Bundesliga La Liga Transfer News

ဟာလန်းနဲ့အမ်ဘာပေတို့ကို ဝယ်ယူဖို့ လက်ဖျားမှာ ငွေသီးနေတဲ့ ရီးရဲလ်မက်ဒရစ်တို့ ဘယ်လိုခြေလှမ်းကို တင်ဆက်သွားတော့မှာလဲ?

၂၀၂၀ ခုနှစ်ကတည်းက သေချာအကွက်ကျကျစီစဉ်ပြီး ကစားသမားအများအပြား ထုတ်ရောင်းလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြိုင်ဘက်ဘာစီလိုနာအသင်း ဘဏ္ဍာရေးအရ ပြိုလဲနေချိန်မှာ ဥက္ကဋ္ဌကြီး ဖလော်ရင်တီနို ပီရက်ဇ်ကတော့ ပျော်ပျော်ကြီးအောင်ပွဲခံနေတယ်လို့ သိရပြီး အာလင်း ဟာလန်းနဲ့ခိုင်လျန် အမ်ဘာပေတို့ထဲက တစ်ဦး သို့ နှစ်ဦးစလုံးကို ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်ခေါ်ယူပြီး အင်အားတောင့်တင်းတဲ့ ရီးရဲလ်မက်ဒရစ်ခေတ်တခေတ်ထပ်မံထူထောင်ဖို့ ငွေအင်အားတောင့်တင်းနေပြီလို့ ဆိုပါတယ်။

၀၀၉ ခုနှစ်ထဲက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာကိုတော့ အသင်းမှာ ရေရှည်ရှိစေမယ့် ၂၀၂၃ ဇွန်ထိ သက်တမ်းတိုးစာချုပ် ထပ်မံချုပ်တဲ့ သဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်သလို မကြာခင်မှာ တရားဝင်ကြေငြာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Daily Mail ရဲ့ဖော်ပြချက်အရ ရီးရဲလ်ဟာ ဒီနွေမှာ ပရီးမီးယားလိဂ်ဆီကို ထုတ်ရောင်းခဲ့တဲ့ ရာဖေးလ် ဗာရွန်းနဲ့ မာတင် အိုဒီဂါ့ဒ်တို့ဆီက ပြန်ဝင်လာခဲ့တဲ့ ပေါင်သန်း ၇၀ အပါအဝင် ဘဏ်ထဲမှာ ပေါင်သန်း ၂၆၀ နီးပါးလောက် စုဆောင်းထားနိုင်ပြီဖြစ်သလို ဒါဟာ သူတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ ဘောလုံးလောကရဲ့ စူပါစတား လူငယ်တိုက်စစ်မှူးတဦးကို ဝယ်ဖြည့်ဖို့ လုံလောက်နေပြီလို့ သိရပါတယိ။

မာကာသတင်းရဲ့အဆိုအရ ရီးရဲလ်တို့ဟာ လတ်တလောမှာ PSG မှာ မပျော်ရွှင်တော့ဘဲ အနာဂတ်လှုပ်ခတ်နေတဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို လာလီဂါဆီ အရခေါ်ထုတ်ဖို့ စိုင်းပြင်းနေတယ်လို့ သိရပြီး ၂၀၂၂ ဇူလိုင်လမှာ release clause အရ ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ခေါ်ယူနိုင်တော့မယ့် ဒေါ့မန်တိုက်စစ်မှူး ဟာလန်းရဲ့ အပြောင်းအရွှေ့ကိုလည်း လေ့လာအကဲခတ်နေတယ်လို့ ဆိုပါတယ်။

အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ကိုပါ စာချုပ်သစ်မကမ်းလှမ်းတော့ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့လို့ လစာပေးချေမှုအပိုင်းကိုလည်း ရီးရဲလ်မက်ဒရစ်ဘက်က လျှော့ချနိုင်ခဲ့သလို မက်တီယို ကိုဗာချစ်၊ မားကို့စ် လော်ရန်တေးတို့ကို ရောင်းချငွေတွေကလည်း အသားတင် ဆက်ရှိနေတယ်လို့ သတင်းကဆိုပါတယ်။

၂၀၁၉ ခုနှစ်က အီဒင် ဟာဇက်ကို ချယ်လ်ဆီးအသင်းဆီက ဝယ်ယူရာမှာ ပေါင်သန်း ၁၅၀ ခန့်ကုန်ကျပြီးနောက်ပိုင်း ဘာနေဗျူးရပ်ဝန်းမှာ ငွေပုံပေးဝယ်ယူမှုဆိုတာ မရှိတော့သလို ကြေးကြီးပေးဝယ်ရသလို လစာလည်း တပတ် ပေါင် ၄သိန်းကျော် ၅ နှစ်စာချုပ်နဲ့ ပေးရပြီးမှ ဒဏ်ရာကြောင့် ၂ နှစ်လုံးလုံး နားနေခဲ့ရတဲ့ ဘယ်လ်ဂျီယမ်သားပေးခဲ့တဲ့ သင်ခန်းစာကြောင့်လည်း လက်မဖွာတော့တဲ့အကျိုးကျေးဇူးကြောင့် အခုအချိန်မှာ ဥရောပပြိုင်ဘက်အားလုံးကို ကျောပြီး ဟာလန်း၊ အမ်ဘာပေတို့ထဲက တစ်ဦး သို့ နှစ်ဦးစလုံးကို လက်မထောင်ပြီး ဝယ်ယူနိုင်စွမ်းရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

