Analysis Premier League

စာဝါလေးတွေကို စားနေကျ ကြောင်ဖားကြီးနဲ့ မန်စီးတီး 5-0 နော့ဝစ်ချ်ပွဲအပြီး ပြောစရာ 7 ချက်

စာဝါလေးတွေကို စားနေကျ ကြောင်ဖားကြီး
မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ နော့ဝစ်ချ်စီးတီးဘက်ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဟာ သူတို့အတွက် ဂုဏ်ယူပြောစရာ မှတ်တမ်းတွေကို ဆက်လက်တိုးမြှင့်နိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကို ဆင်းလိုက်တက်လိုက်လုပ်နေတဲ့ စာဝါလေးတွေကို စားနေကျ ကြောင်ဖားကြီးဆိုတာ ပြသလိုက်တာပါပဲ။ ဒီပွဲမတိုင်ခင်မှာလည်း အစ်တီဟတ်သားတွေအနေနဲ့ ၂၀၁၁-၁၂ ရာသီမှာ ၅-၁၊ ၂၀၁၃-၁၄ ရာသီမှာ ၇-၀၊ ၂၀၁၉-၂၀ ရာသီမှာ ၅-၀ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာလည်း နောက်ထပ်တစ်ခါ လုပ်နေကျအတိုင်း လုပ်ပြသွားခဲ့ကြတာပါ။

ပရီးမီးယားလိဂ်အဖွင့်ဂိုးက မလှပခဲ့တဲ့ မန်စီးတီး
၂၀၂၁-၂၂ ရာသီမှာ ပြိုင်ပွဲအားလုံးရဲ့ ပထမဆုံးဂိုးလည်းဖြစ်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ဂိုးကတော့ မန်ချက်စတာစီးတီးတို့အတွက် မလှမပနဲ့ ဖွင့်လှစ်ခဲ့ရတာဖြစ်ပါတယ်။ ညာခြမ်းက ဂျေဆူးစ်ရဲ့ ဖြတ်တင်ဘောကို နော့ဝစ်ချ်အသင်းခေါင်းဆောင်နောက်ခံလူ ဟန်လီက ဖျက်ထုတ်ခဲ့ရာမှာ ဂိုးတိုင်ဘေးက ထွက်သွားဖို့ ရည်ရွယ်ခဲ့ပေမယ့် ဂိုးသမား တင်မ် ကရူးလ်ကြောင့် ဂိုးထဲ ပြန်ဝင်သွားခဲ့ရပြီး ဒါက စီးတီးတို့အတွက်တော့ နောက်ဆုံး ၂၅ ရာသီမှာ အမှတ်ပေးပြိုင်ပွဲ အဖွင့်ဂိုးက ပထမဆုံးအကြိမ် Own Goal နဲ့ ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

နော့ဝစ်ချ်ရဲ့ ငိုချင်စရာ ဘယ်ခြမ်းခံစစ်
နော့ဝစ်ချ်စီးတီးရဲ့ ဘယ်ခြမ်းခံစစ်ကတော့ ဒီနေ့မှာ တော်တော်လေးကို ဆိုးရွားခဲ့ပြီး ပွဲချိန် ၇ မိနစ်၊ ၂၂ မိနစ်နဲ့ ၇၁ မိနစ်တွေမှာ သုံးဂိုးအထိ ခွင့်ပြုခဲ့ရတာပါ။ ပထမပိုင်းမှာ ဂိုးသမား တင်မ် ကရူးလ်က ကိုယ့်ဂိုးကိုယ်သွင်းပြီး ဂရီးလစ်ရှ်ရဲ့ ဘောလုံးထိန်းစဉ်မှာ တစ်ဂိုးပေးခဲ့ရတာကြောင့် နည်းပြ ဒန်နီယယ်လ် ဖာကာအနေနဲ့ သူ့ရဲ့ သုံးစားမရတဲ့ ဘယ်နောက်ခံလူ ဒီမီထရစ် ဂီယာနူလစ်ကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ပြီး ၁၉ နှစ်သား ဘာလီ မွန်ဘာကို ထည့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာလည်း သူ့ဘက်ခြမ်းကပဲ စတာလင်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

