Premier League

Overhead ကန်ချက်နဲ့ ဗီလာပါ့ခ်မှာ သူရဲကောင်းသစ်ဖြစ်လာခဲ့တဲ့ ဒန်နီ အင်းစ်

ဗီလာပါ့ခ်ရဲ့ မူလသူရဲကောင်း ဂျက်ခ် ဂရီးလစ်ရှ် မရှိတောတဲ့နောက်မှာ ဒီနွေအပြောင်းအရွှေ့မှာ ဆောက်သမ်တန်အသင်းကနေ အက်စတန်ဗီလာအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဒန်နီ အင်းစ်ကတော့ ပရီးမီးယားလိဂ်ပွဲစဥ် ၂ အပြီးမှာ ဗီလိန်တွေရဲ့ ဇာတ်လိုက်အသစ်တစ်ယောက် တဖန်မွေးဖွားလာပြီလို့ ဆိုမှာပါ။

နည်းပြ ဒင်းန် စမစ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ညက နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဥ် အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို အံ့အားသင့်ဖွယ်ရာအနေနဲ့ ဆောက်သမ်တိုက်စစ်မှူးဟောင်ရဲ့ Overhead ကန်သွင်းသွားတဲ့ အလန်းစားဂိုးနဲ့ အောင်ပွဲခံပြီး ဒီရာသီ ပရီးမီးယားလိဂ်အဖွင့်မှာ ပထမဆုံး အဖိုးတန်ရမှတ် ၃ မှတ်ကို စုဆောင်သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းပွဲကစားချိန်ရဲ့ နောက်ဆုံးမိနစ်မှာ ဗီလာအသင်းက နယူးကာဆယ်ဧရိယာထဲ ခုတ်တင်ပေးလိုက်တဲ့ဘောလုံးကို ငှက်ကျားခံစစ်က သေသေသပ်သပ် ရှင်းထုတ်နိုင်ခဲ့ခြင်းမရှိဘဲ ဒန်နီ အင်းစ် ကန်သွင်းလို့ရမယ့် အကွာအဝေးကို ရောက်လာခဲ့ပြီး သိပ်ခမ်းနားတဲ့ Overhead ဂိုးကို အသင့်အနေအထားနဲ့ လှလှပပ ကန်သွင်းယူသွားခဲ့လို့ အရသာရှိခဲ့ရပါတယ်။

ပထမပိုင်းအပြီးမှာ ဗီလာတို့ သူ့ရဲ့ဂိုးနဲ့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းမှာတော့ အန်နဝါ အယ်လ်ဂါဇီက ပင်နယ်တီကနေ နောက်တစ်ဂိုး ထပ်မံသွင်းယူသွားခဲ့ကြောင့် ငှက်ကျားတို့ ပြန်မလာနိုင်တော့ဘဲ ဂရီးလစ်ရှ် ထွက်ခွာပြီးနောက်ပိုင်းမှာ ဘာမင်ဂမ်အခြေစိုက်အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးနိုင်ပွဲအဖြစ်လည်း ပွဲသိမ်းသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာတော့ ဒန်နီအင်းစ်ဟာ ဗီလာအတွက် ၂ ဂိုးသွင်းယူထားပြီး ဒီရာသီမှာ အသင်းတိုက်စစ်ပိုင်းမှာ ဂိုးရဖို့ စိတ်ချထားလို့ရပြီဆိုတဲ့ ဦးဆောင်မှုမျိုးကို ပြသသွားခဲ့သလို အဆင့် ၁၁ နဲ့ အဆုံးသတ်ခဲ့ရတဲ့ ပြီးခဲ့တဲ့ ရာသီက ရလဒ်ထက် ရပ်တည်မှု ပိုတိုးတက်ချင်နေတဲ့ နည်းပြ စမစ်အတွက်လည်း အားကိုးစရာ ကစားသမားဖြစ်လာပြီလို့ ဆိုရမှာပါ။

ဗီလာပါ့ခ်တကွင်းလုံးကို ပျော်ရွှင်မြူးထူးသွားစေခဲ့တဲ့ အင်းစ်ရဲ့ ဂိုးဟာ ဒီရာသီ EPL ရဲ့ အကောင်းဆုံးသွင်းဂိုးဆုကို ရရှိတော့မယ်လို့ မှတ်ချက်အပေးခံထားရသလို ပရိသတ်တွေ အကျေနပ်ကြီး ကျေနပ်စရာဖြစ်ခဲ့ရပြီး ဗီလာပါ့ခ်ရဲ့ မူလသူရဲကောင်း ဂရီးလစ်ရှ် မရှိတောတဲ့နောက် သူ့ကိုလက်ခံလိုက်ပြီလို့ ယူဆခံထားရပါတယ်။

အဆိုပါသွင်းဂိုးနဲ့ စွမ်းဆောင်မှုကြောင့် ဒီရာသီ ဗီလာရဲ့ခရီးရှည်မှာ စိန့်မှာ နာမည်ကောင်းရခဲ့တဲ့နည်းတူ အင်းစ်တယောက် ဂိုးတွေ ဆက်တိုက်သွင်းပြီး ​ခြေစွမ်းပြသွားတော့မယ်လို့လည်း ထင်ကြေးအပေးခံနေရပြီဖြစ်သလို ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်မှာ ပြသထားခဲ့တဲ့ ရုန်းအားနဲ့ အကျိုးပြုမှုကိုလည်း ဝိုင်းဝန်းချီးကျူးနေကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဗီလာပါ့ခ္ရဲ႕ မူလသူရဲေကာင္း ဂ်က္ခ္ ဂရီးလစ္ရွ္ မရွိေတာတဲ့ေနာက္မွာ ဒီေႏြအေျပာင္းအေ႐ႊ႕မွာ ေဆာက္သမ္တန္အသင္းကေန အက္စတန္ဗီလာအသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ တိုက္စစ္မႉး ဒန္နီ အင္းစ္ကေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၂ အၿပီးမွာ ဗီလိန္ေတြရဲ႕ ဇာတ္လိုက္အသစ္တစ္ေယာက္ တဖန္ေမြးဖြားလာၿပီလို႔ ဆိုမွာပါ။