အရင်ဆုံး လက်ရှိနွေဈေးကွက်မပိတ်ခင် ၂ ပတ်အတွင်းမှာတော့ အမ်ဘာပေအတွက် PSG အသင်းနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်သွားဖွယ်ရှိနေပြီး မက်ဆီရောက်ရှိလာချိန်မှာ FFP ညိစွန်းမှာစိုးရိမ်လို့ လစာလျှော့ချင်နေတဲ့ ရေနံအသင်းကလည်း ကမ်းလှမ်းမှုတရပ်ကို ကြိုဆိုသွားဖွယ်ရှိနေတယ်လို့လည်း သိရှိထားရပါတယ်။

Sportsmail ရဲ့ ဖော်ပြချက်မှာ ဆန်တီယာဂို ဘာနေဗျူးကို ငယ်စဉ်ကတည်းက တသွေမတိမ်း အိပ်မက်ကြီးမက်နေတဲ့ အမ်ဘာပေရဲ့ အပြောင်းအရွှေ့အထမြောက်လာအောင် နှစ်သင်းစလုံးက ရက်ပိုင်းအတွင်း လုံးပန်းသွားဖို့ရှိနေပြီး PSG အသင်းကတော့ သူ့နေရာမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြန်လည်ဖြည့်တင်းသွားဖို့လည်း တပြိုင်နက်တည်း ပြင်ဆင်နေတာကြောင့် အခုဈေးကွက်ရဲ့ စိတ်အလှုပ်ရဆုံး အချိုးအကွေ့တခုက သြဂုတ် ၃၁ ရက်နေ့၊ Deadline မတိုင်ခင် ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
၂၀၂၀ ခုႏွစ္ကတည္းက ေသခ်ာအကြက္က်က်စီစဥ္ၿပီး ကစားသမားအမ်ားအျပား ထုတ္ေရာင္းလာခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပိဳင္ဘက္ဘာစီလိုနာအသင္း ဘ႑ာေရးအရ ၿပိဳလဲေနခ်ိန္မွာ ဥကၠ႒ႀကီး ဖေလာ္ရင္တီႏို ပီရက္ဇ္ကေတာ့ ေပ်ာ္ေပ်ာ္ႀကီးေအာင္ပြဲခံေနတယ္လို႔ သိရၿပီး အာလင္း ဟာလန္းနဲ႔ခိုင္လ်န္ အမ္ဘာေပတို႔ထဲက တစ္ဦး သို႔ ႏွစ္ဦးစလုံးကို ေရွ႕ဆင့္ေနာက္ဆင့္ ဆက္တိုက္ေခၚယူၿပီး အင္အားေတာင့္တင္းတဲ့ ရီးရဲလ္မက္ဒရစ္ေခတ္တေခတ္ထပ္မံထူေထာင္ဖို႔ ေငြအင္အားေတာင့္တင္းေနၿပီလို႔ ဆိုပါတယ္။

၂၀၀၉ ခုႏွစ္ထဲက ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉး ဘန္ဇီမာကိုေတာ့ အသင္းမွာ ေရရွည္ရိွေစမယ့္ ၂၀၂၃ ဇြန္ထိ သက္တမ္းတိုးစာခ်ဳပ္ ထပ္မံခ်ဳပ္တဲ့ သေဘာတူညီမႈ စာခ်ဳပ္လက္မွတ္ေရးထိုးၿပီးျဖစ္သလို မၾကာခင္မွာ တရားဝင္ေၾကျငာေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Daily Mail ရဲ႕ေဖာ္ျပခ်က္အရ ရီးရဲလ္ဟာ ဒီေႏြမွာ ပရီးမီးယားလိဂ္ဆီကို ထုတ္ေရာင္းခဲ့တဲ့ ရာေဖးလ္ ဗာ႐ြန္းနဲ႔ မာတင္ အိုဒီဂါ့ဒ္တို႔ဆီက ျပန္ဝင္လာခဲ့တဲ့ ေပါင္သန္း ၇၀ အပါအဝင္ ဘဏ္ထဲမွာ ေပါင္သန္း ၂၆၀ နီးပါးေလာက္ စုေဆာင္းထားႏိုင္ၿပီျဖစ္သလို ဒါဟာ သူတို႔ရဲ႕ပန္းတိုင္ျဖစ္တဲ့ ေဘာလုံးေလာကရဲ႕ စူပါစတား လူငယ္တိုက္စစ္မႉးတဦးကို ဝယ္ျဖည့္ဖို႔ လုံေလာက္ေနၿပီလို႔ သိရပါတယိ။

