Match Report Premier League

နော့ဝစ်ချ်အပေါ် ဒေါသပေါက်ကွဲပြီး အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲဆင်တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ပြီးခဲ့တဲ့ အဖွင့်ပွဲစဉ်က ဂိုးပေါက်ပျောက်ပြီး ရှုံးပွဲတွေ့ထားခဲ့မှုအပေါ် အိမ်ကွင်းမှာ ပေါက်ကွဲလာခဲ့ပြီး နော့ဝစ်ချ်စီးတီးကို ငါးဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဟာရီကိန်းကို မရရင်လည်း တိုက်စစ်ပိုင်းက ကိစ္စမရှိဘူးဆိုတဲ့ ဂွါဒီယိုလာရဲ့ စကား မှန်ကန်နိုင်မလား စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

နောက်ခံလူနေရာမှာ ရူဘင် ဒီယက်စ်နဲ့ လာပေါ့တ်ကို တွဲပေးခဲ့ပြီး ကန်ဆယ်လိုကို ဘယ်ခြမ်းမှာ ပြန်ထားခဲ့တဲ့ စီးတီးရဲ့ ခံစစ်က အများကြီး တည်ငြိမ်ခဲ့သလို ရိုဒရီပါဝင်လာတဲ့ ကွင်းလယ်ကြောင့်လည်း ဘာနာဒို ဆေးလ်ဗားနဲ့ ဂွန်ဒိုးဝမ်တို့ တိုက်စစ်ကို လွတ်လွတ်လပ်လပ် ပုံဖော်နိုင်ခဲ့ပြီး ရှေ့တန်းမှာတော့ ဂရီးလစ်ရှ်၊ ဂျေဆူးစ်နဲ့ ဖယ်ရန် တောရက်စ်တို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

စီးတီးတို့ရဲ့ တစ်နေရာထက် ပိုကစားနိုင်တဲ့ Versatile Player တွေ များပြားမှုက ဒီနေ့မှာ အသင်းကစားကွက်ကို ပုံသေမဟုတ်ပဲ ပြောင်းလဲ ကစားသွားနိုင်ခဲ့သလို ဘာနာဒို ဆေးလ်ဗားနဲ့ ဂျေဆူးစ်တို့က တောင်ပံတွေ ထွက်ချိန်မှာ ၄-၂-၄ ဆန်ဆန်လည်းဖြစ်သွားတတ်ပြီး လိုအပ်တဲ့ နေရာကို Intelligence မြင့်မားတဲ့ ကွင်းလယ်လူတွေက ဖြည့်ဆည်းပြောင်းလဲကစားသွားကြတာပါ။

