Premier League Transfer News

အာဆင်နယ်ရဲ့ ဂန္ထဝင်နံပါတ် ၈ ကို ဆက်ခံတော့မယ့် မာတင် အော်ဒီဂွါဒ်

အာဆင်နယ်အသင်းရဲ့ စတုတ္ထမြောက် နွေရာသီ ကစားသမားသစ်ခေါ်ယူမှုအဖြစ် ဒီနေ့မှာ ကြေငြာလိုက်တဲ့ ကွင်းလယ်ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်ကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီက ခြောက်လအငှားနဲ့ လာရောက်ခဲ့အပြီးမှာ အသင်းနဲ့ ရေစက်ကို ထပ်မံဆုံစည်းခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ (ယူရို ၃၅ သန်း)နဲ့ အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ငါးနှစ်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ နည်းပြဟောင်းကြီး အာဆင် ဝင်းဂါးရဲ့ လွန်ခဲ့တဲ့ ၇ နှစ်က မပြည့်နိုင်ခဲ့တဲ့ ဆုတောင်းလည်းဖြစ်ပြီး နော်ဝေကလပ် စထရွမ်ဂိုဆက်ကနေ ခေါ်ယူနိုင်ဖို့ အလိုရှိခဲ့ပေမယ့် ကစားသမားအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်သွားခဲ့တာလည်းဖြစ်သလို လက်ရှိမှာတော့ အမှန်တကယ် ပူးပေါင်းခေါ်ယူလိုက်နိုင်တာပါ။

ပြီးခဲ့တဲ့ ဆောင်းရာသီမှာတုန်းက ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ခဲ့တဲ့ အော်ဒီဂွါဒ်ဟာ ဒီတစ်ခါမှာတော့ အဲ့ဒီအချိန်တုန်းက သူ့လိုပဲ ရီးရဲလ် မက်ဒရစ်ကနေ အငှားနဲ့
လာရောက်ကစားခဲ့ပြီး ဘာနေဗျူးကို ပြန်သွားခဲ့တဲ့ ဒါနီ စီဘာယော့စ်ရဲ့ နံပါတ် ၈ ကို ပေးအပ်ခံခဲ့ရပြီး ရှေ့က ဝတ်ဆင်ခဲ့တဲ့ ဂန္ထဝင်တွေရဲ့ ခြေရာကို နင်းနိုင်မလား စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။

ဒီအင်္ကျီကို ဝတ်ဆင်ခဲ့ကြသူတွေထဲမှာ နာမည်အကျော်ဆုံး ကစားသမားကတော့ အသင်းဂန္ထဝင်တိုက်စစ်မှူးကြီး အီယန်ရိုက်ပဲဖြစ်ပြီး သူ့အနေနဲ့ အသင်းဟောင်း အာဆင်နယ်ကို အင်တိုက်အားတိုက် အားပေးလေ့ရှိသလို အော်ဒီဂွါဒ်ကိုလည်း နှစ်သက်သဘောကျသူဖြစ်လို့ ကျေနပ်နေနိုင်မယ်လို့လည်း ယူဆရပါတယ်။

