Article Premier League

မို​ဆာလားရဲ့ ရိုးသားတဲ့ လူနေမှုဘဝနဲ့ ပရိသတ်တွေအတွက် သိကောင်းစရာများ

နာမည်ပြောင်
မိုဆာလားက ယူကေမှာရော အီဂျစ်မှာပါ နာမည်ပြောင်များစွာ ပိုင်ဆိုင်ထားပြီး “ဖာရိုးဘုရင်ကြီး”ဆိုတဲ့ ပရိသတ်တွေရဲ့ ချစ်စနိုးလေးနဲ့ ခေါ်ဝေါ်ကြတာက ထင်ရှားသလို “အီဂျစ်မက်ဆီ”လို့လည်း နာမည်ကြီးပါသေးတယ်။ ဒါ့အပြင် မူဆလင် မက်ဆီ၊ ပိရမစ်ပီလီ၊ သဲကန္တာရ ဒဲဂလစ်ရှ်၊ ကိုင်ရို ခရစ္စတီယာနို၊ ဟာလာ ဟာဇက်၊ ရာမာဒန် ရော်ဘင်၊ သဲဆွာရက်ဇ်၊ မုတ်ဆိတ်ရှည် မာရာဒိုနာလို့လည်း ခေါ်ကြပါ​သေးတယ်။

အိမ်သူသက်ထား
မိုဆာလားကတော့ သူနဲ့ နှစ်ရှည်လများ တွဲလာခဲ့တဲ့ ချစ်သူ မာဂီ မိုဟာမက်နဲ့ လက်ထပ်ယူခဲ့တာဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာဆောင်မှာ ရွာလုံးကျွတ် မီးခိုးတိတ် ကျွေးမွေးခဲ့တာပါ။ ဖျော်ဖြေရေးမှာ အီဂျစ်အဆိုတော်တွေကိုပါ ငှားရမ်းထားခဲ့လို့ ဆာလားရဲ့ အမာခံ အီဂျစ်ပရိသတ်တွေလည်း ပျော်ရွှင်ခဲ့ရပြီး ကမ္ဘာကျော် ဘောလုံးသမားအဖြစ်ကို ဂုဏ်မောက်ခြင်းကင်းသလို ကိန်းကြီးခန်းကြီးမနိုင်ဘဲ ရိုးရိုးရှင်းရှင်းပဲ နှိမ့်နှိမ့်ချချနေတတ်သူလည်း ဖြစ်ပါတယ်။

အကြိုက်ဆုံး အစားအစာ
အီဂျစ်သားဆိုတော့ သူအကြိုက်ဆုံး အစားအစာက အီဂျစ်ရိုးရာဟင်းအမယ်တမျိုးဖြစ်တဲ့ ကူရှာရီပါ။ ထမင်း၊ ပဲနီလေး၊ ပါစတာခေါက်ဆွဲတို့ကို ကြက်သွန်ဖြူ၊ ရှာလကာရည်၊ ခရမ်းချဉ်သီးအနှစ်အစပ်တွေနဲ့ ရောမွှေထားပြီး ဟင်းအပေါ်မှာ ကြွပ်ရွနေတဲ့ ကြက်သွန်ကြော်၊ ကုလားပဲတို့ ဖြူးထားတဲ့ အစားအစာဖြစ်သလို အီဂျစ်ကို ပြန်တိုင်း လေဆိပ်မှာ သူ့​သူငယ်ချင်းကို ဖုန်းဆက်ပြီး ဒီဟင်းလျာကို ကြိုဝယ်ခိုင်းထားကာ အမိမြေပြန်ရောက်တာနဲ့ အပီဆွဲလေ့ရှိတယ်လို့ မိုဆလားကိုယ်တိုင်က ဝန်ခံထားပါတယ်။

