Match Report Premier League

အဝေးကွင်းမှာ အာဆင်နယ်ကို ပွဲဦးထွက် အနိုင်ကျင့်တဲ့ လူကာကူးနဲ့ ဇယားထိပ်တက်တဲ့ ချဲလ်ဆီး

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ တိုက်စစ်မှူးတွေကို အသုံးမပြုနိုင်သေးဘဲ အိမ်ကွင်းမှာ မာတီနယ်လီကို ဆာကာနဲ့ ပေပေကို ရံကစားတဲ့ ရှေ့တန်းနဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ဆမ်ဘီ လိုကွန်ဂါနဲ့ ချာကာတို့ကို စမစ်ရိုးနဲ့ တွဲပေးခဲ့ပြီး ခံစစ်မှာတော့ ဘန်ဝှိုက် မပါဝင်နိုင်တာမို့ ပါဘလို မာရီကို ဟိုးလ်ဒင်းနဲ့တွဲပြီး ခင်းကျင်းလာခဲ့ပါတယ်။

ချဲလ်ဆီးကတော့ ၃-၄-၂-၁ ပုံစံမျိုးနဲ့ ပွဲထွက်လာခဲ့ပြီး လူကာကူးကို အထောင်နဲ့ နောက်က မေဆန်မောင့်နဲ့ ဟာဗတ်ဇ်တို့ လိုက်ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ကွန်တေ ပါဝင်လာခြင်းမရှိဘဲ ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့ ကစားလာခဲ့ပြီး တောင်ပံတွေမှာတော့ အလွန်ဆိုနဲ့ ဂျိမ်းစ်၊ ခံစစ်မှာတော့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာကို ခရစ္စတင်ဆန်၊ ရူဒီဂါတို့နဲ့ စုဖွဲ့ပေးခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာရဲ့ ခံစစ်ပလန်က အလုပ်မဖြစ်ခဲ့ဘဲ ခပ်သွယ်သွယ် ပါဘလို မာရီက ထွားကျိုင်းလွန်းတဲ့ လူကာကူးကို မထိန်းနိုင်ချိန်မှာ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးအနေနဲ့ Target Man ကောင်းဟာ ဘာလဲလို့ ပြသသွားခဲ့ပြီး သူ့တစ်ယောက်ကို ခံစစ်သမားနှစ်ယောက် ကပ်ရအောင် ဆွဲထုတ်ခဲ့သလို ချဲလ်ဆီးရဲ့ တောင်ပံတွေနဲ့ ဟာဗတ်ဇ်တို့ လွတ်လွတ်လပ်လပ် ကစားခွင့်ရသွားခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဂိုးစရခဲ့ပြီး အာဆင်နယ်ရဲ့ အူတိုင်ချောင်နေတဲ့ ကွင်းလယ်ကြောရဲ့ ယိုယွင်းမှုကို လူကျွံဘောတောင် မှန်အောင် မဖမ်းနိုင်တဲ့ ခံစစ်က ဆေးထိုးပေးခဲ့ပြီး ကိုဗာချစ် တင်ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းမှာ လွတ်လွတ်ကျွတ်ကျွတ်ရသွားတဲ့ ဂျိမ်းစ်က အနိမ့်ဘော ဖြတ်ချိုးပေးတာကို လူကာကူးက သူ့ကို လိုက်ဆွဲတဲ့ ပါဘလို မာရီကို အလဲလဲအကွဲကွဲဖြစ်အောင် အရှက်ခွဲပြီးမှ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ခံစစ်ကို ကွင်းလယ်က ကာကွယ်မပေးနိုင်ခဲ့တာက သိသာလွန်းနေခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှာ အချိတ်အဆက်နဲ့ နားလည်မှု သိပ်ပြီးမကောင်းသေးလို့သာ သက်သာခဲ့ရသလို အိမ်ရှင်တွေအနေနဲ့ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၃၈ ရာခိုင်နှုန်းသာရတဲ့အထိ အိုးနင်းခွက်နင်းနိုင်ခဲ့ပြီး