Analysis Premier League

ကြွေတက်နေတဲ့ ဂျိုတာနဲ့ လီဗာပူးလ် 2-0 ဘန်လေ ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ 7 ချက်

အဲလီးယော့ရဲ့ ပွဲထွက်မှု
အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမားလေး ဟာဗီ အီးလီးယော့ကို ဒီရာသီမှာ ယာဂန် ကလော့ပ်ရဲ့ အသင်းမှာ နေရာပေးခြင်းမျိုးကို ခံရမယ်လို့ အားလုံးက ယုံကြည်ထားပေမယ့် ဒီလောက် စောစောစီးစီးတော့ မထင်ခဲ့ကြတာပါ။ ဒီနေ့ပွဲမှာ သူ့ရဲ့ လုပ်အားနှုန်းနဲ့ ပြေးအားတိုးအားတွေက ကွင်းလယ်လူတစ်ဦးအဖြစ်ရော တောင်ပံလူတစ်ဦးအဖြစ်ပါ ကစားပြနိုင်ခဲ့ပြီး ဆာလားနဲ့ အတွဲအဖက်ညီခဲ့သလို သူ့ရဲ့ ဖန်တီးပေးပို့မှုလေးတွေသာ ဒီထက် ပိုကောင်းခဲ့ရင် အီဂျစ်သားအတွက် ဖန်တီးပေးခဲ့တဲ့ ဂိုးက လူမကျွံဘဲ လှပခဲ့ဦးမှာပါ။ သူ့ကို ကြည့်ရတာ ရှာကျီရီနဲ့ မီလ်နာတို့ကို ပေါင်းစပ်ထားသလားလို့ ပရိသတ်တွေ ထင်ခဲ့ကြရပါလိမ့်မယ်။

ဂျိုတာရဲ့ ကြွေတက်နေမှုကြီး
ပြီးခဲ့တဲ့နှစ်က ဂိုးတွေ ဆက်တိုက်သွင်းပြခဲ့သလိုမျိုးပဲ ဒီနှစ်မှာတော့ ဒီယိုဂို ဂျိုတာဟာ ပရီးမီးယားလိဂ်အစကတည်းက အဖွင့်ကောင်းခဲ့သလို ဒီနေ့မှာလည်း နှစ်ပွဲဆက်တိုက် ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။ ဆီမီကတ်စ်ရဲ့ ဖြတ်တင်ဘောက တိကျသေသပ်လွန်းသလို ဂျိုတာရဲ့ တစ်ဖက်ခံစစ်သမားကို အမြော်အမြင်ရှိရှိနဲ့ ခွာထွက်ပြီး ပြေးဝင်ခေါင်းတိုက်ခဲ့ပုံကတော့ ဂိုးဧရိယာထဲက အကွက်မြင်မှုကို Fox in the Box အဖြစ် ပြသခဲ့ပါတယ်။ ပေါ်တူဂီသား အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၉ ဂိုးသွင်းယူခဲ့တဲ့ စံချိန်ကို ဒီနှစ်မှာ အဆပွားနိုင်မယ်လို့ ထင်ရပါတယ်။

ရွှေပြန်ဖြစ်တဲ့ “လက်ခုပ်သံလိုက်” ဆီမီကတ်စ်
ဒီရာသီမှာ ဂရိဘယ်နောက်ခံလူကို ရောင်းချသွားမယ်လို့ ရာသီကြိုက သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် နည်းပြ ယာဂန် ကလော့ပ်ရဲ့ ဆက်ပြီး အခွင့်အရေးပေးခဲ့မှုက မှန်ကန်ခဲ့ပါတယ်။ ရာသီကြိုမှာ ဒဏ်ရာရသွားတဲ့ ရောဘတ်ဆန်နေရာမှာ အကောင်းဆုံး အစားဝင်နိုင်ခဲ့တဲ့ ဆီမီကတ်စ်ဟာ ဘန်လေနဲ့ပွဲမှာ တစ်ဂိုးဖန်တီးပေးခဲ့ပြီး သူ့ရဲ့ ပြီးခဲ့တဲ့ ရာသီမှာ ဆိုးရွားခဲ့တဲ့ ခြေစွမ်းဟာ ကိုဗစ်ရဲ့ သက်ရောက်မှုဆိုတာ ပြသနိုင်ခဲ့သလို ကွင်းထဲ ပြန်လည် ရောက်ရှိလာခဲ့တဲ့ အန်းဖီးလ် ပရိသတ်တွေရဲ့ လက်ခုပ်သံတွေကို သံလိုက်တစ်ခုလို ဆွဲယူပြခဲ့တာပါ။

