Match Report Premier League

မှားယွင်းတဲ့ လူထုတ်ပုံနဲ့ အဝေးကွင်းမှာ စိန့်ကို သရေကျတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ဒီနေ့ပွဲမှာ လိဒ်စ်ကို အိမ်ကွင်းဂိုးပြတ်နိုင်ပွဲယူခဲ့တဲ့ အသင်းကို နှစ်နေရာ အပြောင်းအလဲလုပ်ခဲ့ပြီး ဒီနှစ်ခုကပဲ ကစားကွက်ကို ကြီးကြီးမားမား ထိခိုက်ခဲ့သလို ဆောက်သမ်တန်ရဲ့ ခံစစ်ကို အဝေးကွင်းမှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိဘဲ မျက်နှာပျက်ခဲ့ရတာဖြစ်ပါတယ်။

အဖွင့်ပွဲစဉ်မှာ အဲဗာတန်ကို ရှုံးထားတဲ့ ဆောက်သမ်တန်အနေနဲ့ ဒီပွဲကို အိမ်ကွင်းမှာ တုံ့ပြန်နိုင်ဖို့ ပြင်ဆင်လာခဲ့ပြီး ယူနိုက်တက်တို့ကို ရှိန်မနေဘဲ အကောင်းဆုံး တုံ့ပြန်မယ့် လူစာရင်းကို ထုတ်သုံးခဲ့သလို တစ်ဖက်အသင်းကို တန်ပြန်တိုက်စစ်တွေကနေ တစ်ချက်ကောင်းထိုးနှက်နိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။

အသင်းရဲ့ ကွင်းလယ်မှာ ကစားအားကောင်းပြီး ကြံ့ခိုင်တဲ့ မက်တော်မီနေးနေရာမှာ လူစားဝင်ကစားသမားလောက်သာဖြစ်သင့်တဲ့ ၃၃ နှစ်အရွယ် ကွင်းလယ်လူ မာတစ်ချ်ကို ထည့်ကစားခဲ့တာနဲ့ နေရာလွတ်တွေ ရှာဖွေနိုင်ပြီး တန်ပြန်တိုက်စစ်မှာ အားကိုးရတဲ့ ဒန်ဂျိမ်းစ်အစား မာစီယယ်လ်ကို ထည့်သုံးခဲ့တာတွေက မိုက်မဲလွန်းတယ်လို့ပဲ ပြောရမှာဖြစ်သလို တစ်ဖက်အသင်းရဲ့ ကျစ်လျစ်မာကျောမှုကို ယူနိုက်တက်တို့ အဖြေရှာဖို့ မတတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်မိနစ် မပြည့်ခင်မှာပဲ ဝါ့ဒ်ပရောက်စ်က ဖရီးကစ်နဲ့ ဂိုးသမား ဒဟေးယားကို ခြိမ်းခြောက်ခဲ့သလို ၇ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်က တင်ပေးလိုက်တဲ့ ဘောလုံးကို မက်ဂွိုင်းယားနဲ့ ပေါ့ဘာတို့ ထိထိမိမိ အသုံးမချနိုင်ချိန်မှာ ဘားထိပြီး ပြန်ထွက်လာတာကို မာစီယယ်လ်က ပိတ်သွင်းခဲ့ပေမယ့် ဆောက်သမ်တန်နောက်ခံလူ ဆာလီဆူးက ဖျက်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာလည်း ဖရီးကစ်ကနေ ရတဲ့ ပေါ့ဘာရဲ့ ကန်ချက်ကို ဆောက်သမ်တန်ဂိုးသမား မက္ကာသီ ကာကွယ်သွားခဲ့ပြီး ပရိသတ်တွေ စိတ်ပျက်ခဲ့ရသလို ယူနိုက်တက်ရဲ့ ခံစစ်ကတော့ ကျစ်လျစ်ခြင်းမရှိဘဲ ခံစစ်တန်းနဲ့ ကွင်းလယ်ကြားမှာ ကွက်လပ်တွေဖြစ်နေခဲ့တာကို အိမ်ရှင်တွေအနေနဲ့ အသုံးမချနိုင်ခဲ့လို့သာ သက်သာခဲ့တာပါ။

