Premier League

ရစ္ခ်ာလစ္ဆန္ဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေရွ႕တန္းတစ္ဦးလို႔ အလာဒိုက္စ္ခ်ီးက်ဴး

အဂၤလန္အသင္းနဲ႔ ပရီးမီးယားလိဂ္နည္းျပေဟာင္းတစ္ဦးျဖစ္တဲ့ ဆမ္အလာဒိုက္စ္က ရစ္ခ်ာလစ္ဆန္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ေရွ႕တန္းလူတစ္ဦးျဖစ္လာခဲ့ၿပီလို႔ အဲဗာတန္အသင္းအတြက္ တစ္ကိုယ္ေတာ္သြင္းဂိုးရရွိခဲ့အၿပီးမွာ ေျပာၾကားလုိက္ပါတယ္။

ခရစၥတယ္လ္ပဲေလ့စ္ကို အိမ္ကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အၿပီးမွာ အဲဗာတန္ေတာင္ပံကစားသမားရဲ႕ တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဘယ္ျခမ္းကေန ပဲေလ့စ္ေနာက္ခံလူေတြနဲ႔ ဂိုးသမားကို ေသြးေအးေအးနဲ႔ ေက်ာ္ျဖတ္အဆုံးသတ္ခဲ့တဲ့ ကိစၥဟာ ျခားနားတဲ့ စြမ္းရည္လို႔လည္း အလာဒိုက္စ္က ဆုိပါတယ္။

ဝတ္ဖို႔ဒ္အသင္းမွာ ေျခစြမ္းျပႏုိင္ခဲ့အၿပီးမွာ အဲ့ဒီတုန္းက အဲဗာတန္အသင္းရဲ႕နည္းျပ မာကို ေဆးလ္ဗားက ေပါင္သန္း ၅၀ အထိ က်သင့္ႏုိင္တဲ့ သေဘာတူညီမွဳနဲ႔ ေခၚယူခဲ့ၿပီး ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းေပးခဲ့ရတဲ့ ဒီဘရာဇီးလ္ေတာင္ပံကစားသမားကို လက္ရွိမွာ ဘာစီလိုနာအသင္း ကလည္း စိတ္ဝင္စားေနၿပီး ေဆာင္းရာသီက ကမ္းလွမ္းဖူးခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီအတြက္ေတာ့ ေက်နပ္စရာလည္းျဖစ္ခဲ့ၿပီး ရစ္ခ်ာလစ္ဆန္အျပင္ တိုက္စစ္မွဴး ကယ္လ္ဗတ္လူဝင္ကလည္း တစ္ဂိုးသြင္းၿပီး တစ္ဂိုးဖန္တီးေပးႏုိင္ခဲ့သလို အသင္းရဲ႕ ရပ္တည္မွဳကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ၅ မွတ္အကြာအထိ တက္လွမ္းလာႏုိင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အင်္ဂလန်အသင်းနဲ့ ပရီးမီးယားလိဂ်နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဆမ်အလာဒိုက်စ်က ရစ်ချာလစ်ဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ရှေ့တန်းလူတစ်ဦးဖြစ်လာခဲ့ပြီလို့ အဲဗာတန်အသင်းအတွက် တစ်ကိုယ်တော်သွင်းဂိုးရရှိခဲ့အပြီးမှာ ပြောကြားလိုက်ပါတယ်။

ခရစ္စတယ်လ်ပဲလေ့စ်ကို အိမ်ကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ အဲဗာတန်တောင်ပံကစားသမားရဲ့ တစ်ကိုယ်တော်အစွမ်းနဲ့ ဘယ်ခြမ်းကနေ ပဲလေ့စ်နောက်ခံလူတွေနဲ့ ဂိုးသမားကို သွေးအေးအေးနဲ့ ကျော်ဖြတ်အဆုံးသတ်ခဲ့တဲ့ ကိစ္စဟာ ခြားနားတဲ့ စွမ်းရည်လို့လည်း အလာဒိုက်စ်က ဆိုပါတယ်။

ဝတ်ဖို့ဒ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့အပြီးမှာ အဲ့ဒီတုန်းက အဲဗာတန်အသင်းရဲ့နည်းပြ မာကို ဆေးလ်ဗားက ပေါင်သန်း ၅၀ အထိ ကျသင့်နိုင်တဲ့ သဘောတူညီမှုနဲ့ ခေါ်ယူခဲ့ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေးခဲ့ရတဲ့ ဒီဘရာဇီးလ်တောင်ပံကစားသမားကို လက်ရှိမှာ ဘာစီလိုနာအသင်း ကလည်း စိတ်ဝင်စားနေပြီး ဆောင်းရာသီက ကမ်းလှမ်းဖူးခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီအတွက်တော့ ကျေနပ်စရာလည်းဖြစ်ခဲ့ပြီး ရစ်ချာလစ်ဆန်အပြင် တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်ကလည်း တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သလို အသင်းရဲ့ ရပ်တည်မှုကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၅ မှတ်အကွာအထိ တက်လှမ်းလာနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.