Other Premier League Transfer News

ဗာရွန်းဟာ ခမ်းနားတဲ့အပြောင်းအရွှေ့ဖြစ်ပြီး ရွှေဘတခေတ်ပြန်ရောက်လာတော့မယ်လို့ ပြောလိုက်တဲ့ အီယန်ရိုက်

ရီးရဲလ်မက်ဒရစ်အသင်းကနေ ပေါင် ၄၁ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာတဲ့ ရာဖေးလ် ဗာရွန်းဟာ မန်ချက်စတာယူနိုက်တက်အတွက် သိပ်ကိုခမ်းနားတဲ့အပြောင်းအရွှေ့တခုဖြစ်တယ်လို့ အာဆင်နယ်ဂန္ထဝင်ကြီး အီယန်ရိုက်က ချီးကျူးသွားခဲ့ပြီး သရဲနီတို့ရဲ့ခြေစွမ်းဟာ ဒီရာသီမှာ ကြောက်ခမန်းလိလိဖြစ်လာလိမ့်မယ်လို့ သုံးသပ်ချက်ပေးသွားခဲ့ပါတယ်။

အီယန်ရိုက်က ပြင်သစ်သားကြောင့် ခံစစ်ပိုင်း အားကောင်းမောင်းသန်ဖြစ်သွားမယ့် မန်ချက်စတာယူနိုက်တက်အသင်းက နောက်တဆင့်မြင့်တက်သွားလိမ့်မယ်လို့ အခိုင်အမာယုံကြည်နေသလို အသက် ၂၈ နှစ်သားနဲ့ ဟာရီ မက်ဂွိုင်းယား၊ အာရွန် ဝမ်ဘစ်ဆာကာ၊ လုခ်ရှောတို့ရဲ့ အတွဲအဖက်မှာ အင်္ဂလန်မှာ ကမ္ဘာ့အဆင့်ခံစစ်ကို နည်းပြ ဆိုးလ်ရှားတည်ဆောက်နိုင်တော့မယ်လို့လည်း ဆိုသွားခဲ့ပါတယ်။

ဗာရွန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ လုံး၊ လာလီဂါဖလား ၃ လုံး၊ ကမ္ဘာ့ကလပ်ချန်ပီယံ ၃ ကြိမ်အပြင် ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားတာကြောင့် ပရီးမီးယားလိဂ်မှာ စမ်းသပ်ခံစရာမလိုတော့တဲ့ အနေအထားမျိုးဖြစ်ပြီး လာမယ့် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဥ် ၂ မှာလည်း ယူနိုက်တက်ပွဲဦးထွက်ကစားနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရှိထားရပါတယ်။

” ရာဖေးလ် ဗာရွန်းရဲ့ ကစားသမားဘဝအကောင်းဆုံးအချိန်မှာ အိုးထရက်ဖို့ဒ်ကို ရောက်လာခဲ့တာ သိပ်ခမ်းနားတဲ့ အပြောင်းအရွှေ့ပါ။ သူက တကယ်ထိပ်တန်းကစားသမားကိုး။ ကျွန်တော့်စိတ်ထဲမှာ အာရွန် ဝမ်ဘစ်ဆာကာက အင်္ဂလန်ရဲ့ အကောင်းဆုံးညာနောက်ခံအစွန်လူလို့ သတ်မှတ်ထားဆဲပါ”

” လန်ဒလော့ဖ်ကတော့ ဟာရီ မက်ဂွိုင်းယားနဲဲ့တွဲဖက်ပြီး စွမ်းဆောင်ပြနိုင်ပေမယ့် သူ့အားနည်းချက်တွေက အထင်းသားပါ။ ဒါကြောင့် မက်ဂွိုင်းယားနဲ့ တွဲပေးဖို့ ကမ္ဘာ့အဆင့်ကစားသမားကို ရလိုက်တယ်လို့ ဆိုရမယ်။ လုခ်ရှောရဲ့ခြေစွမ်းကိုလည်း ကမ္ဘာ့အဆင်မီတယ်လို့ မြင်ပါတယ်”