ပွဲချိန် ၇ မိနစ်မှာတော့ မန်ချက်စတာစီးတီးတို့ ဂိုးစတင်ရခဲ့ပြီး ညာခြမ်းကနေ ဂျေဆူးစ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို နောက်ခံလူ ဟန်လီ ရှင်းထုတ်ရာမှာ လေးလံနေတဲ့ ဂိုးသမား ကရူးလ်နဲ့ ပြန်ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ နော့ဝစ်ချ်တို့ ကံဆိုးခဲ့ရပြီး နည်းပြ ဒန်နီယယ်လ် ဖာကာအနေနဲ့ အသက်နဲ့မလိုက်အောင် နှေးကွေးလာတဲ့ ဒီ ၃၃ နှစ်သားကြီးကို ပြောင်းလဲဖို့တော့ စဉ်းစားသင့်နေပြီလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားကို ဘောလုံးလိမ်ခေါက်ဖို့ ကြိုးစားတဲ့ ရာရှီကာ လဲကျသွားရာကနေ ဂျေဆူးစ်က ဘောလုံးပြန်ယူပြီး ပေးခဲ့တာကို ဖယ်ရန် တောရက်စ် ကန်သွင်းနိုင်ခဲ့ပေမယ့် စောဒကတက်တဲ့ နော့ဝစ်ချ်ကစားသမားတွေကြောင့် ဒိုင်လူကြီး ဂရေဟမ် စကော့က VAR ပြန်ကြည့်ခဲ့ရာမှာ မြင်ကွင်းက မသေချာခဲ့ပေမယ့်လည်း ပြစ်ဒဏ်ဘောသတ်မှတ်ပြီး ဂိုးကို ပယ်ဖျက်သွားခဲ့လို့ စီးတီးတို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ ဆက်တိုက်ဖန်တီးနေခဲ့တဲ့ ဂျေဆူးစ်ကြောင့်ပဲ စီးတီးတို့ ဒုတိယဂိုးထပ်ရခဲ့ပြီး ညာတောင်ပံနဲ့ Half Space တွေမှာ နေရာယူထားတဲ့ ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ဖြတ်တင်ဘော ခပ်ပြင်းပြင်းကို နော့ဝစ်ချ်နောက်တန်းတွေ မတားဆီးနိုင်ခဲ့ဘဲ ကျော်လာတာကို ဂရီးလစ်ရှ် ထိန်းဖို့ ကြိုးစားရာမှာ ဘောလုံးက ဂိုးထဲ သွားချင်လွန်းနေပြီး ကန်ခွင့်တောင် မရလိုက်ဘဲ ဂိုးဝင်သွားခဲ့တာပါ။

ပထမပိုင်းမှာတော့ စီးတီးတို့ အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိတော့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ကျေနပ်ခဲ့ရသလို နော့ဝစ်ချ် တစ်သင်းလုံးကတော့ နောက်မှာ ဆင်းကစားနေခဲ့သလို ဂိုးပြတ်မရှုံးရေးကို ဦးတည်နေပုံရခဲ့ပြီး အိမ်ရှင်တွေကို တုံ့ပြန်နိုင်စွမ်း နည်းပါးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း စီးတီးတို့ပဲ ဖိကစားနေခဲ့သလို ဂျေဆူးစ်ကတော့ ဂိုးရကံ သိပ်မပါခဲ့တာကြောင့် လွဲချော်မှုနဲ့ ပိတ်ဆို့ခံရမှုတွေပဲ များခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ လာပေါ့တ် ခေါင်းတိုက်သွင်းမှုက နော့ဝစ်ချ်ခံစစ်နဲ့ထိပြီး ပြန်ကျလာတာက သူ့ရှေ့ကိုပဲ ထပ်ရောက်လာခဲ့ရာမှာ စပိန်သားတစ်ဖြစ်လဲ ပြင်သစ်သားက ညာခြေနဲ့ ထပ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ တောရက်စ်အစား ဝင်လာတဲ့ စတာလင်က ကွင်းထဲရောက်ပြီး ၉ မိနစ်အကြာမှာ ဂိုးသွင်းယူနိုင်ခဲ့သလို စီးတီးတို့အတွက် စတုတ္ထဂိုးကိုတော့ ရေထွက်နေပြီဖြစ်တဲ့ နော့ဝစ်ချ်ရဲ့ ဘယ်ခြမ်းကနေပဲ တစ်ချိန်လုံး ဖန်တီးနေခဲ့တဲ့ ဂျေဆူးစ်ရဲ့ ဖြတ်တင်ဘောကို အင်္ဂလန်တိုက်စစ်မှူးက အနီးကပ် ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ လူကျွံဘော မဖမ်းတတ်ဘဲ ဖမ်းပြီး စီးတီးရှေ့တန်းတွေကို မကြာခဏ လွှတ်ပေးနေခဲ့တဲ့ နော့ဝစ်ချ်နောက်တန်းကြားက ပြေးထွက်ခဲ့တဲ့ လူစားဝင်တောင်ပံကစားသမား မာရက်ဇ်က တစ်ယောက်တည်း လွတ်နေခဲ့ပြန်ပြီး ဒီယက်စ် မ,တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးသမား ကရူးလ်နဲ့အတွေ့မှာ အဝေးတိုင်ထောင့်ကို ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ ပဉ္စမဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပရီးမီးယားလိဂ်ကို တစ်ရာသီဆင်း တစ်ရာသီတက်လုပ်နေပြီး ဒီရာသီအဖွင့်ပွဲနှစ်ပွဲမှာ ရှစ်ဂိုးအထိ ပေးခဲ့ရတဲ့ နော့ဝစ်ချ်ကို မန်ချက်စတာစီးတီးတို့ ငါးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး အဖွင့်ပွဲစဉ်က ရှုံးနိမ့်ထားခဲ့ရမှုကို အကောင်းဆုံး ပေါက်ကွဲတုံ့ပြန်နိုင်ခဲ့သလို အာဆင်နယ်နဲ့ နောက်တစ်ပတ်မှာ မကစားခင်မှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ပြီးခဲ့တဲ့ အဖွင့်ပွဲစဉ်က ဂိုးပေါက်ပျောက်ပြီး ရှုံးပွဲတွေ့ထားခဲ့မှုအပေါ် အိမ်ကွင်းမှာ ပေါက်ကွဲလာခဲ့ပြီး နော့ဝစ်ခ်ျစီးတီးကို ငါးဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဟာရီကိန်းကို မရရင်လည်း တိုက်စစ်ပိုင်းက ကိစ္စမရှိဘူးဆိုတဲ့ ဂွါဒီယိုလာရဲ့ စကား မှန်ကန်နိုင်မလား စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။



