Ligue1 Premier League Serie A Transfer News UCL&UEL

လူစားဝင်ပြီး အနိုင်ဂိုး ပယ်ဖျက်ခံခဲ့ရတဲ့အပြင် အဝါပါထိခဲ့တဲ့ CR7 ဂျူဗီက ထွက်မှာလား

ပြီးခဲ့တဲ့ အူဒီးနီးစီးနဲ့ စီးရီးအေပွဲစဉ်မှာ သူ့ကို ပွဲထွက်အသုံးမပြုဖို့ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီဆီ တောင်းဆိုထားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အနာဂတ်က သူ့ရဲ့ ကံမကောင်းမှုနဲ့ အီတလီမြေက အမှတ်ပေးပွဲရဲ့ ကမောက်ကမဖြစ်မှုမှာ ပြောင်းလဲသွားမလားဆိုတာ စောင့်ကြည့်ရဖို့ ရှိလာခဲ့ပါတယ်။

သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မရေရာမှုတွေ များနေတာကြောင့် အပြောင်းအရွှေ့ လုပ်ဆောင်ကောင်းလုပ်ဆောင်ရနိုင်တဲ့ အခြေအနေကို စိတ်ညစ်နေတဲ့ ရော်နယ်လ်ဒိုအနေနဲ့ ဒီစီးရီးအေ အဝေးကွင်းပွဲစဉ်ကို ပါဝင်ကစားလိုခြင်း မရှိခဲ့တာလည်းဖြစ်ပြီး နည်းပြကလည်း သူ့ဆန္ဒကို လိုက်လျောခဲ့သလို ဒုတိယပိုင်း မိနစ် ၆၀ မှာမှ ထည့်သွင်းအသုံးပြုခဲ့တာပါ။

ပထမပိုင်း ပွဲချိန် ၃ မိနစ်နဲ့ ၂၃ မိနစ်တွေမှာ သွင်းယူခဲ့တဲ့ ဒီဘားလား၊ ကွာဒရာဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဒုတိယပိုင်း ၅၁ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ ပါရဲရားရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရအပြီးမှာ အယ်လီဂရီအနေနဲ့ ပေါ်တူဂီသားကြီးကို ထည့်သွင်းအသုံးပြုခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာ အူဒီးနီးစီးတိုက်စစ်မှူး ဂျရတ် ဒူလိုဖူက ဒုတိယချေပဂိုးနဲ့ နှစ်ဂိုးစီ သရေကျစေခဲ့တာမို့ ဂျူဗင်တပ်စ်တစ်သင်းလုံးအနေနဲ့ အနိုင်ရဖို့ အာရုံစိုက်ကြိုးစားခဲ့ကြပြီး ပွဲချိန် ၉၄ မိနစ်မှာတော့ ခီယေဆာရဲ့ ညာခြမ်းကနေ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက ပြေးဝင်ခေါင်းတိုက်ပြီး အနိုင်ရစေနိုင်တဲ့ ဂိုးကို သွင်းယူခဲ့တာပါ။

ဒီဂိုးအပြီးမှာ အင်္ကျီချွတ်အောင်ပွဲခံခဲ့တဲ့ ၃၆ နှစ်သားကြီးအနေနဲ့ အဝါကတ်လည်း ထိခဲ့ပြီး VAR ပြန်လည်ကြည့်ရှုချိန်မှာတော့ သူ့ရဲ့ ပခုံးစွန်းက လူကျွံနေတယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရလို့ ဂိုးမရလိုက်တာနဲ့ဆိုရင် မိအေး နှစ်ခါနာဖြစ်ခဲ့ရပြီး သူ့ရဲ့ ကွင်းထဲက နာရီဝက် အချိန်ကာလမှာ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

မီဒီယာတချို့ကတော့ ရော်နယ်လ်ဒိုအနေနဲ့ အရန်ခုံထိုင်ချင်တာဟာ အသင်းပြောင်းဖို့ ဖြစ်လာခဲ့ရင် ဒဏ်ရာရနေမှာစိုးလို့ ရှောင်လွှဲချင်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပြီး လက်ရှိမှာတော့ သူ့အနေနဲ့ တိကျလွန်းနေတဲ့ စိတ်ပျက်စရာ VAR ကြောင့် အီတလီမြေကနေများ ထွက်ခွာသွားတော့မလားလို့ ခန့်မှန်းချက်တွေလည်း မြင့်တက်လာခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ပေါ်တူဂီ GOAT ကြီးအတွက် ခေါ်ယူလိုနေတဲ့ အသင်းအနေနဲ့ သူ့ရဲ့ လက်ကျန် တစ်နှစ်စာ စာချုပ်သက်တမ်းကို လျော်ကြေးပေးချေနိုင်ရင် ခေါ်ယူနိုင်ခွင့်ရှိနေတာလည်းဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ Gestifute ရဲ့ ဂျော်ဂျီ မန်ဒက်စ်ကတော့ ပေါင် ၂၅ သန်းနဲ့ ရရှိနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပြီး ခီလီယန် အမ်ဘာပေကို ရောင်းချရနိုင်တဲ့ ပီအက်စ်ဂျီနဲ့ ဟာရီကိန်းကို လွဲချော်သွားနိုင်တဲ့ မန်ချက်စတာစီးတီးအသင်းတွေဆီကို ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ အူဒီးနီးစီးနဲ႔ စီးရီးေအပြဲစဥ္မွာ သူ႔ကို ပြဲထြက္အသုံးမျပဳဖို႔ နည္းျပ မက္ဆီမီလီယာႏို အယ္လီဂရီဆီ ေတာင္းဆိုထားခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အနာဂတ္က သူ႔ရဲ႕ ကံမေကာင္းမႈနဲ႔ အီတလီေျမက အမွတ္ေပးပြဲရဲ႕ ကေမာက္ကမျဖစ္မႈမွာ ေျပာင္းလဲသြားမလားဆိုတာ ေစာင့္ၾကည့္ရဖို႔ ရွိလာခဲ့ပါတယ္။

