Premier League Transfer News

20 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ရောင်းချဖို့ နည်းစနစ်ဒါရိုက်တာ အီဒူးက ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့သလို ဂန်းနားအသင်းခေါင်းဆောင်အနေနဲ့လည်း အမ်းမရိတ်က ထွက်ခွာလိုခြင်းမရှိဘဲ စာချုပ်ကုန်ဆုံးတဲ့အထိ ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းဂန္ထဝင်တစ်ဦးဖြစ်လာလိုနေ။

– ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ့် ယာယာ တိုရေးလက်သစ်လို့ နှိုင်းယှဉ်ခံထားရတဲ့ စပိန်လူငယ်ကွင်းလယ်လူ အီလေ့စ် မိုရီဘာအတွက် အာဆင်နယ်တို့အနေနဲ့ ပရီးမီးယားလိဂ်အသင်းတွေနဲ့ ပြိုင်ဆိုင်သွားမှာဖြစ်ပြီး ၁၈ နှစ်သားအတွက် ပေါင် ၁၂. ၈ သန်း ကျသင့်မှာဖြစ်ကြောင်းသိရ။

– အာဆင်နယ်အသင်းအနေနဲ့ ဗြိတိန်ရဲ့ ဥရောပကနေ ထွက်ခွာခဲ့တဲ့ ဆုံးဖြတ်ချက် Brexit ရဲ့ ဒဏ်ကို ခံစားနေရပြီး ချဲလ်ဆီးနဲ့ပွဲမှာ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ဆောင်လာနိုင်ပေမယ့် ကြံ့ခိုင်မှုရော စာချုပ်အားလုံးပါ အဆင်သင့်ဖြစ်နေခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ် အတွက် အလုပ်လုပ်ခွင့်ဗီဇာ မရသေးတာကြောင့် ဒီတစ်ပတ်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေ။

– အသင်းရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တော့တဲ့ ဝါရင့်ကွင်းလယ်လူ ဝီလီယန်ကို ဈေးကွက်မပိတ်ခင် ရှင်းထုတ်နိုင်ဖို့ သတင်းကောင်းတွေ ရှိလာခဲ့ပြီး ချဲလ်ဆီးအသင်းကနေ ခေါ်ယူမှု အမှားတစ်ခုဖြစ်ခဲ့တဲ့ ၃၃ နှစ်အရွယ် ဘရာဇီးလ်သားအတွက် ဥရောပနဲ့ အမေရိကန်ဘက်က စိတ်ဝင်စားမှုတချို့ ရရှိထားကြောင်း ဖာဘရီဇီယို ရိုမာနို ဖော်ပြ။

– လန်ဒန်ကို ပြန်လည်ရောက်ရှိပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအတွက် နည်းပြ မီခယ်လ် အာတီတာက သူ့ရဲ့ ကစားကွက်ထဲမှာ အသုံးပြုဖို့ မရှိကြောင်း ပွင့်ပွင့်လင်းလင်း အသိပေးခဲ့အပြီးမှာ အီတလီမြေကို ပြန်ဖို့ရှိနေပြီး ရိုးမား၊ လာဇီယိုနဲ့ ဖီအိုရင်တီးနားအသင်းတွေက အလိုရှိနေ။

– အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို အစွံထုတ်သွားဖို့ ကြံစည်နေဆဲဖြစ်ပြီး အသင်းနဲ့ သူနဲ့ကြား ဘာတွေ လိုအပ်နေမှန်းမသိဘဲ ဆားမပါသလို ပေါ့ရွှတ်ရွှတ်ဖြစ်နေခဲ့တဲ့ ကစားပုံနဲ့ စပိန်သားကို အက်သလက်တီကို မက်ဒရစ်ရဲ့ ကီရန် ထရစ်ပီယာနဲ့ လဲလှယ်သွားဖို့ ကြိုးစားနေ။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ မီခေးလ် ဆီလ်ဗက်စတာက ဂန်းနားတွေအနေနဲ့ ဒီရာသီမှာ ပြင်ဆင်မှုတွေအရ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၆ အတွင်းမှာ ရပ်တည်နိုင်သင့်ပြီး လာမယ့်ပွဲတွေမှာ ပိုမိုတိုးတက်လာနိုင်ပေမယ့် နည်းပြ အာတီတာအတွက်တော့ ခက်ခဲတဲ့ ရာသီတစ်ရာသီဖြစ်လာမယ်လို့ သုံးသပ်။