တစ်ဂိုးမှ မသွင်းဘဲ အကောင်းဆုံးဆုရတဲ့ ဖြတ်တင်ဘော ဟက်ထရစ်ရှင်
မန်ချက်စတာစီးတီးအသင်းရဲ့ ညာတောင်ပံမှာ နေရာယူကစားခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကတော့ ဒီပွဲရဲ့ Man of the Match လို့ ဘောလုံးဝက်ဘ်ဆိုက်တွေက ဖော်ပြခဲ့ကြပါတယ်။ ဂိုးသွင်းဖို့ သိပ်ပြီး စိတ်ဝင်စားပုံမရတဲ့ ဘရာဇီးလ်သားဟာ ဒီနေ့မှာ ပေးပို့ပုံ တိကျမှု ၉၃ ရာခိုင်နှုန်းနဲ့ ဒီပွဲမှာ သူ့ရဲ့ အကောင်းဆုံးပုံစံလို့ ဆိုရမယ့် ဖြတ်တင်ဘောတွေကို ပြသသွားခဲ့ပြီး ၄ ကြိမ် ဖြတ်တင်ရာမှာ ၃ ကြိမ်က ဂိုးဖြစ်ခဲ့သလို အသင်းဖော်တွေအတွက် ၂ ကြိမ် ဖန်တီးပေးနိုင်မှုနဲ့အတူ နော့ဝစ်ချ်တို့ရဲ့ ဘယ်ခြမ်းခံစစ်ကို နှိပ်စက်ပြသွားခဲ့တာပါ။

၂၂ မိနစ်နဲ့ ပရီးမီးယားလိဂ် စံချိန်ကောင်းဆဲ ဂရီးလစ်ရှ်
စီးတီးတို့ရဲ့ ပေါင်သန်း ၁၀၀ တန် ကွင်းလယ်လူကတော့ ဒီနေ့မှာ ဘယ်ခြမ်းနဲ့ ကွင်းလယ်တိုက်စစ်ကို တာဝန်ယူခဲ့သလို ပွဲချိန် ၂၂ မိနစ်မှာ ဂိုးသွင်းယူပြီး ပြီးခဲ့တဲ့ လက်စတာ၊ စပါးစ်တို့နဲ့ ပွဲစဉ်တွေက အဖွင့်မလှခဲ့မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဘောလုံးထိန်းစဉ်မှာ ထင်သလို မဖြစ်ခဲ့ဘဲ ဂိုးထဲ ဝင်သွားခဲ့တာကြောင့် ကြက်ဂိုးလို့ အလှောင်ခံခဲ့ရပေမယ့် မန်ချက်စတာအပြာရောင်တွေရဲ့ ၂၀၁၄ ခုနှစ်တုန်းက ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဖရန့် လမ်းပတ်နောက်ပိုင်း ပထမဆုံး အိမ်ကွင်းပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်တဲ့ အင်္ဂလန်သားလည်းဖြစ်ပါတယ်။

နော့ဝစ်ချ်တို့အတွက် ဘူပိတ်နေတဲ့ ဂိုးသမား
တင်မ် ကရူးလ်ကတော့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားတစ်ယောက်ဖြစ်ဖို့ နှေးကွေးလေးလံလွန်းနေပြီး နော့ဝစ်ချ်အသင်းရဲ့ ဂိုးပေါက်အတွက် ဟာသဖြစ်နေခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ အသင်းငယ်တွေမှာ ဂိုးသမားတွေဟာ သူရဲကောင်းတွေ ဖြစ်တတ်ကြသလို တန်းဆင်းဂိုးသမား ၃ ဦးထဲက ၂ ဦးဖြစ်ကြတဲ့ ဆမ် ဂျွန်စတုန်းစ်၊ အာရွန် ရမ်းစ်ဒေးလ်တို့ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပြသခဲ့တဲ့ လက်စွမ်းတွေနဲ့အတူ အင်္ဂလန်လက်ရွေးစင်မှာပါ ရွေးချယ်ခံခဲ့ကြရချိန်မှာ ဒတ်ချ်ဂိုးသမားကတော့ နောက်ဆုံး ပရီးမီးယားလိဂ် ၂ ရာသီမှာ Own Goal ၄ ဂိုးသွင်းတဲ့ နော့ဝစ်ချ်တို့အတွက် ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ နှစ်ဂိုးကို ပါဝင်အားပေးခဲ့သူဖြစ်နေခဲ့ပါတယ်။