တိုက်စစ်မှာလည်း ဖန်တီးမှု ကင်းမဲ့နေခဲ့လို့ ဂိုးပေါက်ခြိမ်းခြောက်ဖို့ အကောင်အထည် မပေါ်ဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ ပါဘလို မာရီက လူကာကူးနဲ့ အမှတ်တရ အဝါဝယ်သွားခဲ့ပြီး ၃၅ မိနစ်မှာတော့ ဘယ်ခြမ်းကနေ အလွန်ဆိုနဲ့ ဟာဗတ်ဇ်တို့ ကျားကုတ်ကျားခဲ ရုန်းထွက်ပြီး အလယ်ကို ပြန်ထည့်ပေးတာကို ချာကာ ဖျက်ထုတ်ရာက ပြန်ရသွားတဲ့ မေဆန်မောင့်က ခင်းပေးခဲ့ရာမှာ ညာခြမ်းမှာ မကြာခဏ လွတ်နေတဲ့ ဂျိမ်းစ်က ဂိုးသမား လီနိုရဲ့ အပေါ်ထောင့်ကို ကန်သွင်းပြီး ချဲလ်ဆီးတို့ကို ဒုတိယဂိုး ရယူပေးခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဆာကာနဲ့ ဂျိမ်းစ်တို့ ထိခိုက်လဲကျမိရာကနေ အာဆင်နယ်တို့ ပင်နယ်တီ တောင်းခဲ့ပေမယ့် ဒိုင်လူကြီး တီယာနီနဲ့ VAR တို့ရဲ့ ငြင်းပယ်ခံခဲ့ရသလို အခွင့်အရေးတချို့ကိုလည်း အသုံးမချနိုင်ခဲ့လို့ ဟိုးလ်ဒင်းရဲ့ အဝါကတ်ကလွဲလို့ ဘာမှထပ်မရခဲ့ဘဲ ပထမပိုင်းကို ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်ခံစစ်က ပိုမိုကျစ်လျစ်လာခဲ့ပြီး ဖိကစားနေတဲ့ ချဲလ်ဆီးကို တန်ပြန်တိုက်စစ်တွေကနေ ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာ ဆာကာရဲ့ ကန်ချက်ကို မန်ဒီ ဘားပေါ်ကျော်ပုတ်ခဲ့ရပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ ပေပေကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို ပါဘလို မာရီ ခေါင်းတိုက်ချပေးတာကို ဟိုးလ်ဒင်းရဲ့ ထပ်ဆင့်ခေါင်းတိုက်ချက်က တစ်ဖက်ဂိုးသမားနဲ့ နောက်တန်းတွေကို အကြောင်ရိုက်နိုင်ခဲ့ပေမယ့် ဂိုးတိုင်ဘေးက လွဲချော်သွားခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာ ဆာကာအစား အူဘာမီယန်းက လူစားဝင်ရောက်ကစားခဲ့ရာမှာတော့ အာဆင်နယ်တို့ ပိုမိုခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးသမား မန်ဒီ တစ်ကြိမ်ကာကွယ်ပြီး တစ်ကြိမ် ရှေ့တက်ရှင်းထုတ်ခဲ့ရသလို ၆၅ မိနစ်မှာတော့ ဒဏ်ရာရသွားတဲ့ နောက်ခံလူ တီယာနီအစား ကစားသမားသစ် နူနို တာဗာရက်စ်ကို လူစားလဲခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘယ်ခြမ်းက အလွန်ဆိုနဲ့ ဟာဗတ်ဇ်တို့နှစ်ဦး ကျဆင်းလာချိန်မှာ တောင်ပံတစ်ခြမ်းမရှိသလို ဖြစ်သွားတဲ့ ချဲလ်ဆီးတို့ကြောင့် အာဆင်နယ်တို့ အခွင့်အရေးတွေ ပြန်ရလာခဲ့ပြီး နည်းပြ တူဟယ်လ်ကတော့ ကိုဗာချစ်အစား ကွန်တေကိုပဲ လဲခဲ့သလို နှစ်ဂိုး-ဂိုးမရှိရလဒ်ကို ကျေနပ်ပုံပဲ ပြနေခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာ ညာခြမ်းက မေဆန်မောင့်ရဲ့ ဖြတ်တင်ဘောကနေ လူကာကူးရဲ့ ဒိုင်ဗင်ခေါင်းတိုက်ချက်ကို