တိုက်စစ်မှူးကြီး အီယန်ရိုက်ရဲ့ နောက်ပိုင်းမှာ ဒီနံပါတ်ကို ဆက်ခံခဲ့သူတွေအားလုံးကတော့ ကွင်းလယ်လူတွေပဲ ဖြစ်ခဲ့ပြီး သူ့နောက်မှာ ဖရက်ဒီ ယွန်းဘတ်၊ ဆာမီယာ နာဆရီ၊ လက်ရှိနည်းပြ မီခယ်လ် အာတီတာနဲ့ အာရွန် ရမ်းဆေးတို့ဖြစ်ခဲ့ပြီး အသင်းနဲ့ သမဏိ ‌ရှည်ကြာခဲ့သလို ခြေစွမ်းပြနိုင်ခဲ့တဲ့ ရှေ့က လူဟောင်းတွေရဲ့ အစဉ်အလာကို အော်ဒီဂွါဒ်တစ်ယောက် လိုက်မီနိုင်ဖို့ အာဆင်နယ်ပရိသတ်တွေ ရင်ခုန်နေကြမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ စတုတၳေျမာက္ ေႏြရာသီ ကစားသမားသစ္ေခၚယူမႈအျဖစ္ ဒီေန႔မွာ ေၾကျငာလိုက္တဲ့ ကြင္းလယ္ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္ကေတာ့ ၿပီးခဲ့တဲ့ ေဆာင္းရာသီက ေျခာက္လအငွားနဲ႔ လာေရာက္ခဲ့အၿပီးမွာ အသင္းနဲ႔ ေရစက္ကို ထပ္မံဆုံစည္းခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၃၀ (ယူ႐ို ၃၅ သန္း)နဲ႔ အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ငါးႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ နည္းျပေဟာင္းႀကီး အာဆင္ ဝင္းဂါးရဲ႕ လြန္ခဲ့တဲ့ ၇ ႏွစ္က မျပည့္ႏိုင္ခဲ့တဲ့ ဆုေတာင္းလည္းျဖစ္ၿပီး ေနာ္ေဝကလပ္ စထ႐ြမ္ဂိုဆက္ကေန ေခၚယူႏိုင္ဖို႔ အလိုရွိခဲ့ေပမယ့္ ကစားသမားအေနနဲ႔ ရီးရဲလ္မက္ဒရစ္ကို ေ႐ြးခ်ယ္သြားခဲ့တာလည္းျဖစ္သလို လက္ရွိမွာေတာ့ အမွန္တကယ္ ပူးေပါင္းေခၚယူလိုက္ႏိုင္တာပါ။

ၿပီးခဲ့တဲ့ ေဆာင္းရာသီမွာတုန္းက ေက်ာနံပါတ္ ၁၁ ကို ဝတ္ဆင္ခဲ့တဲ့ ေအာ္ဒီဂြါဒ္ဟာ ဒီတစ္ခါမွာေတာ့ အဲ့ဒီအခ်ိန္တုန္းက သူ႔လိုပဲ ရီးရဲလ္ မက္ဒရစ္ကေန အငွားနဲ႔
လာေရာက္ကစားခဲ့ၿပီး ဘာေနဗ်ဴးကို ျပန္သြားခဲ့တဲ့ ဒါနီ စီဘာေယာ့စ္ရဲ႕ နံပါတ္ ၈ ကို ေပးအပ္ခံခဲ့ရၿပီး ေရွ႕က ဝတ္ဆင္ခဲ့တဲ့ ဂႏၴဝင္ေတြရဲ႕ ေျခရာကို နင္းႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာလည္းျဖစ္ပါတယ္။

ဒီအက်ႌကို ဝတ္ဆင္ခဲ့ၾကသူေတြထဲမွာ နာမည္အေက်ာ္ဆုံး ကစားသမားကေတာ့ အသင္းဂႏၴဝင္တိုက္စစ္မႉးႀကီး အီယန္႐ိုက္ပဲျဖစ္ၿပီး သူ႔အေနနဲ႔ အသင္းေဟာင္း အာဆင္နယ္ကို အင္တိုက္အားတိုက္ အားေပးေလ့ရွိသလို ေအာ္ဒီဂြါဒ္ကိုလည္း ႏွစ္သက္သေဘာက်သူျဖစ္လို႔ ေက်နပ္ေနႏိုင္မယ္လို႔လည္း ယူဆရပါတယ္။

တိုက္စစ္မႉးႀကီး အီယန္႐ိုက္ရဲ႕ ေနာက္ပိုင္းမွာ ဒီနံပါတ္ကို ဆက္ခံခဲ့သူေတြအားလုံးကေတာ့ ကြင္းလယ္လူေတြပဲ ျဖစ္ခဲ့ၿပီး သူ႔ေနာက္မွာ ဖရက္ဒီ ယြန္းဘတ္၊ ဆာမီယာ နာဆရီ၊ လက္ရွိနည္းျပ မီခယ္လ္ အာတီတာနဲ႔ အာ႐ြန္ ရမ္းေဆးတို႔ျဖစ္ခဲ့ၿပီး အသင္းနဲ႔ သမဏိ ‌ရွည္ၾကာခဲ့သလို ေျခစြမ္းျပႏိုင္ခဲ့တဲ့ ေရွ႕က လူေဟာင္းေတြရဲ႕ အစဥ္အလာကို ေအာ္ဒီဂြါဒ္တစ္ေယာက္ လိုက္မီႏိုင္ဖို႔ အာဆင္နယ္ပရိသတ္ေတြ ရင္ခုန္ေနၾကမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.