ပွဲချိန် မိနစ် ၃၀ မှာတော့ ယူနိုက်တက်ခံစစ်နဲ့ ကွင်းလယ်က ကရော်ကမယ် ဖျက်ထုတ်တဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ် လက်ခံရယူရာကနေ အိမ်ရှင်နောက်ခံလူ စတီဖင်စ်က တွန်းတိုက်ရယူသွားခဲ့ပြီး ရှေ့ကို ပေးရာမှာ ဂျီနီပိုနဲ့ အမ်းစ်ထရောင်းတို့ဆီက ဘောလုံးပြန်ရသွားခဲ့တဲ့ ရှေအက်ဒမ်စ်က ကန်သွင်းခဲ့ရာမှာ ဖရက်ဒ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဘရာဇီးလ်သားရဲ့ Own Goal အဖြစ် သတ်မှတ်ခံရပြီး ဆောက်သမ်တန်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာတဲ့ လူငယ်နောက်ခံလူ လီဗရာမင်တိုကတော့ ဒီနေ့မှာ တော်တော်လေး ခြေစွမ်းပြခဲ့သလို ကောင်တာတွေနဲ့ ယူနိုက်တက်ခံစစ်ကို ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၄၄ မိနစ်မှာတော့ လုခ်ရှောရဲ့ ထောင့်ကန်ဘောကို မာတစ်ချ် ခေါင်းတိုက်နိုင်ခဲ့ပေမယ့် ဂိုးသမားတည့်တည့် ဖြစ်နေခဲ့တာမို့ ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဆောက်သမ်တန်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ ပေါ့ဘာရဲ့ ကန်ချက်ကို ပင်နယ်တီဧရိယာထဲမှာ တစ်ဖက်နောက်ခံလူ ဆာလီဆူးရဲ့လက်နဲ့ ထိပေမယ့် ဒိုင်လူကြီး ခရိတ် ပေါ်ဆန်က ငြင်းပယ်သွားခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ အပေးအယူလုပ်ပြီး ဂိုးရှေ့မှာ ပြန်ချပေးတာကို ဂရင်းဝုဒ်က ကန်သွင်းရာမှာတော့ ဆာလီဆူးရဲ့ ခြေကြားကနေ ဝင်သွားခဲ့လို့ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ ပေါ့ဘာရဲ့ တစ်ကိုယ်တော် ထိုးဖောက်ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့လို့ အနိုင်ဂိုးနဲ့ လွဲချော်ခဲ့ရချိန်မှာ ယူနိုက်တက်တို့ရဲ့ တိုက်စစ်ဆင်မှုတွေက အားရစရာ သိပ်မကောင်းခဲ့သလို ပွဲချိန် ၆၄ မိနစ်မှာ ဂရင်းဝုဒ်နဲ့ ၆၅ မိနစ်မှာ ဖာနန်ဒက်စ်တို့ရဲ့ ခေါင်းတိုက်ချက်တွေကလည်း ဂိုးတော့ ဖြစ်မလာခဲ့တာပါ။

ဒီနောက်ပိုင်းမှာ နည်းပြ ဆိုးလ်ရှားရဲ့ လူစားလဲမှုတွေကို မြင်တွေ့ခဲ့ရပြီး မာစီယယ်လ်အစား ဆန်ချို၊ ဖရက်ဒ်အစား မက်တော်မီနေးနဲ့ မာတစ်ချ်အစား လင်ဂတ်တို့ကို ထည့်သွင်းခဲ့ပေမယ့် ထူးထူးခြားခြားတော့ ဂိုးရှေ့မှာ လုပ်မပြနိုင်ခဲ့တာလည်းဖြစ်သလို ပွဲချိန် ၇၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အမ်းစ်ထရောင်း ကန်ခွင့်ရခဲ့တာကို ဂိုးသမား ဒဟေးယား ကာကွယ်နိုင်ခဲ့လို့ ရှုံးပွဲနဲ့ လွဲခဲ့ရတာလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်အထိ ပေးခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ ကန်ခွင့် ၁၅ ကြိမ်မှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်မှုနဲ့ သရေရလဒ်ထက် ပိုကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ပွဲစဉ် ၁ က အိမ်ကွင်း ခြေစွမ်းကိုလည်း လုံးဝလိုက်မမီခဲ့တာကြောင့် စိန့်မေရီမှာ တစ်မှတ်သာ ရခဲ့ပြီး နည်းပြ ဆိုးလ်ရှားကတော့ ကစားသမားသစ်တွေကို ချန်လှပ်ပြီး လူထုတ်ပုံ မှားခဲ့မှုနဲ့အတူ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ဒီေန႔ပြဲမွာ လိဒ္စ္ကို အိမ္ကြင္းဂိုးျပတ္ႏိုင္ပြဲယူခဲ့တဲ့ အသင္းကို ႏွစ္ေနရာ အေျပာင္းအလဲလုပ္ခဲ့ၿပီး ဒီႏွစ္ခုကပဲ ကစားကြက္ကို ႀကီးႀကီးမားမား ထိခိုက္ခဲ့သလို ေဆာက္သမ္တန္ရဲ႕ ခံစစ္ကို အေဝးကြင္းမွာ ထိထိေရာက္ေရာက္ ထိုးေဖာက္ႏိုင္ျခင္းမရွိဘဲ မ်က္ႏွာပ်က္ခဲ့ရတာျဖစ္ပါတယ္။