ဂျွန်စတုန်းစ်ကို လာပေါ့တ် နေရာပြန်လုမှာလား
ဒီနေ့ပွဲမှာ နာသန် အာကေအစား ပါဝင်လာခဲ့တဲ့ စပိန်နောက်ခံလူ အေးမရစ် လာပေါ့တ်ကတော့ အသင်းအတွက် Clean Sheet နဲ့ တည်ငြိမ်ခဲ့သလို ပွဲချိန် ၆၄ မိနစ်မှာလည်း ထောင့်ကန်ဘောကနေ ကြိုးစားမှုနဲ့ ခေါင်းတိုက်ချက် မအောင်မြင်ခဲ့တာကို ထပ်မံကန်သွင်းပြီး သွင်းဂိုးတစ်ဂိုးပါ ရှာဖွေနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက ကစားခွင့် နည်းပါးခဲ့တဲ့ နောက်ခံလူအနေနဲ့ ဒဏ်ရာတွေက ပြန်လာနိုင်ပြီဖြစ်သလို သူမကစားနိုင်ခင်မှာ သူ့ရဲ့နေရာကို လုယူသွားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ဂျွန်စတုန်းစ်ကို စိန်ခေါ်ပြီး ပွဲထွက်နေရာ ပြန်လုဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်း ပြသသွားနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စာဝါေလးေတြကို စားေနက် ေၾကာင္ဖားႀကီး
မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေနာ့ဝစ္ခ်္စီးတီးဘက္ကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တာဟာ သူတို႔အတြက္ ဂုဏ္ယူေျပာစရာ မွတ္တမ္းေတြကို ဆက္လက္တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ကို ဆင္းလိုက္တက္လိုက္လုပ္ေနတဲ့ စာဝါေလးေတြကို စားေနက် ေၾကာင္ဖားႀကီးဆိုတာ ျပသလိုက္တာပါပဲ။ ဒီပြဲမတိုင္ခင္မွာလည္း အစ္တီဟတ္သားေတြအေနနဲ႔ ၂၀၁၁-၁၂ ရာသီမွာ ၅-၁၊ ၂၀၁၃-၁၄ ရာသီမွာ ၇-၀၊ ၂၀၁၉-၂၀ ရာသီမွာ ၅-၀ သြင္းယူႏိုင္ခဲ့ၿပီး ဒီရာသီမွာလည္း ေနာက္ထပ္တစ္ခါ လုပ္ေနက်အတိုင္း လုပ္ျပသြားခဲ့ၾကတာပါ။

ပရီးမီးယားလိဂ္အဖြင့္ဂိုးက မလွပခဲ့တဲ့ မန္စီးတီး
၂၀၂၁-၂၂ ရာသီမွာ ၿပိဳင္ပြဲအားလုံးရဲ႕ ပထမဆုံးဂိုးလည္းျဖစ္ခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ဂိုးကေတာ့ မန္ခ်က္စတာစီးတီးတို႔အတြက္ မလွမပနဲ႔ ဖြင့္လွစ္ခဲ့ရတာျဖစ္ပါတယ္။ ညာျခမ္းက ေဂ်ဆူးစ္ရဲ႕ ျဖတ္တင္ေဘာကို ေနာ့ဝစ္ခ်္အသင္းေခါင္းေဆာင္ေနာက္ခံလူ ဟန္လီက ဖ်က္ထုတ္ခဲ့ရာမွာ ဂိုးတိုင္ေဘးက ထြက္သြားဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ ဂိုးသမား တင္မ္ က႐ူးလ္ေၾကာင့္ ဂိုးထဲ ျပန္ဝင္သြားခဲ့ရၿပီး ဒါက စီးတီးတို႔အတြက္ေတာ့ ေနာက္ဆုံး ၂၅ ရာသီမွာ အမွတ္ေပးၿပိဳင္ပြဲ အဖြင့္ဂိုးက ပထမဆုံးအႀကိမ္ Own Goal နဲ႔ ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