မာကာသတင္းရဲ႕အဆိုအရ ရီးရဲလ္တို႔ဟာ လတ္တေလာမွာ PSG မွာ မေပ်ာ္႐ႊင္ေတာ့ဘဲ အနာဂတ္လႈပ္ခတ္ေနတဲ့ ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပကို လာလီဂါဆီ အရေခၚထုတ္ဖို႔ စိုင္းျပင္းေနတယ္လို႔ သိရၿပီး ၂၀၂၂ ဇူလိုင္လမွာ release clause အရ ေပါင္သန္း ၇၀ ဝန္းက်င္နဲ႔ေခၚယူႏိုင္ေတာ့မယ့္ ေဒါ့မန္တိုက္စစ္မႉး ဟာလန္းရဲ႕ အေျပာင္းအေ႐ႊ႕ကိုလည္း ေလ့လာအကဲခတ္ေနတယ္လို႔ ဆိုပါတယ္။

အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ကိုပါ စာခ်ဳပ္သစ္မကမ္းလွမ္းေတာ့ဘဲ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္လႊတ္ခဲ့လို႔ လစာေပးေခ်မႈအပိုင္းကိုလည္း ရီးရဲလ္မက္ဒရစ္ဘက္က ေလွ်ာ့ခ်ႏိုင္ခဲ့သလို မက္တီယို ကိုဗာခ်စ္၊ မားကို႔စ္ ေလာ္ရန္ေတးတို႔ကို ေရာင္းခ်ေငြေတြကလည္း အသားတင္ ဆက္ရွိေနတယ္လို႔ သတင္းကဆိုပါတယ္။

၂၀၁၉ ခုႏွစ္က အီဒင္ ဟာဇက္ကို ခ်ယ္လ္ဆီးအသင္းဆီက ဝယ္ယူရာမွာ ေပါင္သန္း ၁၅၀ ခန႔္ကုန္က်ၿပီးေနာက္ပိုင္း ဘာေနဗ်ဴးရပ္ဝန္းမွာ ေငြပုံေပးဝယ္ယူမႈဆိုတာ မရွိေတာ့သလို ေၾကးႀကီးေပးဝယ္ရသလို လစာလည္း တပတ္ ေပါင္ ၄သိန္းေက်ာ္ ၅ ႏွစ္စာခ်ဳပ္နဲ႔ ေပးရၿပီးမွ ဒဏ္ရာေၾကာင့္ ၂ ႏွစ္လုံးလုံး နားေနခဲ့ရတဲ့ ဘယ္လ္ဂ်ီယမ္သားေပးခဲ့တဲ့ သင္ခန္းစာေၾကာင့္လည္း လက္မဖြာေတာ့တဲ့အက်ိဳးေက်းဇူးေၾကာင့္ အခုအခ်ိန္မွာ ဥေရာပၿပိဳင္ဘက္အားလုံးကို ေက်ာၿပီး ဟာလန္း၊ အမ္ဘာေပတို႔ထဲက တစ္ဦး သို႔ ႏွစ္ဦးစလုံးကို လက္မေထာင္ၿပီး ဝယ္ယူႏိုင္စြမ္းရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

အရင္ဆုံး လက္ရွိေႏြေဈးကြက္မပိတ္ခင္ ၂ ပတ္အတြင္းမွာေတာ့ အမ္ဘာေပအတြက္ PSG အသင္းနဲ႔ စကားေျပာဆိုမႈေတြ ျပဳလုပ္သြားဖြယ္ရွိေနၿပီး မက္ဆီေရာက္ရွိလာခ်ိန္မွာ FFP ညိစြန္းမွာစိုးရိမ္လို႔ လစာေလွ်ာ့ခ်င္ေနတဲ့ ေရနံအသင္းကလည္း ကမ္းလွမ္းမႈတရပ္ကို ႀကိဳဆိုသြားဖြယ္ရွိေနတယ္လို႔လည္း သိရွိထားရပါတယ္။

Sportsmail ရဲ႕ ေဖာ္ျပခ်က္မွာ ဆန္တီယာဂို ဘာေနဗ်ဴးကို ငယ္စဥ္ကတည္းက တေသြမတိမ္း အိပ္မက္ႀကီးမက္ေနတဲ့ အမ္ဘာေပရဲ႕ အေျပာင္းအေ႐ႊ႕အထေျမာက္လာေအာင္ ႏွစ္သင္းစလုံးက ရက္ပိုင္းအတြင္း လုံးပန္းသြားဖို႔ရွိေနၿပီး PSG အသင္းကေတာ့ သူ႔ေနရာမွာ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ျပန္လည္ျဖည့္တင္းသြားဖို႔လည္း တၿပိဳင္နက္တည္း ျပင္ဆင္ေနတာေၾကာင့္ အခုေဈးကြက္ရဲ႕ စိတ္အလႈပ္ရဆုံး အခ်ိဳးအေကြ႕တခုက ၾသဂုတ္ ၃၁ ရက္ေန႔၊ Deadline မတိုင္ခင္ ျဖစ္ေပၚလာဖြယ္ရွိေနေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.