Article La Liga Ligue1 Premier League Serie A

ဘောလုံးလောကရဲ့ နာမည်အကြီးဆုံး ဆိုးပေကြီး ၈ ဦး

လူးဝစ် ဆွာရက်ဇ်
ဆွာရက်ဇ်နဲ့ ပတ်သက်ရင်တော့ ဘာစီလိုနာကို ရောက်ပြီးနောက်ပိုင်းမှသာ တည်ငြိမ်ရင့်ကျက်သွားခဲ့တယ်လို့ ဆိုနိုင်သလို သူမနိုင်တဲ့ ပြိုင်ဘက်ကို သွားနဲ့ကိုက်ရာမှာ အထူးနာမည်ဆိုးထွက်သူပါ။ အိုင်းယက်စ်မှာ ကစား​တုန်းက PSV ကစားသမားကို ကိုက်ဆွဲခဲ့ဖူးသလို ၂၀၁၃ မှာ ချယ်လ်ဆီးနောက်ခံလူ အီဗန်နိုဗစ်ချ်ကိုလည်း ကိုက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၄ ကမ္ဘာ့ဖလားမှာ ခေးလီနီကို ကိုက်ခဲ့လို့ ဥရုဂွေးသားကို ရွံစရာသတ္တဝါအဖြစ် ခေါင်းစဥ်တပ်ခဲ့ကြသလို ကာလကြာရှည် ပွဲပယ်ခံရမှုတွေကြောင့်လည်း နည်းပြတွေကို ခေါင်းခဲစေခဲ့သူပါ။

အန်တိုနီယို ကာဆာနို
ကာဆာနိုနဲ့ ရိုးမားအသင်းမှာ လက်တွဲဖူးသလို ရီးရဲလ်မက်ဒရစ်မှာလည်း ခဏတဖြုတ် တွဲအလုပ်လုပ်ဖူးတဲ့ နည်းပြ ကာပယ်လိုက သူ့ရဲ့ဖခင်တဦးသဖွယ် အုပ်ချုပ်ထိန်းကွပ်ခဲ့ပေမယ့် ဉာဉ်ဆိုးတဲ့ အီတလီသားကတော့ ကွင်းထဲမှာ အသင်းလိုက်စိတ်ဓာတ်မျိုး မရှိခဲ့ဘဲ စည်းကမ်းပိုင်းအရ ချို့ယွင်းလွန်းသလို ဂိုးသွင်းပြီး တစ်မိနစ်အတွင်း အထုတ်ခံရတဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသလို သူဟာ မိုနိုပိုလီကစားနည်းထဲက ငွေစက္ကူထက်တောင် အယောင်ဆောင်လွန်းတယ်လို့ ကာပယ်လိုကိုယ်တိုင်က ထုတ်ပြောယူခဲ့ရတဲ့အထိပါ။

ကားလို့စ် တီဗက်ဇ်
သူ့ကစားသမားဘဝက အတက်အကျများခဲ့တဲ့ အာဂျင်တီးနားသားက နည်းပြတွေနဲ့လည်း အဆင်ပြေခဲသလို ဖာဂူဆန်၊ မန်ချီနီ၊ အာလေဟန်ဒရို ဆာဘယ်လာတို့လို နည်းပြကြီးတွေနဲ့ တကျက်ကျက်ဖြစ်ခဲ့ဖူးပြီး မန်စီးတီးကစားသမားဘဝမှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲတုန်းက နည်းပြက သူ့ကို အရန်ခုံပေါ်ကထပြီး လူစားဝင်ကစားခိုင်းပေမယ့် တုတ်တုတ်တောင် မလှုပ်ခဲ့ဘဲ ကစားဖို့ ငြင်းဆန်ခဲ့သလို မန်စီးတီးရဲ့ ဆုဖလားအောင်ပွဲခံမှုမှာလည်း “RIP Fergie” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ဖူးတဲ့ အထူးအဆန်းဖြစ်စဥ်တွေလည်း လုပ်ခဲ့တာပါ။