ပွဲထွက် ၁၁ ယောက်ကို နမူနာရွေးပြတဲ့ ဘန်လေ
၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ မတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ကြိမ် ပြန်လည်တိုက်ဆိုင်တာကို ပရိသတ်တွေ သတိပြုချင်မှ ပြုမိပါလိမ့်မယ်။ ဒါကတော့ ဘန်လေရဲ့ လူစာရင်းပါပဲ။ နံပါတ်တွေကို ကြိုက်ရာဝတ်နေကြတဲ့ ခေတ်ကြီးမှာ ဘန်လေအသင်းဟာ သူတို့ရဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်ကို ဘောလုံးကစားနည်းမှာ နမူနာပေးထားတဲ့ ကျောနံပါတ်တွေနဲ့ ထပ်တူကျအောင် ပွဲထုတ်သွားပြီး ဂိုးသမားက နံပါတ် ၁၊ နောက်ခံအစွန်လူနှစ်ယောက်က နံပါတ် ၂ နဲ့ ၃၊ ကွင်းလယ်အဖျက်က နံပါတ် ၄၊ ဗဟိုခံစစ်မှူးနှစ်ဦးက ၅ နဲ့ ၆၊ တောင်ပံသမားနှစ်ယောက်က ၇ နဲ့ ၁၁၊ ကွင်းလယ်တိုက်စစ်က နံပါတ် ၈ နဲ့ တိုက်စစ်မှူးနှစ်ဦးက ၉ နဲ့ ၁၀ အသီးသီး ဝတ်ဆင်သွားခဲ့ကြတာဖြစ်ပြီး ဘောလုံးလောကရဲ့ ရိုးရှင်းသလို ထူးခြားတဲ့ နေ့တစ်နေ့အဖြစ် သင့်ရဲ့ ဒိုင်ယာရီမှာ ရေးမှတ်ထားသင့်ပါတယ်။

အန်းဖီးလ်မှာ ရှုံးပွဲမရှိသေးတဲ့ ဗန်ဒိုက်
နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကတော့ သူ့ရဲ့ လီဗာပူးလ်အသင်းနဲ့ အန်းဖီးလ်ကွင်းမှာ ကစားခဲ့သမျှ ၄၈ ပွဲကို ရှုံးပွဲမရှိခဲ့သေးဘဲ ၄၃ ပွဲနိုင်ပြီး ၅ ပွဲ သရေကျထားခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက သူအပါအဝင် ခံစစ်မှူးတွေ ဒဏ်ရာများခဲ့လို့ ရှုံးပွဲကြုံတွေ့ခဲ့ချိန်မှာလည်း သူပါဝင်ခဲ့ခြင်းမရှိတာကြောင့် ထည့်သွင်း ရေတွက်ခြင်း မခံရဘဲ အန်းဖီးလ်ရှုံးပွဲနဲ့ လွဲသွားခဲ့ပြီး ဒီနေ့မှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ဗန်ဒိုက်အနေနဲ့ သူ့ရဲ့ ၄၈ ပွဲစံချိန်ကို EPL အိမ်ကွင်း ၅၉ ပွဲ ဆက်တိုက် ရှုံးပွဲမရှိကစားထားခဲ့တဲ့ လီးရှာ့ပ်(မန်ချက်စတာယူနိုက်တက်)ရဲ့ စံချိန်ကို မီအောင် တိုးမြှင့်နိုင်မလား စောင့်ကြည့်ရမှာပါ။