အငြင်းပွားဖွယ်ရာဆု
ဘေဆယ်လ်အသင်းမှာ ကစားစဥ်က ဆွစ်ဇာလန်လိဂ်ရဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး အဲဒီဆုပေးပွဲမှာ အခမ်းအနားတင်ဆက်သူ အမျိုးသမီးက မိုဆာလားကို ဂုဏ်ပြုအနမ်းပေးခဲ့ရာမှာ အီဂျစ်နိုင်ငံသားပရိသတ်တွေကတော့ သူ့ကို လက်ညှိုးထိုး အပြစ်ဖို့သွားခဲ့သလို မိမိကို ဆွစ်ဇာလန်သားတွေက လက်ခုပ်တီးပေးနေချိန်မှာ ကိုယ့်လူမျိုးတွေက အဆိုးဝေဖန်နေကြတယ်လို့ မိုဆာလားက ပေါက်ကွဲခဲ့ရပါသေးတယ်။

အသားတင်ကြွယ်ဝမှုနဲ့ လက်ရှိ လုပ်ခလစာ
၂၀၁၈ ခုနှစ်၊ ဇူလိုင်က လီဗာပူးလ်အသင်းမှာ တနှစ် ပေါင် ၁၀.၄ သန်း လုပ်ခလစာနဲ့ ၅ နှစ်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ အီဂျင်ဘုရင်ကြီးက လက်ရှိမှာ ပိုင်ဆိုင်မှုအရ ပေါင်သန်း ၅၀ ကျော် ချမ်းသာမှုရှိတယ်လို့ သိရပြီး ကစားသမားပုံရိပ်အသုံးပြုခနဲ့ ကြော်ငြာခတွေကြောင့် တနှစ်ကို ပေါင် ၂၂ သန်းအထိ ဝင်ငွေရှိနေတယ်လို့ ဖော်ပြခံထားရပါတယ်။

စံပြပုဂ္ဂိုလ်
ဆာလားရဲ့ စံပြပုဂ္ဂိုလ်ကတော့ အမေရိကန်လက်ဝှေ့သမားကြီး မိုဟာမက် အလီ(ခေါ်) ကာစီးယပ်စ် ကလေးဖြစ်ပြီး အလီနဲ့ သူ့ရဲ့ဘဝက ရုန်းကန်ရပုံချင်းမှာ တူညီမှုတွေ ရှိနေတာကြောင့်လို့ဆိုသလို အီဂျစ်သားငယ်ရွယ်စဥ်က ဘောလုံးလေ့ကျင့်ခန်းဆင်းနိုင်ဖို့ သူ့မြို့လေးကနေ ကိုင်ရိုမြို့အထိ ဘတ်စ်ကား ၁၀ ဆင့်နဲ့ ၉ နာရီကြာသွားရတယ်လို့ သိရပြီး ၄ နှစ်ဆက်တိုက်၊ တစ်ပတ်ကို ၅ ရက်နှုန်းနဲ့ ကြံ့ကြံ့ခံပြီး ကြိုးစားလာခဲ့သူပါ။

အနှစ်သက်ဆုံး ရုပ်ရှင်မင်းသား
ရုပ်ရှင်ကို မက်မက်စက်စက်ကြည့်တတ်တဲ့ ဆာလားက ဟောလိဝုဒ်က နာမည်ကြီးမင်းသား လီယိုနာဒို ဒီကာပရီယိုနဲ့ အီဂျစ်ရုပ်ရှင်မင်းသားဖြစ်တဲ့ ခါလက် အယ်လ်နာဘာဝီတို့ကို အရူးအမူးစွဲလန်းကြောင်း သိရပြီး ဘောလုံးလောကကနေ အနားယူခဲ့ရင်လည်း ရုပ်ရှင်မင်းသားလုပ်သွားဖို့ ဆန္ဒရှိနေပါတယ်။

ဓားပြသမားကို ဘဝ​သစ်ပြောင်းလဲပေးခဲ့တဲ့ မိုဆာလား
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ မိုဆာလားက ပွဲကစားနေတုန်း သူ့မိသားစုကတော့ ဓားပြတိုက်ခံခဲ့ရပါတယ်။ ရက်ပိုင်းအတွင်း အီဂျစ်ရဲတပ်ဖွဲ့က တရားခံကို ဖမ်းမိခဲ့ပြီး ဖခင်ဖြစ်သူက တရားစွဲလိုခဲ့ပေမယ့် စိတ်နှလုံးသားလှတဲ့ မိုဆာလားကတော့ ဓားပြကို တရားမစွဲတဲ့အပြင် ငွေကြေးအချို့ ပေးပို့လိုက်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားဖို့ပါ ထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရပါတယ်။

