Analysis Premier League

လက်လွှတ်မခံသင့်တဲ့ ပေါ့ဘာနဲ့ ဆောက်သမ်တန် 1-1 ယူနိုက်တက်ပွဲအပြီး ပြောစရာ 7 ချက်

မာစီယယ်လ် ဆေးထိုးပြီး ဂရင်းဝုဒ်ရဲ့ အသီးအပွင့်ကို ခံစားရချိန်
ပွဲစဉ်(၁)မှာ အရန်ခုံထိုင်ခဲ့ရပြီး လူစားဝင်ခဲ့ရတဲ့ ပြင်သစ်သား မာစီယယ်လ်ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ သူ့ကစားသမားဘဝ နိဂုံးကမ္ပတ် အဆုံးသတ်တော့မယ်လို့ ပြောနေသလိုဖြစ်ခဲ့ပြီး ပထမပိုင်းရော ဒုတိယပိုင်းမှာပါ တောင်လိုလို မြောက်လိုလိုနဲ့ ပျောက်ဆုံးနေခဲ့တာပါ။ ဒီအချိန်မှာ လူငယ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကတော့ နှစ်ပွဲဆက်တိုက် ဂိုးသွင်းရင်း တောက်ပခဲ့သူဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် သုံးစွဲဖို့ အချိန်ရောက်ပြီလို့ တွန်းအားပေးနေကြပါတယ်။

ဂိုးပေါက်စတည့်တာနဲ့ ဂိုးတဲ့ ဆောက်သမ်တန်
ဒီတစ်ခုအတွက် ဂိုးပေါက်စတည့်တာနဲ့ ဂိုးတဲ့ ဆောက်သမ်တန်ကိုပဲ ချီးကျူးရမလား၊ ပထမဆုံးအကြိမ်မှာပဲ ဂိုးပေးခဲ့ရတဲ့ မန်ယူနိုက်တက်ရဲ့ ခံစစ်နဲ့ ဂိုးသမားကိုပဲ ပြစ်တင်ရမလား ဇဝေဇဝါဖြစ်စရာပါ။ ဒါပေမယ့် ဒီနေ့မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ မာတစ်ချ်တို့ရဲ့ ခံစစ်တြိဂံက ချာတူးလန်ခဲ့ပြီး နဂိုကတည်းကမှ ပျာယာခတ်တတ်တဲ့ ပုံစံမှာ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းတန်ပြန်တိုက်စစ်တွေရဲ့ လက်ချက်မိသွားခဲ့သလို ရှေအက်ဒမ်စ်က ဖရက်ဒ်နဲ့ ပေါင်းပြီး အဖွင့်ဂိုးကို ရယူသွားခဲ့တာပါ။

ဒုတိယပိုင်းမှာမှ အရှိန်တင်နိုင်ခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ပထမပိုင်းမှာ ကစားသမားတွေရဲ့ အစုအဖွဲ့ မတည်ငြိမ်မှု၊ ဖာနန်ဒက်စ်ရဲ့ ခြေပျောက်မှုနဲ့ ဒေါသထွက်နေမှု စတာတွေကြောင့် စုစည်းဖို့ ခက်ခဲခဲ့ပြီး ချေပဂိုးပြန်လည်ရှာဖွေဖို့ ပထမပိုင်းပြီးအောင် စောင့်ဆိုင်းခဲ့ရတာပါ။ ဒုတိယပိုင်းမှာတော့ တိုက်စစ်ပိုင်းရဲ့ စုဖွဲ့မှုက တိုးတက်လာခဲ့ပြီး အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ဘယ်ခြမ်းက လုခ်ရှောရဲ့ အမွှေ၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ရဲ့ တိုးအားနဲ့ ဂရင်းဝုဒ်က ချေပနိုင်ခဲ့ပြီး တည်ငြိမ်တဲ့ လူစာရင်းကို တည်ဆောက်နိုင်ဖို့တော့ လိုအပ်နေပါသေးတယ်။