ပွဲချိန် ၇ မိနစ်မှာတော့ မန်ချက်စတာစီးတီးတို့ ဂိုးစတင်ရခဲ့ပြီး ညာခြမ်းကနေ ဂျေဆူးစ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို နောက်ခံလူ ဟန်လီ ရှင်းထုတ်ရာမှာ လေးလံနေတဲ့ ဂိုးသမား ကရူးလ်နဲ့ ပြန်ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ နော့ဝစ်ခ်ျတို့ ကံဆိုးခဲ့ရပြီး နည်းပြ ဒန်နီယယ်လ် ဖာကာအနေနဲ့ အသက်နဲ့မလိုက်အောင် နှေးကွေးလာတဲ့ ဒီ ၃၃ နှစ်သားကြီးကို ပြောင်းလဲဖို့တော့ စဉ်းစားသင့်နေပြီလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားကို ဘောလုံးလိမ်ခေါက်ဖို့ ကြိုးစားတဲ့ ရာရှီကာ လဲကျသွားရာကနေ ဂျေဆူးစ်က ဘောလုံးပြန်ယူပြီး ပေးခဲ့တာကို ဖယ်ရန် တောရက်စ် ကန်သွင်းနိုင်ခဲ့ပေမယ့် စောဒကတက်တဲ့ နော့ဝစ်ခ်ျကစားသမားတွေကြောင့် ဒိုင်လူကြီး ဂရေဟမ် စကော့က VAR ပြန်ကြည့်ခဲ့ရာမှာ မြင်ကွင်းက မသေချာခဲ့ပေမယ့်လည်း ပြစ်ဒဏ်ဘောသတ်မှတ်ပြီး ဂိုးကို ပယ်ဖျက်သွားခဲ့လို့ စီးတီးတို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ ဆက်တိုက်ဖန်တီးနေခဲ့တဲ့ ဂျေဆူးစ်ကြောင့်ပဲ စီးတီးတို့ ဒုတိယဂိုးထပ်ရခဲ့ပြီး ညာတောင်ပံနဲ့ Half Space တွေမှာ နေရာယူထားတဲ့ ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ဖြတ်တင်ဘော ခပ်ပြင်းပြင်းကို နော့ဝစ်ခ်ျနောက်တန်းတွေ မတားဆီးနိုင်ခဲ့ဘဲ ကျော်လာတာကို ဂရီးလစ်ရှ် ထိန်းဖို့ ကြိုးစားရာမှာ ဘောလုံးက ဂိုးထဲ သွားချင်လွန်းနေပြီး ကန်ခွင့်တောင် မရလိုက်ဘဲ ဂိုးဝင်သွားခဲ့တာပါ။

