Analysis Other Premier League

လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ခံစစ်တွေကို အနိုင်ကျင့်ဖို့ လူကာကူး လာပြီလား

ချယ်လ်ဆီးအသင်းကို ကြောက်ခမန်းလိလိ ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးဟာ အချိုပေါ သကာလောင်းဆိုသလို ချန်ပီယံလိဂ်နဲ့ ဥရောစူပါဖလားချန်ပီယံဖြစ်ထားတဲ့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ လူစာရင်းမှာ နံပါတ် ၁ တိုက်စစ်မှူးအဖြစ် အားကိုးတကြီး ပွဲထုတ်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။

ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ သိမ်းပိုက်ချင်နေတဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်တို့အုပ်စုရဲ့ အမှန်ကန်ဆုံး အင်အားဖြည့်တင်းမှုလည်းဖြစ်ပြီး အဆုံးသတ်ပိုင်းညံ့ဖျင်းလွန်းတဲ့ အသင်းရဲ့အဆိုးရွားဆုံးချိူ့ယွင်းချက်ကို ပြင်ဆင်လိုက်နိုင်ပြီလို့လည်း ကြိုတင်မှတ်ချက်အပေးခံထားရပါပြီ။

လူကာကူးက အမြင့်ဘောအားသာချက်နဲ့ ကြံ့ခိုင်မှုအပိုင်းကို အားပြုပြီး ချယ်လ်ဆီးရဲ့ အထောင်တိုက်စစ်မှူး ဦးစားပေးလိုအပ်တဲ့ ၃-၄-၃ ကစားကွက်မှာ အင်တာမီလန်မှာလည်း အသားကျပြီးသားဖြစ်တာကြာင့် ချက်ချင်းအထိုင်ကျသွားဖွယ်ရှိနေပြီး လာမယ့် လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ရဲ့ ပေါင်သန်း ၅၀ တန် ဗဟိုခံစစ်မှူး ဘန်ဝှိုက်ကို အခြောက်လှန့်နိုင်ဆုံးကစားသမားအဖြစ် အသုံးတော်ခံလာရဖွယ်လည်း ရှိနေပါတယ်။

လူသန်ကြီးဖြစ်တဲ့ ဘယ်လ်ဂျီယမ်သားရဲ့ အလုပ်က ခိုင်ဟာဗတ်ဇ်နဲ့ ဟာကင်းမ် ဇီးယက်ရှ်တို့က အတိကျဆုံးခုတ်တင်ပေးမှုတွေကို ပြိုင်ဘက်ဧရိယာထဲ တချက်ထိအပိုင်ပိတ်သွင်းဖို့ ကြိုးစားလာတော့မှာဖြစ်ပြီး တီမို ဗာနာဖြုန်းတီးထားခဲ့သမျှ ဂိုးအခွင့်အရေးတွေကို ဒိုင်ခံအဆုံးသတ်သွားဖို့လည်း အဓိကတာဝန်ယူသွားရတော့မှာ ဖြစ်ပါတယ်။

ဒါက ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တိုင်းကို ဒုက္ခအပေးနိုင်ဆုံး ကစားကွက်နဲ့ ၆ ကိုက်စည်းထဲ တိုက်စစ်တစ္ဆေခြောက်တော့မယ့် လူကာကူးအဖြစ် အသွင်ပြောင်းလဲလာဖွယ်ရှိနေပြီး အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ရာသီက အင်တာအတွက် စီးရီးအေ ၂၄ ဂိုးဟာ ၆ ​ကိုက်စည်းအတွင်း ဂိုးမုဆိုးလိုက်ခဲ့ခြင်းဖြစ်သလို ဂန်းနားတို့နဲ့ပွဲမှာတော့ ဆီဇာ အက်ဇ်ပီလီကွေတာရဲ့ အမြင့်ဘောတွေအပြင် မေဆန်မောင့်နဲ့ ဖျတ်လတ်ပါးနပ်တဲ့ လူကာကူးတို့ရဲ့တွဲလုံးတွေကလည်း အထူးသတိထားစရာ ဖြစ်လာဦးမှာပါ။

နည်းပြ တူဟယ်လ်က ချယ်လ်ဆီးတိုက်စစ်မှာ လူကာကူကို အထောင်နေရာက ဂိုးမုဆိုးဖြစ်လာဖို့အတွက် ဘယ်လောက်ထိ အားကိုးထားလဲဆိုတာကို ပြောပြခဲ့ရာမှာ ” အိုလီဗီယာ ဂျရူးထွက်သွားတဲ့နောက်မှာ ကျွန်တော်တို့အသင်းက လိုအပ်တာက ပြိုင်ဘက်ဂိုးကို နောက်ကျောပေးပြီး ကစားနိုင်တဲ့ တိုက်စစ်မှူးမျိုးပါ။ အထူးသဖြင့် အမြင့်ဘောတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ အသာစီးရယူနိုင်တဲ့သူမျိုးပေါ့ ”