လျှပ်စီးလို လျင်မြန်သူ
ဖီအိုရင်တီးနားကစားသမားလည်း ဖြစ်ခဲ့ဖူးတဲ့ မိုဆာလားက ၂၀၁၃-၁၄ ရာသီက အချက်အလက်မှတ်တမ်းအရ သူဟာ ပျမ်းမျှ တစ်နာရီကို ၂၀.၇ ကီလိုမီတာ ပြေးလွှားခဲ့တယ်လို့ သိရပြီး ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ရီးရဲလ်မက်ဒရစ်နဲ့ ရိုးမားတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာလည်း ပြင်သစ်သား ရာဖေးလ် ဗာရွန်းကို မျက်ဖြူဆိုက်သွားစေခဲ့တဲ့အထိ လျှပ်စီးလို လျင်မြန်ပြီး ဘယ်လိုမှ ထိန်းမရအောင်ဖြစ်ခဲ့ရပါသေးတယ်။

ပရီးမီးယားလိဂ်မှာ အသန့်ရှင်းဆုံး
စိတ်ဓာတ်ပိုင်းနဲ့ စည်းကမ်းပိုင်းအရ ပြည့်ဝတဲ့ မိုဆာလားဟာ ၂၀၂၀-၂၁ ရာသီမှာ တကြိမ်တခါမှ အဝါကတ်ရော အနီကတ်ပါ မထိခဲ့တာဖြစ်ပြီး ပြိုင်ဘက်တွေအတွက်တော့ သူ့ရဲ့အမြန်နှုန်းနဲ့ အရှိန်က မြင့်မားလွန်းတာကြောင့် အီဂျစ်သားကသာ မကြာခဏ ပြစ်ဒဏ်တွေ အကျုးလွန်ခံထားရလည်း ဖြစ်ပါတယ်။

အများအကျိုးဆောင်တတ်သူ ပရဟိတသမား
ငယ်ဘဝက ကြမ်းသလို အောင်မြင်လာချိန်မှာလည်း အောက်ခြေမလွတ်တတ်တဲ့ မိုဆာလားက ပရဟိတစိတ်အားထက်သန်သလို သူ့ရဲ့ ဇာတိရွာလေး နာဂရစ်ကို ဖွံ့ဖြိုးတိုးတက်ဖို့ ငွေကြေး အမြဲလှူဒါန်း​ပေးနေသူပါ။ စာသင်ကျောင်းအသစ် ဆောက်ပေးထားသလို ခေတ်မီစက်ပစ္စည်းတွေနဲ့ ဒေသန္တရဆေးရုံကိုလည်း ဖွင့်လှစ်ပေးထားတာပါ။

ဒါ့အပြင် ကိုင်ရိုမြို့က ကလေးသူငယ်များ ကင်ဆာဆေးရုံကို ရိုးတွင်းချဥ်ဆီအစားထိုး စက်ပစ္စည်းသစ် တပ်ဆင်နိုင်ဖို့ ဒေါ်လာ ၆၈၁၅၀၀ လှူဒါန်းခဲ့သလို သူနေခဲ့ဖူးတဲ့ စာသင်ကျောင်းကိုလည်း ဂါဘီယာဒေသအစိုးရက “မိုဟာမက် ဆာလားကျောင်း”အဖြစ် သတ်မှတ်ပေးခဲ့ပြီး သူ့လို ကမ္ဘာကျော်ဖြစ်ချင်တဲ့ အီဂျစ်ကလေးငယ်တွေအတွက် မီးရှူးတန်ဆောင်ကြီးဆိုရင်လည်း မမှားပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နာမည္ေျပာင္
မိုဆာလားက ယူေကမွာေရာ အီဂ်စ္မွာပါ နာမည္ေျပာင္မ်ားစြာ ပိုင္ဆိုင္ထားၿပီး “ဖာ႐ိုးဘုရင္ႀကီး”ဆိုတဲ့ ပရိသတ္ေတြရဲ႕ ခ်စ္စႏိုးေလးနဲ႔ ေခၚေဝၚၾကတာက ထင္ရွားသလို “အီဂ်စ္မက္ဆီ”လို႔လည္း နာမည္ႀကီးပါေသးတယ္။ ဒါ့အျပင္ မူဆလင္ မက္ဆီ၊ ပိရမစ္ပီလီ၊ သဲကႏၲာရ ဒဲဂလစ္ရွ္၊ ကိုင္႐ို ခရစၥတီယာႏို၊ ဟာလာ ဟာဇက္၊ ရာမာဒန္ ေရာ္ဘင္၊ သဲဆြာရက္ဇ္၊ မုတ္ဆိတ္ရွည္ မာရာဒိုနာလို႔လည္း ေခၚၾကပါ​ေသးတယ္။