“မာ”တာတွေ ရပ်ဖို့သင့်ပြီ အိုလီ
နည်းပြ ဆိုးရှားလ်အနေနဲ့ အသက် ၃၃ နှစ်အရွယ် ဆားဘီးယားသားကြီးမှာ အသင်းကို မောင်းနှင်ထိန်းချုပ်ပြီး ခံစစ်တန်းရှေ့က ကာကွယ်ပေးနိုင်တဲ့ ကစားအားမျိုး ကျန်ရှိနေသေးတယ်လို့ အထင်မှားနေပုံရပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး နာမည်ပဲ ကျန်တော့တဲ့ မာတစ်ချ်ဟာ မက်တော်မီနေးနဲ့ ဘယ်လောက်ကွာခြားခဲ့သလဲဆိုတာကို ဒီပွဲမှာ ယူနိုက်တက်ဖန်တွေ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ပြီး ခံစစ်တန်းကို ကာကွယ်ပေးမယ့်သူ မရှိဘဲ ဖရိုဖရဲဖြစ်စေခဲ့သလို နောက်ထပ်တစ်ဦးဖြစ်တဲ့ မာစီယယ်လ်ကလည်း မစခင်ကတည်းက ဆုံးပြီးသားဖြစ်နေခဲ့တာပါ။ နောက်တစ်ယောက်ဖြစ်တဲ့ မာတာကတော့ ပွဲဝင်မကစားရလို့ ဒီလောက် ပြောစရာမရှိပေမယ့် Deadwood တွေကို ဖက်တွယ်ထားဖို့ မဖြစ်နိုင်ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။

တကယ့်အချိန်တွေမှာ အားကိုးရပြီး လက်လွှတ်မခံသင့်တဲ့ ပေါ့ဘာ
ကွင်းလယ်လူ ပေါလ် ပေါ့ဘာကတော့ ပြီးခဲ့တဲ့ ပွဲမှာ အလွယ်တကူ ဖန်တီးခဲ့တဲ့ ၄ ကြိမ်နဲ့ တန်ဖိုးချင်းတူတဲ့ ခက်ခက်ခဲခဲ ဖန်တီးမှု တစ်ကြိမ်ကို ဒီနေ့မှာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ မြန်ဆန်တဲ့ ခြေနုတ်ခြေစွမ်းက ဂရင်းဝုဒ်ဂိုးအတွက် အခရာကျခဲ့တာပါ။ ဒီနေ့မှာ နှစ်ပွဲကစားအပြီး ၅ ကြိမ်ဖန်တီးခဲ့တဲ့ ပေါ့ဘာဟာ ပရီးမီးယားလိဂ်မှာ ရာသီအစမှာ ဒီစံချိန်ကို ရရှိခဲ့တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်လာခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဆုဖလား ရည်မှန်းချက်ကို မြင့်မြင့်မားမား တကယ်တမ်း ထားတယ်ဆိုရင် လက်လွတ်ခံဖို့ မဖြစ်ဆုံးသူက ဒီပြင်သစ်သားပဲ ဖြစ်ပါလိမ့်မယ်။

ဒေါသထွက်နေခဲ့တဲ့ ဖာနန်ဒက်စ်
လိဒ်စ်နဲ့ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကြယ်ပွင့်ကွင်းလယ်လူအတွက် ဒီနေ့ကတော့ သူ့ရဲ့နေ့ မဟုတ်ဘဲ သွေးတိုးစရာ ကြုံရလောက်အောင် ဒေါသပွားရတဲ့နေ့ ဖြစ်ခဲ့ပါတယ်။ အသင်းရဲ့ ပင်နယ်တီကန်ခွင့် ပယ်ချခံခဲ့ရလို့ စိတ်ပျက်ခဲ့ရသလို အဖွင့်ဂိုး ပေးခဲ့ရတာမှာလည်း သူ့ကို ပြစ်ဒဏ်ဘောကျူးလွန်ပြီး ယူသွားခဲ့တာကြောင့် အိမ်ရှင်ဘက်ကို ခပ်ပါးပါး အသာပေးခဲ့တဲ့ ဒိုင်လူကြီး ခရိတ် ပေါ်ဆန်အပေါ် ဂိုးမပေးသင့်ကြောင်း ဒေါသနဲ့ စောဒကတက်ခဲ့တဲ့အတွက် အဝါကတ်ကိုပါ လက်ဆောင်တောင်းမိသလိုဖြစ်ခဲ့ရသေးတာပါ။