– ချဲလ်ဆီးနဲ့ တနင်္ဂနွေနေ့မှာ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းအနေနဲ့ ကိုဗစ်ရဲ့ ထိုးနှက်ချက်ကို ခံစားနေရပြီး ကစားသမား ၄ ဦးလောက် ကူးစက်ခံထားရသလို တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းတို့နှစ်ဦးစလုံး ဆက်လက် လွဲချော်နိုင်ဖွယ်ရှိနေသေးပြီး ဂါဘွန်သားအနေနဲ့ နက်ဂတစ်ပြပြီး သက်သာလာခဲ့ပေမယ့် အဆင်သင့်ဖြစ်ဖို့ ခက်နေသေးကြောင်း သတင်းထွက်လာ။

– အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အသင်းကြီးနဲ့ လောက်လောက်လားလားဖြစ်မလာတဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် လူငယ်တွေကို ရှင်းထုတ်တော့မှာဖြစ်ပြီး အက်ဒီ နကီးတီးယား၊ အိန်းစလီ မိတ်လန်းနိုင်းလ်စ်၊ ရီးစ် နယ်လ်ဆန်တို့အပြင် ဝါရင့် အရောင်းထိုင်းတွေဖြစ်တဲ့ ကိုလာစီနက်ချ်နဲ့ ဝီလီယန်တို့ကိုလည်း အတတ်နိုင်ဆုံး ရောင်းချသွားဖို့ ကြိုးစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ေရာင္းခ်ဖို႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးက ႀကိဳးစားခဲ့ေပမယ့္ ေအာင္ျမင္မႈ မရရွိခဲ့သလို ဂန္းနားအသင္းေခါင္းေဆာင္အေနနဲ႔လည္း အမ္းမရိတ္က ထြက္ခြာလိုျခင္းမရွိဘဲ စာခ်ဳပ္ကုန္ဆုံးတဲ့အထိ ရွိေနဖို႔ ဆုံးျဖတ္ခဲ့ၿပီး အသင္းဂႏၴဝင္တစ္ဦးျဖစ္လာလိုေန။

– ဘာစီလိုနာအသင္းကေန ထြက္ခြာေတာ့မယ့္ ယာယာ တိုေရးလက္သစ္လို႔ ႏႈိင္းယွဥ္ခံထားရတဲ့ စပိန္လူငယ္ကြင္းလယ္လူ အီေလ့စ္ မိုရီဘာအတြက္ အာဆင္နယ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္အသင္းေတြနဲ႔ ၿပိဳင္ဆိုင္သြားမွာျဖစ္ၿပီး ၁၈ ႏွစ္သားအတြက္ ေပါင္ ၁၂. ၈ သန္း က်သင့္မွာျဖစ္ေၾကာင္းသိရ။

– အာဆင္နယ္အသင္းအေနနဲ႔ ၿဗိတိန္ရဲ႕ ဥေရာပကေန ထြက္ခြာခဲ့တဲ့ ဆုံးျဖတ္ခ်က္ Brexit ရဲ႕ ဒဏ္ကို ခံစားေနရၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေခၚေဆာင္လာႏိုင္ေပမယ့္ ႀကံ့ခိုင္မႈေရာ စာခ်ဳပ္အားလုံးပါ အဆင္သင့္ျဖစ္ေနခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ အတြက္ အလုပ္လုပ္ခြင့္ဗီဇာ မရေသးတာေၾကာင့္ ဒီတစ္ပတ္ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ရွိေန။

– အသင္းရဲ႕ အစီအစဥ္ေတြထဲမွာ မပါဝင္ေတာ့တဲ့ ဝါရင့္ကြင္းလယ္လူ ဝီလီယန္ကို ေဈးကြက္မပိတ္ခင္ ရွင္းထုတ္ႏိုင္ဖို႔ သတင္းေကာင္းေတြ ရွိလာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကေန ေခၚယူမႈ အမွားတစ္ခုျဖစ္ခဲ့တဲ့ ၃၃ ႏွစ္အ႐ြယ္ ဘရာဇီးလ္သားအတြက္ ဥေရာပနဲ႔ အေမရိကန္ဘက္က စိတ္ဝင္စားမႈတခ်ိဳ႕ ရရွိထားေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ေဖာ္ျပ။