အိမ္သူသက္ထား
မိုဆာလားကေတာ့ သူနဲ႔ ႏွစ္ရွည္လမ်ား တြဲလာခဲ့တဲ့ ခ်စ္သူ မာဂီ မိုဟာမက္နဲ႔ လက္ထပ္ယူခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ မဂၤလာေဆာင္မွာ ႐ြာလုံးကြၽတ္ မီးခိုးတိတ္ ေကြၽးေမြးခဲ့တာပါ။ ေဖ်ာ္ေျဖေရးမွာ အီဂ်စ္အဆိုေတာ္ေတြကိုပါ ငွားရမ္းထားခဲ့လို႔ ဆာလားရဲ႕ အမာခံ အီဂ်စ္ပရိသတ္ေတြလည္း ေပ်ာ္႐ႊင္ခဲ့ရၿပီး ကမာၻေက်ာ္ ေဘာလုံးသမားအျဖစ္ကို ဂုဏ္ေမာက္ျခင္းကင္းသလို ကိန္းႀကီးခန္းႀကီးမႏိုင္ဘဲ ႐ိုး႐ိုးရွင္းရွင္းပဲ ႏွိမ့္ႏွိမ့္ခ်ခ်ေနတတ္သူလည္း ျဖစ္ပါတယ္။

အႀကိဳက္ဆုံး အစားအစာ
အီဂ်စ္သားဆိုေတာ့ သူအႀကိဳက္ဆုံး အစားအစာက အီဂ်စ္႐ိုးရာဟင္းအမယ္တမ်ိဳးျဖစ္တဲ့ ကူရွာရီပါ။ ထမင္း၊ ပဲနီေလး၊ ပါစတာေခါက္ဆြဲတို႔ကို ၾကက္သြန္ျဖဴ၊ ရွာလကာရည္၊ ခရမ္းခ်ဥ္သီးအႏွစ္အစပ္ေတြနဲ႔ ေရာေမႊထားၿပီး ဟင္းအေပၚမွာ ႂကြပ္႐ြေနတဲ့ ၾကက္သြန္ေၾကာ္၊ ကုလားပဲတို႔ ျဖဴးထားတဲ့ အစားအစာျဖစ္သလို အီဂ်စ္ကို ျပန္တိုင္း ေလဆိပ္မွာ သူ႔​သူငယ္ခ်င္းကို ဖုန္းဆက္ၿပီး ဒီဟင္းလ်ာကို ႀကိဳဝယ္ခိုင္းထားကာ အမိေျမျပန္ေရာက္တာနဲ႔ အပီဆြဲေလ့ရွိတယ္လို႔ မိုဆလားကိုယ္တိုင္က ဝန္ခံထားပါတယ္။

အျငင္းပြားဖြယ္ရာဆု
ေဘဆယ္လ္အသင္းမွာ ကစားစဥ္က ဆြစ္ဇာလန္လိဂ္ရဲ႕ တႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့ၿပီး အဲဒီဆုေပးပြဲမွာ အခမ္းအနားတင္ဆက္သူ အမ်ိဳးသမီးက မိုဆာလားကို ဂုဏ္ျပဳအနမ္းေပးခဲ့ရာမွာ အီဂ်စ္ႏိုင္ငံသားပရိသတ္ေတြကေတာ့ သူ႔ကို လက္ညႇိဳးထိုး အျပစ္ဖို႔သြားခဲ့သလို မိမိကို ဆြစ္ဇာလန္သားေတြက လက္ခုပ္တီးေပးေနခ်ိန္မွာ ကိုယ့္လူမ်ိဳးေတြက အဆိုးေဝဖန္ေနၾကတယ္လို႔ မိုဆာလားက ေပါက္ကြဲခဲ့ရပါေသးတယ္။