Wifi Hotspot ကောင်းလွန်းနေကြတဲ့ မာနေးနဲ့ အာနိုးလ်ဒ်
ဆာဒီယို မာနေးနဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ကြားမှာတော့ လိုင်းချိတ်ထားတာ ကော်နက်ရှင်က တော်တော်လေးကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လီဗာပူးလ်ကစားသမားတွေကြားမှာ ဒီနံပါတ် ၆၆ ပိုင်ရှင် ညာနောက်ခံလူက ဆီနီဂေါတောင်ပံသမားအတွက် ၉ ဂိုးတိတိ ဖန်တီးပေးထားနိုင်တာလည်းဖြစ်ပြီး တခြားကြိုးကြာနီချင်း အတွဲအဖက်ထက် ၄ ဂိုးတောင် သာလွန်နေခဲ့တာဖြစ်သလို သူတို့ချင်းကြားမှာ ဖရီကွင်စီ လှိုင်းနှုန်းချင်း ညှိထားနိုင်ခဲ့တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

နှစ်ပွဲကစား နှစ်ပွဲအနိုင်နဲ့ ချဲလ်ဆီးကို ကြိုဆိုရန် အသင့်
ပွဲစဉ် ၃ မှာ ရင်ဆိုင်တွေ့မယ့် ချဲလ်ဆီးနဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်တဲ့အနေနဲ့ နော့ဝစ်ချ်နဲ့ ဘန်လေနှစ်သင်းကို ခြေသွေးခွင့်ရခဲ့ချိန်မှာ နှစ်ပွဲ ခြောက်မှတ်နဲ့ ငါးဂိုး ရရှိထားခဲ့တာကတော့ လီဗာပူးလ်တို့အတွက် ကျေနပ်စရာပါ။ ချဲလ်ဆီးနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံပြိုင်ဘက်ချင်း တွေ့ဆုံမှုကို အမှတ်လျော့ခဲ့ရင်လည်း ခံနိုင်ရည် ရှိစေဖို့ အမှတ်ပြည့် စုဆောင်းထားခဲ့တာကလည်း ကျေနပ်စရာဖြစ်ပြီး အယ်လစ်ဆန်၊ ဗန်ဒိုက်တို့နဲ့ တောင့်တင်းနေတဲ့ အန်းဖီးလ်က အင်အားက တူဟယ်လ်ရဲ့ လူတွေကို အနည်းနဲ့အများတော့ ခြောက်ခြားစေပါလိမ့်မယ်။

ပရိသတ်တွေ ပြန်လာမှုနဲ့ ယူဆောင်လာတဲ့ အားပေးသံများ
ဒီနေ့မှာ လီဗာပူးလ်ရဲ့ အန်းဖီးလ်ကွင်းကြီးထဲကို ကိုဗစ်ကာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွင်းလုံးပြည့်နီးပါး ပရိသတ်ပေါင်း ၅၂၅၉၁ ဦး ဝင်ရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက အာသာပြေ တစ်သောင်းနဲ့ ယှဉ်ရင် ကစားသမားတွေအတွက် ပိုမိုမြင့်မားတဲ့ တက်ကြွမှုကို ပေးစွမ်းခဲ့ပါတယ်။ ဆာလား၊ ဗန်ဒိုက်နဲ့ ဖာမီနိုတို့အတွက် သီချင်းတွေနဲ့ သီဆိုအားပေးခဲ့ကြတာက ကျေနပ်ပျော်ရွှင်စရာ အခိုက်အတန့်တွေဖြစ်ကြပြီး ဒီနေ့ပွဲရဲ့ အကောင်းဆုံး အားပေးမှုကတော့ ငါးမီတာအတွင်း သုံးကြိမ် ဖျက်ထုတ်ခံရမှုကို ရုန်းထွက်နိုင်ခဲ့တဲ့ နောက်ခံလူ ဆီမီကတ်စ်အတွက် ဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲလီးေယာ့ရဲ႕ ပြဲထြက္မႈ
အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္ကစားသမားေလး ဟာဗီ အီးလီးေယာ့ကို ဒီရာသီမွာ ယာဂန္ ကေလာ့ပ္ရဲ႕ အသင္းမွာ ေနရာေပးျခင္းမ်ိဳးကို ခံရမယ္လို႔ အားလုံးက ယုံၾကည္ထားေပမယ့္ ဒီေလာက္ ေစာေစာစီးစီးေတာ့ မထင္ခဲ့ၾကတာပါ။ ဒီေန႔ပြဲမွာ သူ႔ရဲ႕ လုပ္အားႏႈန္းနဲ႔ ေျပးအားတိုးအားေတြက ကြင္းလယ္လူတစ္ဦးအျဖစ္ေရာ ေတာင္ပံလူတစ္ဦးအျဖစ္ပါ ကစားျပႏိုင္ခဲ့ၿပီး ဆာလားနဲ႔ အတြဲအဖက္ညီခဲ့သလို သူ႔ရဲ႕ ဖန္တီးေပးပို႔မႈေလးေတြသာ ဒီထက္ ပိုေကာင္းခဲ့ရင္ အီဂ်စ္သားအတြက္ ဖန္တီးေပးခဲ့တဲ့ ဂိုးက လူမကြၽံဘဲ လွပခဲ့ဦးမွာပါ။ သူ႔ကို ၾကည့္ရတာ ရွာက်ီရီနဲ႔ မီလ္နာတို႔ကို ေပါင္းစပ္ထားသလားလို႔ ပရိသတ္ေတြ ထင္ခဲ့ၾကရပါလိမ့္မယ္။