အာဆင်နယ်နဲ့ စံချိန်တူသွားခဲ့တဲ့ ယူနိုက်တက်
လက်ရှိမှာ မိုးထဲရေထဲရောက်နေတဲ့ အာဆင်နယ်နဲ့ စံချိန်တူသွားတယ်ဆိုတော့ ပရိသတ်တွေ လန့်သွားကြဦးမှာလား။ မဟုတ်ပါဘူး၊ ဒီစံချိန်က ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်ကြားမှာ Invincible Arsenal အသင်း တင်ရှိထားခဲ့တဲ့ စံချိန်ကောင်းတစ်ခုဖြစ်ပြီး အဝေးကွင်းတွေမှာ ၂၇ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်ကောင်းကို ရရှိခဲ့တာဖြစ်သလို ၂၀၁၅-၁၆ ရာသီနောက်ပိုင်းမှာ ဆောက်သမ်တန်ကို တစ်ကြိမ်မှ မရှုံးခဲ့ဘဲ ၂၀၀၃ နောက်ပိုင်းမှာလည်း စိန့်မေရီမှာ ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ရှေ့ဆက်နိုင်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မာစီယယ္လ္ ေဆးထိုးၿပီး ဂရင္းဝုဒ္ရဲ႕ အသီးအပြင့္ကို ခံစားရခ်ိန္
ပြဲစဥ္(၁)မွာ အရန္ခုံထိုင္ခဲ့ရၿပီး လူစားဝင္ခဲ့ရတဲ့ ျပင္သစ္သား မာစီယယ္လ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ သူ႔ကစားသမားဘဝ နိဂုံးကမၸတ္ အဆုံးသတ္ေတာ့မယ္လို႔ ေျပာေနသလိုျဖစ္ခဲ့ၿပီး ပထမပိုင္းေရာ ဒုတိယပိုင္းမွာပါ ေတာင္လိုလို ေျမာက္လိုလိုနဲ႔ ေပ်ာက္ဆုံးေနခဲ့တာပါ။ ဒီအခ်ိန္မွာ လူငယ္ တိုက္စစ္မႉး ေမဆန္ ဂရင္းဝုဒ္ကေတာ့ ႏွစ္ပြဲဆက္တိုက္ ဂိုးသြင္းရင္း ေတာက္ပခဲ့သူျဖစ္ၿပီး ပရိသတ္ေတြကေတာ့ သူ႔ကို အေထာင္တိုက္စစ္မႉးအျဖစ္ သုံးစြဲဖို႔ အခ်ိန္ေရာက္ၿပီလို႔ တြန္းအားေပးေနၾကပါတယ္။

ဂိုးေပါက္စတည့္တာနဲ႔ ဂိုးတဲ့ ေဆာက္သမ္တန္
ဒီတစ္ခုအတြက္ ဂိုးေပါက္စတည့္တာနဲ႔ ဂိုးတဲ့ ေဆာက္သမ္တန္ကိုပဲ ခ်ီးက်ဴးရမလား၊ ပထမဆုံးအႀကိမ္မွာပဲ ဂိုးေပးခဲ့ရတဲ့ မန္ယူႏိုက္တက္ရဲ႕ ခံစစ္နဲ႔ ဂိုးသမားကိုပဲ ျပစ္တင္ရမလား ဇေဝဇဝါျဖစ္စရာပါ။ ဒါေပမယ့္ ဒီေန႔မွာ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္နဲ႔ မာတစ္ခ်္တို႔ရဲ႕ ခံစစ္ႀတိဂံက ခ်ာတူးလန္ခဲ့ၿပီး နဂိုကတည္းကမွ ပ်ာယာခတ္တတ္တဲ့ ပုံစံမွာ ေဆာက္သမ္တန္ရဲ႕ အိမ္ကြင္းတန္ျပန္တိုက္စစ္ေတြရဲ႕ လက္ခ်က္မိသြားခဲ့သလို ေရွအက္ဒမ္စ္က ဖရက္ဒ္နဲ႔ ေပါင္းၿပီး အဖြင့္ဂိုးကို ရယူသြားခဲ့တာပါ။