အသားတင္ႂကြယ္ဝမႈနဲ႔ လက္ရွိ လုပ္ခလစာ
၂၀၁၈ ခုႏွစ္၊ ဇူလိုင္က လီဗာပူးလ္အသင္းမွာ တႏွစ္ ေပါင္ ၁၀.၄ သန္း လုပ္ခလစာနဲ႔ ၅ ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ အီဂ်င္ဘုရင္ႀကီးက လက္ရွိမွာ ပိုင္ဆိုင္မႈအရ ေပါင္သန္း ၅၀ ေက်ာ္ ခ်မ္းသာမႈရွိတယ္လို႔ သိရၿပီး ကစားသမားပုံရိပ္အသုံးျပဳခနဲ႔ ေၾကာ္ျငာခေတြေၾကာင့္ တႏွစ္ကို ေပါင္ ၂၂ သန္းအထိ ဝင္ေငြရွိေနတယ္လို႔ ေဖာ္ျပခံထားရပါတယ္။

စံျပပုဂၢိဳလ္
ဆာလားရဲ႕ စံျပပုဂၢိဳလ္ကေတာ့ အေမရိကန္လက္ေဝွ႔သမားႀကီး မိုဟာမက္ အလီ(ေခၚ) ကာစီးယပ္စ္ ကေလးျဖစ္ၿပီး အလီနဲ႔ သူ႔ရဲ႕ဘဝက ႐ုန္းကန္ရပုံခ်င္းမွာ တူညီမႈေတြ ရွိေနတာေၾကာင့္လို႔ဆိုသလို အီဂ်စ္သားငယ္႐ြယ္စဥ္က ေဘာလုံးေလ့က်င့္ခန္းဆင္းႏိုင္ဖို႔ သူ႔ၿမိဳ႕ေလးကေန ကိုင္႐ိုၿမိဳ႕အထိ ဘတ္စ္ကား ၁၀ ဆင့္နဲ႔ ၉ နာရီၾကာသြားရတယ္လို႔ သိရၿပီး ၄ ႏွစ္ဆက္တိုက္၊ တစ္ပတ္ကို ၅ ရက္ႏႈန္းနဲ႔ ႀကံ့ႀကံ့ခံၿပီး ႀကိဳးစားလာခဲ့သူပါ။

အႏွစ္သက္ဆုံး ႐ုပ္ရွင္မင္းသား
႐ုပ္ရွင္ကို မက္မက္စက္စက္ၾကည့္တတ္တဲ့ ဆာလားက ေဟာလိဝုဒ္က နာမည္ႀကီးမင္းသား လီယိုနာဒို ဒီကာပရီယိုနဲ႔ အီဂ်စ္႐ုပ္ရွင္မင္းသားျဖစ္တဲ့ ခါလက္ အယ္လ္နာဘာဝီတို႔ကို အ႐ူးအမူးစြဲလန္းေၾကာင္း သိရၿပီး ေဘာလုံးေလာကကေန အနားယူခဲ့ရင္လည္း ႐ုပ္ရွင္မင္းသားလုပ္သြားဖို႔ ဆႏၵရွိေနပါတယ္။

ဓားျပသမားကို ဘဝ​သစ္ေျပာင္းလဲေပးခဲ့တဲ့ မိုဆာလား
၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလမွာ မိုဆာလားက ပြဲကစားေနတုန္း သူ႔မိသားစုကေတာ့ ဓားျပတိုက္ခံခဲ့ရပါတယ္။ ရက္ပိုင္းအတြင္း အီဂ်စ္ရဲတပ္ဖြဲ႕က တရားခံကို ဖမ္းမိခဲ့ၿပီး ဖခင္ျဖစ္သူက တရားစြဲလိုခဲ့ေပမယ့္ စိတ္ႏွလုံးသားလွတဲ့ မိုဆာလားကေတာ့ ဓားျပကို တရားမစြဲတဲ့အျပင္ ေငြေၾကးအခ်ိဳ႕ ေပးပို႔လိုက္ၿပီး ေကာင္းေရာင္းေကာင္းဝယ္ လုပ္စားဖို႔ပါ ေထာက္ပံ့ေပးခဲ့ဖူးေၾကာင္း သိရပါတယ္။