” မန်ယူနိုက်တက်ကိုကြည့်ရင် အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့တိုင်း ကွင်းလယ်အဖျက်နေရာ ၂ ယောက်ထားကစားရာကနေ ကွင်းလယ်လူတယောက် ပုပ်နေတယ်လို့ ဆိုနိုင်တယ်။ အခုတော့ ဗာရွန်းရောက်လာချိန်မှာ နေရာလွတ်တွေကို ဝင်ဖြည့်ပေးနိုင်တဲ့ သူ့ရဲ့အမြင်ကြောင့် လူစာရင်းမှာ ကွင်းလယ်တိုက်စစ်တဦးကို ထပ်ဖြည့်ပြီး ပွဲထွက်နိုင်တော့မှာပါ”

” သူက အမြန်နှုန်းလည်းကောင်းသလို ကွင်းလယ်နဲ့ ခံစစ်ကြားက ဟာကွက်တွေကိုလည်း ဖြည့်ဆော့ပေးသွားနိုင်ပြီး မက်ဂွိုင်းယားရဲ့ ဖိအားဝန်ထုပ်ကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ တိုက်စစ်ပိုင်းကလည်း အရည်အသွေးမြင့်နေပြီးသားဖြစ်လို့ အခုခံစစ်ကြောင်းကပါ မာကျောသွားရင်တော့ ယူနိုက်တက်က တကယ့်ကို ကြောက်ခမန်းလိလိ ဖြစ်လာပါလိမ့်မယ်” လို့ အီယန်ရိုက်က ကိုယ်တိုင်တင်ဆက်နေတဲ့ ရုပ်သံအစီအစဥ်မှာ သူ့ရဲ့အမြင်ကို ဆွေးနွေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ရီးရဲလ္မက္ဒရစ္အသင္းကေန ေပါင္ ၄၁ သန္းနဲ႔ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာတဲ့ ရာေဖးလ္ ဗာ႐ြန္းဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ သိပ္ကိုခမ္းနားတဲ့အေျပာင္းအေ႐ႊ႕တခုျဖစ္တယ္လို႔ အာဆင္နယ္ဂႏၴဝင္ႀကီး အီယန္႐ိုက္က ခ်ီးက်ဴးသြားခဲ့ၿပီး သရဲနီတို႔ရဲ႕ေျခစြမ္းဟာ ဒီရာသီမွာ ေၾကာက္ခမန္းလိလိျဖစ္လာလိမ့္မယ္လို႔ သုံးသပ္ခ်က္ေပးသြားခဲ့ပါတယ္။

အီယန္႐ိုက္က ျပင္သစ္သားေၾကာင့္ ခံစစ္ပိုင္း အားေကာင္းေမာင္းသန္ျဖစ္သြားမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေနာက္တဆင့္ျမင့္တက္သြားလိမ့္မယ္လို႔ အခိုင္အမာယုံၾကည္ေနသလို အသက္ ၂၈ ႏွစ္သားနဲ႔ ဟာရီ မက္ဂြိဳင္းယား၊ အာ႐ြန္ ဝမ္ဘစ္ဆာကာ၊ လုခ္ေရွာတို႔ရဲ႕ အတြဲအဖက္မွာ အဂၤလန္မွာ ကမာၻ႔အဆင့္ခံစစ္ကို နည္းျပ ဆိုးလ္ရွားတည္ေဆာက္ႏိုင္ေတာ့မယ္လို႔လည္း ဆိုသြားခဲ့ပါတယ္။

