International La Liga Other Leagues Premier League

ဖရီးကစ်ကို ဘယ်ရော​ညာပါ ကန်နိုင်တဲ့ ကာဇိုလာက ခြေနှစ်ဖက်စလုံးသန်တဲ့ ကစားသမားလား?

အာဆင်နယ်ကွင်းလယ်လူဟောင်း ဆန်တီ ကာဇိုလာက သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေရင် ဘာမဆိုလုပ်ပြနိုင်တဲ့ ကစားသမားမျိုးအဖြစ် ချီးကျူးခံထားရသလို တော်ရုံတန်ရုံကစားသမားမျိုးကတော့ သူ့ရဲ့ ဘောလုံးစွမ်းရည်နဲ့ ပြောင်မြောက်တဲ့ နည်းစနစ်ကျွမ်းကျင်မှုအပိုင်းကို လိုက်မီဖို့ မလွယ်ကူလှပါဘူး။

ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး​ခြေစွမ်းနဲ့ အကောင်းဆုံးပုံစံကို ပြသခဲ့တဲ့ ဂန်းနားလူဟောင်း ကာဇိုလာရဲ့ အချိန်အခါကောင်းကို ပြန်ကြည့်ရင် သူ့ရဲ့အားအကောင်းဆုံးအချက်က ဘယ်ခြေညာခြေမရွေး ကန်သွင်းနိုင်စွမ်းမြင့်မားသလို ဒီအချက်နဲ့ပဲ အာဆင်နယ်အသင်းဖော်တွေအတွက် ဖန်တီးမှုတွေနဲ့ အကျိုးပြုခဲ့သေးတာပါ။

၂၀၁၆ ခုနှစ်က အာဆင်နယ်နဲ့ ဝက်ဖို့ဒ်ပွဲစဥ်မှာ ကာဇိုလာတယောက် ရလာတဲ့ ထောင့်ကန်ဘောကို ညာခြေနဲ့ကန်ဖို့ အသင့်ဖြစ်နေချိန်မှာ အသင်းခေါင်ဆောင် လောရန့် ကိုစီယယ်လ်နီက စပိန်သားကို Side ပြောင်းပြီး ဘယ်ခြေနဲ့ ပြောင်းကန်ဖို့ အချက်ပြခဲ့တဲ့ဖြစ်ရပ်ကလည်း မှတ်မှတ်ရရဖြစ်ခဲ့ပြီး သူကတော့ အဆိုပါထောင့်ကန်ဘောကို ဘယ်ခြေနဲ့ သက်သောင့်သက်သာပဲ ပြောင်းကန်သွားခဲ့ပါတယ်။

အဲဒီပွဲမှာ နည်းပြကြီး အာဆင်ဝင်းဂါးရဲ့အသင်းက ၃-၁ ရလဒ်နဲ့ အနိုင်ရပြီး ကာဇိုကလည်း ပင်နယ်တီနဲ့ အဖွင့်ဂိုးရှင်ဖြစ်ခဲ့သလို အာဆင်နယ်အသင်းရဲ့ တရားဝင်ကလပ်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံရာမှာတော့ သူက ဘယ်ခြေရော ညာခြေပါသန်တဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်သွားခဲ့ပါတယ်။

“ကျွန်တော် ငယ်ငယ်ကတည်းက အမြဲတမ်းကြိုက်ခဲ့တာတော့ ညာခြေထောက်အသုံးပြုရတာကိုပါ။ ဒါပေမယ့် တရက်မှာ ညာခြေကျင်းဝတ်မှာ ဒဏ်ရာရသွားပါတယ်။ အဲဒီအချိန်ကစလို့ ဘယ်ခြေထောက်ကို ပိုအသုံးပြုပြီး ဘောလုံးကန်ဖြစ်သွားခဲ့ပါတယ်”

“ဘောလုံးကန်ရင် ခြေထောက်နှစ်ဖက်လုံးသန်တာက ကျွန်တော့်ရဲ့ မွေးရာပါလို သဘာဝအတိုင်း အလိုအလျောက်ဖြစ်ပေါ်လာတာပါ။ ငယ်စဥ်ကတည်း ဒီလိုကန်နိုင်ပေမယ့် ကျွန်တော့်အရည်အသွေးကို နည်းနည်းလေးမှ အလျော့မခံနိုင်လို့ ပြင်းပြင်းထန်ထန်နဲ့ အားစိုက်ကြိုးစားခဲ့ပါတယ်”

“ဘယ်အရာမဆို အလုပ်ကြိုးစားမှသာ တကယ်ဖြစ်လာတာပါ။ လေ့ကျင့်ရေးအစီအစဥ်တွေ ပြီးဆုံးတိုင်းမှာ ​ကျွန်တော်က နာရီဝက်လောက် အပိုဆောင်း ထပ်လေ့ကျင့်ပါတယ်။ ကျွန်တော့်ရဲ့ ပိုအားနည်းတဲ့ ခြေထောက်နဲ့ နံရံကို ဘောလုံးနဲ့ အကြိမ်ကြိမ်ကန်ပြီး တဖြည်းဖြည်းနဲ့ ပိုသန်သထက်သန်၊ မာသထက်မာလာအောင် ကျင့်ယူခဲ့ပါတယ်”လို့ ကာဇိုလာက ပြောပြသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ကြင္းလယ္လူေဟာင္း ဆန္တီ ကာဇိုလာက သူ႔ေျခေထာက္ထဲမွာ ေဘာလုံးရွိေနရင္ ဘာမဆိုလုပ္ျပႏိုင္တဲ့ ကစားသမားမ်ိဳးအျဖစ္ ခ်ီးက်ဴးခံထားရသလို ေတာ္႐ုံတန္႐ုံကစားသမားမ်ိဳးကေတာ့ သူ႔ရဲ႕ ေဘာလုံးစြမ္းရည္နဲ႔ ေျပာင္ေျမာက္တဲ့ နည္းစနစ္ကြၽမ္းက်င္မႈအပိုင္းကို လိုက္မီဖို႔ မလြယ္ကူလွပါဘူး။