ဂ်ိဳတာရဲ႕ ေႂကြတက္ေနမႈႀကီး
ၿပီးခဲ့တဲ့ႏွစ္က ဂိုးေတြ ဆက္တိုက္သြင္းျပခဲ့သလိုမ်ိဳးပဲ ဒီႏွစ္မွာေတာ့ ဒီယိုဂို ဂ်ိဳတာဟာ ပရီးမီးယားလိဂ္အစကတည္းက အဖြင့္ေကာင္းခဲ့သလို ဒီေန႔မွာလည္း ႏွစ္ပြဲဆက္တိုက္ ဂိုးေတြ သြင္းယူႏိုင္ခဲ့တာပါ။ ဆီမီကတ္စ္ရဲ႕ ျဖတ္တင္ေဘာက တိက်ေသသပ္လြန္းသလို ဂ်ိဳတာရဲ႕ တစ္ဖက္ခံစစ္သမားကို အေျမာ္အျမင္ရွိရွိနဲ႔ ခြာထြက္ၿပီး ေျပးဝင္ေခါင္းတိုက္ခဲ့ပုံကေတာ့ ဂိုးဧရိယာထဲက အကြက္ျမင္မႈကို Fox in the Box အျဖစ္ ျပသခဲ့ပါတယ္။ ေပၚတူဂီသား အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္ ၁၉ ပြဲမွာ ၉ ဂိုးသြင္းယူခဲ့တဲ့ စံခ်ိန္ကို ဒီႏွစ္မွာ အဆပြားႏိုင္မယ္လို႔ ထင္ရပါတယ္။

ေ႐ႊျပန္ျဖစ္တဲ့ “လက္ခုပ္သံလိုက္” ဆီမီကတ္စ္
ဒီရာသီမွာ ဂရိဘယ္ေနာက္ခံလူကို ေရာင္းခ်သြားမယ္လို႔ ရာသီႀကိဳက သတင္းေတြ ထြက္ေပၚခဲ့ဖူးေပမယ့္ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ဆက္ၿပီး အခြင့္အေရးေပးခဲ့မႈက မွန္ကန္ခဲ့ပါတယ္။ ရာသီႀကိဳမွာ ဒဏ္ရာရသြားတဲ့ ေရာဘတ္ဆန္ေနရာမွာ အေကာင္းဆုံး အစားဝင္ႏိုင္ခဲ့တဲ့ ဆီမီကတ္စ္ဟာ ဘန္ေလနဲ႔ပြဲမွာ တစ္ဂိုးဖန္တီးေပးခဲ့ၿပီး သူ႔ရဲ႕ ၿပီးခဲ့တဲ့ ရာသီမွာ ဆိုး႐ြားခဲ့တဲ့ ေျခစြမ္းဟာ ကိုဗစ္ရဲ႕ သက္ေရာက္မႈဆိုတာ ျပသႏိုင္ခဲ့သလို ကြင္းထဲ ျပန္လည္ ေရာက္ရွိလာခဲ့တဲ့ အန္းဖီးလ္ ပရိသတ္ေတြရဲ႕ လက္ခုပ္သံေတြကို သံလိုက္တစ္ခုလို ဆြဲယူျပခဲ့တာပါ။