ပေးဂိုးနှစ်ဂိုးမှာ တာဝန်ရှိသူထဲ ပါနေခဲ့တဲ့ အာဆင်နယ်ဂိုးသမား လီနိုက စွမ်းစွမ်းတမံ ကာကွယ်သွားခဲ့ပြီး ဘယ်လ်ဂျီယမ်သားရဲ့ ဒုတိယဂိုးကို ပုတ်ထုတ်ငြင်းပယ်သွားခဲ့သလို ပွဲချိန် ၈၂ မိနစ်မှာတော့ မေဆန်မောင့်အစား ဇီးယက်ရှ် ဝင်ကစားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဟာဗတ်ဇ်နဲ့ ဇီးယက်ရှ်တို့ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပြီး တီမို ဗာနာကိုလည်း မိနစ် ၉၀ မှ ထည့်ခဲ့လို့ ရလဒ်က ထပ်ပြီး မထူးခြားတော့ဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ ချဲလ်ဆီးတို့ အမ်းမရိတ်ကွင်းမှာ အသာစီးနဲ့ ကစားပြီး အောင်ပွဲခံသွားခဲ့ကြသလို အာဆင်နယ်ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ နည်းပြရဲ့ အရည်အသွေးကို မေးခွန်းထုတ်ရမယ့် ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒီနေ့ရလဒ်ကြောင့် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့သလို အာဆင်နယ်တို့ကတော့ ရာသီသစ်မှာ တစ်ဂိုးမှ မရသေးဘဲ နော့ဝစ်ချ်ရဲ့အထက် အဆင့် ၁၉ နေရာကို ရောက်သွားခဲ့ပြီး လာမယ့်ပွဲမှာလည်း မန်ချက်စတာစီးတီးနဲ့ အဝေးကွင်းမှာ တွေ့ဆုံမှာဖြစ်လို့ မြောက်လန်ဒန်မှာ နည်းပြ အပြောင်းအလဲတွေများ မြင်ရတော့မလား စိတ်ဝင်စားစရာကောင်းနေခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ တိုက္စစ္မႉးေတြကို အသုံးမျပဳႏိုင္ေသးဘဲ အိမ္ကြင္းမွာ မာတီနယ္လီကို ဆာကာနဲ႔ ေပေပကို ရံကစားတဲ့ ေရွ႕တန္းနဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဆမ္ဘီ လိုကြန္ဂါနဲ႔ ခ်ာကာတို႔ကို စမစ္႐ိုးနဲ႔ တြဲေပးခဲ့ၿပီး ခံစစ္မွာေတာ့ ဘန္ဝႈိက္ မပါဝင္ႏိုင္တာမို႔ ပါဘလို မာရီကို ဟိုးလ္ဒင္းနဲ႔တြဲၿပီး ခင္းက်င္းလာခဲ့ပါတယ္။

ခ်ဲလ္ဆီးကေတာ့ ၃-၄-၂-၁ ပုံစံမ်ိဳးနဲ႔ ပြဲထြက္လာခဲ့ၿပီး လူကာကူးကို အေထာင္နဲ႔ ေနာက္က ေမဆန္ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ လိုက္ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ကြန္ေတ ပါဝင္လာျခင္းမရွိဘဲ ေဂ်ာ္ဂ်င္ညိဳနဲ႔ ကိုဗာခ်စ္တို႔ ကစားလာခဲ့ၿပီး ေတာင္ပံေတြမွာေတာ့ အလြန္ဆိုနဲ႔ ဂ်ိမ္းစ္၊ ခံစစ္မွာေတာ့ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာကို ခရစၥတင္ဆန္၊ ႐ူဒီဂါတို႔နဲ႔ စုဖြဲ႕ေပးခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာရဲ႕ ခံစစ္ပလန္က အလုပ္မျဖစ္ခဲ့ဘဲ ခပ္သြယ္သြယ္ ပါဘလို မာရီက ထြားက်ိဳင္းလြန္းတဲ့ လူကာကူးကို မထိန္းႏိုင္ခ်ိန္မွာ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးအေနနဲ႔ Target Man ေကာင္းဟာ ဘာလဲလို႔ ျပသသြားခဲ့ၿပီး သူ႔တစ္ေယာက္ကို ခံစစ္သမားႏွစ္ေယာက္ ကပ္ရေအာင္ ဆြဲထုတ္ခဲ့သလို ခ်ဲလ္ဆီးရဲ႕ ေတာင္ပံေတြနဲ႔ ဟာဗတ္ဇ္တို႔ လြတ္လြတ္လပ္လပ္ ကစားခြင့္ရသြားခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဂိုးစရခဲ့ၿပီး အာဆင္နယ္ရဲ႕ အူတိုင္ေခ်ာင္ေနတဲ့ ကြင္းလယ္ေၾကာရဲ႕ ယိုယြင္းမႈကို လူကြၽံေဘာေတာင္ မွန္ေအာင္ မဖမ္းႏိုင္တဲ့ ခံစစ္က ေဆးထိုးေပးခဲ့ၿပီး ကိုဗာခ်စ္ တင္ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းမွာ လြတ္လြတ္ကြၽတ္ကြၽတ္ရသြားတဲ့ ဂ်ိမ္းစ္က အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို လူကာကူးက သူ႔ကို လိုက္ဆြဲတဲ့ ပါဘလို မာရီကို အလဲလဲအကြဲကြဲျဖစ္ေအာင္ အရွက္ခြဲၿပီးမွ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ခံစစ္ကို ကြင္းလယ္က ကာကြယ္မေပးႏိုင္ခဲ့တာက သိသာလြန္းေနခဲ့ၿပီး ခ်ဲလ္ဆီးတိုက္စစ္မွာ အခ်ိတ္အဆက္နဲ႔ နားလည္မႈ သိပ္ၿပီးမေကာင္းေသးလို႔သာ သက္သာခဲ့ရသလို အိမ္ရွင္ေတြအေနနဲ႔ ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၃၈ ရာခိုင္ႏႈန္းသာရတဲ့အထိ အိုးနင္းခြက္နင္းႏိုင္ခဲ့ၿပီး တိုက္စစ္မွာလည္း ဖန္တီးမႈ ကင္းမဲ့ေနခဲ့လို႔ ဂိုးေပါက္ၿခိမ္းေျခာက္ဖို႔ အေကာင္အထည္ မေပၚဘဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ပါဘလို မာရီက လူကာကူးနဲ႔ အမွတ္တရ အဝါဝယ္သြားခဲ့ၿပီး ၃၅ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန အလြန္ဆိုနဲ႔ ဟာဗတ္ဇ္တို႔ က်ားကုတ္က်ားခဲ ႐ုန္းထြက္ၿပီး အလယ္ကို ျပန္ထည့္ေပးတာကို ခ်ာကာ ဖ်က္ထုတ္ရာက ျပန္ရသြားတဲ့ ေမဆန္ေမာင့္က ခင္းေပးခဲ့ရာမွာ ညာျခမ္းမွာ မၾကာခဏ လြတ္ေနတဲ့ ဂ်ိမ္းစ္က ဂိုးသမား လီႏိုရဲ႕ အေပၚေထာင့္ကို ကန္သြင္းၿပီး ခ်ဲလ္ဆီးတို႔ကို ဒုတိယဂိုး ရယူေပးခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဆာကာနဲ႔ ဂ်ိမ္းစ္တို႔ ထိခိုက္လဲက်မိရာကေန အာဆင္နယ္တို႔ ပင္နယ္တီ ေတာင္းခဲ့ေပမယ့္ ဒိုင္လူႀကီး တီယာနီနဲ႔ VAR တို႔ရဲ႕ ျငင္းပယ္ခံခဲ့ရသလို အခြင့္အေရးတခ်ိဳ႕ကိုလည္း အသုံးမခ်ႏိုင္ခဲ့လို႔ ဟိုးလ္ဒင္းရဲ႕ အဝါကတ္ကလြဲလို႔ ဘာမွထပ္မရခဲ့ဘဲ ပထမပိုင္းကို ခ်ဲလ္ဆီးတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္ခံစစ္က ပိုမိုက်စ္လ်စ္လာခဲ့ၿပီး ဖိကစားေနတဲ့ ခ်ဲလ္ဆီးကို တန္ျပန္တိုက္စစ္ေတြကေန ျပန္လည္ ၿခိမ္းေျခာက္ႏိုင္ခဲ့သလို ပြဲခ်ိန္ မိနစ္ ၅၀ မွာ ဆာကာရဲ႕ ကန္ခ်က္ကို မန္ဒီ ဘားေပၚေက်ာ္ပုတ္ခဲ့ရၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ေပေပကန္တင္ေပးတဲ့ ေထာင့္ကန္ေဘာကို ပါဘလို မာရီ ေခါင္းတိုက္ခ်ေပးတာကို