နည္းျပ ဒင္းန္ စမစ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ညက နယူးကာဆယ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ အိမ္ကြင္းမွာ ၂ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့သလို အံ့အားသင့္ဖြယ္ရာအေနနဲ႔ ေဆာက္သမ္တိုက္စစ္မႉးေဟာင္ရဲ႕ Overhead ကန္သြင္းသြားတဲ့ အလန္းစားဂိုးနဲ႔ ေအာင္ပြဲခံၿပီး ဒီရာသီ ပရီးမီးယားလိဂ္အဖြင့္မွာ ပထမဆုံး အဖိုးတန္ရမွတ္ ၃ မွတ္ကို စုေဆာင္သြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္ရဲ႕ ေနာက္ဆုံးမိနစ္မွာ ဗီလာအသင္းက နယူးကာဆယ္ဧရိယာထဲ ခုတ္တင္ေပးလိုက္တဲ့ေဘာလုံးကို ငွက္က်ားခံစစ္က ေသေသသပ္သပ္ ရွင္းထုတ္ႏိုင္ခဲ့ျခင္းမရွိဘဲ ဒန္နီ အင္းစ္ ကန္သြင္းလို႔ရမယ့္ အကြာအေဝးကို ေရာက္လာခဲ့ၿပီး သိပ္ခမ္းနားတဲ့ Overhead ဂိုးကို အသင့္အေနအထားနဲ႔ လွလွပပ ကန္သြင္းယူသြားခဲ့လို႔ အရသာရွိခဲ့ရပါတယ္။

ပထမပိုင္းအၿပီးမွာ ဗီလာတို႔ သူ႔ရဲ႕ဂိုးနဲ႔ ဦးေဆာင္ထားခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အန္နဝါ အယ္လ္ဂါဇီက ပင္နယ္တီကေန ေနာက္တစ္ဂိုး ထပ္မံသြင္းယူသြားခဲ့ေၾကာင့္ ငွက္က်ားတို႔ ျပန္မလာႏိုင္ေတာ့ဘဲ ဂရီးလစ္ရွ္ ထြက္ခြာၿပီးေနာက္ပိုင္းမွာ ဘာမင္ဂမ္အေျခစိုက္အသင္းအတြက္ ဒီရာသီ ပရီးမီးယားလိဂ္မွာ ပထမဆုံးႏိုင္ပြဲအျဖစ္လည္း ပြဲသိမ္းသြားခဲ့တာျဖစ္ပါတယ္။

လက္ရွိအေနအထားမွာေတာ့ ဒန္နီအင္းစ္ဟာ ဗီလာအတြက္ ၂ ဂိုးသြင္းယူထားၿပီး ဒီရာသီမွာ အသင္းတိုက္စစ္ပိုင္းမွာ ဂိုးရဖို႔ စိတ္ခ်ထားလို႔ရၿပီဆိုတဲ့ ဦးေဆာင္မႈမ်ိဳးကို ျပသသြားခဲ့သလို အဆင့္ ၁၁ နဲ႔ အဆုံးသတ္ခဲ့ရတဲ့ ၿပီးခဲ့တဲ့ ရာသီက ရလဒ္ထက္ ရပ္တည္မႈ ပိုတိုးတက္ခ်င္ေနတဲ့ နည္းျပ စမစ္အတြက္လည္း အားကိုးစရာ ကစားသမားျဖစ္လာၿပီလို႔ ဆိုရမွာပါ။

ဗီလာပါ့ခ္တကြင္းလုံးကို ေပ်ာ္႐ႊင္ျမဴးထူးသြားေစခဲ့တဲ့ အင္းစ္ရဲ႕ ဂိုးဟာ ဒီရာသီ EPL ရဲ႕ အေကာင္းဆုံးသြင္းဂိုးဆုကို ရရွိေတာ့မယ္လို႔ မွတ္ခ်က္အေပးခံထားရသလို ပရိသတ္ေတြ အေက်နပ္ႀကီး ေက်နပ္စရာျဖစ္ခဲ့ရၿပီး ဗီလာပါ့ခ္ရဲ႕ မူလသူရဲေကာင္း ဂရီးလစ္ရွ္ မရွိေတာတဲ့ေနာက္ သူ႔ကိုလက္ခံလိုက္ၿပီလို႔ ယူဆခံထားရပါတယ္။

အဆိုပါသြင္းဂိုးနဲ႔ စြမ္းေဆာင္မႈေၾကာင့္ ဒီရာသီ ဗီလာရဲ႕ခရီးရွည္မွာ စိန္႔မွာ နာမည္ေကာင္းရခဲ့တဲ့နည္းတူ အင္းစ္တေယာက္ ဂိုးေတြ ဆက္တိုက္သြင္းၿပီး ​ေျခစြမ္းျပသြားေတာ့မယ္လို႔လည္း ထင္ေၾကးအေပးခံေနရၿပီျဖစ္သလို ကစားသမားဘဝရဲ႕ အေကာင္းဆုံးအခ်ိန္မွာ ျပသထားခဲ့တဲ့ ႐ုန္းအားနဲ႔ အက်ိဳးျပဳမႈကိုလည္း ဝိုင္းဝန္းခ်ီးက်ဴးေနၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.