အဖြင့္ပြဲစဥ္မွာ အဲဗာတန္ကို ရႈံးထားတဲ့ ေဆာက္သမ္တန္အေနနဲ႔ ဒီပြဲကို အိမ္ကြင္းမွာ တုံ႔ျပန္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့ၿပီး ယူႏိုက္တက္တို႔ကို ရွိန္မေနဘဲ အေကာင္းဆုံး တုံ႔ျပန္မယ့္ လူစာရင္းကို ထုတ္သုံးခဲ့သလို တစ္ဖက္အသင္းကို တန္ျပန္တိုက္စစ္ေတြကေန တစ္ခ်က္ေကာင္းထိုးႏွက္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့တာပါ။

အသင္းရဲ႕ ကြင္းလယ္မွာ ကစားအားေကာင္းၿပီး ႀကံ့ခိုင္တဲ့ မက္ေတာ္မီေနးေနရာမွာ လူစားဝင္ကစားသမားေလာက္သာျဖစ္သင့္တဲ့ ၃၃ ႏွစ္အ႐ြယ္ ကြင္းလယ္လူ မာတစ္ခ်္ကို ထည့္ကစားခဲ့တာနဲ႔ ေနရာလြတ္ေတြ ရွာေဖြႏိုင္ၿပီး တန္ျပန္တိုက္စစ္မွာ အားကိုးရတဲ့ ဒန္ဂ်ိမ္းစ္အစား မာစီယယ္လ္ကို ထည့္သုံးခဲ့တာေတြက မိုက္မဲလြန္းတယ္လို႔ပဲ ေျပာရမွာျဖစ္သလို တစ္ဖက္အသင္းရဲ႕ က်စ္လ်စ္မာေက်ာမႈကို ယူႏိုက္တက္တို႔ အေျဖရွာဖို႔ မတတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

တစ္မိနစ္ မျပည့္ခင္မွာပဲ ဝါ့ဒ္ပေရာက္စ္က ဖရီးကစ္နဲ႔ ဂိုးသမား ဒေဟးယားကို ၿခိမ္းေျခာက္ခဲ့သလို ၇ မိနစ္မွာေတာ့ ဖာနန္ဒက္စ္ရဲ႕ ဖရီးကစ္က တင္ေပးလိုက္တဲ့ ေဘာလုံးကို မက္ဂြိဳင္းယားနဲ႔ ေပါ့ဘာတို႔ ထိထိမိမိ အသုံးမခ်ႏိုင္ခ်ိန္မွာ ဘားထိၿပီး ျပန္ထြက္လာတာကို မာစီယယ္လ္က ပိတ္သြင္းခဲ့ေပမယ့္ ေဆာက္သမ္တန္ေနာက္ခံလူ ဆာလီဆူးက ဖ်က္ထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာလည္း ဖရီးကစ္ကေန ရတဲ့ ေပါ့ဘာရဲ႕ ကန္ခ်က္ကို ေဆာက္သမ္တန္ဂိုးသမား မကၠာသီ ကာကြယ္သြားခဲ့ၿပီး ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရသလို ယူႏိုက္တက္ရဲ႕ ခံစစ္ကေတာ့ က်စ္လ်စ္ျခင္းမရွိဘဲ ခံစစ္တန္းနဲ႔ ကြင္းလယ္ၾကားမွာ ကြက္လပ္ေတြျဖစ္ေနခဲ့တာကို အိမ္ရွင္ေတြအေနနဲ႔ အသုံးမခ်ႏိုင္ခဲ့လို႔သာ သက္သာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ယူႏိုက္တက္ခံစစ္နဲ႔ ကြင္းလယ္က ကေရာ္ကမယ္ ဖ်က္ထုတ္တဲ့ ေဘာလုံးကို ဘ႐ူႏို ဖာနန္ဒက္စ္ လက္ခံရယူရာကေန အိမ္ရွင္ေနာက္ခံလူ စတီဖင္စ္က တြန္းတိုက္ရယူသြားခဲ့ၿပီး ေရွ႕ကို ေပးရာမွာ ဂ်ီနီပိုနဲ႔ အမ္းစ္ထေရာင္းတို႔ဆီက ေဘာလုံးျပန္ရသြားခဲ့တဲ့ ေရွအက္ဒမ္စ္က ကန္သြင္းခဲ့ရာမွာ ဖရက္ဒ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဘရာဇီးလ္သားရဲ႕ Own Goal အျဖစ္ သတ္မွတ္ခံရၿပီး ေဆာက္သမ္တန္တို႔ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းကေန ေျပာင္းေ႐ႊ႕လာတဲ့ လူငယ္ေနာက္ခံလူ လီဗရာမင္တိုကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ေျခစြမ္းျပခဲ့သလို ေကာင္တာေတြနဲ႔ ယူႏိုက္တက္ခံစစ္ကို ဖိအားေပးႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ လုခ္ေရွာရဲ႕ ေထာင့္ကန္ေဘာကို မာတစ္ခ်္ ေခါင္းတိုက္ႏိုင္ခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ ျဖစ္ေနခဲ့တာမို႔ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ေဆာက္သမ္တန္တို႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ေပါ့ဘာရဲ႕ ကန္ခ်က္ကို ပင္နယ္တီဧရိယာထဲမွာ တစ္ဖက္ေနာက္ခံလူ ဆာလီဆူးရဲ႕လက္နဲ႔ ထိေပမယ့္ ဒိုင္လူႀကီး ခရိတ္ ေပၚဆန္က ျငင္းပယ္သြားခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ အေပးအယူလုပ္ၿပီး ဂိုးေရွ႕မွာ ျပန္ခ်ေပးတာကို ဂရင္းဝုဒ္က ကန္သြင္းရာမွာေတာ့ ဆာလီဆူးရဲ႕ ေျခၾကားကေန ဝင္သြားခဲ့လို႔ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာ ေပါ့ဘာရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့လို႔ အႏိုင္ဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရခ်ိန္မွာ ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္ဆင္မႈေတြက အားရစရာ သိပ္မေကာင္းခဲ့သလို ပြဲခ်ိန္ ၆၄ မိနစ္မွာ ဂရင္းဝုဒ္နဲ႔ ၆၅ မိနစ္မွာ ဖာနန္ဒက္စ္တို႔ရဲ႕ ေခါင္းတိုက္ခ်က္ေတြကလည္း ဂိုးေတာ့ ျဖစ္မလာခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ နည္းျပ ဆိုးလ္ရွားရဲ႕ လူစားလဲမႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး မာစီယယ္လ္အစား ဆန္ခ်ိဳ၊ ဖရက္ဒ္အစား မက္ေတာ္မီေနးနဲ႔ မာတစ္ခ်္အစား လင္ဂတ္တို႔ကို ထည့္သြင္းခဲ့ေပမယ့္ ထူးထူးျခားျခားေတာ့ ဂိုးေရွ႕မွာ လုပ္မျပႏိုင္ခဲ့တာလည္းျဖစ္သလို ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန အမ္းစ္ထေရာင္း ကန္ခြင့္ရခဲ့တာကို ဂိုးသမား ဒေဟးယား ကာကြယ္ႏိုင္ခဲ့လို႔ ရႈံးပြဲနဲ႔ လြဲခဲ့ရတာလည္းျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၅ မိနစ္အထိ ေပးခဲ့တဲ့ပြဲမွာ ယူႏိုက္တက္တို႔ ကန္ခြင့္ ၁၅ ႀကိမ္မွာ ၄ ႀကိမ္သာ ဂိုးေပါက္တည့္မႈနဲ႔ သေရရလဒ္ထက္ ပိုေကာင္းေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ဘဲ ပြဲစဥ္ ၁ က အိမ္ကြင္း ေျခစြမ္းကိုလည္း လုံးဝလိုက္မမီခဲ့တာေၾကာင့္ စိန႔္ေမရီမွာ တစ္မွတ္သာ ရခဲ့ၿပီး နည္းျပ ဆိုးလ္ရွားကေတာ့ ကစားသမားသစ္ေတြကို ခ်န္လွပ္ၿပီး လူထုတ္ပုံ မွားခဲ့မႈနဲ႔အတူ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ပါေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.