ပြဲထြက္ ၁၁ ေယာက္ကို နမူနာေ႐ြးျပတဲ့ ဘန္ေလ
၁၉၉၈ ခုႏွစ္ေနာက္ပိုင္းမွာ မေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္တစ္ႀကိမ္ ျပန္လည္တိုက္ဆိုင္တာကို ပရိသတ္ေတြ သတိျပဳခ်င္မွ ျပဳမိပါလိမ့္မယ္။ ဒါကေတာ့ ဘန္ေလရဲ႕ လူစာရင္းပါပဲ။ နံပါတ္ေတြကို ႀကိဳက္ရာဝတ္ေနၾကတဲ့ ေခတ္ႀကီးမွာ ဘန္ေလအသင္းဟာ သူတို႔ရဲ႕ ပြဲထြက္ကစားသမား ၁၁ ေယာက္ကို ေဘာလုံးကစားနည္းမွာ နမူနာေပးထားတဲ့ ေက်ာနံပါတ္ေတြနဲ႔ ထပ္တူက်ေအာင္ ပြဲထုတ္သြားၿပီး ဂိုးသမားက နံပါတ္ ၁၊ ေနာက္ခံအစြန္လူႏွစ္ေယာက္က နံပါတ္ ၂ နဲ႔ ၃၊ ကြင္းလယ္အဖ်က္က နံပါတ္ ၄၊ ဗဟိုခံစစ္မႉးႏွစ္ဦးက ၅ နဲ႔ ၆၊ ေတာင္ပံသမားႏွစ္ေယာက္က ၇ နဲ႔ ၁၁၊ ကြင္းလယ္တိုက္စစ္က နံပါတ္ ၈ နဲ႔ တိုက္စစ္မႉးႏွစ္ဦးက ၉ နဲ႔ ၁၀ အသီးသီး ဝတ္ဆင္သြားခဲ့ၾကတာျဖစ္ၿပီး ေဘာလုံးေလာကရဲ႕ ႐ိုးရွင္းသလို ထူးျခားတဲ့ ေန႔တစ္ေန႔အျဖစ္ သင့္ရဲ႕ ဒိုင္ယာရီမွာ ေရးမွတ္ထားသင့္ပါတယ္။

အန္းဖီးလ္မွာ ရႈံးပြဲမရွိေသးတဲ့ ဗန္ဒိုက္
ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကေတာ့ သူ႔ရဲ႕ လီဗာပူးလ္အသင္းနဲ႔ အန္းဖီးလ္ကြင္းမွာ ကစားခဲ့သမွ် ၄၈ ပြဲကို ရႈံးပြဲမရွိခဲ့ေသးဘဲ ၄၃ ပြဲႏိုင္ၿပီး ၅ ပြဲ သေရက်ထားခဲ့တာပါ။ ၿပီးခဲ့တဲ့ ရာသီက သူအပါအဝင္ ခံစစ္မႉးေတြ ဒဏ္ရာမ်ားခဲ့လို႔ ရႈံးပြဲႀကဳံေတြ႕ခဲ့ခ်ိန္မွာလည္း သူပါဝင္ခဲ့ျခင္းမရွိတာေၾကာင့္ ထည့္သြင္း ေရတြက္ျခင္း မခံရဘဲ အန္းဖီးလ္ရႈံးပြဲနဲ႔ လြဲသြားခဲ့ၿပီး ဒီေန႔မွာလည္း ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။ ဗန္ဒိုက္အေနနဲ႔ သူ႔ရဲ႕ ၄၈ ပြဲစံခ်ိန္ကို EPL အိမ္ကြင္း ၅၉ ပြဲ ဆက္တိုက္ ရႈံးပြဲမရွိကစားထားခဲ့တဲ့ လီးရွာ့ပ္(မန္ခ်က္စတာယူႏိုက္တက္)ရဲ႕ စံခ်ိန္ကို မီေအာင္ တိုးျမႇင့္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