” ရိုမီလူက ကာယအားကို အသုံးပြုပြီး ကစားရတာကို ကြိုက်တဲ့သူပါ။ ပြိုင်ဘက်ဂိုးကိုလည်း ကျောခိုင်းထားလျက် အနေအထားကနေ သက်သောင့်သက်သာနဲ့ ကစားနိုင်တဲ့သူမျိုးပါ။ ဒါ့အပြင် သူ့ရဲ့အမြန်နှုန်းနဲ့ တိုးအားကလည်း အားကောင်းမောင်းသန် ရှိလွန်းပါတယ်။”

” သူ့မှာ အားသာချက်တွေ မျိုးစုံရှိနေတာပါ။ အမြင့်ဘောတွေကို လေထဲမှာ ကောင်းကောင်းကစားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဖြတ်တင်ဘောတွေကို ခုတ်တင်ပေးတဲ့အခါ စွမ်းရည်အသစ်ကို ရရှိပြီလို့ ဆိုရမှာပါ။ ပြီးတော့ သူ့ကို ​ခြေစွမ်းတောက်ပလာစေဖို့အတွက် ကျွန်တော်တို့ကစားကွက်က လိုက်လျောညီထွေ ရှိနေပြီးသားပါ။”

” သူ့အတွက်နဲ့ အသင်းမှာ အထူးတလည်ပြောင်းလဲသွားစရာမရှိလို့ ပိုပြီးကျေနပ်မိပါတယ်။ သူက တကယ့်သြဇာညောင်းတဲ့သူမျိုးပါ။ တကယ့်ခေါင်း​ဆောင်တယောက်လို့လည်း ဆိုနိုင်တယ်။ အကောင်းဆုံးအရွယ်ကိုလည်း ရောက်ရှိနေပြီ။ ကျွန်တော်တို့အသင်းမှာလည်း သူက ဦးဆောင်သွားရဖို့ ရှိနေပါတယ်” လို့ အာဆင်နယ်နဲ့ပွဲကြိုမှာ ပရိသတ်တွေအတွက် ရင်ခုန်စရာ သဲလွန်စတချို့ကိုလည်း ပေးသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးအသင္းကို ေၾကာက္ခမန္းလိလိ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးဟာ အခ်ိဳေပါ သကာေလာင္းဆိုသလို ခ်န္ပီယံလိဂ္နဲ႔ ဥေရာစူပါဖလားခ်န္ပီယံျဖစ္ထားတဲ့ နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ လူစာရင္းမွာ နံပါတ္ ၁ တိုက္စစ္မႉးအျဖစ္ အားကိုးတႀကီး ပြဲထုတ္ခံရဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။

ပရီးမီးယားလိဂ္ဖလားကို ဒီရာသီမွာ သိမ္းပိုက္ခ်င္ေနတဲ့ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္တို႔အုပ္စုရဲ႕ အမွန္ကန္ဆုံး အင္အားျဖည့္တင္းမႈလည္းျဖစ္ၿပီး အဆုံးသတ္ပိုင္းညံ့ဖ်င္းလြန္းတဲ့ အသင္းရဲ႕အဆိုး႐ြားဆုံးခ်ိဴ႕ယြင္းခ်က္ကို ျပင္ဆင္လိုက္ႏိုင္ၿပီလို႔လည္း ႀကိဳတင္မွတ္ခ်က္အေပးခံထားရပါၿပီ။

လူကာကူးက အျမင့္ေဘာအားသာခ်က္နဲ႔ ႀကံ့ခိုင္မႈအပိုင္းကို အားျပဳၿပီး ခ်ယ္လ္ဆီးရဲ႕ အေထာင္တိုက္စစ္မႉး ဦးစားေပးလိုအပ္တဲ့ ၃-၄-၃ ကစားကြက္မွာ အင္တာမီလန္မွာလည္း အသားက်ၿပီးသားျဖစ္တာၾကာင့္ ခ်က္ခ်င္းအထိုင္က်သြားဖြယ္ရွိေနၿပီး လာမယ့္ လန္ဒန္ဒါဘီပြဲမွာ အာဆင္နယ္ရဲ႕ ေပါင္သန္း ၅၀ တန္ ဗဟိုခံစစ္မႉး ဘန္ဝႈိက္ကို အေျခာက္လွန္႔ႏိုင္ဆုံးကစားသမားအျဖစ္ အသုံးေတာ္ခံလာရဖြယ္လည္း ရွိေနပါတယ္။

လူသန္ႀကီးျဖစ္တဲ့ ဘယ္လ္ဂ်ီယမ္သားရဲ႕ အလုပ္က ခိုင္ဟာဗတ္ဇ္နဲ႔ ဟာကင္းမ္ ဇီးယက္ရွ္တို႔က အတိက်ဆုံးခုတ္တင္ေပးမႈေတြကို ၿပိဳင္ဘက္ဧရိယာထဲ တခ်က္ထိအပိုင္ပိတ္သြင္းဖို႔ ႀကိဳးစားလာေတာ့မွာျဖစ္ၿပီး တီမို ဗာနာျဖဳန္းတီးထားခဲ့သမွ် ဂိုးအခြင့္အေရးေတြကို ဒိုင္ခံအဆုံးသတ္သြားဖို႔လည္း အဓိကတာဝန္ယူသြားရေတာ့မွာ ျဖစ္ပါတယ္။