ရော်နယ်လ်ဒင်ညို
မှော်ပဥ္စလက်ဆန်တဲ့ ကစားဟန်နဲ့ ဘောလုံးလောကရဲ့ အချစ်တွေကို သိမ်းပိုက်ထားခဲ့တဲ့ ရော်နယ်လ်ဒင်ညိုက ပါတီတွေမှာ သွားကဲရတာကို သိပ်ဝါသနာထုံသလို လေ့ကျင့်ရေးအစီအစဥ်ကိုလည်း လစ်တတ်ပါသေးတယ်။ သူ့အကြောင်းနဲ့ ပတ်သက်လို့ PSG အသင်းဖော်ဟောင်း ယေဟွမ် လီရွိုင်းက အခုလို ဖောက်သည်ချထားတာပါ။

“သူက ကြားရက်တွေမှာ ဘယ်တော့မှ လေ့ကျင့်ခန်း မဆင်းတဲ့သူပါ။ စနေပွဲရှိတယ်ဆိုရင် သောကြာနေ့မှ ပေါ်လာတတ်သူလည်းဖြစ်ပါတယ်။ အဲဒါဟာ ရော်နယ်လ်ဒင်ညိုရဲ့ ပုံစံပါပဲ။ သူက ရိုမာရီယိုကို အတုခိုးပြီး ညတိုင်း အပြင်ထွက်ကဲရတာကို ကြိုက်ပါတယ်။ မနက်နိုးပြီဆိုတာနဲ့ သူက အဝတ်​တွေလဲပြီး နေကာမျက်မှန်ကြီးနဲ့ အနှိပ်ခန်းမှာ သွားအိပ်တော့တာပါပဲ”လို့ ပြောဖူးခဲ့တာပါ။

ရိုမာရီယို
“တစ်ခါတုန်းက ရိုမာရီယိုက ဘရာဇီးလ်အိမ်ပြန်ချင်လို့ လေ့ကျင့်ရေးမဆင်းဘဲ သူများတွေထက် ခွင့် ၂ ရက်ပိုယူမယ်လို့ တောင်းဆိုလာတယ်။ မင်း မနက်ဖြန်ပွဲမှာ ၂ ဂိုးသွင်းနိုင်ရင် ယူကွာဆိုတော့ သူက ပွဲနေ့မှာ မိနစ် ၂၀ အတွင်း ၂ ဂိုးသွင်းပစ်ပြီး ချက်ချင်းပဲ သူ့ကို လူစားလဲပေးပါလို့ လှမ်းပြောပါလေရော။ လေယာဥ်က နောက်တစ်နာရီဆို ထွက်ခါနီးပြီတဲ့လေ”လို့ ဒတ်ချ်ဂန္ထဝင်နည်းပြကြီး ဂျိုဟန် ခရိုက်ဖ်ကိုယ်တိုင်က ဘရာဇီးလ်သား ရိုမာရီယိုရဲ့ ဘယ်ကစားသမားနဲ့မှ မတူတဲ့ ဆိုးသွမ်းမှုကို ထုတ်ဖော်ပြောခဲ့ဖူးတာပါ။

ရော်နယ်လ်ဒို နာဇာရီယို
ဒိုကြီးလို့ နာမည်ကြီးတဲ့ ဘရာဇီးလ်သားက ရော်နယ်ဒင်ညိုလိုပဲ လေ့ကျင့်ရေးဆင်းဖို့ ပျင်းတတ်သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ ရှိနေချိန် နည်းပြ ကာပယ်လိုနဲ့ ငြိကြတော့ သူ့ရဲ့ အဝလွန်မှုက ကိုယ်အလေးချိန် ၉၆ ကီလိုအထိ ရှိနေလို့ ဝိတ်ချခိုင်းခဲ့တာကနေ စခဲ့တာဖြစ်ပြီး သူကတော့ မသိချင်ယောင်ဆောင်နေခဲ့သလို သူ့ကစားသမားဘဝတစ်ခုလုံးမှာ ကိုယ်ရည်စစ်ဖို့ တစ်ခါမှ မကြိုးစားခဲ့ဘူးလို့ နောက်ပိုင်းမှာ သိရှိခဲ့ရတာပါ။