Wifi Hotspot ေကာင္းလြန္းေနၾကတဲ့ မာေနးနဲ႔ အာႏိုးလ္ဒ္
ဆာဒီယို မာေနးနဲ႔ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ၾကားမွာေတာ့ လိုင္းခ်ိတ္ထားတာ ေကာ္နက္ရွင္က ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ လီဗာပူးလ္ကစားသမားေတြၾကားမွာ ဒီနံပါတ္ ၆၆ ပိုင္ရွင္ ညာေနာက္ခံလူက ဆီနီေဂါေတာင္ပံသမားအတြက္ ၉ ဂိုးတိတိ ဖန္တီးေပးထားႏိုင္တာလည္းျဖစ္ၿပီး တျခားႀကိဳးၾကာနီခ်င္း အတြဲအဖက္ထက္ ၄ ဂိုးေတာင္ သာလြန္ေနခဲ့တာျဖစ္သလို သူတို႔ခ်င္းၾကားမွာ ဖရီကြင္စီ လႈိင္းႏႈန္းခ်င္း ညႇိထားႏိုင္ခဲ့တယ္လို႔လည္း ဆိုရမွာျဖစ္ပါတယ္။

ႏွစ္ပြဲကစား ႏွစ္ပြဲအႏိုင္နဲ႔ ခ်ဲလ္ဆီးကို ႀကိဳဆိုရန္ အသင့္
ပြဲစဥ္ ၃ မွာ ရင္ဆိုင္ေတြ႕မယ့္ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ အေကာင္းဆုံးျပင္ဆင္တဲ့အေနနဲ႔ ေနာ့ဝစ္ခ်္နဲ႔ ဘန္ေလႏွစ္သင္းကို ေျခေသြးခြင့္ရခဲ့ခ်ိန္မွာ ႏွစ္ပြဲ ေျခာက္မွတ္နဲ႔ ငါးဂိုး ရရွိထားခဲ့တာကေတာ့ လီဗာပူးလ္တို႔အတြက္ ေက်နပ္စရာပါ။ ခ်ဲလ္ဆီးနဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံၿပိဳင္ဘက္ခ်င္း ေတြ႕ဆုံမႈကို အမွတ္ေလ်ာ့ခဲ့ရင္လည္း ခံႏိုင္ရည္ ရွိေစဖို႔ အမွတ္ျပည့္ စုေဆာင္းထားခဲ့တာကလည္း ေက်နပ္စရာျဖစ္ၿပီး အယ္လစ္ဆန္၊ ဗန္ဒိုက္တို႔နဲ႔ ေတာင့္တင္းေနတဲ့ အန္းဖီးလ္က အင္အားက တူဟယ္လ္ရဲ႕ လူေတြကို အနည္းနဲ႔အမ်ားေတာ့ ေျခာက္ျခားေစပါလိမ့္မယ္။

ပရိသတ္ေတြ ျပန္လာမႈနဲ႔ ယူေဆာင္လာတဲ့ အားေပးသံမ်ား
ဒီေန႔မွာ လီဗာပူးလ္ရဲ႕ အန္းဖီးလ္ကြင္းႀကီးထဲကို ကိုဗစ္ကာလေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ကြင္းလုံးျပည့္နီးပါး ပရိသတ္ေပါင္း ၅၂၅၉၁ ဦး ဝင္ေရာက္ၾကည့္ရႈခဲ့ၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီက အာသာေျပ တစ္ေသာင္းနဲ႔ ယွဥ္ရင္ ကစားသမားေတြအတြက္ ပိုမိုျမင့္မားတဲ့ တက္ႂကြမႈကို ေပးစြမ္းခဲ့ပါတယ္။ ဆာလား၊ ဗန္ဒိုက္နဲ႔ ဖာမီႏိုတို႔အတြက္ သီခ်င္းေတြနဲ႔ သီဆိုအားေပးခဲ့ၾကတာက ေက်နပ္ေပ်ာ္႐ႊင္စရာ အခိုက္အတန႔္ေတြျဖစ္ၾကၿပီး ဒီေန႔ပြဲရဲ႕ အေကာင္းဆုံး အားေပးမႈကေတာ့ ငါးမီတာအတြင္း သုံးႀကိမ္ ဖ်က္ထုတ္ခံရမႈကို ႐ုန္းထြက္ႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဆီမီကတ္စ္အတြက္ ျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.