သူ႔ရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး မေရရာမႈေတြ မ်ားေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္ေကာင္းလုပ္ေဆာင္ရႏိုင္တဲ့ အေျခအေနကို စိတ္ညစ္ေနတဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ ဒီစီးရီးေအ အေဝးကြင္းပြဲစဥ္ကို ပါဝင္ကစားလိုျခင္း မရွိခဲ့တာလည္းျဖစ္ၿပီး နည္းျပကလည္း သူ႔ဆႏၵကို လိုက္ေလ်ာခဲ့သလို ဒုတိယပိုင္း မိနစ္ ၆၀ မွာမွ ထည့္သြင္းအသုံးျပဳခဲ့တာပါ။

ပထမပိုင္း ပြဲခ်ိန္ ၃ မိနစ္နဲ႔ ၂၃ မိနစ္ေတြမွာ သြင္းယူခဲ့တဲ့ ဒီဘားလား၊ ကြာဒရာဒိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဒုတိယပိုင္း ၅၁ မိနစ္မွာ ပင္နယ္တီကေန သြင္းယူခဲ့တဲ့ ပါရဲရားရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရအၿပီးမွာ အယ္လီဂရီအေနနဲ႔ ေပၚတူဂီသားႀကီးကို ထည့္သြင္းအသုံးျပဳခဲ့တာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာ အူဒီးနီးစီးတိုက္စစ္မႉး ဂ်ရတ္ ဒူလိုဖူက ဒုတိယေခ်ပဂိုးနဲ႔ ႏွစ္ဂိုးစီ သေရက်ေစခဲ့တာမို႔ ဂ်ဴဗင္တပ္စ္တစ္သင္းလုံးအေနနဲ႔ အႏိုင္ရဖို႔ အာ႐ုံစိုက္ႀကိဳးစားခဲ့ၾကၿပီး ပြဲခ်ိန္ ၉၄ မိနစ္မွာေတာ့ ခီေယဆာရဲ႕ ညာျခမ္းကေန ျဖတ္တင္လိုက္တဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒိုက ေျပးဝင္ေခါင္းတိုက္ၿပီး အႏိုင္ရေစႏိုင္တဲ့ ဂိုးကို သြင္းယူခဲ့တာပါ။

ဒီဂိုးအၿပီးမွာ အက်ႌခြၽတ္ေအာင္ပြဲခံခဲ့တဲ့ ၃၆ ႏွစ္သားႀကီးအေနနဲ႔ အဝါကတ္လည္း ထိခဲ့ၿပီး VAR ျပန္လည္ၾကည့္ရႈခ်ိန္မွာေတာ့ သူ႔ရဲ႕ ပခုံးစြန္းက လူကြၽံေနတယ္ဆိုၿပီး ပယ္ဖ်က္ခံခဲ့ရလို႔ ဂိုးမရလိုက္တာနဲ႔ဆိုရင္ မိေအး ႏွစ္ခါနာျဖစ္ခဲ့ရၿပီး သူ႔ရဲ႕ ကြင္းထဲက နာရီဝက္ အခ်ိန္ကာလမွာ စိတ္ပ်က္စရာ ႀကဳံေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

မီဒီယာတခ်ိဳ႕ကေတာ့ ေရာ္နယ္လ္ဒိုအေနနဲ႔ အရန္ခုံထိုင္ခ်င္တာဟာ အသင္းေျပာင္းဖို႔ ျဖစ္လာခဲ့ရင္ ဒဏ္ရာရေနမွာစိုးလို႔ ေရွာင္လႊဲခ်င္ခဲ့တာ ျဖစ္တယ္လို႔ စြပ္စြဲခဲ့ၾကၿပီး လက္ရွိမွာေတာ့ သူ႔အေနနဲ႔ တိက်လြန္းေနတဲ့ စိတ္ပ်က္စရာ VAR ေၾကာင့္ အီတလီေျမကေနမ်ား ထြက္ခြာသြားေတာ့မလားလို႔ ခန႔္မွန္းခ်က္ေတြလည္း ျမင့္တက္လာခဲ့တာပါ။

လက္ရွိအခ်ိန္မွာေတာ့ ေပၚတူဂီ GOAT ႀကီးအတြက္ ေခၚယူလိုေနတဲ့ အသင္းအေနနဲ႔ သူ႔ရဲ႕ လက္က်န္ တစ္ႏွစ္စာ စာခ်ဳပ္သက္တမ္းကို ေလ်ာ္ေၾကးေပးေခ်ႏိုင္ရင္ ေခၚယူႏိုင္ခြင့္ရွိေနတာလည္းျဖစ္ၿပီး သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ Gestifute ရဲ႕ ေဂ်ာ္ဂ်ီ မန္ဒက္စ္ကေတာ့ ေပါင္ ၂၅ သန္းနဲ႔ ရရွိႏိုင္မွာ ျဖစ္တယ္လို႔ ဆိုထားၿပီး ခီလီယန္ အမ္ဘာေပကို ေရာင္းခ်ရႏိုင္တဲ့ ပီအက္စ္ဂ်ီနဲ႔ ဟာရီကိန္းကို လြဲေခ်ာ္သြားႏိုင္တဲ့ မန္ခ်က္စတာစီးတီးအသင္းေတြဆီကို ခန႔္မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.