ဇလာတန် အီဘရာဟီမိုဗစ်ချ်
အတ္တမာနသိပ်ကြီးတယ်လို့ လူသိများတဲ့ ဆွီဒင်သားကြီးကတော့ ဘာစီလိုနာကစားသမားဘဝမှာ နည်းပြ ပက်ပ် ဂွါဒီယိုလာနဲ့ မျက်နှာကြောမတည့်ခဲ့ဘဲ အချေအတင် ပြဿနာတက်ခဲ့ဖူးတာပါ။ နူးကမ့်မှာ ၁ နှစ်နေခဲ့ပေမယ့် စပိန်သားကြီးနဲ့ ၆ လအတွင်း ၂ ကြိမ်သာ စကား​ပြောခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

“အဲဒီ​တုန်းက ပက်ပ်က ကျွန်တော့်ကို စိုက်ကြည်နေတာဗျ။ လုံးဝစိတ်လွတ်သွားခဲ့ပြီး ခေါင်းပြောင်ကြီးကို ကုတ်နေတဲ့ ဒီခေါင်းတုံးဟာ ငါ့ရန်သူပဲလို့ ကျွန်တော် ယူဆလိုက်ပါတယ်။ မင်းက တကယ့်သွေးကြောင်တဲ့ကောင်ပဲ… ယောက်ျားမှ စစ်ရဲ့လားလို့ ဆဲပစ်လိုက်တော့ သူက ဘာမှမပြောဘဲ လှည့်ထွက်သွားပါမယ်။ အဲဒီလို ဇမရှိတဲ့ ငကြောက်ကြီးပါ”လို့ ဇလာတန်က ဂုဏ်ခံခဲ့ဖူးပါတယ်။

မာရီယို ဘာလိုတယ်လီ
မန်စီးတီးကိုရောက်လာပြီး ပရီးမီးယားလိဂ်ကြီးရဲ့ ငပွကြီးစာရင်းဝင်ဖူးခဲ့တဲ့ အီတလီသားကတော့ ဂျစ်ကန်ကန်အမူအရာနဲ့ ပြဿနာမျိုးစုံရှာခဲ့သလို ဘယ်လိုနည်းပြမှ သူ့ကို ထိန်းလို့မနိုင်ခဲ့ပါဘူး။ သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ နည်းပြ ရော်ဘတ်တို မန်ချီနီကို လေ့ကျင့်ရေးကွင်းမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ဖူးသလို သူ့ကို ပြောင်းလဲပေးမယ်လို့ ကြံစည်ဖူးတဲ့ မော်ရင်ညိုလည်း မနိုင်ခဲ့ဘဲ တိုက်စစ်မှူးအားလုံး ဒဏ်ရာရနေတဲ့ အင်တာမီလန်ရဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ လူလဲစရာ မရှိပါဘူးလို့ သတိပေးထားကြားက ဒုတိယပိုင်းမှာပဲ အနီကတ်နဲ့ အထုတ်ခံခဲ့ရတဲ့အဖြစ်မျိုးနဲ့ လက်လန်သွားခဲ့ရဖူးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူးဝစ္ ဆြာရက္ဇ္
ဆြာရက္ဇ္နဲ႔ ပတ္သက္ရင္ေတာ့ ဘာစီလိုနာကို ေရာက္ၿပီးေနာက္ပိုင္းမွသာ တည္ၿငိမ္ရင့္က်က္သြားခဲ့တယ္လို႔ ဆိုႏိုင္သလို သူမႏိုင္တဲ့ ၿပိဳင္ဘက္ကို သြားနဲ႔ကိုက္ရာမွာ အထူးနာမည္ဆိုးထြက္သူပါ။ အိုင္းယက္စ္မွာ ကစား​တုန္းက PSV ကစားသမားကို ကိုက္ဆြဲခဲ့ဖူးသလို ၂၀၁၃ မွာ ခ်ယ္လ္ဆီးေနာက္ခံလူ အီဗန္ႏိုဗစ္ခ်္ကိုလည္း ကိုက္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ ၂၀၁၄ ကမာၻ႔ဖလားမွာ ေခးလီနီကို ကိုက္ခဲ့လို႔ ဥ႐ုေဂြးသားကို ႐ြံစရာသတၱဝါအျဖစ္ ေခါင္းစဥ္တပ္ခဲ့ၾကသလို ကာလၾကာရွည္ ပြဲပယ္ခံရမႈေတြေၾကာင့္လည္း နည္းျပေတြကို ေခါင္းခဲေစခဲ့သူပါ။