ေနာ့ဝစ္ခ်္ရဲ႕ ငိုခ်င္စရာ ဘယ္ျခမ္းခံစစ္
ေနာ့ဝစ္ခ်္စီးတီးရဲ႕ ဘယ္ျခမ္းခံစစ္ကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလးကို ဆိုး႐ြားခဲ့ၿပီး ပြဲခ်ိန္ ၇ မိနစ္၊ ၂၂ မိနစ္နဲ႔ ၇၁ မိနစ္ေတြမွာ သုံးဂိုးအထိ ခြင့္ျပဳခဲ့ရတာပါ။ ပထမပိုင္းမွာ ဂိုးသမား တင္မ္ က႐ူးလ္က ကိုယ့္ဂိုးကိုယ္သြင္းၿပီး ဂရီးလစ္ရွ္ရဲ႕ ေဘာလုံးထိန္းစဥ္မွာ တစ္ဂိုးေပးခဲ့ရတာေၾကာင့္ နည္းျပ ဒန္နီယယ္လ္ ဖာကာအေနနဲ႔ သူ႔ရဲ႕ သုံးစားမရတဲ့ ဘယ္ေနာက္ခံလူ ဒီမီထရစ္ ဂီယာႏူလစ္ကို ပထမပိုင္းအၿပီးမွာ လူစားလဲခဲ့ၿပီး ၁၉ ႏွစ္သား ဘာလီ မြန္ဘာကို ထည့္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာလည္း သူ႔ဘက္ျခမ္းကပဲ စတာလင္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

တစ္ဂိုးမွ မသြင္းဘဲ အေကာင္းဆုံးဆုရတဲ့ ျဖတ္တင္ေဘာ ဟက္ထရစ္ရွင္
မန္ခ်က္စတာစီးတီးအသင္းရဲ႕ ညာေတာင္ပံမွာ ေနရာယူကစားခဲ့တဲ့ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကေတာ့ ဒီပြဲရဲ႕ Man of the Match လို႔ ေဘာလုံးဝက္ဘ္ဆိုက္ေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဂိုးသြင္းဖို႔ သိပ္ၿပီး စိတ္ဝင္စားပုံမရတဲ့ ဘရာဇီးလ္သားဟာ ဒီေန႔မွာ ေပးပို႔ပုံ တိက်မႈ ၉၃ ရာခိုင္ႏႈန္းနဲ႔ ဒီပြဲမွာ သူ႔ရဲ႕ အေကာင္းဆုံးပုံစံလို႔ ဆိုရမယ့္ ျဖတ္တင္ေဘာေတြကို ျပသသြားခဲ့ၿပီး ၄ ႀကိမ္ ျဖတ္တင္ရာမွာ ၃ ႀကိမ္က ဂိုးျဖစ္ခဲ့သလို အသင္းေဖာ္ေတြအတြက္ ၂ ႀကိမ္ ဖန္တီးေပးႏိုင္မႈနဲ႔အတူ ေနာ့ဝစ္ခ်္တို႔ရဲ႕ ဘယ္ျခမ္းခံစစ္ကို ႏွိပ္စက္ျပသြားခဲ့တာပါ။