ပထမပိုင်းမှာတော့ စီးတီးတို့ အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိတော့တာကြောင့် နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ကျေနပ်ခဲ့ရသလို နော့ဝစ်ခ်ျ တစ်သင်းလုံးကတော့ နောက်မှာ ဆင်းကစားနေခဲ့သလို ဂိုးပြတ်မရှုံးရေးကို ဦးတည်နေပုံရခဲ့ပြီး အိမ်ရှင်တွေကို တုံ့ပြန်နိုင်စွမ်း နည်းပါးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း စီးတီးတို့ပဲ ဖိကစားနေခဲ့သလို ဂျေဆူးစ်ကတော့ ဂိုးရကံ သိပ်မပါခဲ့တာကြောင့် လွဲချော်မှုနဲ့ ပိတ်ဆို့ခံရမှုတွေပဲ များခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ လာပေါ့တ် ခေါင်းတိုက်သွင်းမှုက နော့ဝစ်ခ်ျခံစစ်နဲ့ထိပြီး ပြန်ကျလာတာက သူ့ရှေ့ကိုပဲ ထပ်ရောက်လာခဲ့ရာမှာ စပိန်သားတစ်ဖြစ်လဲ ပြင်သစ်သားက ညာခြေနဲ့ ထပ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ တောရက်စ်အစား ဝင်လာတဲ့ စတာလင်က ကွင်းထဲရောက်ပြီး ၉ မိနစ်အကြာမှာ ဂိုးသွင်းယူနိုင်ခဲ့သလို စီးတီးတို့အတွက် စတုတ္ထဂိုးကိုတော့ ရေထွက်နေပြီဖြစ်တဲ့ နော့ဝစ်ခ်ျရဲ့ ဘယ်ခြမ်းကနေပဲ တစ်ချိန်လုံး ဖန်တီးနေခဲ့တဲ့ ဂျေဆူးစ်ရဲ့ ဖြတ်တင်ဘောကို အင်္ဂလန်တိုက်စစ်မှူးက အနီးကပ် ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ လူကျွံဘော မဖမ်းတတ်ဘဲ ဖမ်းပြီး စီးတီးရှေ့တန်းတွေကို မကြာခဏ လွှတ်ပေးနေခဲ့တဲ့ နော့ဝစ်ခ်ျနောက်တန်းကြားက ပြေးထွက်ခဲ့တဲ့ လူစားဝင်တောင်ပံကစားသမား မာရက်ဇ်က တစ်ယောက်တည်း လွတ်နေခဲ့ပြန်ပြီး ဒီယက်စ် မ,တင်ပေးလိုက်တဲ့ ဘောလုံးကို ဂိုးသမား ကရူးလ်နဲ့အတွေ့မှာ အဝေးတိုင်ထောင့်ကို ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ ပဉ္စမဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပရီးမီးယားလိဂ်ကို တစ်ရာသီဆင်း တစ်ရာသီတက်လုပ်နေပြီး ဒီရာသီအဖွင့်ပွဲနှစ်ပွဲမှာ ရှစ်ဂိုးအထိ ပေးခဲ့ရတဲ့ နော့ဝစ်ခ်ျကို မန်ချက်စတာစီးတီးတို့ ငါးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး အဖွင့်ပွဲစဉ်က ရှုံးနိမ့်ထားခဲ့ရမှုကို အကောင်းဆုံး ပေါက်ကွဲတုံ့ပြန်နိုင်ခဲ့သလို အာဆင်နယ်နဲ့ နောက်တစ်ပတ်မှာ မကစားခင်မှာ လမ်းကြောင်းမှန်ပေါ် ပြန်လည်တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.