အန္တိုနီယို ကာဆာႏို
ကာဆာႏိုနဲ႔ ႐ိုးမားအသင္းမွာ လက္တြဲဖူးသလို ရီးရဲလ္မက္ဒရစ္မွာလည္း ခဏတျဖဳတ္ တြဲအလုပ္လုပ္ဖူးတဲ့ နည္းျပ ကာပယ္လိုက သူ႔ရဲ႕ဖခင္တဦးသဖြယ္ အုပ္ခ်ဳပ္ထိန္းကြပ္ခဲ့ေပမယ့္ ဉာဥ္ဆိုးတဲ့ အီတလီသားကေတာ့ ကြင္းထဲမွာ အသင္းလိုက္စိတ္ဓာတ္မ်ိဳး မရွိခဲ့ဘဲ စည္းကမ္းပိုင္းအရ ခ်ိဳ႕ယြင္းလြန္းသလို ဂိုးသြင္းၿပီး တစ္မိနစ္အတြင္း အထုတ္ခံရတဲ့ တစ္ဦးတည္းေသာ ကစားသမားအျဖစ္ မွတ္တမ္းဝင္ထားသလို သူဟာ မိုႏိုပိုလီကစားနည္းထဲက ေငြစကၠဴထက္ေတာင္ အေယာင္ေဆာင္လြန္းတယ္လို႔ ကာပယ္လိုကိုယ္တိုင္က ထုတ္ေျပာယူခဲ့ရတဲ့အထိပါ။

ကားလို႔စ္ တီဗက္ဇ္
သူ႔ကစားသမားဘဝက အတက္အက်မ်ားခဲ့တဲ့ အာဂ်င္တီးနားသားက နည္းျပေတြနဲ႔လည္း အဆင္ေျပခဲသလို ဖာဂူဆန္၊ မန္ခ်ီနီ၊ အာေလဟန္ဒ႐ို ဆာဘယ္လာတို႔လို နည္းျပႀကီးေတြနဲ႔ တက်က္က်က္ျဖစ္ခဲ့ဖူးၿပီး မန္စီးတီးကစားသမားဘဝမွာ ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲတုန္းက နည္းျပက သူ႔ကို အရန္ခုံေပၚကထၿပီး လူစားဝင္ကစားခိုင္းေပမယ့္ တုတ္တုတ္ေတာင္ မလႈပ္ခဲ့ဘဲ ကစားဖို႔ ျငင္းဆန္ခဲ့သလို မန္စီးတီးရဲ႕ ဆုဖလားေအာင္ပြဲခံမႈမွာလည္း “RIP Fergie” ဆိုတဲ့ စာတန္းကို ကိုင္ေဆာင္ဖူးတဲ့ အထူးအဆန္းျဖစ္စဥ္ေတြလည္း လုပ္ခဲ့တာပါ။