ဒါက ပရီးမီးယားလိဂ္မွာ ၿပိဳင္ဘက္တိုင္းကို ဒုကၡအေပးႏိုင္ဆုံး ကစားကြက္နဲ႔ ၆ ကိုက္စည္းထဲ တိုက္စစ္တေစၦေျခာက္ေတာ့မယ့္ လူကာကူးအျဖစ္ အသြင္ေျပာင္းလဲလာဖြယ္ရွိေနၿပီး အနီးစပ္ဆုံးအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက အင္တာအတြက္ စီးရီးေအ ၂၄ ဂိုးဟာ ၆ ​ကိုက္စည္းအတြင္း ဂိုးမုဆိုးလိုက္ခဲ့ျခင္းျဖစ္သလို ဂန္းနားတို႔နဲ႔ပြဲမွာေတာ့ ဆီဇာ အက္ဇ္ပီလီေကြတာရဲ႕ အျမင့္ေဘာေတြအျပင္ ေမဆန္ေမာင့္နဲ႔ ဖ်တ္လတ္ပါးနပ္တဲ့ လူကာကူးတို႔ရဲ႕တြဲလုံးေတြကလည္း အထူးသတိထားစရာ ျဖစ္လာဦးမွာပါ။

နည္းျပ တူဟယ္လ္က ခ်ယ္လ္ဆီးတိုက္စစ္မွာ လူကာကူကို အေထာင္ေနရာက ဂိုးမုဆိုးျဖစ္လာဖို႔အတြက္ ဘယ္ေလာက္ထိ အားကိုးထားလဲဆိုတာကို ေျပာျပခဲ့ရာမွာ ” အိုလီဗီယာ ဂ်႐ူးထြက္သြားတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔အသင္းက လိုအပ္တာက ၿပိဳင္ဘက္ဂိုးကို ေနာက္ေက်ာေပးၿပီး ကစားႏိုင္တဲ့ တိုက္စစ္မႉးမ်ိဳးပါ။ အထူးသျဖင့္ အျမင့္ေဘာေတြကို ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ အသာစီးရယူႏိုင္တဲ့သူမ်ိဳးေပါ့ ”

” ႐ိုမီလူက ကာယအားကို အသုံးျပဳၿပီး ကစားရတာကို ႀကိဳက္တဲ့သူပါ။ ၿပိဳင္ဘက္ဂိုးကိုလည္း ေက်ာခိုင္းထားလ်က္ အေနအထားကေန သက္ေသာင့္သက္သာနဲ႔ ကစားႏိုင္တဲ့သူမ်ိဳးပါ။ ဒါ့အျပင္ သူ႔ရဲ႕အျမန္ႏႈန္းနဲ႔ တိုးအားကလည္း အားေကာင္းေမာင္းသန္ ရွိလြန္းပါတယ္။”

” သူ႔မွာ အားသာခ်က္ေတြ မ်ိဳးစုံရွိေနတာပါ။ အျမင့္ေဘာေတြကို ေလထဲမွာ ေကာင္းေကာင္းကစားႏိုင္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ျဖတ္တင္ေဘာေတြကို ခုတ္တင္ေပးတဲ့အခါ စြမ္းရည္အသစ္ကို ရရွိၿပီလို႔ ဆိုရမွာပါ။ ၿပီးေတာ့ သူ႔ကို ​ေျခစြမ္းေတာက္ပလာေစဖို႔အတြက္ ကြၽန္ေတာ္တို႔ကစားကြက္က လိုက္ေလ်ာညီေထြ ရွိေနၿပီးသားပါ။”

” သူ႔အတြက္နဲ႔ အသင္းမွာ အထူးတလည္ေျပာင္းလဲသြားစရာမရွိလို႔ ပိုၿပီးေက်နပ္မိပါတယ္။ သူက တကယ့္ၾသဇာေညာင္းတဲ့သူမ်ိဳးပါ။ တကယ့္ေခါင္း​ေဆာင္တေယာက္လို႔လည္း ဆိုႏိုင္တယ္။ အေကာင္းဆုံးအ႐ြယ္ကိုလည္း ေရာက္ရွိေနၿပီ။ ကြၽန္ေတာ္တို႔အသင္းမွာလည္း သူက ဦးေဆာင္သြားရဖို႔ ရွိေနပါတယ္” လို႔ အာဆင္နယ္နဲ႔ပြဲႀကိဳမွာ ပရိသတ္ေတြအတြက္ ရင္ခုန္စရာ သဲလြန္စတခ်ိဳ႕ကိုလည္း ေပးသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.