Premier League

EPL ဘောလုံးအသစ်က ဂိုးသမားတွေအတွက် ဒုက္ခလို့ ဟောကိန်းထုတ်လိုက်တဲ့ ဒန်နီ မာဖီ

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရာသီသစ်မှာတော့ ပရိသတ်တွေကို ဘောလုံးကွင်းထဲမှာ တခဲနက်ပြန်မြင်ရတာ စိတ်ကျေနပ်ဖွယ်ရာကောင်းလွန်းသလို အငြင်းပွားဖွယ်ရာ VAR စည်းမျဥ်းတချို့နဲ့ လက်ထိဘောဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ထားတဲ့အပြင် Nike ဘောလုံးအသစ်ကိုလည်း ထပ်မံမိတ်ဆက်လာခဲ့ပြန်ပါပြီ။

ခြားနားမှုတွေ ယူဆောင်လာတဲ့ ရာသီသစ်မှာ ဒီဘောလုံးရဲ့ ဒီဇိုင်းကိုတော့ အဖြူသားအခံမှာ နီလွင်လွင်အရောင် စက်ဝိုင်းပုံစံတချို့ကို ဂရပ်ဖစ် ပေါင်းစပ်ထားတဲ့ နက်ပြာရင့်ရောင်လိုင်းတွေနဲ့ ရစ်ပတ်လိမ်ခွေထားပြီး ဒါဟာ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုနဲ့ ဆုံးဖြတ်ချက်အပိုင်းမှာ တိကျဖို့အတွက် အထူးရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒန်နီ မာဖီကတော့ ဒီဘောလုံးဟာ လွန်ကဲစွာခြယ်သထားပြီး တောက်ပြောင်လွန်းတဲ့ အဆင်ရိုင်းမျိုးဖြစ်တယ်လို့ ဝေဖန်ရေးသားခဲ့ပြီး ဂိုးသမားတွေအတွက် ဒီလိုမျိုး ဆွဲထားတဲ့ လိုင်းတွေနဲ့ အရောင်ပေါင်းစပ်မှုဟာ ဂိုးသမားတွေကို ခေါင်းမူးနောက်စေပြီး ဆုံးဖြတ်ချက်အမှားတွေကို ပြုလုပ်နိုင်စေတယ်လို့ ဆိုခဲ့တာပါ။

သိပ္ပံပညာရှင်တွေကတော့ ဒီဘောလုံးရဲ့အရောင်အသွေးပေါင်းစပ်မှုကို ချီးကျူးခဲ့ပြီး ကစားသမားတွေအနေနဲ့ အမြင်ပိုင်းဆိုင်ရာအရ ပိုတိုးတက်ပြီး ပိုပြီး လျင်လျင်မြန်မြန် တုံ့ပြန်နိုင်စွမ်း ရှိလာနိုင်သလို ဘောလုံးရဲ့လည်နှုန်း၊ အမြန်နှုန်းနဲ့ လားရာကို အမိအရတွက်ချက်မိနိုင်စေမယ်လို့ ဆိုခဲ့ချိန်မှာ ပရီးမီးယားလိဂ်ပရိသတ်ထုကတော့ သောင်းသောင်းဖျဖျ သိပ်ကြိုက်လှတယ်လို့ မရှိခဲ့ကြတာပါ။

ဒန်နီ မာဖီက “အခု Nike ဘောလုံးအသစ်ကြောင့် ဂိုးသမားတွေ ဒုက္ခလှလှတွေ့ပါလိမ့်မယ်။ အမှားတွေ လုပ်မိလိမ့်မယ်။ မတူညီတဲ့ အရောင် ၃ ရောင်နဲ့ ဘောလုံးက သူတို့ဆီ အရှိန်နဲ့လာတဲ့အခါ ဆုံးဖြတ်ချက်ချဖို့ ပြဿနာတက်ပါလိမ့်မယ်။ သိပ်မကြာခင်မှာပဲ ဂိုးသမားတွေဆီက ဒီအသံတွေ ထွက်လာပါလိမ့်မယ်”

“ကျွန်တော်က ဘောလုံးကို မကြိုက်ပါဘူး…မဟုတ်သေးဘူးလို့ ထင်တယ်။ အရောင်က တောက်ပြောင်လွန်းနေပြီး ကစားသမားတယောက်အနေနဲ့ ပြောရရင် ကျွန်တော့်အတွက်တော့ ဘောလုံးပုံစံအမျိုးမျိုး ခဏခဏပြောင်းကန်ရတာကို အသားမကျပါဘူး။ တခြားကစားသမားတွေတော့ အဆင်ပြေကောင်းပြေကြမှာပါ”

“ဘယ်ပွဲကိုပဲ ကစားသည်ဖြစ်စေ၊ ဘောလုံးပုံစံတူ တလုံးတည်းနဲ့ပဲ ကန်ချင်ပါတယ်။ ခေတ်သစ်ပရီးမီးယားလိဂ်က လူကြိုက်များဖို့၊ ဝင်ငွေကောင်းဖို့ စီးပွားရေးဆန်ဆန် ပြောင်းလဲလာတာကို နားလည်ပါတယ်။ ဒါပေမယ့် ဒီလိုဘောလုံးမျိုးကိုတော့ အလိုမရှိပါဘူး။ မကြာခင်မှာပဲ ဂိုးသမားတဦးက ကျွန်တော်ပြောတာကို သဘောချင်းညီပြီး ထောက်ခံလာပါလိမ့်မယ်”လို့ Daily Mail မှာ ဆောင်းပါးရေးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၁-၂၂ ပရီးမီးယားလိဂ္ရာသီသစ္မွာေတာ့ ပရိသတ္ေတြကို ေဘာလုံးကြင္းထဲမွာ တခဲနက္ျပန္ျမင္ရတာ စိတ္ေက်နပ္ဖြယ္ရာေကာင္းလြန္းသလို အျငင္းပြားဖြယ္ရာ VAR စည္းမ်ဥ္းတခ်ိဳ႕နဲ႔ လက္ထိေဘာဥပေဒကိုလည္း ျပန္လည္ျပင္ဆင္ထားတဲ့အျပင္ Nike ေဘာလုံးအသစ္ကိုလည္း ထပ္မံမိတ္ဆက္လာခဲ့ျပန္ပါၿပီ။