ေရာ္နယ္လ္ဒင္ညိဳ
ေမွာ္ပၪၥလက္ဆန္တဲ့ ကစားဟန္နဲ႔ ေဘာလုံးေလာကရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားခဲ့တဲ့ ေရာ္နယ္လ္ဒင္ညိဳက ပါတီေတြမွာ သြားကဲရတာကို သိပ္ဝါသနာထုံသလို ေလ့က်င့္ေရးအစီအစဥ္ကိုလည္း လစ္တတ္ပါေသးတယ္။ သူ႔အေၾကာင္းနဲ႔ ပတ္သက္လို႔ PSG အသင္းေဖာ္ေဟာင္း ေယဟြမ္ လီ႐ြိဳင္းက အခုလို ေဖာက္သည္ခ်ထားတာပါ။

“သူက ၾကားရက္ေတြမွာ ဘယ္ေတာ့မွ ေလ့က်င့္ခန္း မဆင္းတဲ့သူပါ။ စေနပြဲရွိတယ္ဆိုရင္ ေသာၾကာေန႔မွ ေပၚလာတတ္သူလည္းျဖစ္ပါတယ္။ အဲဒါဟာ ေရာ္နယ္လ္ဒင္ညိဳရဲ႕ ပုံစံပါပဲ။ သူက ႐ိုမာရီယိုကို အတုခိုးၿပီး ညတိုင္း အျပင္ထြက္ကဲရတာကို ႀကိဳက္ပါတယ္။ မနက္ႏိုးၿပီဆိုတာနဲ႔ သူက အဝတ္​ေတြလဲၿပီး ေနကာမ်က္မွန္ႀကီးနဲ႔ အႏွိပ္ခန္းမွာ သြားအိပ္ေတာ့တာပါပဲ”လို႔ ေျပာဖူးခဲ့တာပါ။

႐ိုမာရီယို
“တစ္ခါတုန္းက ႐ိုမာရီယိုက ဘရာဇီးလ္အိမ္ျပန္ခ်င္လို႔ ေလ့က်င့္ေရးမဆင္းဘဲ သူမ်ားေတြထက္ ခြင့္ ၂ ရက္ပိုယူမယ္လို႔ ေတာင္းဆိုလာတယ္။ မင္း မနက္ျဖန္ပြဲမွာ ၂ ဂိုးသြင္းႏိုင္ရင္ ယူကြာဆိုေတာ့ သူက ပြဲေန႔မွာ မိနစ္ ၂၀ အတြင္း ၂ ဂိုးသြင္းပစ္ၿပီး ခ်က္ခ်င္းပဲ သူ႔ကို လူစားလဲေပးပါလို႔ လွမ္းေျပာပါေလေရာ။ ေလယာဥ္က ေနာက္တစ္နာရီဆို ထြက္ခါနီးၿပီတဲ့ေလ”လို႔ ဒတ္ခ်္ဂႏၴဝင္နည္းျပႀကီး ဂ်ိဳဟန္ ခ႐ိုက္ဖ္ကိုယ္တိုင္က ဘရာဇီးလ္သား ႐ိုမာရီယိုရဲ႕ ဘယ္ကစားသမားနဲ႔မွ မတူတဲ့ ဆိုးသြမ္းမႈကို ထုတ္ေဖာ္ေျပာခဲ့ဖူးတာပါ။

ေရာ္နယ္လ္ဒို နာဇာရီယို
ဒိုႀကီးလို႔ နာမည္ႀကီးတဲ့ ဘရာဇီးလ္သားက ေရာ္နယ္ဒင္ညိဳလိုပဲ ေလ့က်င့္ေရးဆင္းဖို႔ ပ်င္းတတ္သူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္မွာ ရွိေနခ်ိန္ နည္းျပ ကာပယ္လိုနဲ႔ ၿငိၾကေတာ့ သူ႔ရဲ႕ အဝလြန္မႈက ကိုယ္အေလးခ်ိန္ ၉၆ ကီလိုအထိ ရွိေနလို႔ ဝိတ္ခ်ခိုင္းခဲ့တာကေန စခဲ့တာျဖစ္ၿပီး သူကေတာ့ မသိခ်င္ေယာင္ေဆာင္ေနခဲ့သလို သူ႔ကစားသမားဘဝတစ္ခုလုံးမွာ ကိုယ္ရည္စစ္ဖို႔ တစ္ခါမွ မႀကိဳးစားခဲ့ဘူးလို႔ ေနာက္ပိုင္းမွာ သိရွိခဲ့ရတာပါ။