ပရီးမီးယားလိဂ္မွာ အျမင့္ဆုံး​ေျခစြမ္းနဲ႔ အေကာင္းဆုံးပုံစံကို ျပသခဲ့တဲ့ ဂန္းနားလူေဟာင္း ကာဇိုလာရဲ႕ အခ်ိန္အခါေကာင္းကို ျပန္ၾကည့္ရင္ သူ႔ရဲ႕အားအေကာင္းဆုံးအခ်က္က ဘယ္ေျခညာေျခမေ႐ြး ကန္သြင္းႏိုင္စြမ္းျမင့္မားသလို ဒီအခ်က္နဲ႔ပဲ အာဆင္နယ္အသင္းေဖာ္ေတြအတြက္ ဖန္တီးမႈေတြနဲ႔ အက်ိဳးျပဳခဲ့ေသးတာပါ။

၂၀၁၆ ခုႏွစ္က အာဆင္နယ္နဲ႔ ဝက္ဖို႔ဒ္ပြဲစဥ္မွာ ကာဇိုလာတေယာက္ ရလာတဲ့ ေထာင့္ကန္ေဘာကို ညာေျခနဲ႔ကန္ဖို႔ အသင့္ျဖစ္ေနခ်ိန္မွာ အသင္းေခါင္ေဆာင္ ေလာရန္႔ ကိုစီယယ္လ္နီက စပိန္သားကို Side ေျပာင္းၿပီး ဘယ္ေျခနဲ႔ ေျပာင္းကန္ဖို႔ အခ်က္ျပခဲ့တဲ့ျဖစ္ရပ္ကလည္း မွတ္မွတ္ရရျဖစ္ခဲ့ၿပီး သူကေတာ့ အဆိုပါေထာင့္ကန္ေဘာကို ဘယ္ေျခနဲ႔ သက္ေသာင့္သက္သာပဲ ေျပာင္းကန္သြားခဲ့ပါတယ္။

အဲဒီပြဲမွာ နည္းျပႀကီး အာဆင္ဝင္းဂါးရဲ႕အသင္းက ၃-၁ ရလဒ္နဲ႔ အႏိုင္ရၿပီး ကာဇိုကလည္း ပင္နယ္တီနဲ႔ အဖြင့္ဂိုးရွင္ျဖစ္ခဲ့သလို အာဆင္နယ္အသင္းရဲ႕ တရားဝင္ကလပ္ဝက္ဘ္ဆိုက္နဲ႔ ေတြ႕ဆုံရာမွာေတာ့ သူက ဘယ္ေျခေရာ ညာေျခပါသန္တဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေဖာ္သြားခဲ့ပါတယ္။

“ကြၽန္ေတာ္ ငယ္ငယ္ကတည္းက အၿမဲတမ္းႀကိဳက္ခဲ့တာေတာ့ ညာေျခေထာက္အသုံးျပဳရတာကိုပါ။ ဒါေပမယ့္ တရက္မွာ ညာေျခက်င္းဝတ္မွာ ဒဏ္ရာရသြားပါတယ္။ အဲဒီအခ်ိန္ကစလို႔ ဘယ္ေျခေထာက္ကို ပိုအသုံးျပဳၿပီး ေဘာလုံးကန္ျဖစ္သြားခဲ့ပါတယ္”

“ေဘာလုံးကန္ရင္ ေျခေထာက္ႏွစ္ဖက္လုံးသန္တာက ကြၽန္ေတာ့္ရဲ႕ ေမြးရာပါလို သဘာဝအတိုင္း အလိုအေလ်ာက္ျဖစ္ေပၚလာတာပါ။ ငယ္စဥ္ကတည္း ဒီလိုကန္ႏိုင္ေပမယ့္ ကြၽန္ေတာ့္အရည္အေသြးကို နည္းနည္းေလးမွ အေလ်ာ့မခံႏိုင္လို႔ ျပင္းျပင္းထန္ထန္နဲ႔ အားစိုက္ႀကိဳးစားခဲ့ပါတယ္”

“ဘယ္အရာမဆို အလုပ္ႀကိဳးစားမွသာ တကယ္ျဖစ္လာတာပါ။ ေလ့က်င့္ေရးအစီအစဥ္ေတြ ၿပီးဆုံးတိုင္းမွာ ​ကြၽန္ေတာ္က နာရီဝက္ေလာက္ အပိုေဆာင္း ထပ္ေလ့က်င့္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ ပိုအားနည္းတဲ့ ေျခေထာက္နဲ႔ နံရံကို ေဘာလုံးနဲ႔ အႀကိမ္ႀကိမ္ကန္ၿပီး တျဖည္းျဖည္းနဲ႔ ပိုသန္သထက္သန္၊ မာသထက္မာလာေအာင္ က်င့္ယူခဲ့ပါတယ္”လို႔ ကာဇိုလာက ေျပာျပသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.