ဒုတိယပိုင္းမွာမွ အရွိန္တင္ႏိုင္ခဲ့တဲ့ ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ပထမပိုင္းမွာ ကစားသမားေတြရဲ႕ အစုအဖြဲ႕ မတည္ၿငိမ္မႈ၊ ဖာနန္ဒက္စ္ရဲ႕ ေျခေပ်ာက္မႈနဲ႔ ေဒါသထြက္ေနမႈ စတာေတြေၾကာင့္ စုစည္းဖို႔ ခက္ခဲခဲ့ၿပီး ေခ်ပဂိုးျပန္လည္ရွာေဖြဖို႔ ပထမပိုင္းၿပီးေအာင္ ေစာင့္ဆိုင္းခဲ့ရတာပါ။ ဒုတိယပိုင္းမွာေတာ့ တိုက္စစ္ပိုင္းရဲ႕ စုဖြဲ႕မႈက တိုးတက္လာခဲ့ၿပီး အႏိုင္ရရွိေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ဘယ္ျခမ္းက လုခ္ေရွာရဲ႕ အေမႊ၊ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ရဲ႕ တိုးအားနဲ႔ ဂရင္းဝုဒ္က ေခ်ပႏိုင္ခဲ့ၿပီး တည္ၿငိမ္တဲ့ လူစာရင္းကို တည္ေဆာက္ႏိုင္ဖို႔ေတာ့ လိုအပ္ေနပါေသးတယ္။

“မာ”တာေတြ ရပ္ဖို႔သင့္ၿပီ အိုလီ
နည္းျပ ဆိုးရွားလ္အေနနဲ႔ အသက္ ၃၃ ႏွစ္အ႐ြယ္ ဆားဘီးယားသားႀကီးမွာ အသင္းကို ေမာင္းႏွင္ထိန္းခ်ဳပ္ၿပီး ခံစစ္တန္းေရွ႕က ကာကြယ္ေပးႏိုင္တဲ့ ကစားအားမ်ိဳး က်န္ရွိေနေသးတယ္လို႔ အထင္မွားေနပုံရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကစၿပီး နာမည္ပဲ က်န္ေတာ့တဲ့ မာတစ္ခ်္ဟာ မက္ေတာ္မီေနးနဲ႔ ဘယ္ေလာက္ကြာျခားခဲ့သလဲဆိုတာကို ဒီပြဲမွာ ယူႏိုက္တက္ဖန္ေတြ မ်က္ျမင္ကိုယ္ေတြ႕ျဖစ္ခဲ့ၿပီး ခံစစ္တန္းကို ကာကြယ္ေပးမယ့္သူ မရွိဘဲ ဖ႐ိုဖရဲျဖစ္ေစခဲ့သလို ေနာက္ထပ္တစ္ဦးျဖစ္တဲ့ မာစီယယ္လ္ကလည္း မစခင္ကတည္းက ဆုံးၿပီးသားျဖစ္ေနခဲ့တာပါ။ ေနာက္တစ္ေယာက္ျဖစ္တဲ့ မာတာကေတာ့ ပြဲဝင္မကစားရလို႔ ဒီေလာက္ ေျပာစရာမရွိေပမယ့္ Deadwood ေတြကို ဖက္တြယ္ထားဖို႔ မျဖစ္ႏိုင္ဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။