ဇလာတန္ အီဘရာဟီမိုဗစ္ခ်္
အတၱမာနသိပ္ႀကီးတယ္လို႔ လူသိမ်ားတဲ့ ဆြီဒင္သားႀကီးကေတာ့ ဘာစီလိုနာကစားသမားဘဝမွာ နည္းျပ ပက္ပ္ ဂြါဒီယိုလာနဲ႔ မ်က္ႏွာေၾကာမတည့္ခဲ့ဘဲ အေခ်အတင္ ျပႆနာတက္ခဲ့ဖူးတာပါ။ ႏူးကမ့္မွာ ၁ ႏွစ္ေနခဲ့ေပမယ့္ စပိန္သားႀကီးနဲ႔ ၆ လအတြင္း ၂ ႀကိမ္သာ စကား​ေျပာခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။

“အဲဒီ​တုန္းက ပက္ပ္က ကြၽန္ေတာ့္ကို စိုက္ၾကည္ေနတာဗ်။ လုံးဝစိတ္လြတ္သြားခဲ့ၿပီး ေခါင္းေျပာင္ႀကီးကို ကုတ္ေနတဲ့ ဒီေခါင္းတုံးဟာ ငါ့ရန္သူပဲလို႔ ကြၽန္ေတာ္ ယူဆလိုက္ပါတယ္။ မင္းက တကယ့္ေသြးေၾကာင္တဲ့ေကာင္ပဲ… ေယာက္်ားမွ စစ္ရဲ႕လားလို႔ ဆဲပစ္လိုက္ေတာ့ သူက ဘာမွမေျပာဘဲ လွည့္ထြက္သြားပါမယ္။ အဲဒီလို ဇမရွိတဲ့ ငေၾကာက္ႀကီးပါ”လို႔ ဇလာတန္က ဂုဏ္ခံခဲ့ဖူးပါတယ္။

မာရီယို ဘာလိုတယ္လီ
မန္စီးတီးကိုေရာက္လာၿပီး ပရီးမီးယားလိဂ္ႀကီးရဲ႕ ငပြႀကီးစာရင္းဝင္ဖူးခဲ့တဲ့ အီတလီသားကေတာ့ ဂ်စ္ကန္ကန္အမူအရာနဲ႔ ျပႆနာမ်ိဳးစုံရွာခဲ့သလို ဘယ္လိုနည္းျပမွ သူ႔ကို ထိန္းလို႔မႏိုင္ခဲ့ပါဘူး။ သူ႔ကို ေျမေတာင္ေျမႇာက္ေပးခဲ့တဲ့ နည္းျပ ေရာ္ဘတ္တို မန္ခ်ီနီကို ေလ့က်င့္ေရးကြင္းမွာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့ဖူးသလို သူ႔ကို ေျပာင္းလဲေပးမယ္လို႔ ႀကံစည္ဖူးတဲ့ ေမာ္ရင္ညိဳလည္း မႏိုင္ခဲ့ဘဲ တိုက္စစ္မႉးအားလုံး ဒဏ္ရာရေနတဲ့ အင္တာမီလန္ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ လူလဲစရာ မရွိပါဘူးလို႔ သတိေပးထားၾကားက ဒုတိယပိုင္းမွာပဲ အနီကတ္နဲ႔ အထုတ္ခံခဲ့ရတဲ့အျဖစ္မ်ိဳးနဲ႔ လက္လန္သြားခဲ့ရဖူးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.