Premier League Transfer News

ရာသီသစ်မှာ ဥရောပဝင်ခွင့်ကို စိန်ခေါ်တော့မယ့် အက်စတန်ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ အီဂျစ်လုပ်ငန်းရှင်သူ‌ဌေး နာဆက်ဖ် ဆာဝီရစ်နဲ့ အမေရိကန် ဘီလီယံနာ ဝက်စ် အီဒင်စ်တို့ရဲ့ NSWE Group က လွှဲပြောင်းရယူခဲ့တဲ့ ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့မှုနဲ့အပြင် အသင်းကို စနစ်တကျ ရင်းနှီးမြှုပ်နှံနေခဲ့ပြီး အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကိုတောင် ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားရဲ့ ဆန္ဒအရ စိန်ခေါ်မှုသစ်တွေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းကြီးတွေကို သွားရောက်ချင်နေခဲ့ချိန်မှာတော့ သူတို့အနေနဲ့ ဒီနွေရာသီဈေးကွက်ကို နော့ဝစ်ချ်ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာနဲ့ စတင်ဖွင့်လှစ်လိုက်ပြီး အာဆင်နယ်ကို နောက်ကောက်ချနိုင်ခဲ့သလို ဂရီးလစ်ရှ်ရဲ့ နေရာတွေအတိုင်း ကွင်းလယ်ရော တောင်ပံမှာပါ ကစားနိုင်ဖို့ ပေါင် ၃၅ သန်း အသုံးပြုခဲ့တာပါ။

ဒီလောက်နဲ့ မကျေနပ်သေးတဲ့ ဗီလာတာဝန်ရှိသူတွေအနေနဲ့ ဂရီးလစ်ရှ်ကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနဲ့ပါ အသင်းမှာ ဆက်ရှိနေအောင် ကမ်းလှမ်းခဲ့တာက အသင်းရဲ့ ရည်ရွယ်ချက်ကောင်းကို ဖော်ပြခဲ့ပြီး တခြားကစားသမားတွေအတွက်လည်း သူတို့ရဲ့ ပေးဆပ်သမျှ တန်ဖိုးထားမှုရရှိနိုင်ခွင့်ကို မြင်သာစေခဲ့သလို ခံစစ်က တိုင်ရုန်းမင်းစ်၊ အက်ဇရီ ကွန်ဆာ၊ ကွင်းလယ်က ဂျွန်မက်ဂင်း၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ တိုက်စစ်က အိုလီ ဝပ်ကင်းစ်တို့အတွက် အာမခံချက်ကောင်းလည်းဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်လို ပြည်တွင်းကစားသမားကောင်းတွေကိုမှ ခေါင်းခေါက်ခေါ်ယူတတ်တဲ့ အသင်းတွေရဲ့ အန္တရာယ်ကနေ တော်တော်လေး လျော့ကျသွားခဲ့ရင် ဗီလာတို့အတွက် ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေလည်း ရှိနေခဲ့ပြီး လက်ရှိမှာတော့ တိုက်စစ်ပိုင်းအတွက် ပိုမိုကောင်းမွန်လာစေမယ့် အမြော်အမြင်ရှိရှိလုပ်ရပ်အဖြစ် ဘေယာလေဗာကူဆင်တောင်ပံသမား လီယွန် ဘိုင်လီကို ခေါ်ယူဖို့ သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီလ ၉ ရက်နေ့မှာ အသက် ၂၄ နှစ်ပြည့်မယ့် ဂျမေကာလက်ရွေးစင်ဟာ ဥရောပအသင်းကြီးတွေရဲ့ စိတ်နှလုံးကို ချုပ်ကိုင်နိုင်ခဲ့သူဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ချိန်မှာ ဘာမင်ဂမ်အခြေစိုက် နီညိုရောင်တွေအနေနဲ့ လက်သွက်ခဲ့တာဖြစ်ပြီး ပုဂ္ဂိုလ်ရေးနဲ့ ဆေးစစ်ဖို့ပဲ ကျန်တော့တယ်လို့ အသင်းဘက်က တရားဝင်ကြေငြာခဲ့တာပါ။

ဝါရင့်နောက်ခံလူတစ်ဖြစ်လဲ အသင်းရဲ့ တောင်ပံသမားဟောင်း အက်ရှ်လီယန်းကိုလည်း အင်တာမီလန်ကနေ အလွတ်နဲ့ ပြန်လည်ခေါ်ယူခဲ့သလို ကျောနံပါတ် ၁၈ ကိုပါ ပေးအပ်ထားခဲ့ပြီး ဒီရာသီမှာ ဥရောပဝင်ခွင့်တွေထဲက ယူရိုပါလိဂ်တစ်နေရာလောက်ကို အရယူနိုင်ဖို့ ပြင်ဆင်နေသလို နောက်ထပ် ကစားသမားကောင်းတွေကိုလည်း ရှာဖွေနေတာဖြစ်ပါတယ်။