လွ်ပ္စီးလို လ်င္ျမန္သူ
ဖီအိုရင္တီးနားကစားသမားလည္း ျဖစ္ခဲ့ဖူးတဲ့ မိုဆာလားက ၂၀၁၃-၁၄ ရာသီက အခ်က္အလက္မွတ္တမ္းအရ သူဟာ ပ်မ္းမွ် တစ္နာရီကို ၂၀.၇ ကီလိုမီတာ ေျပးလႊားခဲ့တယ္လို႔ သိရၿပီး ပရီးမီးယားလိဂ္ရဲ႕ အျမန္ဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့သလို ရီးရဲလ္မက္ဒရစ္နဲ႔ ႐ိုးမားတို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း ျပင္သစ္သား ရာေဖးလ္ ဗာ႐ြန္းကို မ်က္ျဖဴဆိုက္သြားေစခဲ့တဲ့အထိ လွ်ပ္စီးလို လ်င္ျမန္ၿပီး ဘယ္လိုမွ ထိန္းမရေအာင္ျဖစ္ခဲ့ရပါေသးတယ္။

ပရီးမီးယားလိဂ္မွာ အသန႔္ရွင္းဆုံး
စိတ္ဓာတ္ပိုင္းနဲ႔ စည္းကမ္းပိုင္းအရ ျပည့္ဝတဲ့ မိုဆာလားဟာ ၂၀၂၀-၂၁ ရာသီမွာ တႀကိမ္တခါမွ အဝါကတ္ေရာ အနီကတ္ပါ မထိခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္ေတြအတြက္ေတာ့ သူ႔ရဲ႕အျမန္ႏႈန္းနဲ႔ အရွိန္က ျမင့္မားလြန္းတာေၾကာင့္ အီဂ်စ္သားကသာ မၾကာခဏ ျပစ္ဒဏ္ေတြ အက်ဳးလြန္ခံထားရလည္း ျဖစ္ပါတယ္။

အမ်ားအက်ိဳးေဆာင္တတ္သူ ပရဟိတသမား
ငယ္ဘဝက ၾကမ္းသလို ေအာင္ျမင္လာခ်ိန္မွာလည္း ေအာက္ေျခမလြတ္တတ္တဲ့ မိုဆာလားက ပရဟိတစိတ္အားထက္သန္သလို သူ႔ရဲ႕ ဇာတိ႐ြာေလး နာဂရစ္ကို ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေငြေၾကး အၿမဲလႉဒါန္း​ေပးေနသူပါ။ စာသင္ေက်ာင္းအသစ္ ေဆာက္ေပးထားသလို ေခတ္မီစက္ပစၥည္းေတြနဲ႔ ေဒသႏၲရေဆး႐ုံကိုလည္း ဖြင့္လွစ္ေပးထားတာပါ။

ဒါ့အျပင္ ကိုင္႐ိုၿမိဳ႕က ကေလးသူငယ္မ်ား ကင္ဆာေဆး႐ုံကို ႐ိုးတြင္းခ်ဥ္ဆီအစားထိုး စက္ပစၥည္းသစ္ တပ္ဆင္ႏိုင္ဖို႔ ေဒၚလာ ၆၈၁၅၀၀ လႉဒါန္းခဲ့သလို သူေနခဲ့ဖူးတဲ့ စာသင္ေက်ာင္းကိုလည္း ဂါဘီယာေဒသအစိုးရက “မိုဟာမက္ ဆာလားေက်ာင္း”အျဖစ္ သတ္မွတ္ေပးခဲ့ၿပီး သူ႔လို ကမာၻေက်ာ္ျဖစ္ခ်င္တဲ့ အီဂ်စ္ကေလးငယ္ေတြအတြက္ မီးရႉးတန္ေဆာင္ႀကီးဆိုရင္လည္း မမွားပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.