တကယ့္အခ်ိန္ေတြမွာ အားကိုးရၿပီး လက္လႊတ္မခံသင့္တဲ့ ေပါ့ဘာ
ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကေတာ့ ၿပီးခဲ့တဲ့ ပြဲမွာ အလြယ္တကူ ဖန္တီးခဲ့တဲ့ ၄ ႀကိမ္နဲ႔ တန္ဖိုးခ်င္းတူတဲ့ ခက္ခက္ခဲခဲ ဖန္တီးမႈ တစ္ႀကိမ္ကို ဒီေန႔မွာ လုပ္ေဆာင္ေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ျမန္ဆန္တဲ့ ေျခႏုတ္ေျခစြမ္းက ဂရင္းဝုဒ္ဂိုးအတြက္ အခရာက်ခဲ့တာပါ။ ဒီေန႔မွာ ႏွစ္ပြဲကစားအၿပီး ၅ ႀကိမ္ဖန္တီးခဲ့တဲ့ ေပါ့ဘာဟာ ပရီးမီးယားလိဂ္မွာ ရာသီအစမွာ ဒီစံခ်ိန္ကို ရရွိခဲ့တဲ့ ပထမဆုံး ကစားသမားလည္းျဖစ္လာခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဆုဖလား ရည္မွန္းခ်က္ကို ျမင့္ျမင့္မားမား တကယ္တမ္း ထားတယ္ဆိုရင္ လက္လြတ္ခံဖို႔ မျဖစ္ဆုံးသူက ဒီျပင္သစ္သားပဲ ျဖစ္ပါလိမ့္မယ္။

ေဒါသထြက္ေနခဲ့တဲ့ ဖာနန္ဒက္စ္
လိဒ္စ္နဲ႔ပြဲမွာ ဟက္ထရစ္ရခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူအတြက္ ဒီေန႔ကေတာ့ သူ႔ရဲ႕ေန႔ မဟုတ္ဘဲ ေသြးတိုးစရာ ႀကဳံရေလာက္ေအာင္ ေဒါသပြားရတဲ့ေန႔ ျဖစ္ခဲ့ပါတယ္။ အသင္းရဲ႕ ပင္နယ္တီကန္ခြင့္ ပယ္ခ်ခံခဲ့ရလို႔ စိတ္ပ်က္ခဲ့ရသလို အဖြင့္ဂိုး ေပးခဲ့ရတာမွာလည္း သူ႔ကို ျပစ္ဒဏ္ေဘာက်ဴးလြန္ၿပီး ယူသြားခဲ့တာေၾကာင့္ အိမ္ရွင္ဘက္ကို ခပ္ပါးပါး အသာေပးခဲ့တဲ့ ဒိုင္လူႀကီး ခရိတ္ ေပၚဆန္အေပၚ ဂိုးမေပးသင့္ေၾကာင္း ေဒါသနဲ႔ ေစာဒကတက္ခဲ့တဲ့အတြက္ အဝါကတ္ကိုပါ လက္ေဆာင္ေတာင္းမိသလိုျဖစ္ခဲ့ရေသးတာပါ။

အာဆင္နယ္နဲ႔ စံခ်ိန္တူသြားခဲ့တဲ့ ယူႏိုက္တက္
လက္ရွိမွာ မိုးထဲေရထဲေရာက္ေနတဲ့ အာဆင္နယ္နဲ႔ စံခ်ိန္တူသြားတယ္ဆိုေတာ့ ပရိသတ္ေတြ လန႔္သြားၾကဦးမွာလား။ မဟုတ္ပါဘူး၊ ဒီစံခ်ိန္က ၂၀၀၃ ခုႏွစ္နဲ႔ ၂၀၀၄ ခုႏွစ္ၾကားမွာ Invincible Arsenal အသင္း တင္ရွိထားခဲ့တဲ့ စံခ်ိန္ေကာင္းတစ္ခုျဖစ္ၿပီး အေဝးကြင္းေတြမွာ ၂၇ ပြဲဆက္တိုက္ ရႈံးပြဲမရွိတဲ့ စံခ်ိန္ေကာင္းကို ရရွိခဲ့တာျဖစ္သလို ၂၀၁၅-၁၆ ရာသီေနာက္ပိုင္းမွာ ေဆာက္သမ္တန္ကို တစ္ႀကိမ္မွ မရႈံးခဲ့ဘဲ ၂၀၀၃ ေနာက္ပိုင္းမွာလည္း စိန႔္ေမရီမွာ ရႈံးပြဲမရွိတဲ့ မွတ္တမ္းေကာင္းကို ေရွ႕ဆက္ႏိုင္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.