ဂရီးလစ်ရှ်ကို လက်လွှတ်ခဲ့ရရင်တော့ ဗီလာတို့အနေနဲ့ ဘွင်ဒီယာရဲ့ အသင်းဖော်ဟောင်း တော့ဒ် ကန့်ထ်ဝဲလ်ကို နော့ဝစ်ချ်စီးတီးကနေ ထပ်မံ ခေါ်ယူသွားနိုင်ဖို့ အဆင်သင့်ပြင်ထားပြီး အာဂျင်တီးနားသားနဲ့ တူညီတဲ့ ဈေးနှုန်းလောက်နဲ့ပဲ ခေါ်ယူသွားဖို့ ရှိနေသလို ပိုလျှံနဲ့ သက်ကြီးကစားသမားတချို့ ကိုတော့ ရောင်းချခဲ့ပြီး တောင်ပံသမား အန်နဝါ အယ်လ်ဂါဇီကိုလည်း အရောင်းစာရင်း ပြန်တင်ထားခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် အသင်းကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်နေတဲ့ နည်းပြ ဒင်းန် စမစ်နဲ့ သူ့လူတွေအနေနဲ့ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိက ဖလားယူခဲ့တဲ့ ဂိုးသမား အီမီ မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုတွေနဲ့အတူ အသင်းကို ပိုမိုမြင့်မားတဲ့ အဆင့်တွေဆီ ပို့ဆောင်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ဘယ်ရီ၊ ယန်း၊ အဘွန်လဟော်၊ မီလ်နာတို့ အင်္ဂလိပ်တစ်စု ခြေစွမ်းပြခဲ့ပြီး နှစ်ရာသီဆက် အဆင့် ၆ မှာ ရပ်တည်နိုင်ခဲ့တဲ့ မာတင် အိုနီးလ်ခေတ်ထက်ပိုပြီး ခြေစွမ်းပြနိုင်မလား မျှော်လင့်ချင်စရာဖြစ်နေကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စ္တန္ဗီလာအသင္းအေနနဲ႔ အီဂ်စ္လုပ္ငန္းရွင္သူ‌ေဌး နာဆက္ဖ္ ဆာဝီရစ္နဲ႔ အေမရိကန္ ဘီလီယံနာ ဝက္စ္ အီဒင္စ္တို႔ရဲ႕ NSWE Group က လႊဲေျပာင္းရယူခဲ့တဲ့ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာခဲ့မႈနဲ႔အျပင္ အသင္းကို စနစ္တက် ရင္းႏွီးျမႇဳပ္ႏွံေနခဲ့ၿပီး အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကိုေတာင္ ထိန္းသိမ္းႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ကစားသမားရဲ႕ ဆႏၵအရ စိန္ေခၚမႈသစ္ေတြနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ အသင္းႀကီးေတြကို သြားေရာက္ခ်င္ေနခဲ့ခ်ိန္မွာေတာ့ သူတို႔အေနနဲ႔ ဒီေႏြရာသီေဈးကြက္ကို ေနာ့ဝစ္ခ်္ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာနဲ႔ စတင္ဖြင့္လွစ္လိုက္ၿပီး အာဆင္နယ္ကို ေနာက္ေကာက္ခ်ႏိုင္ခဲ့သလို ဂရီးလစ္ရွ္ရဲ႕ ေနရာေတြအတိုင္း ကြင္းလယ္ေရာ ေတာင္ပံမွာပါ ကစားႏိုင္ဖို႔ ေပါင္ ၃၅ သန္း အသုံးျပဳခဲ့တာပါ။

ဒီေလာက္နဲ႔ မေက်နပ္ေသးတဲ့ ဗီလာတာဝန္ရွိသူေတြအေနနဲ႔ ဂရီးလစ္ရွ္ကို တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းနဲ႔ပါ အသင္းမွာ ဆက္ရွိေနေအာင္ ကမ္းလွမ္းခဲ့တာက အသင္းရဲ႕ ရည္႐ြယ္ခ်က္ေကာင္းကို ေဖာ္ျပခဲ့ၿပီး တျခားကစားသမားေတြအတြက္လည္း သူတို႔ရဲ႕ ေပးဆပ္သမွ် တန္ဖိုးထားမႈရရွိႏိုင္ခြင့္ကို ျမင္သာေစခဲ့သလို ခံစစ္က တိုင္႐ုန္းမင္းစ္၊ အက္ဇရီ ကြန္ဆာ၊ ကြင္းလယ္က ဂြၽန္မက္ဂင္း၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ တိုက္စစ္က အိုလီ ဝပ္ကင္းစ္တို႔အတြက္ အာမခံခ်က္ေကာင္းလည္းျဖစ္ခဲ့ပါတယ္။