ဗာ႐ြန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ လုံး၊ လာလီဂါဖလား ၃ လုံး၊ ကမာၻ႔ကလပ္ခ်န္ပီယံ ၃ ႀကိမ္အျပင္ ျပင္သစ္အသင္းနဲ႔အတူ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ထားတာေၾကာင့္ ပရီးမီးယားလိဂ္မွာ စမ္းသပ္ခံစရာမလိုေတာ့တဲ့ အေနအထားမ်ိဳးျဖစ္ၿပီး လာမယ့္ ေဆာက္သမ္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ ၂ မွာလည္း ယူႏိုက္တက္ပြဲဦးထြက္ကစားႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရွိထားရပါတယ္။

” ရာေဖးလ္ ဗာ႐ြန္းရဲ႕ ကစားသမားဘဝအေကာင္းဆုံးအခ်ိန္မွာ အိုးထရက္ဖို႔ဒ္ကို ေရာက္လာခဲ့တာ သိပ္ခမ္းနားတဲ့ အေျပာင္းအေ႐ႊ႕ပါ။ သူက တကယ္ထိပ္တန္းကစားသမားကိုး။ ကြၽန္ေတာ့္စိတ္ထဲမွာ အာ႐ြန္ ဝမ္ဘစ္ဆာကာက အဂၤလန္ရဲ႕ အေကာင္းဆုံးညာေနာက္ခံအစြန္လူလို႔ သတ္မွတ္ထားဆဲပါ”

” လန္ဒေလာ့ဖ္ကေတာ့ ဟာရီ မက္ဂြိဳင္းယားနဲဲ့တြဲဖက္ၿပီး စြမ္းေဆာင္ျပႏိုင္ေပမယ့္ သူ႔အားနည္းခ်က္ေတြက အထင္းသားပါ။ ဒါေၾကာင့္ မက္ဂြိဳင္းယားနဲ႔ တြဲေပးဖို႔ ကမာၻ႔အဆင့္ကစားသမားကို ရလိုက္တယ္လို႔ ဆိုရမယ္။ လုခ္ေရွာရဲ႕ေျခစြမ္းကိုလည္း ကမာၻ႔အဆင္မီတယ္လို႔ ျမင္ပါတယ္”

” မန္ယူႏိုက္တက္ကိုၾကည့္ရင္ အသင္းႀကီးေတြနဲ႔ ထိပ္တိုက္ေတြ႕တိုင္း ကြင္းလယ္အဖ်က္ေနရာ ၂ ေယာက္ထားကစားရာကေန ကြင္းလယ္လူတေယာက္ ပုပ္ေနတယ္လို႔ ဆိုႏိုင္တယ္။ အခုေတာ့ ဗာ႐ြန္းေရာက္လာခ်ိန္မွာ ေနရာလြတ္ေတြကို ဝင္ျဖည့္ေပးႏိုင္တဲ့ သူ႔ရဲ႕အျမင္ေၾကာင့္ လူစာရင္းမွာ ကြင္းလယ္တိုက္စစ္တဦးကို ထပ္ျဖည့္ၿပီး ပြဲထြက္ႏိုင္ေတာ့မွာပါ”

” သူက အျမန္ႏႈန္းလည္းေကာင္းသလို ကြင္းလယ္နဲ႔ ခံစစ္ၾကားက ဟာကြက္ေတြကိုလည္း ျဖည့္ေဆာ့ေပးသြားႏိုင္ၿပီး မက္ဂြိဳင္းယားရဲ႕ ဖိအားဝန္ထုပ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါလိမ့္မယ္။ တိုက္စစ္ပိုင္းကလည္း အရည္အေသြးျမင့္ေနၿပီးသားျဖစ္လို႔ အခုခံစစ္ေၾကာင္းကပါ မာေက်ာသြားရင္ေတာ့ ယူႏိုက္တက္က တကယ့္ကို ေၾကာက္ခမန္းလိလိ ျဖစ္လာပါလိမ့္မယ္” လို႔ အီယန္႐ိုက္က ကိုယ္တိုင္တင္ဆက္ေနတဲ့ ႐ုပ္သံအစီအစဥ္မွာ သူ႔ရဲ႕အျမင္ကို ေဆြးေႏြးသြားခဲ့တာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.