– လန္ဒန္ကို ျပန္လည္ေရာက္ရွိၿပီး ေလ့က်င့္မႈေတြ ျပဳလုပ္ေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအတြက္ နည္းျပ မီခယ္လ္ အာတီတာက သူ႔ရဲ႕ ကစားကြက္ထဲမွာ အသုံးျပဳဖို႔ မရွိေၾကာင္း ပြင့္ပြင့္လင္းလင္း အသိေပးခဲ့အၿပီးမွာ အီတလီေျမကို ျပန္ဖို႔ရွိေနၿပီး ႐ိုးမား၊ လာဇီယိုနဲ႔ ဖီအိုရင္တီးနားအသင္းေတြက အလိုရွိေန။

– အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို အစြံထုတ္သြားဖို႔ ႀကံစည္ေနဆဲျဖစ္ၿပီး အသင္းနဲ႔ သူနဲ႔ၾကား ဘာေတြ လိုအပ္ေနမွန္းမသိဘဲ ဆားမပါသလို ေပါ့႐ႊတ္႐ႊတ္ျဖစ္ေနခဲ့တဲ့ ကစားပုံနဲ႔ စပိန္သားကို အက္သလက္တီကို မက္ဒရစ္ရဲ႕ ကီရန္ ထရစ္ပီယာနဲ႔ လဲလွယ္သြားဖို႔ ႀကိဳးစားေန။

– အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူေဟာင္းတစ္ဦးျဖစ္တဲ့ မီေခးလ္ ဆီလ္ဗက္စတာက ဂန္းနားေတြအေနနဲ႔ ဒီရာသီမွာ ျပင္ဆင္မႈေတြအရ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၆ အတြင္းမွာ ရပ္တည္ႏိုင္သင့္ၿပီး လာမယ့္ပြဲေတြမွာ ပိုမိုတိုးတက္လာႏိုင္ေပမယ့္ နည္းျပ အာတီတာအတြက္ေတာ့ ခက္ခဲတဲ့ ရာသီတစ္ရာသီျဖစ္လာမယ္လို႔ သုံးသပ္။

– ခ်ဲလ္ဆီးနဲ႔ တနဂၤေႏြေန႔မွာ ရင္ဆိုင္ရမယ့္ အာဆင္နယ္အသင္းအေနနဲ႔ ကိုဗစ္ရဲ႕ ထိုးႏွက္ခ်က္ကို ခံစားေနရၿပီး ကစားသမား ၄ ဦးေလာက္ ကူးစက္ခံထားရသလို တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ အလက္ဇန္းဒါး လာကာဇက္နဲ႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတို႔ႏွစ္ဦးစလုံး ဆက္လက္ လြဲေခ်ာ္ႏိုင္ဖြယ္ရွိေနေသးၿပီး ဂါဘြန္သားအေနနဲ႔ နက္ဂတစ္ျပၿပီး သက္သာလာခဲ့ေပမယ့္ အဆင္သင့္ျဖစ္ဖို႔ ခက္ေနေသးေၾကာင္း သတင္းထြက္လာ။

– အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အသင္းႀကီးနဲ႔ ေလာက္ေလာက္လားလားျဖစ္မလာတဲ့ ေဟးလ္အန႔္ဒ္အကယ္ဒမီထြက္ လူငယ္ေတြကို ရွင္းထုတ္ေတာ့မွာျဖစ္ၿပီး အက္ဒီ နကီးတီးယား၊ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္၊ ရီးစ္ နယ္လ္ဆန္တို႔အျပင္ ဝါရင့္ အေရာင္းထိုင္းေတြျဖစ္တဲ့ ကိုလာစီနက္ခ်္နဲ႔ ဝီလီယန္တို႔ကိုလည္း အတတ္ႏိုင္ဆုံး ေရာင္းခ်သြားဖို႔ ႀကိဳးစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.