လီဗာပူးလ္လို ျပည္တြင္းကစားသမားေကာင္းေတြကိုမွ ေခါင္းေခါက္ေခၚယူတတ္တဲ့ အသင္းေတြရဲ႕ အႏၲရာယ္ကေန ေတာ္ေတာ္ေလး ေလ်ာ့က်သြားခဲ့ရင္ ဗီလာတို႔အတြက္ ေရွ႕ဆက္ေဆာင္႐ြက္မယ့္ လုပ္ငန္းစဥ္ေတြလည္း ရွိေနခဲ့ၿပီး လက္ရွိမွာေတာ့ တိုက္စစ္ပိုင္းအတြက္ ပိုမိုေကာင္းမြန္လာေစမယ့္ အေျမာ္အျမင္ရွိရွိလုပ္ရပ္အျဖစ္ ေဘယာေလဗာကူဆင္ေတာင္ပံသမား လီယြန္ ဘိုင္လီကို ေခၚယူဖို႔ သေဘာတူညီမႈပါ ရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီလ ၉ ရက္ေန႔မွာ အသက္ ၂၄ ႏွစ္ျပည့္မယ့္ ဂ်ေမကာလက္ေ႐ြးစင္ဟာ ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ႏွလုံးကို ခ်ဳပ္ကိုင္ႏိုင္ခဲ့သူျဖစ္ေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ အေျပာင္းအေ႐ႊ႕မျဖစ္ခဲ့ခ်ိန္မွာ ဘာမင္ဂမ္အေျခစိုက္ နီညိဳေရာင္ေတြအေနနဲ႔ လက္သြက္ခဲ့တာျဖစ္ၿပီး ပုဂၢိဳလ္ေရးနဲ႔ ေဆးစစ္ဖို႔ပဲ က်န္ေတာ့တယ္လို႔ အသင္းဘက္က တရားဝင္ေၾကျငာခဲ့တာပါ။

ဝါရင့္ေနာက္ခံလူတစ္ျဖစ္လဲ အသင္းရဲ႕ ေတာင္ပံသမားေဟာင္း အက္ရွ္လီယန္းကိုလည္း အင္တာမီလန္ကေန အလြတ္နဲ႔ ျပန္လည္ေခၚယူခဲ့သလို ေက်ာနံပါတ္ ၁၈ ကိုပါ ေပးအပ္ထားခဲ့ၿပီး ဒီရာသီမွာ ဥေရာပဝင္ခြင့္ေတြထဲက ယူ႐ိုပါလိဂ္တစ္ေနရာေလာက္ကို အရယူႏိုင္ဖို႔ ျပင္ဆင္ေနသလို ေနာက္ထပ္ ကစားသမားေကာင္းေတြကိုလည္း ရွာေဖြေနတာျဖစ္ပါတယ္။

ဂရီးလစ္ရွ္ကို လက္လႊတ္ခဲ့ရရင္ေတာ့ ဗီလာတို႔အေနနဲ႔ ဘြင္ဒီယာရဲ႕ အသင္းေဖာ္ေဟာင္း ေတာ့ဒ္ ကန႔္ထ္ဝဲလ္ကို ေနာ့ဝစ္ခ်္စီးတီးကေန ထပ္မံ ေခၚယူသြားႏိုင္ဖို႔ အဆင္သင့္ျပင္ထားၿပီး အာဂ်င္တီးနားသားနဲ႔ တူညီတဲ့ ေဈးႏႈန္းေလာက္နဲ႔ပဲ ေခၚယူသြားဖို႔ ရွိေနသလို ပိုလွ်ံနဲ႔ သက္ႀကီးကစားသမားတခ်ိဳ႕ ကိုေတာ့ ေရာင္းခ်ခဲ့ၿပီး ေတာင္ပံသမား အန္နဝါ အယ္လ္ဂါဇီကိုလည္း အေရာင္းစာရင္း ျပန္တင္ထားခဲ့ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ အသင္းကို က်စ္က်စ္လ်စ္လ်စ္ တည္ေဆာက္ေနတဲ့ နည္းျပ ဒင္းန္ စမစ္နဲ႔ သူ႔လူေတြအေနနဲ႔ အာဂ်င္တီးနားနဲ႔အတူ ကိုပါအေမရိက ဖလားယူခဲ့တဲ့ ဂိုးသမား အီမီ မာတီနက္ဇ္ရဲ႕ လက္စြမ္းျပမႈေတြနဲ႔အတူ အသင္းကို ပိုမိုျမင့္မားတဲ့ အဆင့္ေတြဆီ ပို႔ေဆာင္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဘယ္ရီ၊ ယန္း၊ အဘြန္လေဟာ္၊ မီလ္နာတို႔ အဂၤလိပ္တစ္စု ေျခစြမ္းျပခဲ့ၿပီး ႏွစ္ရာသီဆက္ အဆင့္ ၆ မွာ ရပ္တည္ႏိုင္ခဲ့တဲ့ မာတင္ အိုနီးလ္ေခတ္ထက္ပိုၿပီး ေျခစြမ္းျပႏိုင္မလား ေမွ်ာ္လင့္ခ်င္စရာျဖစ္ေနေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.