ျခားနားမႈေတြ ယူေဆာင္လာတဲ့ ရာသီသစ္မွာ ဒီေဘာလုံးရဲ႕ ဒီဇိုင္းကိုေတာ့ အျဖဴသားအခံမွာ နီလြင္လြင္အေရာင္ စက္ဝိုင္းပုံစံတခ်ိဳ႕ကို ဂရပ္ဖစ္ ေပါင္းစပ္ထားတဲ့ နက္ျပာရင့္ေရာင္လိုင္းေတြနဲ႔ ရစ္ပတ္လိမ္ေခြထားၿပီး ဒါဟာ ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ အာ႐ုံစူးစိုက္မႈနဲ႔ ဆုံးျဖတ္ခ်က္အပိုင္းမွာ တိက်ဖို႔အတြက္ အထူးရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။

ဒန္နီ မာဖီကေတာ့ ဒီေဘာလုံးဟာ လြန္ကဲစြာျခယ္သထားၿပီး ေတာက္ေျပာင္လြန္းတဲ့ အဆင္႐ိုင္းမ်ိဳးျဖစ္တယ္လို႔ ေဝဖန္ေရးသားခဲ့ၿပီး ဂိုးသမားေတြအတြက္ ဒီလိုမ်ိဳး ဆြဲထားတဲ့ လိုင္းေတြနဲ႔ အေရာင္ေပါင္းစပ္မႈဟာ ဂိုးသမားေတြကို ေခါင္းမူးေနာက္ေစၿပီး ဆုံးျဖတ္ခ်က္အမွားေတြကို ျပဳလုပ္ႏိုင္ေစတယ္လို႔ ဆိုခဲ့တာပါ။

သိပၸံပညာရွင္ေတြကေတာ့ ဒီေဘာလုံးရဲ႕အေရာင္အေသြးေပါင္းစပ္မႈကို ခ်ီးက်ဴးခဲ့ၿပီး ကစားသမားေတြအေနနဲ႔ အျမင္ပိုင္းဆိုင္ရာအရ ပိုတိုးတက္ၿပီး ပိုၿပီး လ်င္လ်င္ျမန္ျမန္ တုံ႔ျပန္ႏိုင္စြမ္း ရွိလာႏိုင္သလို ေဘာလုံးရဲ႕လည္ႏႈန္း၊ အျမန္ႏႈန္းနဲ႔ လားရာကို အမိအရတြက္ခ်က္မိႏိုင္ေစမယ္လို႔ ဆိုခဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္ပရိသတ္ထုကေတာ့ ေသာင္းေသာင္းဖ်ဖ် သိပ္ႀကိဳက္လွတယ္လို႔ မရွိခဲ့ၾကတာပါ။

ဒန္နီ မာဖီက “အခု Nike ေဘာလုံးအသစ္ေၾကာင့္ ဂိုးသမားေတြ ဒုကၡလွလွေတြ႕ပါလိမ့္မယ္။ အမွားေတြ လုပ္မိလိမ့္မယ္။ မတူညီတဲ့ အေရာင္ ၃ ေရာင္နဲ႔ ေဘာလုံးက သူတို႔ဆီ အရွိန္နဲ႔လာတဲ့အခါ ဆုံးျဖတ္ခ်က္ခ်ဖို႔ ျပႆနာတက္ပါလိမ့္မယ္။ သိပ္မၾကာခင္မွာပဲ ဂိုးသမားေတြဆီက ဒီအသံေတြ ထြက္လာပါလိမ့္မယ္”

“ကြၽန္ေတာ္က ေဘာလုံးကို မႀကိဳက္ပါဘူး…မဟုတ္ေသးဘူးလို႔ ထင္တယ္။ အေရာင္က ေတာက္ေျပာင္လြန္းေနၿပီး ကစားသမားတေယာက္အေနနဲ႔ ေျပာရရင္ ကြၽန္ေတာ့္အတြက္ေတာ့ ေဘာလုံးပုံစံအမ်ိဳးမ်ိဳး ခဏခဏေျပာင္းကန္ရတာကို အသားမက်ပါဘူး။ တျခားကစားသမားေတြေတာ့ အဆင္ေျပေကာင္းေျပၾကမွာပါ”

“ဘယ္ပြဲကိုပဲ ကစားသည္ျဖစ္ေစ၊ ေဘာလုံးပုံစံတူ တလုံးတည္းနဲ႔ပဲ ကန္ခ်င္ပါတယ္။ ေခတ္သစ္ပရီးမီးယားလိဂ္က လူႀကိဳက္မ်ားဖို႔၊ ဝင္ေငြေကာင္းဖို႔ စီးပြားေရးဆန္ဆန္ ေျပာင္းလဲလာတာကို နားလည္ပါတယ္။ ဒါေပမယ့္ ဒီလိုေဘာလုံးမ်ိဳးကိုေတာ့ အလိုမရွိပါဘူး။ မၾကာခင္မွာပဲ ဂိုးသမားတဦးက ကြၽန္ေတာ္ေျပာတာကို သေဘာခ်င္းညီၿပီး ေထာက္ခံလာပါလိမ့္မယ္”လို႔ Daily Mail မွာ ေဆာင္းပါးေရးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.