ဟိုးလ္ဒင္းရဲ႕ ထပ္ဆင့္ေခါင္းတိုက္ခ်က္က တစ္ဖက္ဂိုးသမားနဲ႔ ေနာက္တန္းေတြကို အေၾကာင္႐ိုက္ႏိုင္ခဲ့ေပမယ့္ ဂိုးတိုင္ေဘးက လြဲေခ်ာ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ဆာကာအစား အူဘာမီယန္းက လူစားဝင္ေရာက္ကစားခဲ့ရာမွာေတာ့ အာဆင္နယ္တို႔ ပိုမိုၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ဂိုးသမား မန္ဒီ တစ္ႀကိမ္ကာကြယ္ၿပီး တစ္ႀကိမ္ ေရွ႕တက္ရွင္းထုတ္ခဲ့ရသလို ၆၅ မိနစ္မွာေတာ့ ဒဏ္ရာရသြားတဲ့ ေနာက္ခံလူ တီယာနီအစား ကစားသမားသစ္ ႏူႏို တာဗာရက္စ္ကို လူစားလဲခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘယ္ျခမ္းက အလြန္ဆိုနဲ႔ ဟာဗတ္ဇ္တို႔ႏွစ္ဦး က်ဆင္းလာခ်ိန္မွာ ေတာင္ပံတစ္ျခမ္းမရွိသလို ျဖစ္သြားတဲ့ ခ်ဲလ္ဆီးတို႔ေၾကာင့္ အာဆင္နယ္တို႔ အခြင့္အေရးေတြ ျပန္ရလာခဲ့ၿပီး နည္းျပ တူဟယ္လ္ကေတာ့ ကိုဗာခ်စ္အစား ကြန္ေတကိုပဲ လဲခဲ့သလို ႏွစ္ဂိုး-ဂိုးမရွိရလဒ္ကို ေက်နပ္ပုံပဲ ျပေနခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာ ညာျခမ္းက ေမဆန္ေမာင့္ရဲ႕ ျဖတ္တင္ေဘာကေန လူကာကူးရဲ႕ ဒိုင္ဗင္ေခါင္းတိုက္ခ်က္ကို ေပးဂိုးႏွစ္ဂိုးမွာ တာဝန္ရွိသူထဲ ပါေနခဲ့တဲ့ အာဆင္နယ္ဂိုးသမား လီႏိုက စြမ္းစြမ္းတမံ ကာကြယ္သြားခဲ့ၿပီး ဘယ္လ္ဂ်ီယမ္သားရဲ႕ ဒုတိယဂိုးကို ပုတ္ထုတ္ျငင္းပယ္သြားခဲ့သလို ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေမဆန္ေမာင့္အစား ဇီးယက္ရွ္ ဝင္ကစားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဟာဗတ္ဇ္နဲ႔ ဇီးယက္ရွ္တို႔ အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၿပီး တီမို ဗာနာကိုလည္း မိနစ္ ၉၀ မွ ထည့္ခဲ့လို႔ ရလဒ္က ထပ္ၿပီး မထူးျခားေတာ့ဘဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ခ်ဲလ္ဆီးတို႔ အမ္းမရိတ္ကြင္းမွာ အသာစီးနဲ႔ ကစားၿပီး ေအာင္ပြဲခံသြားခဲ့ၾကသလို အာဆင္နယ္ကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈနဲ႔ နည္းျပရဲ႕ အရည္အေသြးကို ေမးခြန္းထုတ္ရမယ့္ ပြဲတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။

ဒီေန႔ရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးေနရာကို သိမ္းပိုက္ႏိုင္ခဲ့သလို အာဆင္နယ္တို႔ကေတာ့ ရာသီသစ္မွာ တစ္ဂိုးမွ မရေသးဘဲ ေနာ့ဝစ္ခ်္ရဲ႕အထက္ အဆင့္ ၁၉ ေနရာကို ေရာက္သြားခဲ့ၿပီး လာမယ့္ပြဲမွာလည္း မန္ခ်က္စတာစီးတီးနဲ႔ အေဝးကြင္းမွာ ေတြ႕ဆုံမွာျဖစ္လို႔ ေျမာက္လန္ဒန္မွာ နည္းျပ အေျပာင္းအလဲေတြမ်ား ျမင္ရေတာ့မလား စိတ္ဝင္စားစရာေကာင္းေနခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.