၂၂ မိနစ္နဲ႔ ပရီးမီးယားလိဂ္ စံခ်ိန္ေကာင္းဆဲ ဂရီးလစ္ရွ္
စီးတီးတို႔ရဲ႕ ေပါင္သန္း ၁၀၀ တန္ ကြင္းလယ္လူကေတာ့ ဒီေန႔မွာ ဘယ္ျခမ္းနဲ႔ ကြင္းလယ္တိုက္စစ္ကို တာဝန္ယူခဲ့သလို ပြဲခ်ိန္ ၂၂ မိနစ္မွာ ဂိုးသြင္းယူၿပီး ၿပီးခဲ့တဲ့ လက္စတာ၊ စပါးစ္တို႔နဲ႔ ပြဲစဥ္ေတြက အဖြင့္မလွခဲ့မႈကို ရပ္တန႔္ႏိုင္ခဲ့ပါတယ္။ ေဘာလုံးထိန္းစဥ္မွာ ထင္သလို မျဖစ္ခဲ့ဘဲ ဂိုးထဲ ဝင္သြားခဲ့တာေၾကာင့္ ၾကက္ဂိုးလို႔ အေလွာင္ခံခဲ့ရေပမယ့္ မန္ခ်က္စတာအျပာေရာင္ေတြရဲ႕ ၂၀၁၄ ခုႏွစ္တုန္းက ခ်ဲလ္ဆီးအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဖရန႔္ လမ္းပတ္ေနာက္ပိုင္း ပထမဆုံး အိမ္ကြင္းပြဲဦးထြက္မွာ ဂိုးသြင္းယူႏိုင္တဲ့ အဂၤလန္သားလည္းျဖစ္ပါတယ္။

ေနာ့ဝစ္ခ်္တို႔အတြက္ ဘူပိတ္ေနတဲ့ ဂိုးသမား
တင္မ္ က႐ူးလ္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသမားတစ္ေယာက္ျဖစ္ဖို႔ ေႏွးေကြးေလးလံလြန္းေနၿပီး ေနာ့ဝစ္ခ်္အသင္းရဲ႕ ဂိုးေပါက္အတြက္ ဟာသျဖစ္ေနခဲ့ပါတယ္။ ဒီၿပိဳင္ပြဲရဲ႕ အသင္းငယ္ေတြမွာ ဂိုးသမားေတြဟာ သူရဲေကာင္းေတြ ျဖစ္တတ္ၾကသလို တန္းဆင္းဂိုးသမား ၃ ဦးထဲက ၂ ဦးျဖစ္ၾကတဲ့ ဆမ္ ဂြၽန္စတုန္းစ္၊ အာ႐ြန္ ရမ္းစ္ေဒးလ္တို႔ဟာ ၿပီးခဲ့တဲ့ ရာသီမွာ ျပသခဲ့တဲ့ လက္စြမ္းေတြနဲ႔အတူ အဂၤလန္လက္ေ႐ြးစင္မွာပါ ေ႐ြးခ်ယ္ခံခဲ့ၾကရခ်ိန္မွာ ဒတ္ခ်္ဂိုးသမားကေတာ့ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၂ ရာသီမွာ Own Goal ၄ ဂိုးသြင္းတဲ့ ေနာ့ဝစ္ခ်္တို႔အတြက္ ၅၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ႏွစ္ဂိုးကို ပါဝင္အားေပးခဲ့သူျဖစ္ေနခဲ့ပါတယ္။

ဂြၽန္စတုန္းစ္ကို လာေပါ့တ္ ေနရာျပန္လုမွာလား
ဒီေန႔ပြဲမွာ နာသန္ အာေကအစား ပါဝင္လာခဲ့တဲ့ စပိန္ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္ကေတာ့ အသင္းအတြက္ Clean Sheet နဲ႔ တည္ၿငိမ္ခဲ့သလို ပြဲခ်ိန္ ၆၄ မိနစ္မွာလည္း ေထာင့္ကန္ေဘာကေန ႀကိဳးစားမႈနဲ႔ ေခါင္းတိုက္ခ်က္ မေအာင္ျမင္ခဲ့တာကို ထပ္မံကန္သြင္းၿပီး သြင္းဂိုးတစ္ဂိုးပါ ရွာေဖြႏိုင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ရာသီက ကစားခြင့္ နည္းပါးခဲ့တဲ့ ေနာက္ခံလူအေနနဲ႔ ဒဏ္ရာေတြက ျပန္လာႏိုင္ၿပီျဖစ္သလို သူမကစားႏိုင္ခင္မွာ သူ႔ရဲ႕ေနရာကို လုယူသြားခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ ဂြၽန္စတုန္းစ္ကို စိန္ေခၚၿပီး ပြဲထြက္ေနရာ ျပန္လုဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္းလည္း ျပသသြားႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.