားႏိုင္ခဲ့တာက ရာသီဝက္သာ ကိုင္တြယ္ထားရတဲ့ နည္းျပတေယာက္အတြက္ ႀကီးက်ယ္ခမ္းနားမႈတခုလည္း ျဖစ္ခဲ့ပါတယ္။

” ခ်ယ္လ္ဆီးဘုတ္အဖြဲ႕နဲ႔ ပထမဆုံးဖုန္းေကာလ္မွာပဲ ဖရန္႔ လမ္းပတ္ကို ထုတ္ဖို႔ တကယ္ေသခ်ာၿပီလားလို႔ ကြၽန္ေတာ္ေမးခဲ့ပါတယ္။ ပရိသတ္ေတြက သူတို႔ကို ေက်နပ္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး။ ဒါေၾကာင့္ပါ။ သူ႔ကို အခုထက္ပိုၿပီး အခ်ိန္ေပးသင့္တယ္လို႔ ယူဆခဲ့ပါတယ္”

” ခ်ယ္လ္ဆီးအေၾကာင္း စဥ္းစားတာနဲ႔ ကြၽန္ေတာ္ တန္းခနဲ ေျပးျမင္ေယာင္မိတာက ဖရန္႔ လမ္းပတ္၊ ဂြၽန္တယ္ရီ၊ ပီတာခ်က္၊ ဒီဒီယာ ဒေရာ့ဘာတို႔အုပ္စုပါ။ လမ္းပတ္က လက္ရွိခ်ယ္္လ္ဆီးအသင္းရဲ႕ ကစားကြက္မွာ အရာရာအသက္သြင္းေပးၿပီး အုတ္ျမစ္ခ်ေပးခဲ့တဲ့ ေခါင္းကိုင္ဖခင္လို႔ ဆိုရမွာပါ”

” ၿပီးေတာ့ သူက အလုပ္တအားႀကိဳးစားတယ္။ ေပါက္ကြဲအားျပင္းတဲ့ ကစားသမားေကာင္းျဖစ္သလို တကယ့္ေခါင္းေဆာင္စစ္စစ္လည္းျဖစ္ၿပီး ကြင္းထဲေရာက္သြားရင္ အသင္းလိုက္စုစည္းညီၫြတ္မႈကို ဦးစားေပးတတ္သူပါ။ တကယ့္ဂႏၴဝင္စစ္စစ္ႀကီးတဦးလို႔ ဆိုႏိုင္ပါတယ္။” လို႔ တူဟယ္လ္က ႏွိမ့္ႏွိမ့္ခ်ခ်ေျပာဆိုခဲ့သလို သူ႔အတြက္ေတာ့ လမ္းပတ္ရဲ႕ေက်းဇူးမကင္းေၾကာင္း ဝန္ခံသြားခဲ့တာပါ။

ဒါ့အျပင္ အျပာေရာင္လန္ဒန္ဂႏၴဝင္ႀကီးမရွိေတာ့ခ်ိန္မွာ အသင္းသားေတြကို ဘယ္လိုစည္း႐ုံးယူခဲ့ရလဲ၊ ယုံၾကည္မႈဘယ္လိုတည္ေဆာက္ယူခဲ့ရလဲဆိုတာနဲ႔ ပတ္သက္လို႔ အရႈပ္အရွင္းမရွိ ပြင့္ပြင့္လင္းလင္း ေျပာသြားခဲ့ၿပီး ခ်ယ္လ္ဆီးကို ေရာက္ေရာက္ခ်င္း အေစာပိုင္းကတည္းက ကစားသမားေတြရဲ႕ စိတ္ႏွလုံးကို သိမ္းပိုက္ဖို႔ ​ႀကိဳးစားခဲ့ျခင္းျဖစ္ေၾကာင္းလည္း ဆိုသြားခဲ့ပါတယ္။

” ကြၽန္ေတာ့္အတြက္ ေ႐ြးစရာသိပ္မရွိခဲ့ပါဘူး။ ခ်ယ္လ္ဆီးနည္းျပအလုပ္ကို လက္ခံမလား၊ ျငင္းမလားေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္အသင္းကို ေရာက္လာတဲ့ အသင္းသားတေယာက္ခ်င္းစီကို စည္း႐ုံးမႈျပဳလုပ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အသင္းသား ၂၂ ဦးစလုံးကေတာ့ ကြၽန္ေတာ့္ကို ႀကိဳဆိုခ်င္စိတ္ရွိခ်င္မွ ရွိမွာပါ။”

” အထုတ္ခံရတဲ့နည္းျပအတြက္ သူတို႔ဝမ္းနည္းေနမွာပါ။ သူက အသင္းကို ခ်န္ပီယံလိဂ္အုပ္စုကြၽတ္ေအာင္ စြမ္းေဆာင္ေပးခဲ့တယ္။ အခ်က္အလက္အရ လမ္းပတ္ရဲ႕စြမ္းေဆာင္ရည္က သိပ္ေကာင္းမြန္ခဲ့ေပမယ့္ ရလဒ္ပိုင္းမွာေတာ့ ကံဖယ္သြားတယ္လို႔ပဲ ဆိုရမွာပါ။”

” အသင္းကို ေရာက္ေရာက္ခ်င္းမွာ ကြၽန္ေတာ္​က ေကာင္ေလးတို႔ေရ..နားေထာင္ၾက… သူ အသင္းကထြက္ရေအာင္ ငါလုပ္ခဲ့တာမဟုတ္ဘူးေနာ္။ အခု ငါဒီမွာရွိေနတာ ငါ့အလုပ္ကို ေအာင္ျမင္ေအာင္လုပ္သြားဖို႔ ေရာက္လာခဲ့တာပါ… ငါတို႔ တေလွတည္းစီး တခရီးတည္းသြားရမွာမို႔ ေအာင္ျမင္မႈကို အတူတူရွာေဖြၾကရေအာင္…လို႔ သူတို႔ကို ေျပာဆိုသိမ္းသြင္းခဲ့ရပါတယ္” လို႔ တူဟယ္လ္က ဆက္လက္ရွင္းျပခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.